ကိုရိုနာဗိုင်းရပ်စ်၏ လက္ခဏာသစ်တစ်ရပ်သိပ္ပံပညာရှင်များတွေ့ရှိ
ကိုရိုနာဗိုင်းရပ်စ်၏ လက္ခဏာသစ်တစ်ရပ်သိပ္ပံပညာရှင်များတွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
3 Nov 2020 11:05 am တွင် တင်ခဲ့သည်
13035 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
မကြာသေးမီကလေ့လာချက်တစ်ခုတွင် သိပ္ပံပညာရှင်တို့သည် ကိုရိုနာဗိုင်းရပ်စ်၏ လက္ခဏာသစ်တစ်ရပ်ကိုတွေ့ရှိခဲ့ကြသည်။
အဆိုပါရောဂါလက္ခဏာကိုကိုဗစ်ခြေချောင်းများ (COVID toes) ဟုအမည်ပေးထားပြီးအဆိုပါလက္ခဏာပြသူတို့၏ ခြေချောင်းကလေးများသည် နီရဲယောင်ယမ်းကာနောက်ဆုံးတွင် ခရမ်းရောင်သို့ ပြောင်းသွားသည်ကိုတွေ့ရှိခဲ့ကြသည်။
နိုင်ငံတကာအရေပြားရောဂါဆိုင်ရာလူ့အဖွဲ့အစည်းအဖွဲ့ချုပ်နှင့် အမေရိကန် အရေပြားရောဂါ အကယ်ဒမီ (International League of Dermatological Societies and the American Academy of Dermatology) မှ သုတေသနပညာရှင်တို့၏ လေ့လာချက်အရကိုရိုနာဗိုင်းရပ်စ်၏ ရောဂါလက္ခဏာသစ်မှာသွေးလည်ပတ်မှုမကောင်းသောကြောင့် (သို့မဟုတ်) အေးသောကြောင့် ခြေလက်ရောင်ယမ်းခြင်း (chilblain-like inflammation) နှင့် ဆင်တူပြီး COVID ကူးစက်ခံရသူ၏ ခြေချောင်းများတွင် လနှင့်ချီကာရောင်ရမ်းမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ပုံမှန်အားဖြင့် COVID-19 ကူးစက်ခံရပြီးနောက် ရက်သတ္တ ၁ ပတ်မှ ၄ ပတ်အတွင်းအဆိုပါလက္ခဏာပေါ်ပေါက်လေ့ရှိသည်ဟုဆိုသည်။
ယခုလေ့လာချက်ကညွှန်ပြသည်မှာအသစ်တွေ့ရှိသောရောဂါလက္ခဏာသစ်သည် အများအားဖြင့် အပျော့စားသာခံစားရလေ့ရှိပြီးရက်သတ္တပတ်အနည်းငယ်အတွင်းပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားလေ့ရှိသည်ဟုဆို၏။
သို့သော် အဆိုပါရောဂါလက္ခဏာခံစားရသူ ၆ ဦးလျှင် ၁ ဦးမှာCOVID toesရောဂါလက္ခဏာကိုဆေးရုံတက်ကာကုသရန် လိုအပ်လေ့ရှိကြပြီးယင်းအနက် အချို့မှာရောဂါလက္ခဏာကိုလပေါင်းများစွာခံစားရနိုင်ကြောင်းလည်းသုတေသီတို့ကပြောကြားသည်။
အချို့သောလူနာများတွင် COVID-19 ကူးစက်ခံရပြီးနောက် ခြေချောင်းများရောင်ယမ်းမှုခံစားရရာတွင် ကနဦးတွင် နီရဲကာရောင်ယမ်းခြင်းဖြစ်ပြီးနောက်ပိုင်းတွင် ခရမ်းရောင်သို့ ပြောင်းသွားလေ့ရှိကြောင်းInternational COVID-19 Dermatology Registry မှ ဒေါက်တာအက်စ်သာဖရီးမန်းကပြောသည်။
အများစုတွင် အဆိုပါရောဂါလက္ခဏာမှာအပျော့စားသာခံစားရပြီးနောက် အလိုအလျောက် ပျောက်ကင်းသွားလေ့ရှိကြောင်းဒေါက်တာဖရီးမန်းက ဖြည့်စွက်ပြောကြားသည်။ COVID toesရောဂါလက္ခဏာသည် ပျှမ်းမျှအားဖြင့် ၁၅ ရက်ခန့် ကြာမြင့်လေ့ရှိသည်။
သို့သော် အချို့လူနာများတွင်မူ ၁ လမှ ၂ လအထိခံစားကြရသည့် ဖြစ်ရပ်များလည်းရှိသည်။
(COVID toesလက္ခဏာခံစားရသူလူနာ ၅၀ ရာခိုင်နှုန်းအထိရှိ)
ယခုသုတေသနအရကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသောလူနာများ၏ ၅၀ ရာခိုင်နှုန်းခန့်အထိCOVID toesရောဂါလက္ခဏများခံစားကြရသည်ကိုတွေ့ရပြီးယင်းအနက် ၁၆ ရာခိုင်နှုန်းမှာအဆိုပါရောဂါလက္ခဏာအတွက် ဆေးရုံရောက်ကြရသည်။
COVID toesရောဂါလက္ခဏာရှိသူများကိုဖော်ထုတ်နိုင်ခြင်းသည် သိပ္ပံပညာရှင်များအားလူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းအသီးသီးတွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်နွှယ်သည့် ရောဂါလက္ခဏာများအကြောင်းပိုမိုသိနားလည်အောင် အထောက်အကူဖြစ်ကြောင်းဒေါက်တာဖရီးမန်းကပြောသည်။
Covid-19 ရောဂါလက္ခဏာအရေပြားတွင် ပြသမှုကိုသုတေသနပညာရှင်များကတွေ့ရှိသည်မှာပထမဆုံးအကြိမ်လည်း ဖြစ်သည်။
ဖရီးမန်းကပြောရာတွင် အရေပြားသည် လူ့ခန္ဓာကိုယ်တစ်ခုလုံး၏ ပြတင်းပေါက်အဖြစ် ရှုမြင်နိုင်ကြောင်း၊ အရေပြားပေါ်တွင် ရောင်ယမ်းမှုကိုတွေ့ရသည်ဆိုခြင်းမှာ ခန္ဓာကိုယ်တွင်းတစ်နေရာတွင် ယောင်ယမ်းမှုဖြစ်ပေါ်နေသည်ကိုညွှန်ပြခြင်းဖြစ်ကြောင်းပြောကြားသည်။
ယခုတွေ့ရှိချက်မှာအဖျားအနားမျှသာရှိသေးကြောင်း၊ COVID toesလက္ခဏာတွင် ယခုထက်ပိုမိုသည့် အကြောင်းတရားများရှိနေသေးနိုင်ကြောင်းလည်းသူမကဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Scientists Discover Red And Swollen Feet As New 'COVID Toes' Symptom (Republicworld)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယောက်ရှိ ရွှေချထားသော Penthouse ခန်းကို ရောင်းထုတ်လာပြန်၊ ငွေသားချည်းသက်သက်ဖြင့် ရောင်းချခြင်းဖြစ်...
မြောက်ကိုရီးယားဗိုလ်ကြီး (သို့မဟုတ်) Hyun Bin နှင့် Son Ye-jin တို့စုံတွဲက ပျားရည်ဆမ်းခရီး ဖြတ်သန်းခဲ့သော Penthouse ခန်းကို ကန်ဒေါ်လာ ၅ ဒသမ ၁ သန်းဖြင့် အရောင်းဈေးကွက်တင်ထား...
မြောက်ကိုရီးယားဗိုလ်ကြီး (သို့မဟုတ်) Hyun Bin နှင့် Son Ye-jin တို့စုံတွဲက ပျားရည်ဆမ်းခရီး ဖြတ်သန်းခဲ့သော Penthouse ခန်းကို ကန်ဒေါ်လာ ၅ ဒသမ ၁ သန်းဖြင့် အရောင်းဈေးကွက်တင်ထား...
Eminem ငယ်စဉ်က 8 Mile ရွေ့လျားအိမ် စခန်းဝန်းမှာ ကြီးပြင်းခဲ့သည်ဟု ရုပ်ရှင်ထဲတွင် ဖော်ပြထားခြင်းမှာ လွဲမှားနေ၊ Eminem ငယ်ဘဝနေအိမ်အကြောင်း...
Eminem ငယ်စဉ်က 8 Mile ရွေ့လျားအိမ် စခန်းဝန်းမှာ ကြီးပြင်းခဲ့သည်ဟု ရုပ်ရှင်ထဲတွင် ဖော်ပြထားခြင်းမှာ လွဲမှားနေ၊ Eminem ငယ်ဘဝနေအိမ်အကြောင်း...
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်ဒေါ်လာ ၅၄ သန်းတန် Penthouse ခန်း ဝယ်ယူ...
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်ဒေါ်လာ ၅၄ သန်းတန် Penthouse ခန်း ဝယ်ယူ...
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner ပိုင်ဆိုင်သော Malibu စံအိမ်...
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner ပိုင်ဆိုင်သော Malibu စံအိမ်...
အမေရိကန်နာမည်ကြီးမဂ္ဂဇင်း Vanity Fair ၏ မျက်နှာဖုံးတွင် ဖော်ပြခံရရေးအတွက် မိမိ၏ ချစ်သူ ကမ္ဘာ့ပဉ္စမမြောက် အချမ်းသာဆုံးသူဌေးကြီးသား၏ အရှိန်အဝါယူခဲ့မှုအပေါ် ဝေဖန်ခံနေရသော Blackpink မှ လီဆာက သူ၏နေအိမ်တွင်း မြင်ကွင်းများ ပရိသတ်ကိ...
ထရမ့်ရွေးကောက်ပွဲနိုင်လျှင် အမေရိကကို ကျောခိုင်းမည်ဟု ပြောဆိုထားသော အမေရိကန်နိုင်ငံသားများကို အီတလီရှိ ကျွန်းတစ်ကျွန်းက နေအိမ်များကို ဈေးသက်သာစွာ ရောင်းချပေးမည်ဖြစ်ကြောင်းပြောကာ လာရောက်နေထိုင်ရန်...
ထရမ့်ရွေးကောက်ပွဲနိုင်လျှင် အမေရိကကို ကျောခိုင်းမည်ဟု ပြောဆိုထားသော အမေရိကန်နိုင်ငံသားများကို အီတလီရှိ ကျွန်းတစ်ကျွန်းက နေအိမ်များကို ဈေးသက်သာစွာ ရောင်းချပေးမည်ဖြစ်ကြောင်းပြောကာ လာရောက်နေထိုင်ရန်...
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပါးသော မိသားစုများ၊ အိမ်ရာမဲ့ ခိုလှုံရာစခန်းများနှင့် ပြည်သူ့အငှားအိမ်ရာများ သို့ လှူဒါန်း...
လာမည့်ဒီဇင်ဘာတွင် အမေရိက၌ ရုံတင်မည့် Babygirl ရုပ်ရှင်တွင် နစ်ကိုးကစ်မင်း၏ ဇာတ်ကောင် နေထိုင်ရာ နေရာဖြစ် ထည့်သွင်းရိုက်ကူးခဲ့သော နယူးယောက်မှ Penthouse ခန်းကို လျှော့ဈေးဖြင့် ရောင်းမည်...
လာမည့်ဒီဇင်ဘာတွင် အမေရိက၌ ရုံတင်မည့် Babygirl ရုပ်ရှင်တွင် နစ်ကိုးကစ်မင်း၏ ဇာတ်ကောင် နေထိုင်ရာ နေရာဖြစ် ထည့်သွင်းရိုက်ကူးခဲ့သော နယူးယောက်မှ Penthouse ခန်းကို လျှော့ဈေးဖြင့် ရောင်းမည်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
အမေရိကန်ပြည်၊ အနောက်ဗာဂျီးနီးယားပြည်နယ်မှ အမျိုးသားက ဂင်းနက်စ်စံချိန်တင်နိုင်ရန် စတုရန်း ၁၉ ပေသာရှိသော ကမ္ဘာ့အသေးဆုံးနေအ
အမေရိကန်ပြည်၊ အနောက်ဗာဂျီးနီးယားပြည်နယ်မှ အမျိုးသားက ဂင်းနက်စ်စံချိန်တင်နိုင်ရန် စတုရန်း ၁၉ ပေသာရှိသော ကမ္ဘာ့အသေးဆုံးနေအ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ဆယ်ကျော်သက်ဘဝက ကနေဒါတွင် တစ်နာရီ ၁၈ ဒေါ်လာဖြင့် သန့်ရှင်းရေး လုပ်ခဲ့ရပုံ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ဆယ်ကျော်သက်ဘဝက ကနေဒါတွင် တစ်နာရီ ၁၈ ဒေါ်လာဖြင့် သန့်ရှင်းရေး လုပ်ခဲ့ရပုံ
အင်္ဂလန်နိုင်ငံ၊ Berkeley မြို့ရှိ အိမ် ၂၄ လုံး၊ ဝပ်ရှော့နှင့် ဂိုဒေါင် ၃ လုံးပါ လမ်းတစ်လမ်းလုံးကို လာမည့် နိုဝင်ဘာ ၆ ရက
အင်္ဂလန်နိုင်ငံ၊ Berkeley မြို့ရှိ အိမ် ၂၄ လုံး၊ ဝပ်ရှော့နှင့် ဂိုဒေါင် ၃ လုံးပါ လမ်းတစ်လမ်းလုံးကို လာမည့် နိုဝင်ဘာ ၆ ရက
လန်ဒန်မြို့ အရှေ့ပိုင်းရှိ ကော်ဖီဆိုင်ကြီးမှာ သရဲလွန်စွာခြောက်သောကြောင့် ဆိုင်ဝန်ထမ်းက တစ်ဦးတည်း အလုပ်မလုပ်လိုကြောင်း ပြ
လန်ဒန်မြို့ အရှေ့ပိုင်းရှိ ကော်ဖီဆိုင်ကြီးမှာ သရဲလွန်စွာခြောက်သောကြောင့် ဆိုင်ဝန်ထမ်းက တစ်ဦးတည်း အလုပ်မလုပ်လိုကြောင်း ပြ
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ
ဗီယက်နမ်တွင် အုန်းပင်ပေါင်း ၄၀၀၀ ဖြင့် ဆောက်လုပ်ထားသောအိမ်ကို ကမ္ဘာလှည့်ခရီးသည်များ နေ့စဉ်ရာနှင့်ချီကာ လာရောက်လေ့လာကြရာ
ဗီယက်နမ်တွင် အုန်းပင်ပေါင်း ၄၀၀၀ ဖြင့် ဆောက်လုပ်ထားသောအိမ်ကို ကမ္ဘာလှည့်ခရီးသည်များ နေ့စဉ်ရာနှင့်ချီကာ လာရောက်လေ့လာကြရာ
မလေးရှားတွင် သန့်ရှင်းရေးအလုပ်သမားအဖြစ် ၂၇ နှစ်တာလုံး ခွင့်တစ်ရက်မှ မယူဘဲ သွားရောက်လုပ်ကိုင်ခဲ့သူ အမျိုးသားကြီး၏ သားသမီး
မလေးရှားတွင် သန့်ရှင်းရေးအလုပ်သမားအဖြစ် ၂၇ နှစ်တာလုံး ခွင့်တစ်ရက်မှ မယူဘဲ သွားရောက်လုပ်ကိုင်ခဲ့သူ အမျိုးသားကြီး၏ သားသမီး
ဒေါ်နယ်ထရမ့်က Elon Musk အား အစိုးရအဖွဲ့တွင် ထိပ်တန်းရာထူးတစ်ခုပေးအပ်၊ Tesla ၏ ရှယ်ယာဈေးများ ထိုးတက်လာရာ Elon Musk မှာ တစ
ဒေါ်နယ်ထရမ့်က Elon Musk အား အစိုးရအဖွဲ့တွင် ထိပ်တန်းရာထူးတစ်ခုပေးအပ်၊ Tesla ၏ ရှယ်ယာဈေးများ ထိုးတက်လာရာ Elon Musk မှာ တစ
အိန္ဒိယတွင် လမ်းဘေးလေလွင့်ခွေးလေးများအကြောင်း နာမည်ကျော်သူဌေးကြီးတာတာထံသို့ စာရေးသား ပေးပို့ခဲ့ရာမှ သူဌေးကြီး၏ လက်ထောက်အ
အိန္ဒိယတွင် လမ်းဘေးလေလွင့်ခွေးလေးများအကြောင်း နာမည်ကျော်သူဌေးကြီးတာတာထံသို့ စာရေးသား ပေးပို့ခဲ့ရာမှ သူဌေးကြီး၏ လက်ထောက်အ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
magical-world
sales-gallery
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service