မကြေးမုံ အသုံးဝင်ပုံ အကြောင်းပြောပြမယ်

မကြေးမုံ အသုံးဝင်ပုံ အကြောင်းပြောပြမယ် - Property Knowledge in Myanmar from iMyanmarHouse.com
19 Oct 2020 12:36 pm တွင် တင်ခဲ့သည်
1587 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

ကြည့်မှန်လေး တစ်ချပ် ချိတ်ဆွဲထားရုံဖြင့် ဘယ်လိုကိစ္စတွေမှာ အဆင်ပြေချောမွေ့စေသလဲ ?

ကြည့်မှန်ကို ယတြာ အနေနဲ့ ဘယ်လို ဓာတ်ဆင်ကြမလဲ?

အိမ်တွေ ဆိုင်တွေမှာ ဘယ်လိုနေရာတွေ မှာ ချိတ်ဆွဲ ထားသင့်လဲ?

စတဲ့ မှန်တစ်ချပ် ရဲ့အသုံးဝင်ပုံတွေ ဒီနေရာမှာပြောပြမှာပါ။

ကြည့်မှန်ကြောင့် အဆင်ပြေသွားတဲ့ ကိစ္စတော်တော်များများ ရှိနေကြပါတယ်။

ဆန်းဗေဒင်မှာ မိမိ အိမ်ထက်ခြေရင်းအိမ် က အရမ်းမြင့်နေရင် ခြေရင်းအိမ်က မိန်းမ ဦးစီးတဲ့ အိမ်ပဲ လို့ပြောနိုင်သလို မိမိအိမ်က အရမ်းသေးနေပြီး ခေါင်းရင်းအိမ် ခြေရင်းအိမ် က အရမ်း မြင့်နေရင် မိမိအိမ် လဲ အညံ့ထဲမှာရှိပါတယ်။ အောက်လက် ငယ်သားတွေ ကျန်းမာရေး စီးပွားရေး ညံ့တတ်တာမျိုးကြုံရ တတ်ပါတယ် ။နောက်ပြီး မျက်နှာချင်းဆိုင် အိမ်က အရမ်းမြင့်ပြီး ခေါင်းမိုးဒိုင်း အချွန် က မိမိအိမ်နဲ့ တည့်တည့် ကျရင် မိမိအိမ် ကံညံ့ တတ်ပါတယ်။ ဒါတွေက မြန်မာ ဆန်းဗေဒင် မှာရော တရုတ်ဖုန်းရွှေပညာမှာပါရှိတဲ့ အကြောင်း အရာတွေပါ။

အဲဒီလို နေအိမ်၏ မျက်နှာချင်းဆိုင် မှာသော်လည်းကောင်း ၊ခြေရင်း ခေါင်းရင်းတွင် လည်းကောင်း စက်ရုံ အလုပ်ရုံ နေအိမ်ထက် ပိုမြင့်သော တိုက်၊ အိမ်တစ်ခုခု ရှိနေပါက သင့်အိမ်၏ ပြတင်းပေါက်တွင် ကြည့်မှန် တစ်ချပ်ကို တပ်ထားလိုက်ခြင်း အားဖြင့် ကံအညံ့တွေပြယ်ပြီး မိမိတို့လုပ်ကိုင်သမျှ အကြံအစည်များ အားလုံးအောင်မြင်စေနိုင်ပါသည်။

ထိုမှန်ကို မကွဲစေရန် ဂရုစိုက်သင့်ပါတယ်။ မတော်တဆ ကွဲသွားပါက ချက်ခြင်း အသစ် လဲလိုက်ပေါ့ဗျာ ။ မှန် ကို ခြေရင်း အိမ် ၊ခေါင်းရင်း အိမ်၊ မျက်နှာချင်းဆိုင် အိမ်တွေဘက် လှည့်ရ မှာနော်။ ပြောင်းပြန်လဲဖြစ်နေ ဦးမယ်။နောက်ပြီး မိမိ ရဲ့ အိပ်ယာ၊ ခုတင်ရဲ့ အပေါ်တည့်တည့် မှာ ထုတ်တန်းတွေ ရှိရင် သရဲစီးသလို ဘီလူးစီး သလို ခံစားရတတ် ပါတယ်။ကျန်းမာရေး ရှုထောင့်ကနေကြည့်ရင်တော့ ကျန်းမာရေးအားနည်းမှုကြောင့်သော် လည်ကောင်း အိပ်တာ နည်းစနစ် မမှန်တာလဲဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အဲလိုမျိုး ကြုံလာပြီ ဆိုရင် ထိုထုပ်တန်းတွင် မှန်တစ်ချပ်ချိတ်ဆွဲထားလိုက်ပါ။

ကိုယ့် အလုပ်မှာရှိတဲ့ မိမိ ရဲ့ အလုပ်စားပွဲ အပေါ်တည့်တည့် မျက်နှာကြက်တွင် ထုပ်တန်းတစ်ခု ရှိပါက အလုပ် ဝန်ပိခြင်း ၊ မနိုင်ဝန်ထမ်းရခြင်း ၊စိတ်ပန်း လူပန်းဖြစ်ရခြင်း စသော ဝန်ပိခြင်း အမျိုးမျိုးကြုံရ တတ် ပါတယ်။ အဲလိုမျိုးကြုံရပြီ ဆိုရင် မိမိ အလုပ် စားပွဲလေးကို အနည်းငယ်ရွေ့ထားလိုက်စေချင်ပါတယ်။

အချို့ အိမ်တွေမှာ ရှေ့ကနေ လင်မယားနှစ်ယောက်စလုံး စီးပွားရှာနေကြတဲ့အတွက် မီးဖိုချောင် ကိစ္စတွေ အိမ်မှုကိစ္စတွေ အတွက် အိမ်အကူ ဆိုတာမျိုးခေါ်ထားရတာတွေရှိပါတယ်။ အဲဒီမှာ ဘာတွေ့ရသလဲ ဆိုရင် အိမ်အကူမမြဲတာ လူလိမ်တွေနဲ့တွေ့တာ မိသားစုလို သဘောထားပြီးလုပ်ပေးတဲ့ အိမ်အကူတွေ အကြောင်း အမျိုးမျိုးကြောင့် အလုပ်ကထွက်တာမျိုး ကြုံရမျိုးတွေရှိပါတယ်။

အဲဒါ ဆိုရင်တော့ မီးဖိုဆောင်တွေ ထမင်း စားစားပွဲဘေးတွေ မှာ ကြည့်မှန် ချပ် ကြီးကြီး တပ်ဆင် ထားခြင်းဖြင့် အိမ်အကူ မြဲခြင်း အစားအသောက်ပေါများခြင်းများဖြစ်ပေါ်လာပါလိမ့်မယ်။

ဈေးဆိုင် ထမင်းဆိုင်ကုန်စုံဆိုင် လက်ဖက်ရည်ဆိုင် ဘယ်ဆိုင်တွေမှာ မဆို ထိုဆိုင် ရဲ့ ငွေသိမ်းကောင်တာ တွင် ကြည့်မှန် ကြီး တစ်ချပ် ချိတ်ထားခြင်းဖြင့် စီးပွားတတ်ခြင်း ဝင်ငွေနှစ်ဆ တိုးပွားခြင်းတွေဖြစ်ပေါ် လာတော့ တာပါပဲ။

ဘော်ဒါဆောင်တွေ၊ ကိုယ်ပိုင် အထက်တန်းကျောင်းတွေ ၊ကျူရှင်တွေ မူကြိုကျောင်းတွေမှာ ကျောင်းသား နည်းနေတယ် ဆိုရင်တော့ Canteen လိုနေရာမျိုး မှာ ကြည့်မှန်ကြီးကြီး တစ်ချပ်ချိတ်ဆွဲထားခြင်းဖြင့် ကျောင်းသား ဦးရေ တိုးပွားလာပါလိမ့်မယ်။

ဝန်ထမ်းများများ ရှိတဲ့ ကုမ္ပဏီတွေ အလုပ်ရုံတွေ ဝပ်ရှော့တွေ စက်ရုံတွေ ဝန်ထမ်းမမြဲတာ မျိုးကြုံရပြီ ဆို ရင်တော့ dinning room လိုနေရာမျိုး မှာ မှန်တစ်ချပ် ချိတ်ဆွဲထားလိုက်ပါဗျ။ ဝန်ထမ်းမြဲလာပါလိမ့်မယ်။

မိမိတို့နေသော အိမ်ဟာ လှေဦးတိုက် လှည်းဦးတိုက်ဟုခေါ်သော T ပုံစံ လမ်းထိပ် တည့်တည့်တွင် ရှိနေ ခဲ့ပါက ကြည့်မှန် တစ်ချပ်ကို ဝင်ပေါက် ထိပ်တွင် တပ်ဆင်ထားခြင်း ဒါမှမဟုတ်လမ်းဆုံထိပ် မှာရေချမ်း စင်လေး တည်ပေးထားခြင်းဖြင့် ကံကြမ္မာ အညံ့အဆိုးတွေမှ လွတ်ကင်းစေပါလိမ့်မယ်ဗျ။

ဒီလောက် ဆိုရင်တော့ မှန်တစ်ချပ်နဲ့ ဓာတ်ဆင်ပုံ ဆင်နည်းတွေကို သိလောက်ပြီထင်ပါတယ်ဗျ။ အားလုံး သာယာချမ်းမြေ့တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ........

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ငြိမ်းအေးလူ

[Zawgyi]





















Credit: ငြိမ်းအေးလူ

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service