Mark Zuckerberg က နွားများကို ဘီယာတိုက်ကာ မွေးမြူလျက်ရှိသော ဟာဝိုင်အီရှိ ဒေါ်လာ သန်း ၁၀၀ တန် စံအိမ်ဝန်းကြီး

Mark Zuckerberg က နွားများကို ဘီယာတိုက်ကာ မွေးမြူလျက်ရှိသော ဟာဝိုင်အီရှိ ဒေါ်လာ သန်း ၁၀၀ တန် စံအိမ်ဝန်းကြီး - Property News in Myanmar from iMyanmarHouse.com
19 Jan 2024 11:28 am တွင် တင်ခဲ့သည်
1126 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဖေ့စ်ဘုတ်တည်ထောင်သူ Mark Zuckerberg သည် ၂၀၁၄ ခုနှစ်မှ စတင်ပြီး ဟာဝိုင်အီကျွန်းစုရှိ Kauai ကျွန်းပေါ်တွင် မြေများဝယ်ယူလျက်ရှိရာ ယခုအခါ ဧက ၁၄၀၀ ခန့် ပိုင်ဆိုင်ထားပြီ ဖြစ်သည်။

Mark Zuckerberg က ပြီးခဲ့သော အင်္ဂါနေ့တွင် ကြေညာခဲ့သည်မှာ နွားတစ်အုပ်ဝယ်ယူထားကြောင်း ၊ အဆိုပါနွားများကို မက္ကဒေးမီးယားစေ့နှင့် ဘီယာတိုက်ကာ မွေးမြူမည်ဖြစ်ကြောင်း ပြောသည်။

(မှတ်ချက်။ မက္ကဒေးမီးယားကို မြန်မာပြည်တွင် ချောကလက်သီးဟု ခေါ်ဆိုကြသည်။)

Mark Zuckerberg က ကမ္ဘာပေါ်တွင် အရည်အသွေးအကောင်းဆုံး အမဲသား ထုတ်လုပ်ရန် စီစဉ်နေခြင်းလည်း ဖြစ်သည်။

အသက် ၃၉ နှစ်အရွယ်ရှိ Mark Zuckerberg က ပြောသည်မှာ နွားများကို ဟာဝိုင်အီရှိ ခြံတွင် မွေးမြူမည် ဖြစ်ကြောင်း ၊ အရသာနှင့် ပရိုတိန်းဓာတ်အတွက် မက္ကဒေးမီးယား ကျွေးခြင်းဖြစ်ကြောင်း ပြောသည်။

ဘီယာတိုက်ခြင်းမှာ နွားများအပန်းပြေစေရန်ဖြစ်ကြောင်း Mark Zuckerberg က ပြောသည်။

Mark Zuckerberg သည် ကန်ဒေါ်လာ ၁၂၆ ဒသမ ၅ ဘီလီယံချမ်းသာကြွယ်ဝပြီး ယခုအခါ Kauai ကျွန်း၏ မြောက်ပိုင်းတွင် မြေဧကပေါင်း ၁၄၀၀ ပိုင်ဆိုင်ထားကာ တန်ကြေးအားဖြင့် ကန်ဒေါ်လာ သန်း ၂၇၀ ခန့်ရှိသည်ဟု ခန့်မှန်းရသည်။

“Kauai ကျွန်းပေါ်က Koolau မွေးမြူရေးခြံမှာ နွားတွေ စတင်မွေးမြူနေပါတယ်။ ကျွန်တော်ရဲ့ ရည်မှန်းချက်က ကမ္ဘာပေါ်မှာ အရည်အသွေးအကောင်းဆုံးအမဲသား ထုတ်လုပ်ဖို့ပါပဲ”ဟု Mark Zuckerberg က အင်စတာဂရမ်တွင် အင်္ဂါနေ့က ရေးသားခဲ့သည်။

အင်စတာဂရမ်ကို ဖေ့စ်ဘုတ်၏ မိခင်ကုမ္ပဏီ Meta က ပိုင်ဆိုင်ထားသည်။

(Mark Zuckerberg သည် ဟာဝိုင်အီကျွန်းစု၏ Kauai ကျွန်းတွင် မြေဧကပေါင်း ၁၄၀၀ ပိုင်ဆိုင်ထားသည်။)

(သမီးများအနက်တစ်ဦးက မွေးမြူရေးခြံတွင် အလုပ်လုပ်နေသည့် ဓာတ်ပုံကို Mark Zuckerberg က လူမှုကွန်ရက်တွင် မျှဝေခဲ့သည်။)

“နွားတစ်ကောင်ချင်းစီဟာ တစ်နှစ်ကို အစာ ပေါင်ချိန် ၅၀၀၀ ကနေ ၁၀၀၀၀ ကြားစားပါတယ်။ မက္ကဒေးမီးယားပင်တွေ စိုက်ထားတဲ့ မြေဧက အများကြီးရှိပါတယ်။ သမီးတွေက မက္ကဒေးမီးယားပင်တွေ ကူညီစိုက်ပျိုးပေးတဲ့အပြင် မွေးမြူရေး တိရ စ္ဆာန်တွေကိုလည်း ကြည့်ရှုစောင့်ရှောက်ပေးပါတယ်။”

(Mark Zuckerberg မွေးမြူမည့် Wagyu နွားမျိုး)

(Mark Zuckerberg ၏ စံအိမ်မှာ ပုံတွင် တွေ့ရသော Pilaa ကမ်းခြေတွင် တည်ရှိသည်။)

ဟာဝိုင်အီတွင် မက္ကဒေးမီးယားမှာ ၁ ပေါင်လျှင် ၃၆ ဒေါ်လာ ပေးရရာ Mark Zuckerberg အနေဖြင့် ဆိုင်မှ ဝယ်ယူကာ နွားများကို ကျွေးမည်ဆိုပါက နွားတစ်ကောင်အတွက်တစ်နှစ်လျှင် ဒေါ်လာ ၁၈၀၀၀၀ မှ ၃၆၀၀၀၀ ကြား ကုန်ကျမည် ဖြစ်သည်။

Mark Zuckerberg က ပြောသည်မှာ နွားများအား တစ်မူထူးသော အစာကျွေးခြင်းမှာ စမ်းသပ်ခြင်းတစ်ခုဖြစ်ပြီး အပျော်သဘောဖြစ်ကြောင်း ပြောသည်။

ထို့အပြင် ၎င်းက ဖြည့်စွက်ပြောကြားသည်မှာ နွားများအာ ဘီယာတိုက်ခြင်းမှာ အပန်းပြေစေရန်နှင့် စိတ်ပျော်ရွှင်စေရန် ဖြစ်ကြောင်း ၊ နွားများ စိတ်ပျော်ရွှင်ပါက အမဲသားအရသာ ပိုမိုကောင်းမွန်နိုင်ကြောင်း ပြောသည်။

Mark Zuckerberg သည် ၂၀၁၄ ခုနှစ်တွင် မြေ ၇၀၇ ဧကဝယ်ယူခဲ့ပြီး ဒေါ်လာ ၁၁၆ သန်းပေးခဲ့ရသည်။

ယင်းနောက် ၂၀၂၁ ခုနှစ် ဧပြီလတွင် ဧက ၆၀၀ ထပ်မံ ဝယ်ယူခဲ့ပြီး ဒေါ်လာ ၅၃ သန်းပေးခဲ့ရသည်။

(Kauai ကျွန်း၏ မြေမျက်နှာသွင်ပြင်ကို ထိန်းသိမ်းစောင့်ရှောက်သွားမည်ဟု Mark Zuckerberg က ကတိပြုထားသည်။)

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 ) 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Mark Zuckerberg is embarking on his ‘most delicious’ endeavor yet: Raising beer-drinking cattle on his $100 million estate in Hawaii (dailymail)

Photo Credit: dailymail

[Zawgyi]

Mark Zuckerberg က ႏြားမ်ားကို ဘီယာတိုက္ကာ ေမြးျမဴလ်က္ရွိေသာ ဟာဝိုင္အီရွိ ေဒၚလာ သန္း ၁၀၀ တန္ စံအိမ္ဝန္းၾကီး

ေဖ့စ္ဘုတ္တည္ေထာင္သူ Mark Zuckerberg သည္ ၂၀၁၄ ခုႏွစ္မွ စတင္ျပီး ဟာဝိုင္အီကၽြန္းစုရွိ Kauai ကၽြန္းေပၚတြင္ ေျမမ်ားဝယ္ယူလ်က္ရွိရာ ယခုအခါ ဧက ၁၄၀၀ ခန္႔ ပိုင္ဆိုင္ထားျပီ ျဖစ္သည္။

Mark Zuckerberg က ျပီးခဲ့ေသာ အဂၤါေန႔တြင္ ေၾကညာခဲ့သည္မွာ ႏြားတစ္အုပ္ဝယ္ယူထားေၾကာင္း ၊ အဆုိပါႏြားမ်ားကို မကၠေဒးမီးယားေစ့ႏွင့္ ဘီယာတုိက္ကာ ေမြးျမဴမည္ျဖစ္ေၾကာင္း ေျပာသည္။

(မွတ္ခ်က္။ မကၠေဒးမီးယားကို ျမန္မာျပည္တြင္ ေခ်ာကလက္သီးဟု ေခၚဆိုၾကသည္။)

Mark Zuckerberg က ကမၻာေပၚတြင္ အရည္အေသြးအေကာင္းဆံုး အမဲသား ထုတ္လုပ္ရန္ စီစဥ္ေနျခင္းလည္း ျဖစ္သည္။

အသက္ ၃၉ ႏွစ္အရြယ္ရွိ Mark Zuckerberg က ေျပာသည္မွာ ႏြားမ်ားကို ဟာဝိုင္အီရွိ ျခံတြင္ ေမြးျမဴမည္ ျဖစ္ေၾကာင္း ၊ အရသာႏွင့္ ပရိုတိန္းဓာတ္အတြက္ မကၠေဒးမီးယား ေကၽြးျခင္းျဖစ္ေၾကာင္း ေျပာသည္။

ဘီယာတိုက္ျခင္းမွာ ႏြားမ်ားအပန္းေျပေစရန္ျဖစ္ေၾကာင္း Mark Zuckerberg က ေျပာသည္။

Mark Zuckerberg သည္ ကန္ေဒၚလာ ၁၂၆ ဒသမ ၅ ဘီလီယံခ်မ္းသာၾကြယ္ဝျပီး ယခုအခါ Kauai ကၽြန္း၏ ေျမာက္ပိုင္းတြင္ ေျမဧကေပါင္း ၁၄၀၀ ပိုင္ဆုိင္ထားကာ တန္ေၾကးအားျဖင့္ ကန္ေဒၚလာ သန္း ၂၇၀ ခန္႔ရွိသည္ဟု ခန္႔မွန္းရသည္။

“Kauai ကၽြန္းေပၚက Koolau ေမြးျမဴေရးျခံမွာ ႏြားေတြ စတင္ေမြးျမဴေနပါတယ္။ ကၽြန္ေတာ္ရဲ႕ ရည္မွန္းခ်က္က ကမၻာေပၚမွာ အရည္အေသြးအေကာင္းဆံုးအမဲသား ထုတ္လုပ္ဖို႔ပါပဲ”ဟု Mark Zuckerberg က အင္စတာဂရမ္တြင္ အဂၤါေန႔က ေရးသားခဲ့သည္။

အင္စတာဂရမ္ကို ေဖ့စ္ဘုတ္၏ မိခင္ကုမၸဏီ Meta က ပိုင္ဆုိင္ထားသည္။

(Mark Zuckerberg သည္ ဟာဝိုင္အီကၽြန္းစု၏ Kauai ကၽြန္းတြင္ ေျမဧကေပါင္း ၁၄၀၀ ပိုင္ဆိုင္ထားသည္။)

(သမီးမ်ားအနက္တစ္ဦးက ေမြးျမဴေရးျခံတြင္ အလုပ္လုပ္ေနသည့္ ဓာတ္ပံုကို Mark Zuckerberg က လူမႈကြန္ရက္တြင္ မွ်ေဝခဲ့သည္။)

“ႏြားတစ္ေကာင္ခ်င္းစီဟာ တစ္ႏွစ္ကို အစာ ေပါင္ခ်ိန္ ၅၀၀၀ ကေန ၁၀၀၀၀ ၾကားစားပါတယ္။ မကၠေဒးမီးယားပင္ေတြ စိုက္ထားတဲ့ ေျမဧက အမ်ားၾကီးရွိပါတယ္။ သမီးေတြက မကၠေဒးမီးယားပင္ေတြ ကူညီစိုက္ပ်ဳိးေပးတဲ့အျပင္ ေမြးျမဴေရး တိရ စၦာန္ေတြကိုလည္း ၾကည့္ရႈေစာင့္ေရွာက္ေပးပါတယ္။”

(Mark Zuckerberg ေမြးျမဴမည့္ Wagyu ႏြားမ်ဳိး )

(Mark Zuckerberg ၏ စံအိမ္မွာ ပံုတြင္ ေတြ႔ရေသာ Pilaa ကမ္းေျခတြင္ တည္ရွိသည္။)

ဟာဝိုင္အီတြင္ မကၠေဒးမီးယားမွာ ၁ ေပါင္လွ်င္ ၃၆ ေဒၚလာ ေပးရရာ Mark Zuckerberg အေနျဖင့္ ဆိုင္မွ ဝယ္ယူကာ ႏြားမ်ားကို ေကၽြးမည္ဆိုပါက ႏြားတစ္ေကာင္အတြက္တစ္ႏွစ္လွ်င္ ေဒၚလာ ၁၈၀၀၀၀ မွ ၃၆၀၀၀၀ ၾကား ကုန္က်မည္ ျဖစ္သည္။

Mark Zuckerberg က ေျပာသည္မွာ ႏြားမ်ားအား တစ္မူထူးေသာ အစာေကၽြးျခင္းမွာ စမ္းသပ္ျခင္းတစ္ခုျဖစ္ျပီး အေပ်ာ္သေဘာျဖစ္ေၾကာင္း ေျပာသည္။

ထို႔အျပင္ ၎က ျဖည့္စြက္ေျပာၾကားသည္မွာ ႏြားမ်ားအာ ဘီယာတုိက္ျခင္းမွာ အပန္းေျပေစရန္ႏွင့္ စိတ္ေပ်ာ္ရႊင္ေစရန္ ျဖစ္ေၾကာင္း ၊ ႏြားမ်ား စိတ္ေပ်ာ္ရႊင္ပါက အမဲသားအရသာ ပိုမိုေကာင္းမြန္ႏိုင္ေၾကာင္း ေျပာသည္။

Mark Zuckerberg သည္ ၂၀၁၄ ခုႏွစ္တြင္ ေျမ ၇၀၇ ဧကဝယ္ယူခဲ့့ျပီး ေဒၚလာ ၁၁၆ သန္းေပးခဲ့ရသည္။

ယင္းေနာက္ ၂၀၂၁ ခုႏွစ္ ဧျပီလတြင္ ဧက ၆၀၀ ထပ္မံ ဝယ္ယူခဲ့ျပီး ေဒၚလာ ၅၃ သန္းေပးခဲ့ရသည္။

(Kauai ကၽြန္း၏ ေျမမ်က္ႏွာသြင္ျပင္ကို ထိန္းသိမ္းေစာင့္ေရွာက္သြားမည္ဟု Mark Zuckerberg က ကတိျပဳထားသည္။)

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Mark Zuckerberg is embarking on his ‘most delicious’ endeavor yet: Raising beer-drinking cattle on his $100 million estate in Hawaii (dailymail)

Photo Credit: dailymail

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service