ကမ္ဘောဒီးယားတွင် အုတ်ဈေးများ အလွန်အမင်းမြင့်တက်လာလျက်ရှိနေ - Property News in Myanmar from iMyanmarHouse.com
5008 Views

ကမ္ဘောဒီးယားတွင် အုတ်ဈေးများ အလွန်အမင်းမြင့်တက်လာလျက်ရှိနေ

ကမ္ဘောဒီးယားနိုင်ငံတွင် ပြီးခဲ့သော ၂၀၁၇ ခုနှစ်အတွင်းမှစတင်ကာ အုတ်ဈေးများ အလွန်အမင်းမြင့်တက်လာခဲ့သည်။

ယခု ၂၀၁၈ ခုနှစ် အစပိုင်း ၂ လတာတွင် လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာနေသည့် ကမ်းရိုးတန်းမြို့တစ်မြို့ဖြစ်သော သီဟာနုဗီလီထံမှ ဝယ်လိုအားများ အလွန်မြင့်တက်လာခဲ့ခြင်းကြောင့် အုတ်ဈေးများမှာ ယခင်နှစ်ထက်ပင် ပိုမိုမြင့်တက်သွားခဲ့သည်။

ပြီးခဲ့သော ၂၀၁၇ ခုနှစ်အတွင်း အုတ် ၁၀၀၀၀ လျှင် ကန်ဒေါ်လာ ၁၈၀ (မြန်မာငွေ ၂၄၀၀၀၀ ခန့်) ဝန်းကျင်သာ ရှိခဲ့သည်။

ယခုနှစ်အတွင်းတွင်မူ ဈေးနှုန်းမှာ ၂ ဆကျော်မြင့်တက်သွားပြီး ဒေါ်လာ ၄၀၀ နီးပါးအထိ ဈေးမြောက်သွားကြောင်း အုတ်ဖုတ်အသင်းဥက္ကဌဖြစ်သူ Chheang Suyheang က ပြောကြားသည်။

အဆိုပါအုတ်ဖုတ်အသင်းတွင် ကန်ဒယ်လ်ပြည်နယ်ရှိ စက်ရုံပေါင်း ၁၀၀ ကျော် ပါဝင်သည်ဟု ဆိုသည်။

“ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဒီနှစ်ထဲမှာ အုတ်ဝယ်လိုအား အရမ်းကိုမြင့်တက်လာနေတယ်။ အထူးသဖြင့် ပရီယာ သီဟာနုပြည်နယ်က ဝယ်လက်တွေ အများကြီးလာနေကြတယ်” ဟု ၎င်းက ပြောကြားသည်။

အုတ်မည်မျှ ရောင်းချခဲ့ရသည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း ဝယ်လိုအားကို ပြည့်မှီအောင် ရောင်းချပေးနိုင်ရေး အလွန်ခက်ခဲလာကြောင်းလည်း ပြောကြားခဲ့သည်။

“အရင်တုန်းက စက်ရုံတွေမှာ အမြဲတမ်းလိုလို ရောင်းစရာအုတ် ရှိနေတယ်။ အခုဆိုရင် အုတ်ဖုတ်ပြီးသွားတာနဲ့ ဝယ်လက်တွေက အကုန်လာလာဝယ်သွားနေကြတယ်”

ကန်ဒယ်လ်ပြည်နယ်ရှိ အုတ်စက်ရုံပိုင်ရှင်တစ်ဦးဖြစ်သူ ပေါင်ကရိုင်ကလည်း အုတ်ဝယ်လိုအားမြင့်တက်လာခြင်းမှာ သီဟာနုဗီလီမှ developer တို့ကြောင့်ဖြစ်ကြောင်း ထောက်ခံပြောကြားခဲ့သည်။
သီဟာနုဗီလီတွင် ပြီးခဲ့သောနှစ်အတွင်း တရုတ်ပြည်မှ ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်း ဝင်ရောက်လာခဲ့သည်။

ဈေးနှုန်းနှင့် ဝယ်လိုအားမြင့်တက်ခြင်းမှာ သာမာန်အားဖြင့် အမြတ်အစွန်းကြီးကြီးမားမားရစေနိုင်သည်ဟု ဆိုသော်လည်း ကမ္ဘောဒီးယား အုတ်ဖုတ်သမားတို့အတွက် အကောင်းချည်းဟုကား မဆိုနိုင်ချေ။
အုတ်ဖုတ်ရာတွင် အသုံးပြုရသည့် ကုန်ကြမ်းဈေးများမှာလည်း မြင့်တက်လာသည့်အပြင် အလုပ်သမားရနိုင်မှုမှာလည်း ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနေသည်။

“အုတ်ထုတ်လုပ်တဲ့လုပ်ငန်းဟာ အလုပ်သမားအများကြီးလိုတဲ့ လုပ်ငန်းမျိုးပါ။ ဖောက်သည်တွေဆီက အမှာတွေ အများကြီးရလေလေ အလုပ်သမားရနိုင်ဖို့ အခက်ကြုံရလေလေပါ” ဟု ပေါင်ကရိုင်က ဆိုသည်။

“ကျွန်တော်တို့ အခုရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကတော့ အလုပ်သမားလုံလုံလောက်လောက်မရှိတာပါ”

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဒေသတွင်း လူ့အခွင့်အရေးအုပ်စုတစ်ခုဖြစ်သော Licadho က အစီရင်ခံစာတစ်ခု ထုတ်ပြန်ခဲ့ရာတွင် အုတ်စက်ရုံများ၌ ကလေးလုပ်သားများ အသုံးပြုလျက်ရှိသည့်နည်းတူ အလုပ်သမားမြဲရန်အတွက် အကြွေးဖြင့်တုပ်နှောင်သည့်နည်းကို အသုံးပြုလျက်ရှိကြောင်း ဖော်ပြထားသည်။

အကြွေးဖြင့် ချည်နှောင်သည့်နည်းလမ်းကို အုတ်စက်ရုံပိုင်ရှင်များစွာက အသုံးပြုနေပြီး အဆိုပါနည်းဖြင့်သာ ဈေးသက်သာကာ ရေရည်ရနိုင်မည့် အလုပ်အင်အားစုရရှိနိုင်ရန် အာမခံချက်ရှိမည်ဖြစ်ကြောင်းလည်း Built on Slavery ဟု အမည်ပေးထားသည့် အထက်ပါအစီရင်ခံစာတွင် ဖော်ပြသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service