ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ဟောင်ကောင် အက်ရှင်ကြယ်ပွင့် ချောင်ယွန်ဖတ်သည် ဟောင်ကောင်တွင် နေခြည်ဖြာဥယျာဉ်ဟု အမည်ရသော စံအိမ်ကြီးကို ၂၀၁၀ ပြည့်နှစ်အတွင်း ဟောင်ကောင်ဒေါ်လာ ၁၂၈ သန်းဖြင့် ဝယ်ယူခဲ့သည်။
အဆိုပါစံအိမ်ကို ချောင်ယွန်ဖတ်က ၂၀၂၂ ခုနှစ်တွင် ဟောင်ကောင်ဒေါ်လာ သန်း ၂၂၀ ဖြင့် အရောင်းဈေးကွက်တင်ခဲ့ကြောင်း The Hong Kong Commercial Daily က ဖော်ပြသည်။
အိမ်အကျယ်အဝန်းမှာ ၂၃၆ စတုရန်းမီတာရှိပြီး ကပ်လျက်ရှိသော ပန်းဥယျာဉ်မှာ ၁၈၆ စတုရန်းမီတာ ကျယ်ဝန်းသည်။
ချောင်ယွန်ဖတ်သည် ဝယ်ယူပြီးနောက်ပိုင်း ထိုအိမ်တွင် နေထိုင်ခြင်းမရှိသလို အငှားချထားခဲ့ခြင်းလည်း မရှိချေ။
သတင်းရင်းမြစ်တို့၏ ပြောကြားချက်အရ ချောင်ယွန်ဖတ်က သူ၏ နေအိမ်ဝယ်ယူလိုသူတို့ နေအိမ်အတွင်းသို့ ဝင်ရောက်ကြည့်ရှုခွင့်ကို ကန့်သတ်ထားပြီး ၎င်းကြည့်ရှုခွင့်ပေးသူသာ ကြည့်ခွင့်ရမည် ဖြစ်သည်။
ယခုအိမ်သည် ချောင်ယွန်ဖတ် ပိုင်ဆိုင်ထားသော အိမ်ခြံမြေများအနက် တန်ဖိုးအကြီးဆုံးလည်း ဖြစ်သည်။
ချောင်ယွန်ဖတ်နှင့် မိသားစုသည် နေအိမ် ၇ လုံးနှင့် မြေကွက်တစ်ကွက်ပိုင်ဆိုင်ထားပြီး စုစုပေါင်း တန်ကြေးမှာ ဟောင်ကောင်ဒေါ်လာ ၁ ဘီလီယံကျော် ရှိသည်။
ဟောင်ကောင်တွင် အိမ်ခြံမြေဈေးကွက်ထိုင်းမှိုင်းနေမှုကြောင့် ရုပ်ရှင်သရုပ်ဆောင်များဖြစ်သော ကရီနာလောင်းနှင့် Michele Reis တို့အပါအဝင် အိမ်ခြံမြေများ အရောင်းတင်ထားသော အကျော်အမော် များစွာမှာ ၎င်းတို့၏ခေါ်ဈေးများကို လျှော့ချပေးလာနေရသည်။
ဟောင်ကောင်၏ အိမ်ခြံမြေဈေးအကြီးဆုံးနေရာဖြစ်သော The Peak တွင် တည်ရှိသည့် နေအိမ်ကို ချောင်ယွန်ဖတ်က မူလခေါ်ဈေးအောက် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာကြောင်း ဟောင်ကောင်အိမ်ခြံမြေအကျိုးဆောင်များစွာက ပြောသည်။
“မူရင်းခေါ်ဈေးက ဟောင်ကောင်ဒေါ်လာ သန်း ၂၂၀ (ကန်ဒေါ်လာ ၂၈ ဒသမ ၃ သန်း) ပါ။ အခုချိန်မှာ ဟောင်ကောင်ဒေါ်လာ သန်း ၁၉၀ပဲ ဈေးခေါ်ထားပါတယ်” ဟု high-end အိမ်များ ကိုင်တွယ်သည့် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ Habitat Property ၏ မန်နေးဂျင်း ဒါရိုက်တာ Victoria Allan က ပြောသည်။
(ဒါရိုက်တာ John Woo ရိုက်ကူးခဲ့ပြီး ၁၉၈၆ ခုနှစ်က ရုံတင်ခဲ့သော A Better Tomorrow ရုပ်ရှင်ဇာတ်ကားတွင် ချောင်ယွန်ဖတ် ပါဝင်သရုပ်ဆောင်ခဲ့ပုံ။ ဓာတ်ပုံ-Handout)
ချောင်ယွန်ဖတ် ပါဝင်သရုပ်ဆောင်ခဲ့သည့် ဇာတ်ကားများအနက် အော်စကာဆုရ ရုပ်ရှင်ဇာတ်ကားဖြစ်သော ၂၀၀၀ ပြည့်နှစ်က ရုံတင်ခဲ့သည့် Crouching Tiger, Hidden Dragon မှာ ကမ္ဘာသိအထင်ရှားဆုံး ဖြစ်သည်။
ချောင်ယွန်ဖတ်သည် ယခုစံအိမ်ကို ၁၄ နှစ်တာ ပိုင်ဆိုင်ခဲ့ပြီး ပြီးခဲ့သော လအနည်းငယ်က အရောင်းဈေးကွက်တင်ခဲ့ခြင်း ဖြစ်သည်။
စံအိမ်အကျယ်အဝန်း စတုရန်းပေ ၂၅၄၇ ကျယ်ဝန်းပြီး အိပ်ခန်း ၃ ခန်းပါသည်။
Mount Kellett လမ်း၊ အမှတ် ၄၈ တွင် တည်ရှိသော ချောင်ယွန်ဖတ်၏ အိမ်ကို Allan ၏ မျှတသည့် ဈေးနှုန်း ခန့်မှန်းပေးရာ ဟောင်ကောင်ဒေါ်လာ သန်း ၁၅၀ ဖြစ်ကြောင်း ခန့်မှန်းသည်။
ယခုနောက်ဆုံးခေါ်ဈေးမှာ ဟောင်ကောင်ဒေါ်လာ ၁၉၅ သန်းဖြစ်ရာ ၁ စတုရန်းပေလျှင် ဟောင်ကောင်ဒေါ်လာ ၇၂၀၀၀ ကျော် ကျသင့်မည် ဖြစ်သည်။
စံအိမ်တွင် စတုရန်းပေ ၂၀၀၀ ကျယ်ဝန်းသော ပန်းဥယျာဉ်နှင့် စတုရန်းပေ ၇၀၀ ရှိသည့် rooftop ပါဝင်ရာ ဟောင်ကောင်တောင်ပိုင်း၏ ရှုမျှော်ခင်းများကို ကြည့်ရှုခံစားနိုင်မည် ဖြစ်သည်။
ချောင်ယွန်ဖတ်က ၂၀၁၀ ပြည့်နှစ်အတွင်း ဝယ်ယူခဲ့ရာတွင် ဟောင်ကောင်ဒေါ်လာ ၁၂၈ သန်း ပေးခဲ့ရကာ ထိုအချိန်က စံချိန်တင်ဈေးနှုန်း ဖြစ်ခဲ့သည်။
လက်ရှိခေါ်ဈေးဖြင့် ရောင်းထွက်မည်ဆိုပါက ချောင်ယွန်ဖတ်အနေဖြင့် ဟောင်ကောင်ဒေါ်လာ ၆၇ သန်း မြတ်စွန်းမည်ဖြစ်ကာ ၁၄ နှစ်တာ ကာလအတွင်း ဈေးနှုန်း ၅၂ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်သွားခြင်းလည်း ဖြစ်သည်။
(ဆက်စပ်သတင်း) ပိုင်ဆိုင်သမျှ အားလုံးလှူပစ်မည့် ချောင်ယွန်ဖတ်၏ ဟောင်ကောင်စံအိမ် https://www.imyanmarhouse.com/news/read/1007483
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Hong Kong actor Chow Yun Fat slashes mansion’s price by $3.2M amid market struggles (thestar) Photo Credit-Handout