ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
[Unicode]
တန်ဖိုးနည်းအိမ်ရာများကိုပြန်လည်ပြီးလက်လွှဲရောင်းချမှုတချို့ရှိနေတယ်လို့ အိမ်ခြံမြေဈေးကွက်အတွင်းမှစုံစမ်းသိရှိရပါတယ်။
ရန်ကုန်နဲ့မြို့ကြီးအချို့မှာ တန်ဖိုးနည်းအိမ်ရာတွေကိုလက်လွှဲရောင်းချတာပြန်လည်အဌားချတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။
"ကြိုက်ရောင်းကြိုက်ဝယ်တော့ရှိနေတယ် ကိုဗစ်ကာလဆိုတော့တချို့ကငွေပေါ်အောင်ပြန်ရောင်းကျတာ တချို့ကျတော့အရစ်ကျနဲ့ဆက်မသွင်းချင်တော့လို့နောက်လူကိုအရစ်ကျနဲ့ပြန်လွှဲတာလည်းရှိသလိုအဌားတင်တာတွေလည်းအများကြီးပဲလို့ " မြောက်ဒဂုံမြို့နယ်က အိမ်ခြံမြေအကျိူးဆောင်တစ်ဦးကပြောပါတယ်။
တန်ဖိုးနည်းအိမ်ရာစီမံကိန်းသည် အမှန်တကယ်အိမ်ပိုင်မရှိသည့်လိုအပ်သူအတွက်ရည်ရွယ်ရောင်းချသည့်စီမံကိန်းဖြစ်သည်။ထို့ကြောင့် သက်ဆိုင်ရာဦးစီးဌာနမှအမှန်တကယ်နေထိုင်ခြင်းရှိမရှိကိုစိစစ်စစ်ဆေးသွားမည်ဖြစ်သည်။မိမိနေထိုင်ခွင့်ရထားသည့်တိုက်ခန်းတွင်အငှားချထားခွင့်မရှိပေ။ငါးနှစ်အတွင်းလွှဲပြောင်းရောင်းချခွင့်လည်းမရှိဟု ပိတ်ပင်ထားပါသည်။
တိုက်ခန်း၌နေထိုင်ခွင့်ရသူသည်သတ်မှတ်ထားသည့်စည်းကမ်းများကိုဖောက်ဖျက်ကြောင်းစစ်ဆေးတွေ့ရှိလျှင် တိုက်ခန်းဝယ်ခွင့်ကိုပယ်ဖျက်မည့်အပြင် ပေးသွင်းထားသည့်တိုက်ခန်းတန်ဖိုး၏ ၅ ရာခိုင်နှုန်းကိုဒဏ်ကြေးအဖြစ်သတ်မှတ်ပြီးတိုက်ခန်းကိုသက်ဆိုင်ရာမှ ပြန်လည်သိမ်းဆည်းမည်ဖြစ်သည်။
ဆောက်လုပ်ရေးနှင့်ဖွံ့ဖြိုးရေးဘဏ်သည် ဆောက်လုပ်ရေး၊ဝန်ကြီးဌာနမှဆောက်လုပ်သည့်ရန်ကုန်မြို့ရှိ၊ရွှေလင်ပန်းတန်ဖိုးနည်းအိမ်ရာ၊ယုဇနတန်ဖိုးနည်းအိမ်ရာ၊ကနောင်တန်ဖိုးနည်းအိမ်ရာ၊ရတနာနှင်းဆီအဆင့်မြင့်အိမ်ရာ၊မန္တလေးမြို့တွင်မြရည်နန္ဒာအိမ်ရာတို့နှင့်ချိတ်ဆက်ဆောင်ရွက်ပေးနေသည်ဟု သိရပါသည်။
ထို့ပြင် ဆောက်လုပ်ရေးနှင့်ဖွံ့ဖြိုးရေးဘဏ်သည် မိမိဘဏ်စာရင်း၌တိုက်ခန်းတန်ဖိုး၏ ၃ဝရာခိုင်နှုန်းစုဆောင်းပြည့်သူထံတန်ဖိုးနည်းအိမ်ရာဝယ်ယူနိုင်ပြီဖြစ်ကြောင်း ဆက်သွယ်အကြောင်းကြားပေးပါသည်။
ငွေစုလာသူများထဲမှတိုက်ခန်းတန်ဖိုး၏ ၃ဝရာခိုင်နှုန်းငွေစုဆောင်းပြီးသူများအားအစဉ်လိုက်ရောင်းချပေးသွားမည်ဖြစ်သည်။အခန်းဝယ်ယူခွင့်ရရှိပါကမိမိဝယ်လိုသည့်တိုက်ခန်းကို စိတ်ကြိုက်လျှောက်ထားနိုင်ပါသည်။စိတ်ကြိုက်တိုက်ခန်းများထပ်နေပါကမဲစနစ်ဖြင့်ခွဲဝေကျင့်သုံးသွားမည်ဟုသိရပါသည်။
ဥပမာ-မြေညီထပ်ကိုပင်ဝယ်ယူရန်လျှောက်ထားသူများပြားနေခြင်းမျိုးဖြစ်သည်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
တန္ဖိုးနည္းအိမ္ရာမ်ားလႊဲေျပာင္းေရာင္းခ်ဌားရမ္းျခင္းကို ခြင့္မျပဳထား
တန္ဖိုးနည္းအိမ္ရာမ်ားကိုျပန္လည္ၿပီးလက္လႊဲေရာင္းခ်မႈတခ်ိဳ႕႐ွိေနတယ္လို႔ အိမ္ျခံေျမေစ်းကြက္အတြင္းမွစုံစမ္းသိ႐ွိရပါတယ္။
ရန္ကုန္နဲ႔ၿမိဳ႕ႀကီးအခ်ိဳ႕မွာ တန္ဖိုးနည္းအိမ္ရာေတြကိုလက္လႊဲေရာင္းခ်တာျပန္လည္အဌားခ်တာေတြလည္း႐ွိေနတယ္လို႔ သိရပါတယ္။
"ႀကိဳက္ေရာင္းႀကိဳက္ဝယ္ေတာ့႐ွိေနတယ္ ကိုဗစ္ကာလဆိုေတာ့တခ်ိဳ႕ကေငြေပၚေအာင္ျပန္ေရာင္းက်တာ တခ်ိဳ႕က်ေတာ့အရစ္က်နဲ႔ဆက္မသြင္းခ်င္ေတာ့လို႔ေနာက္လူကိုအရစ္က်နဲ႔ျပန္လႊဲတာလည္း႐ွိသလိုအဌားတင္တာေတြလည္းအမ်ားႀကီးပဲလို႔ " ေျမာက္ဒဂုံၿမိဳ႕နယ္က အိမ္ျခံေျမအက်ိဴးေဆာင္တစ္ဦးကေျပာပါတယ္။
တန္ဖိုးနည္းအိမ္ရာစီမံကိန္းသည္ အမွန္တကယ္အိမ္ပိုင္မ႐ွိသည့္လိုအပ္သူအတြက္ရည္႐ြယ္ေရာင္းခ်သည့္စီမံကိန္းျဖစ္သည္။ထို႔ေၾကာင့္ သက္ဆိုင္ရာဦးစီးဌာနမွအမွန္တကယ္ေနထိုင္ျခင္း႐ွိမ႐ွိကိုစိစစ္စစ္ေဆးသြားမည္ျဖစ္သည္။မိမိေနထိုင္ခြင့္ရထားသည့္တိုက္ခန္းတြင္အငွားခ်ထားခြင့္မ႐ွိေပ။ငါးႏွစ္အတြင္းလႊဲေျပာင္းေရာင္းခ်ခြင့္လည္းမ႐ွိဟု ပိတ္ပင္ထားပါသည္။
တိုက္ခန္း၌ေနထိုင္ခြင့္ရသူသည္သတ္မွတ္ထားသည့္စည္းကမ္းမ်ားကိုေဖာက္ဖ်က္ေၾကာင္းစစ္ေဆးေတြ႕႐ွိလွ်င္ တိုက္ခန္းဝယ္ခြင့္ကိုပယ္ဖ်က္မည့္အျပင္ ေပးသြင္းထားသည့္တိုက္ခန္းတန္ဖိုး၏ ၅ ရာခိုင္ႏႈန္းကိုဒဏ္ေၾကးအျဖစ္သတ္မွတ္ၿပီးတိုက္ခန္းကိုသက္ဆိုင္ရာမွ ျပန္လည္သိမ္းဆည္းမည္ျဖစ္သည္။
ေဆာက္လုပ္ေရးႏွင့္ဖြံ႕ၿဖိဳးေရးဘဏ္သည္ ေဆာက္လုပ္ေရး၊ဝန္ႀကီးဌာနမွေဆာက္လုပ္သည့္ရန္ကုန္ၿမိဳ႕႐ွိ၊ေ႐ႊလင္ပန္းတန္ဖိုးနည္းအိမ္ရာ၊ယုဇနတန္ဖိုးနည္းအိမ္ရာ၊ကေနာင္တန္ဖိုးနည္းအိမ္ရာ၊ရတနာႏွင္းဆီအဆင့္ျမင့္အိမ္ရာ၊မႏၲေလးၿမိဳ႕တြင္ျမရည္နႏၵာအိမ္ရာတို႔ႏွင့္ခ်ိတ္ဆက္ေဆာင္႐ြက္ေပးေနသည္ဟု သိရပါသည္။
ထို႔ျပင္ ေဆာက္လုပ္ေရးႏွင့္ဖြံ႕ၿဖိဳးေရးဘဏ္သည္ မိမိဘဏ္စာရင္း၌တိုက္ခန္းတန္ဖိုး၏ ၃ဝရာခိုင္ႏႈန္းစုေဆာင္းျပည့္သူထံတန္ဖိုးနည္းအိမ္ရာဝယ္ယူႏိုင္ၿပီျဖစ္ေၾကာင္း ဆက္သြယ္အေၾကာင္းၾကားေပးပါသည္။
ေငြစုလာသူမ်ားထဲမွတိုက္ခန္းတန္ဖိုး၏ ၃ဝရာခိုင္ႏႈန္းေငြစုေဆာင္းၿပီးသူမ်ားအားအစဥ္လိုက္ေရာင္းခ်ေပးသြားမည္ျဖစ္သည္။အခန္းဝယ္ယူခြင့္ရ႐ွိပါကမိမိဝယ္လိုသည့္တိုက္ခန္းကို စိတ္ႀကိဳက္ေလွ်ာက္ထားႏိုင္ပါသည္။စိတ္ႀကိဳက္တိုက္ခန္းမ်ားထပ္ေနပါကမဲစနစ္ျဖင့္ခြဲေဝက်င့္သုံးသြားမည္ဟုသိရပါသည္။
ဥပမာ-ေျမညီထပ္ကိုပင္ဝယ္ယူရန္ေလွ်ာက္ထားသူမ်ားျပားေနျခင္းမ်ိဳးျဖစ္သည္။
ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com