အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အကြောင်း

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အကြောင်း - Property News in Myanmar from iMyanmarHouse.com
22 Apr 2025 10:59 am တွင် တင်ခဲ့သည်
462 ကြိမ် ကြည့်ရှု့ပြီး

(( ■ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ))

ယူ ပန်နီယန် (Yu Pengnian) သည် ဆင်းရဲနုံချာလှသော အညတရဘဝမှ လာခဲ့သူတစ်ဦး ဖြစ်သည်။

တရုတ်ပြည်တောင်ပိုင်း ဟူနန်ပြည်နယ်ရှိ ရွာကလေးတစ်ရွာတွင် ၁၉၂၂ ခုနှစ်၌ မွေးဖွားခဲ့ကြောင်း ကနေဒါ သတင်းစာတစ်စောင်ဖြစ်သည့် The Globe and Mail က ဖော်ပြသည်။

၁၉၄၉ ခုနှစ်တွင် ယူ ပန်နီယန်သည် အောင်မြင်မှုများ သိမ်းပိုက်မည်ဟူသော ခမ်းနားသည့် အိပ်မက်တစ်ခုဖြင့် ဇာတိရွာကို ကျောခိုင်းကာ ရှန်ဟိုင်းမြို့ကြီးသို့ ချီတက်ခဲ့ပြီး ကြုံရာကျပန်းအလုပ်များ လုပ်ကိုင်ခဲ့သည်။

မြို့ကြီးပြကြီးတွင် မျက်စိသူငယ် နားသူငယ်ဖြင့် ဖြတ်သန်းနေသော ယူ ပန်နီယန်ဆီသို့ ကံဆိုးမိုးမှောင်ကျမှု များသာ ရောက်လာခဲ့သည်။

အောင်မြင်မှုနှင့် မတွေ့ဘဲ လက်ထိပ်နှင့်သာ တွေ့ခဲ့ရသည်။

ရှန်ဟိုင်းတွင် ယူပန်နီယန်တစ်ယောက် မတရားစွပ်စွဲခံရကာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံလိုက်ရပြီး ရှိစုမဲ့စု ပိုင်ဆိုင်သမျှလေးလည်း သိမ်းယူခံလိုက်ရသည်။

(( ■ စိတ်သစ် လူသစ် ဘဝသစ်))

ထောင်မှပြန်လွတ်ချိန် ၁၉၅၈ ခုနှစ်တွင် ယူ ပန်နီယန်တစ်ယောက် ပြည်မကြီးကို ကျောခိုင်းကာ ဟောင်ကောင် သို့ ထွက်လာခဲ့ပြီး ကုမ္ပဏီကြီးတစ်ခုတွင် အိမ်သာ သန့်ရှင်းရေးသမားအဖြစ် ဝင်ရောက်လုပ်ကိုင်သည်။

အခြားသော လုပ်ဖော်ကိုင်ဖက်များမှာ ပြီးစလွယ် ကတိုက်ကရိုက် လုပ်ကြသော်လည်း ယူပန်နီယန်ကမူ အလုပ်လုပ်ရာတွင် စေတနာပါသည်။

အစိုးရ ရုံးပိတ်ရက်များတွင်ပင် အခြားသူများ အနားယူ၊ အပန်းဖြေနေချိန်မျိုး၌ ယူ ပန်နီယန်မှာ အလုပ်ဆင်းကာ အလုပ်လုပ်နေသည်။

South China Morning Post သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ယူ ပန်နီယန်က “အဆင့်နိမ့်တဲ့ အောက်ခြေအလုပ်တစ်ခုဖြစ်ပေမဲ့…အိမ်သာဆေးရတဲ့အလုပ်ဖြစ်ပေမဲ့…အသန့်ရှင်းဆုံးဖြစ်အောင် လုပ်ပေး နိုင်သူဖြစ်အောင် ကြိုးစားခဲ့ပါတယ်” ဟု ဆိုသည်။

ယူ ပန်နီယန်သည် အိမ်သာဆေးသည့်အလုပ်အပြင် အခြား ကြုံရာကျပန်းအလုပ်များလည်း လုပ်ကိုင်ခဲ့ပြီး အလုပ်အားလပ်ချိန်များတွင် ဗဟုသုတများ ဆည်းပူးခြင်း၊ သတင်းစာဖတ်ခြင်းများ ပြုလုပ်လေ့ရှိသည်။

နှစ်ဝက်ခန့် ကြာသောအခါ ယူ ပန်နီယန်၏ အလုပ်ကြိုးစားမှုကို အလုပ်ရှင်က သတိပြုမိသွားပြီး ကုမ္ပဏီတွင် ရာထူးတစ်နေရာ ပေးအပ်ခဲ့သည်။

((■ အောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်ရှိခြင်း))

ထိုအချိန်မှစကာ ၁၉၆၀ ပြည့်လွန် အစောပိုင်းကာလများတလျှောက် ယူ ပန်နီယန်မှာ အလုပ်အကိုင်ကောင်း လာခဲ့ပြီး မိတ်ဆွေသူငယ်ချင်းအချို့နှင့် ပူးပေါင်းကာ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုများ စတင်ပြုလုပ်ခဲ့သည်။

အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု လမ်းကြောင်းပေါ် ရောက်သွားသော ယူပန်နီယန်သည် လာဘ်မြင်တတ်သူတစ်ဦးလည်း ဖြစ်ရာ ဈေးတန်သော အိမ်ခြံမြေများ ဝယ်ယူထားကာ နှစ်အနည်းငယ်ကြာသောအခါ ဝယ်ဈေးထက် အဆ ၂၀ ခန့် မြင့်မားသောဈေး ပြန်ရခဲ့ရာ တစထက်တစ ကြီးပွားလာသည်။

((■ ယူ ပန်နီယန်၏ လှူဒါန်းမှုများ))

ယူ ပန်နီယန်သည် ၁၉၈၄ ခုနှစ်တွင် ပရဟိတအလုပ်များ စတင်လုပ်ဆောင်ခဲ့သည်။

ဇာတိမြေသို့ သွားရောက်လည်ပတ်ရာတွင် တရုတ်ပြည်၏ ကျေးလက်ဒေသများ၌ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ ချို့တဲ့အားနည်းလှသည်ကို တွေ့ခဲ့ရပြီးနောက် ပရဟိတအလုပ်များ စတင်လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း Wall Street ဂျာနယ်က ဖော်ပြသည်။

ယူပန်နီယန်က ဇာတိမြေရှိ ဆေးရုံများသို့ လူနာတင်ယာဉ် ၁၀ စင်းလှူဒါန်းခဲ့သည်။

သို့သော် နောက်ပိုင်းတွင် သိလာသည်မှာ အဆိုပါကားများကို ဆေးရုံအတွက် မသုံးဘဲ ဒေသခံ အစိုးရအရာရှိတို့ သွားလာရေးအတွက် အသုံးပြုနေသည်ကို သိလိုက်ရသည်။

ထိုဖြစ်ရပ်ကြောင့် ယူ ပန်နီယန်မှာ ကိုယ်ပိုင် ပရဟိတကူညီရေးအဖွဲ့ဖြစ်သော Yu Pengnian ဖောင်ဒေးရှင်းကို တည်ထောင်ရန် ဖြစ်လာခဲ့သည်။

တရုတ်ပြည်တွင်းသတင်းစာတစ်စောင်ဖြစ်သော China Daily ၏ ဖော်ပြချက်အရ ယူ ပန်နီယန်သည် အသက် ၈၈ နှစ်အရွယ် ၂၀၁၀ ပြည့်နှစ်တွင် သူ၏ ကြွယ်ဝချမ်းသာမှုအရပ်ရပ်ဖြစ်သော ယွမ် ၈ ဒသမ ၂ ဘီလီယံ (ထိုကာလ ငွေတန်ဖိုးအရ ကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ) ကို အားလုံးလှူဒါန်းခဲ့ပြီး ထိုအချိန်က တရုတ်ပြည်၏ အရက်ရောဆုံးပုဂ္ဂိုလ်အဖြစ် ထိပ်တန်းတွင် ရပ်တည်ခဲ့သည်။

“ဒီပိုင်ဆိုင်မှုအားလုံးဟာ လှူဒါန်းပစ်ဖို့ပဲ ဖြစ်ပါလိမ့်မယ်။ ဒီပိုင်ဆိုင်မှုတွေရဲ့ ဘယ်တစ်စိတ်တစ်ဒေသကိုမှ …ဘယ်သူကမှ အမွေဆက်ခံရရှိလိမ့်မှာ မဟုတ်ပါဘူး။ ဘယ်စီးပွားရေး ရင်းနှီးမြှုပ်နှံမှုအတွက်မှ အသုံးပြုမှာ မဟုတ်ပါဘူး” ဟု ယူပန်နီယန်က ပြောခဲ့သည်။ ၂၀၀၃ မှ ၂၀၁၀ ပြည့်နှစ်အထိ ယူပန်နီယန် ဖောင်ဒေးရှင်းက တရုတ်ပြည်တလွှားတွင် အတွင်းတိမ်စွဲသူတို့ကို ခွဲစိတ်ကုသပေးမှုပေါင်း ၁၅၀၀၀၀ ကျော် လုပ်ဆောင်ပေးခဲ့သည့်အပြင် တရုတ်ပြည်အနောက်ပိုင်းတွင် စာသင်ကျောင်းပေါင်းများစွာ ဆောက်လုပ်ပေးနိုင်ခဲ့သည်။

ယူပန်နီယန်သည် ၂၀၀၅ မှ ၂၀၁၀ ပြည့်နှစ်အထိ ၅ နှစ်ဆက်တိုက် Hurun Philanthropy List တွင် ထိပ်တန်းနေရာမှ ရပ်တည်ခဲ့သည်။

ထိုအချိန်တွင် ယူပန်နီယန်သည် ကန်ဒေါ်လာ သန်း ၉၁၀ ကျော် လှူဒါန်းထားပြီး ဖြစ်သည်။

“ကျွန်တော်က သူများဆီက အကူအညီယူရတာထက် သူတပါးကို အကူအညီပေးရတာ ပိုပြီးသဘောကျပါတယ်။ အကူအညီလိုနေသူတွေကို ကိုယ်တိုင် တိုက်ရိုက် ကူညီရတာမျိုးကို နှစ်သက်ပါတယ်။”

ယူပန်နီယန်သည် Time မဂ္ဂဇင်းကြီး၏ ၂၀၀၇ ခုနှစ် တစ်ကမ္ဘာလုံးအတိုင်းအတာ ထိပ်တန်းအလှူရှင် ၁၄ ဦးစာရင်းတွင် ပါဝင်ခဲ့သည်။

ယူပန်နီယန်သည် ၂၀၁၅ ခုနှစ်တွင် ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၉၂ နှစ်အရွယ် ရှိပြီ ဖြစ်သည်။

ယူပန်နီယန်သည် တရုတ်ထိပ်သီး အိမ်ခြံမြေ Developer ကုမ္ပဏီကြီး Fu Tak Development ကုမ္ပဏီ၏ ဥက္ကဌ ဖြစ်သည့်အပြင် Shenzhen Panglin ဟိုတယ်၏ ဥက္ကဌလည်း ဖြစ်သည်။

ယူပန်နီယန်က သားသမီးများအတွက် အမွေဆက်ခံစရာတစ်ခုတစ်လေမှ မထားခဲ့ချေ။ ယူပန်နီယန်က ထိုအကြောင်းရပ်နှင့် စပ်လျဉ်းပြီး ပြောပြသည်မှာ သားသမီးများကို သက်သောင့်သက်သာ ဇိမ်ကျကျ ကြီးပြင်းလူလားမြောက်ခွင့်ရစေခဲ့ပြီးဖြစ်ကာ နိုင်ငံရပ်ခြားတွင် သွားရောက် ပညာဆည်းပူး နိုင်အောင်လည်း ပံ့ပိုးပေးထားပြီးဖြစ်ကြောင်း ပြောသည်။

“ကျွန်တော့်ကလေးတွေက လူတော်တွေဆိုရင် သူတို့အတွက် ငွေမလိုပါဘူး။ တကယ်လို့ လူတော်တွေ မဟုတ်ဘူးဆိုရင်လည်း ဒီငွေတွေက သူတို့ကို အန္တရာယ်ဖြစ်လာစေပါလိ့မ်မယ်” ဟု ယူပန်နီယန်က ပြောသည်။

မိမိ၏ ဆုံးဖြတ်ချက်ကို မိသားစုက အပြည့်အဝလက်ခံကြကြောင်း၊ သို့သော် မိမိအနေဖြင့် မိသားစုက လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ပိုင်ဆိုင်မှုအားလုံးကို လှူဒါန်းပစ်မည်သာဖြစ်ကြောင်း ၎င်းက ပြောသည်။

“တခြားသူတွေ ဘယ်လိုထင်ထင် ဂရုမစိုက်ပါဘူး။ ကျွန်တော့်ငွေတွေကို လှူပစ်ရတာ ပျော်ပါတယ်။ အရင်ကတည်းက ကျွန်တော် ဆင်းရဲသားဘဝက လာခဲ့တာပါ”

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Yu Pengnian’s journey from toilet cleaner in Hong Kong to billionaire philanthropist

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service