အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
11 Feb 2025 11:18 am တွင် တင်ခဲ့သည်
361 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်း (Billionaire’s Row)မှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာသည်။

ဘီလျံနာ Estee Lauder ၏ အမွေဆက်ခံသူ William Lauder က အနီးရှိအဆိုပါ မြေကွက်မျိုးကို ကန်ဒေါ်လာ ၁၇၈ သန်းဖြင့် ရောင်းထုတ်ခဲ့ပြီး ရက်ပိုင်းအကြာတွင် ယခုမြေကွက် အရောင်းဈေးကွက်ဝင်လာခြင်းလည်း ဖြစ်သည်။

South Ocean Boulevard လမ်း အမှတ် ၁၉၈၀ တွင် တည်ရှိပြီး အကျယ်အဝန်း ၂ ဧကရှိကာ မည်သည့်အဆောက်အအုံမျှ မရှိသော မြေလွတ်မြေကွက်တစ်ခု ဖြစ်သည်။

ထို့ကြောင့် ဝယ်ယူမည့် ပိုင်ရှင်သစ်အနေဖြင့် မိမိ၏ စိတ်ကြိုက် နေအိမ်ကို လိုသလို ပုံဖော် ဆောက်လုပ်နိုင်မည် ဖြစ်သည်။

ရှိရင်းစွဲ နေအိမ်ကို မနှစ်သက်သောကြောင့် ဖြိုချ ရှင်းလင်းရမည့် အလုပ်မျိုး လိုအပ်မည်မဟုတ်ချေ။

ဘီလျံနာတန်းတွင် ယခုကဲ့သို့ ရနိုင်သည့် နောက်ဆုံး မြေကွက်ဖြစ်ကြောင်း အရောင်းဈေးကွက်တင်ပေးသည့် Corcoran Group မှ အကျိုးဆောင် Shelly Newman က ပြောသည်။

ဈေးကွက်တင် ကြော်ငြာတွင် ဖော်ပြချက်အရ ပင်လယ်ကမ်းခြေနှင့် Intracoastal သီးသန့်ကမ်းခြေ ၂ ခုလုံး ပိုင်ဆိုင်ထားသည့် အရောင်းဈေးကွက်ဝင် တစ်ခုတည်းသော မြေကွက်ဖြစ်ကြောင်း ဖော်ပြသည်။

(ရှားရှားပါးပါး ရနိုင်သည့် မြေကွက်ဖြစ်ပြီး ပင်လယ်ကမ်းခြေမှသည် Intracoastal Waterway အထိ ဖြန့်ကျက်တည်ရှိသည်။ ဓာတ်ပုံ-Living Proof Photography)

(Palm Beach တွင် ပင်လယ်မှ ရေကန်အထိ ဖြန့်ကျက်တည်ရှိသော မြေကွက် ၂၀ မျှသာ ရှိသည်။ ဓာတ်ပုံ-Living Proof Photography)

ယခုမြေကွက်သည် ယခင်ကလည်း အရောင်းဈေးကွက်ဝင်ခဲ့ဖူးသည်။

၂၀၂၂ ခုနှစ်အတွင်းက ကန်ဒေါ်လာ သန်း ၁၅၀ ဖြင့် ဈေးကွက်တင်ခဲ့ခြင်း ဖြစ်သည်။

အိမ်ခြံမြေ ရင်းနှီးမြှပ်နှံသူ Nathan Royce Silverstein က ၁၉၆၀ ပြည့်လွန်ကာလများကတည်းက ပိုင်ဆိုင်ထားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သော ၂၀၂၃ ခုနှစ်တွင် အရောင်းဈေးကွက်မှ ပြန်လည် ရုပ်သိမ်းသွားခဲ့ပြီး ယခုအခါ ပိုမိုမြင့်မားသော ဈေးနှုန်းဖြင့် ဈေးကွက် ပြန်တင်လာခြင်း ဖြစ်သည်။

(ယခုမြေကွက်တွင် မည်သို့ ဆောက်လုပ်၍ ရနိုင်ကြောင်း ဒီဇိုင်းရေးဆွဲထားသည့် ဗိသုကာပုံစံ။ ဓာတ်ပုံ-Fairfax & Sammons)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Vacant Lot on Palm Beach’s ‘Billionaire’s Row’ Hits the Market for a Jaw-Dropping $200 Million Photo Credit- Fairfax & Sammons, Living Proof Photography

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...

[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...

အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...

တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...

အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...

အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...

ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ

ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ

စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း

CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ

[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း

မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ

DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင

imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service