အတိုးႏႈန္း သက္သာသည့္ အိမ္ရာေခ်းေငြစနစ္ျဖင့္ အိမ္ခန္းမ်ားဝယ္ယူႏိုင္ - Property News in Myanmar from iMyanmarHouse.com
6312 Views

အတိုးႏႈန္း သက္သာသည့္ အိမ္ရာေခ်းေငြစနစ္ျဖင့္ အိမ္ခန္းမ်ားဝယ္ယူႏိုင္

### Zawgyi Version ###

အတိုးႏႈန္း သက္သာသည့္ အိမ္ရာေခ်းေငြစနစ္ျဖင့္ လႈိင္သာယာ၊ ဒဂုံၿမိဳ့သစ္(ဆိပ္ကမ္း) ႏွင့္ သန္လ်င္ၿမိဳ့နယ္မ်ားရွိ အိမ္ရာစီမံကိန္းမ်ားတြင္ အခန္းတန္ဖိုး က်ပ္(၆၆) သိန္းမွ က်ပ္သိန္း(၆၀၀) ရွိ အထိတန္ဖိုးနည္း၊ တန္ဖိုးသင့္ အခန္းမ်ားကို အတိုးႏႈန္း သက္သာသည့္ အိမ္ရာေခ်း ေငြစနစ္ျဖင့္ ေရာင္းခ်ေပးမည္ျဖစ္ေၾကာင္း ၅-၁-၂၀၂၀ ရက္ထုတ္ ႏိုင္ငံပိုင္သတင္းစာမွသိရသည္။

အခန္းဝယ္လိုသူ အေနျဖင့္ ေဆာက္လုပ္ေရးအိမ္ရာႏွင့္အေျခခံအေဆာက္အအုံ ဖြံ႔ၿဖိဳးေရးဘဏ္တြင္ ၃၁-၁၂-၂၀၁၉ ရက္အထိ အိမ္ရာစု ေဆာင္းေငြစာရင္းဖြင့္လွစ္ထားၿပီး အနည္းဆုံးသိန္း(၃၀) ထားရွိရမည္ျဖစ္သည္။

ဝယ္ယူမည့္သူမ်ားအေနျဖင့္ ေၾကာ္ျငာပါရက္မွ ၂၄-၁-၂၀၂၀ ရက္အတြင္း ဝယ္ယူလိုေၾကာင္း အမွတ္(၂၂၈/၂၃၄)၊ဗိုလ္ခ်ဳပ္ေအာင္ဆန္း လမ္း၊ ဗိုလ္တေထာင္ၿမိဳ့နယ္၊ၿမိဳ့ျပႏွင့္အိမ္ရာဖြံ႔ၿဖိဳးေရးဦးစီးဌာန၊ေျမညီထပ္-Gallery)၊ရန္ကုန္သို႔ လူကိုယ္တိုင္ျဖစ္ေစ၊ကိုယ္စားလွယ္ျဖင့္ျဖစ္ ေစ ဘဏ္စာအုပ္မူရင္းႏွင့္အတူ မိတၱဴ ယူေဆာင္၍ အမည္စာရင္းေပးသြင္းရမည္ျဖစ္ေၾကာင္းသိရသည္။

အခန္းအေရအတြက္ေပၚမူတည္ၿပီး CHID Bank ၏ Downpayment Seniority အလိုက္ အမည္စာရင္းေပးသြင္းသူမ်ား၏ အမည္မ်ား ကို ၂၈-၁-၂၀၂၀ ရက္တြင္ ၿမိဳ့ျပအိမ္ရာရုံးတြင္ အသိေပးေၾကညာမည္ျဖစ္ၿပီး ယင္းလကုန္ (၃၀-၃၁) ရက္ေန႔မ်ားတြင္မဲႏိႈက္ေရာင္းခ်ေပး သြားမည္ျဖစ္ေၾကာင္းသိရသည္။

ေရာင္ခ်မည့္အိမ္ရာတိုက္ခန္းမ်ားမွာ -

-လႈိင္သာယာၿမိဳ့နယ္၊ ေရႊလင္ပန္းအပိုင္း(၂)ႏွင့္(၃)ရွိ စတုရန္းေပ ၄၈၄/ ၅၂၂ /၄၆၈ အက်ယ္ရွိ တိုက္ခန္းမ်ား၊

-လႈိင္သာယာၿမိဳ့နယ္၊ က်န္စစ္မင္းအိမ္ရာရွိ စတုရန္းေပ ၃၂၄ အက်ယ္ရွိ တိုက္ခန္းမ်ား၊

-လႈိင္သာယာၿမိဳ့နယ္၊ ထီးလႈိင္ရွင္အိမ္ရာရွိ စတုရန္းေပ ၈၀၀ အက်ယ္ရွိ တိုက္ခန္းမ်ား၊

-လႈိင္သာယာၿမိဳ့နယ္၊ ေရႊလင္ပန္း Commercial Area ရွိ စတုရန္းေပ ၈၀၀/ ၉၆၀ /၁၁၀၀ အက်ယ္ရွိ တိုက္ခန္းမ်ား၊

-ဒဂုံၿမိဳ့သစ္(ဆိပ္ကမ္း) ယုဇနအပိုင္း(၁)(၂)၊ကေနာင္၊ရုိးမ ရွိ စတုရန္းေပ ၄၈၄/၅၂၂ /၄၆၈/၃၂၄ အက်ယ္ရွိ တိုက္ခန္းမ်ား၊

-သန္လ်င္ၿမိဳ့နယ္ သီလဝါရွိ စတုရန္းေပ ၄၀၀/ ၄၄၀/၃၈၄ အက်ယ္ရွိ တိုက္ခန္းမ်ား ျဖစ္ေၾကာင္းသိရသည္။

အဆိုပါေရာင္းခ်မည့္အိမ္ရာစီမံကိန္းမ်ားႏွင့္ပတ္သက္၍ အခ်က္အလက္မ်ားကို CHID Bank Facebook Page ႏွင့္ DUHD Saie Housing Facebook Page တို႔တြင္ဝင္ေရာက္ၾကည့္ရႈႏိုင္ေၾကာင္းသိရသည္။

ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) မွ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။ Credit: iMyanmarHouse.com

 

### Unicode Version ###

အတိုးနှုန်း သက်သာသည့် အိမ်ရာချေးငွေစနစ်ဖြင့် လှိုင်သာယာ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) နှင့် သန်လျင်မြို့နယ်များရှိ အိမ်ရာစီမံကိန်းများတွင် အခန်းတန်ဖိုး ကျပ်(၆၆) သိန်းမှ ကျပ်သိန်း(၆၀၀) ရှိ အထိတန်ဖိုးနည်း၊ တန်ဖိုးသင့် အခန်းများကို အတိုးနှုန်း သက်သာသည့် အိမ်ရာချေး ငွေစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ၅-၁-၂၀၂၀ ရက်ထုတ် နိုင်ငံပိုင်သတင်းစာမှသိရသည်။

အခန်းဝယ်လိုသူ အနေဖြင့် ဆောက်လုပ်ရေးအိမ်ရာနှင့်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်တွင် ၃၁-၁၂-၂၀၁၉ ရက်အထိ အိမ်ရာစု ဆောင်းငွေစာရင်းဖွင့်လှစ်ထားပြီး အနည်းဆုံးသိန်း(၃၀) ထားရှိရမည်ဖြစ်သည်။

ဝယ်ယူမည့်သူများအနေဖြင့် ကြော်ငြာပါရက်မှ ၂၄-၁-၂၀၂၀ ရက်အတွင်း ဝယ်ယူလိုကြောင်း အမှတ်(၂၂၈/၂၃၄)၊ဗိုလ်ချုပ်အောင်ဆန်း လမ်း၊ ဗိုလ်တထောင်မြို့နယ်၊မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊မြေညီထပ်-Gallery)၊ရန်ကုန်သို့ လူကိုယ်တိုင်ဖြစ်စေ၊ကိုယ်စားလှယ်ဖြင့်ဖြစ် စေ ဘဏ်စာအုပ်မူရင်းနှင့်အတူ မိတ္တူ ယူဆောင်၍ အမည်စာရင်းပေးသွင်းရမည်ဖြစ်ကြောင်းသိရသည်။

အခန်းအရေအတွက်ပေါ်မူတည်ပြီး CHID Bank ၏ Downpayment Seniority အလိုက် အမည်စာရင်းပေးသွင်းသူများ၏ အမည်များ ကို ၂၈-၁-၂၀၂၀ ရက်တွင် မြို့ပြအိမ်ရာရုံးတွင် အသိပေးကြေညာမည်ဖြစ်ပြီး ယင်းလကုန် (၃၀-၃၁) ရက်နေ့များတွင်မဲနှိုက်ရောင်းချပေး သွားမည်ဖြစ်ကြောင်းသိရသည်။

ရောင်ချမည့်အိမ်ရာတိုက်ခန်းများမှာ -

-လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းအပိုင်း(၂)နှင့်(၃)ရှိ စတုရန်းပေ ၄၈၄/ ၅၂၂ /၄၆၈ အကျယ်ရှိ တိုက်ခန်းများ၊

-လှိုင်သာယာမြို့နယ်၊ ကျန်စစ်မင်းအိမ်ရာရှိ စတုရန်းပေ ၃၂၄ အကျယ်ရှိ တိုက်ခန်းများ၊

-လှိုင်သာယာမြို့နယ်၊ ထီးလှိုင်ရှင်အိမ်ရာရှိ စတုရန်းပေ ၈၀၀ အကျယ်ရှိ တိုက်ခန်းများ၊

-လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်း Commercial Area ရှိ စတုရန်းပေ ၈၀၀/ ၉၆၀ /၁၁၀၀ အကျယ်ရှိ တိုက်ခန်းများ၊

-ဒဂုံမြို့သစ်(ဆိပ်ကမ်း) ယုဇနအပိုင်း(၁)(၂)၊ကနောင်၊ရိုးမ ရှိ စတုရန်းပေ ၄၈၄/၅၂၂ /၄၆၈/၃၂၄ အကျယ်ရှိ တိုက်ခန်းများ၊

-သန်လျင်မြို့နယ် သီလဝါရှိ စတုရန်းပေ ၄၀၀/ ၄၄၀/၃၈၄ အကျယ်ရှိ တိုက်ခန်းများ ဖြစ်ကြောင်းသိရသည်။

အဆိုပါရောင်းချမည့်အိမ်ရာစီမံကိန်းများနှင့်ပတ်သက်၍ အချက်အလက်များကို CHID Bank Facebook Page နှင့် DUHD Saie Housing Facebook Page တို့တွင်ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းသိရသည်။

ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ

Upcoming Property Events

From 26 Apr To 27 Apr

Mingalar Market

Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service