Foreign Property News | Posted by Zarni Kyaw
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်က ပြုတ်ကျ သေဆုံးခဲ့သော လူငယ်သုံးဦး၏ဖြစ်ရပ်
ကျွန်မတို့အသုံးပြုနေတဲ့ အွန်လိုင်းပေါ်က လမ်းညွှန်မြေပုံ Google Map ကို ၁၀၀ ရာခိုင်နှုန်း ယုံကြည်စိတ်ချရပါသလား။
Google Map အသုံးပြုပြီး ကားမောင်းနှင်စဉ် ယာဉ်မတော်တဆမှုဖြစ်ပွားတဲ့အခါ ဘယ်အဖွဲ့အစည်းက ဖြေရှင်းရန် တာဝန်ရှိပါသလဲ။
ဒီမေးခွန်းတွေဟာ အိန္ဒိယနိုင်ငံ Uttar Pradesh ပြည်နယ်မှာ Google Map အသုံးပြုပြီး မောင်းနှင်ရာမှ လူသေဆုံးတဲ့အထိ ဆိုးရွားခဲ့တဲ့ ယာဉ်ပြုတ်ကျမှုဖြစ်စဉ်ကနေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံသားသုံးဦး လိုက်ပါစီးနင်းလာတဲ့ယာဉ် ပြုတ်ကျခဲ့တဲ့ တံတားမှာ ယမန်နှစ်အစောပိုင်းက ရေလျှံမှုကြောင့်ပြိုကျခဲ့တဲ့ တံတားဖြစ်ပြီး တံတားပြုပြင်နေသည်ကို သိထားသည့် ဒေသခံများကတော့ အဆိုပါတံတားပေါ်ကနေ ဖြတ်သန်းသွားလာခြင်း မပြုကြတော့ပါ။
တစ်ဝက်တစ်ပျက်ပြတ်ကျပြီး ပျက်စီးနေတဲ့ တံတားမှာ ခရီးသွားများသတိပြုနိုင်ရန်အတွက် အကာအရံ ပြုလုပ်ဆောင်ရွက်ထားခြင်းလည်း မရှိသလို တားမြစ်ပိတ်ပင်တဲ့ ဆိုင်းဘုတ်တစ်ခုတစ်လေတောင်မှ ချိတ်ဆွဲထားခြင်းမရှိပါဘူး။မီးရောင်မရှိတဲ့ ညအမှောင်ထဲ Google Map satellite မြေပုံကိုအသုံးပြုပြီး ကားမောင်းလာတဲ့ လူငယ်သုံးဦးကတော့ အတားအဆီးမရှိတဲ့ တံတားပျက်ပေါ်ကနေ ကံဆိုးစွာနဲ့ ပြုတ်ကျသေဆုံးခဲ့ရပါတယ်။
Google Map ကို အသုံးပြုပြီး ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ဟာ အိန္ဒိယမှာ ပထမဆုံးတော့ မဟုတ်ပါဖူး။ ၂၀၂၁ ခုနှစ်မှာလည်း အိန္ဒိယနိုင်ငံ Maharashtra မြို့က အမျိုးသားတစ်ဦးသည်လည်း Google Map အသုံးပြုပြီး ယာဉ်မောင်းနှင်ရာက ဆည်ကန်တစ်ခုထဲ ပြုတ်ကျဖူးပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com