သင့်၏ နေအိမ် မျက်နှာလှည့်သောအရပ်ကို ကြည့်၍ လာဘ်လာဘ ပွင့်လန်းစေသောနည်း

သင့်၏ နေအိမ် မျက်နှာလှည့်သောအရပ်ကို ကြည့်၍ လာဘ်လာဘ ပွင့်လန်းစေသောနည်း - Property Knowledge in Myanmar from iMyanmarHouse.com
17 Oct 2020 12:33 pm တွင် တင်ခဲ့သည်
1814 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

လာဘ်ပွင့်စေသော ယတြာမျိုးစုံ ရှိပါသည်။ ထိုယတြာ နည်းများစွာတွင် လူတစ်ဦးတစ်ယောက် ၏ မွေးနေ့မွေးရက် မွေးသက္ကရာဇ်များကို အဓိကထား၍ ဆောင်ရွက်ခြင်းများကိုသာ တင်ထားတာများပါတယ်။

အခုပြောမှာကတော့ မိမိနေအိမ်၏ မျက်နှာလှည့်ရာ အရပ်ကို အဓိကထား၍ လာဘ်ပွင့်အောင်လာဘ်လာဘ ရွှင်လန်းအောင်ဆောင်ရွက်ရသောနည်းကို ပြောပြပါမည်။

အဲဒီလို ဆောင်ရွက်တဲ့အတွက် ဘာအကျိုးကျေးဇူးတွေကို ရရှိနိုင်သလဲဆိုတော့ အဲဒီနေအိမ်မှာ နေထိုင်တဲ့ လူသားအားလုံး မိမိတို့၏ လုပ်ငန်းဆောင်တာများမှာ ထူးထူးကဲကဲ အောင်မြင်ခြင်း၊ အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ခြင်း၊ စီးပွားရေးများ အောင်မြင်နိုင်ခြင်း ကြုံတွေ့ရမယ့် အခက်အခဲတွေ ပြဿနာတွေ အဆင်မပြေမှု့တွေ အတိုက်အခိုက်တွေကနေ လွတ်မြောက်နိုင်ပါတယ်။

မိမိတို့နေအိမ် သယာစေရန် တိုးတက်စေရန် အကျိုးပြုစေပါတယ်။ ဒီနည်းကို ဆောင်ရွက်မယ့်သူတွေ က မွေးနေ့မွေးရက် မွေးသက္ကရာဇ် တိတိကျကျ သိစရာမလိုပါဘူး။ မိမိနေအိမ်က ဘယ်ဘက် ကို မျက်နှာမူသလဲ။ အဲဒီ မျက်နှာမူရာ အရပ်ဒေသကို အဓိကထားပြီး ဆောင်ရွက်ရတဲ့ နည်းဖြစ်ပါတယ်။

အရှေ့အရပ် ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

အရှေ့ အရပ်ကို မျက်နှာလှည့်သော အိမ်ကို တနင်္လာဂြိုဟ်မင်းက စိုးမိုး အကျိုးပြုသော အိမ်ဟု သတ်မှတ် သည်။ ထို အိမ်တွင် နေထိုင်သူအပေါင်း တို့သည် ကြံရည် လှူဒါန်းခြင်း ပြုလုပ်သင့်သည်။ ရဟန်း သံဃာတော် များကို ကြံရည်ကပ်လှူနိုင်သည်။

ကြံချောင်းကို ကိုးဆစ်ဖြတ်၍ အိမ်တံခါးတွင် ထောင်ထားနိုင်ပါသည်။ ဘုရားတစ်ဆူဆူ ၏ တနင်္လာဒေါင့် တွင်လည်း လှူဒါန်းနိုင်ပါသည်။ ကြံပန်းခိုင်တို့ ကြံသကာတို့ လှူဒါန်းနိုင်ပါသည်။

အရှေ့တောင် အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများလာဘ်ပွင့်စေရန်

အရှေ့တောင်အရပ်ကို မျက်နှာလှည့်သောအိမ်ကို အင်္ဂါဂြိုဟ်မင်းက စိုးမိုးစောင့်ရှောက်ခြင်းကို ခံရသော အိမ်ဟု သတ်မှတ်ပါသည်။ ဘုရားတွင် စံပယ်ပန်း မကြာခဏ လှူဒါန်း ဆက်ကပ်နိုင်ပါသည်။ ဆပ်သွားဖူး လှူ၍လည်း ရပါသည်။ ဆီးယိုလည်း မကြာခန ဒါနပြုနိုင်ပါသည်။

သံဃာတော်များအား ဆပ်ပြာ အလှူဒါနပြုနိုင်ပါသည်။ ထိုယတြာ ကိုပြုလုပ်ခြင်းအားဖြင့် ထိုနေအိမ်တွင် နေထိုင်သူများသည် စွမ်းအားကောင်းခြင်း ၊ သြဇာ တိုးခြင်း၊ စီးပွားတက်ခြင်းများ ဖြစ်နိုင်ပါသည်။

တောင်အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

တောင် အရပ်ကို မျက်နှာလှည့်သော နေအိမ်များကို ဗုဒ္ဓဟူးဂြိုဟ်မင်း စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ်ဟု သတ်မှတ်ပါသည်။ လေတိုက်လျှင်တဖျတ်ဖျတ် လှုပ်သော ကြက်လျှာ ကို အိမ်ရှေ့တွင်ထိုးပါ။ ဘုရား တင်ပါ။ ရွက်လှညွန့် လှူပါ။ သံဃာတော် များ အား ရေ ၊ ယပ် အစရှိသည် တို့ ဒါနပြုကပ်လှူပါ။ အေးချမ်းခြင်း ၊ စီးပွားတက်ခြင်း ရွှေငွေ ရတနာ ပေါကြွယ်ဝခြင်းများ ဖြစ်မည်။

အနောက်တောင်အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများလာဘ်ပွင့်စေရန်

အနောက်တောင် အရပ်ကို မျက်နှာလှည့်သော နေအိမ်များကို စနေဂြိုဟ်မင်း မှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ်ဟု သတ်မှတ်ပါသည်။ အိမ် ဘုရားတွင် ထီးနီ တစ်လက် တင်ထားပါ။

သံဃာတော် များကို ထီး ဒါနပြုပါ။ နာနတ်ယို လှူဒါန်း ဆက်ကပ်ပေးပါ။ ဘုန်းတန်ခိုးကြီးခြင်း၊ လာဘ်ပွင့်ခြင်း၊ စီးပွား တိုးတက်ခြင်းများ ဖြစ်ပေါ်လာမည်။

အနောက် အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

အနောက် အရပ် ကို မျက်နှာ လှည့်သော နေအိမ် များကို ကြာသပတေးဂြိုဟ်မင်း မှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ် ဟု သတ်မှတ်ပါသည်။ ပန်းပွင့်များ ဘုရားစင် တွင် မပြတ် လှူဒါန်း ဆက်ကပ်ပေးပါ။ ဆီမီး (လျှပ်စစ်မီး၊ ဖယောင်းတိုင်မီး) အလှူဒါနပြုပေးပါ။ ပေါက်ပေါက်ပွင့် ဘုရားတင်ခြင်း ဆွမ်းတော်ကပ်ခြင်း မကြာခဏ ပြုပါ။

သံဃာတော် များကို မုန့်၊ ပဲ၊ မကြာခဏ လှူပေးပါ။ ဘုန်းကံကြီးမားခြင်း ဥစ္စာစီးပွားတိုးတက်ခြင်းများ ရရှိခံစားရမည်။

အနောက်မြောက်အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

အနောက်မြောက် အရပ် ကို မျက်နှာလှည့်သော နေအိမ် များကို ရာဟုဂြိုဟ်မင်း က စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ် ဟု သတ်မှတ်ပါသည်။ အိမ်ရှေ့တွင် ရေအိုးစင် လှူဒါန်းပေးပါ။ အိမ်ရှေ့တွင် မကြာခန ရေဖြန်း ပက်ပေးပါ။ ရဲယိုညွန့် ဘုရားလှူပါ။ ရွှေသင်္ကန်း မကြာခဏ ဆက်ကပ်လှူဒါန်းပေးပါ။ ရှောက်ယို ၊ ရှောက်သီး သုပ် ဆက်ကပ်လှူဒါန်ပေးပါ။

သံဃာတော်များကိုလည်း ဆက်ကပ် လှူဒါန်းနိုင်ပါသည်။ စီးပွားဥစ္စာ တိုးတက်ခြင်း ၊ ကံဇာတာမြင့်မားခြင်း၊ အလိုပြည့်စုံခြင်း များ ဖြစ်မည်။

မြောက် အရပ်ကို မျက်နှာလှည့်သောနေအိမ်များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

မြောက် အရပ်ကို မျက်နှာလှည့်သော နေအိမ်များကို သောကြာဂြိုဟ်မင်း မှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ် ဟု သတ်မှတ်ပါသည်။ အိမ်ဘုရားတွင် သစ်သီး မပြတ်တင်ပါ။ သီဟိုဠ်ညွန့် ဒါနပြုပါ။

သံဃာတော် များကို သတ်သတ်လွတ် ဟင်းများ မကြာခဏ လောင်းလှူ ပါ။ နေအိမ် တွင် နေထိုင် သူများလည်း မကြာခဏ သတ်သတ်လွတ် စားပေးပါ။ ကျက်သရေ တိုးပွားခြင်း၊ ကံဇာတာမြင့်မားခြင်းများ ဖြစ်မည်။

အရှေမြောက် အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

အရှေ့မြောက် အရပ်ကို မျက်နှာလှည့်သော နေအိမ်များ ကို တနင်္ဂနွေဂြိုဟ်မင်း မှ စိုးမိုးစောင့်ရှောက်ခြင်းခံရသော အိမ် ဟု သတ်မှတ်ပါသည်။

အိမ်ရှေ့တွင် အုန်းခွံ စာကလေး အိမ်ချိတ်ဆွဲထားခြင်း၊ အိမ်ဘုရား အား အုန်းသီးကပ်လှူခြင်း၊ အုန်းဆွမ်း၊ အုန်းနို့ခေါက်ဆွဲ လှူဒါန်းပေးခြင်း သံဃာတော်များအား လည်း ကပ် လှူဒါန်းပေးခြင်း ၊ အောင်အိုး တစ်လုံးတွင် အုန်းညွန့်(၆) ညွန့်ထိုးထား ၍ အိမ်ရှေ့တွင် ထားခြင်း ဆောင် ရွက်နိုင်ပါသည်။ ကျက်သရေ တိုးပွားခြင်း၊ ကံဇာတာမြင့်မားခြင်းများ ဖြစ်မည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: မင်းခယောကျ်ား

 

[Zawgyi]

သင့္၏ ေနအိမ္ မ်က္ႏွာလွည့္ေသာအရပ္ကို ၾကည့္၍ လာဘ္လာဘ ပြင့္လန္းေစေသာနည္း

လာဘ္ပြင့္ေစေသာ ယၾတာမ်ိဳးစုံ ႐ွိပါသည္။ ထိုယၾတာ နည္းမ်ားစြာတြင္ လူတစ္ဦးတစ္ေယာက္ ၏ ေမြးေန႔ေမြးရက္ ေမြးသကၠရာဇ္မ်ားကို အဓိကထား၍ ေဆာင္႐ြက္ျခင္းမ်ားကိုသာ တင္ထားတာမ်ားပါတယ္။

အခုေျပာမွာကေတာ့ မိမိေနအိမ္၏ မ်က္ႏွာလွည့္ရာ အရပ္ကို အဓိကထား၍ လာဘ္ပြင့္ေအာင္လာဘ္လာဘ ႐ႊင္လန္းေအာင္ေဆာင္႐ြက္ရေသာနည္းကို ေျပာျပပါမည္။

အဲဒီလို ေဆာင္႐ြက္တဲ့အတြက္ ဘာအက်ိဳးေက်းဇူးေတြကို ရ႐ွိႏိုင္သလဲဆိုေတာ့ အဲဒီေနအိမ္မွာ ေနထိုင္တဲ့ လူသားအားလုံး မိမိတို႔၏ လုပ္ငန္းေဆာင္တာမ်ားမွာ ထူးထူးကဲကဲ ေအာင္ျမင္ျခင္း၊ ေအးေအးခ်မ္းခ်မ္း ျဖတ္သန္းႏိုင္ျခင္း၊ စီးပြားေရးမ်ား ေအာင္ျမင္ႏိုင္ျခင္း ၾကဳံေတြ႕ရမယ့္ အခက္အခဲေတြ ျပႆနာေတြ အဆင္မေျပမႈ႕ေတြ အတိုက္အခိုက္ေတြကေန လြတ္ေျမာက္ႏိုင္ပါတယ္။

မိမိတို႔ေနအိမ္ သယာေစရန္ တိုးတက္ေစရန္ အက်ိဳးျပဳေစပါတယ္။ ဒီနည္းကို ေဆာင္႐ြက္မယ့္သူေတြ က ေမြးေန႔ေမြးရက္ ေမြးသကၠရာဇ္ တိတိက်က် သိစရာမလိုပါဘူး။ မိမိေနအိမ္က ဘယ္ဘက္ ကို မ်က္ႏွာမူသလဲ။ အဲဒီ မ်က္ႏွာမူရာ အရပ္ေဒသကို အဓိကထားၿပီး ေဆာင္႐ြက္ရတဲ့ နည္းျဖစ္ပါတယ္။

အေ႐ွ႕အရပ္ ကို မ်က္ႏွာလွည့္ေသာ ေနအိမ္မ်ားတြင္ ေနထိုင္သူမ်ား လာဘ္ပြင့္ေစရန္

အေ႐ွ႕ အရပ္ကို မ်က္ႏွာလွည့္ေသာ အိမ္ကို တနလၤာၿဂိဳဟ္မင္းက စိုးမိုး အက်ိဳးျပဳေသာ အိမ္ဟု သတ္မွတ္ သည္။ ထို အိမ္တြင္ ေနထိုင္သူအေပါင္း တို႔သည္ ၾကံရည္ လႉဒါန္းျခင္း ျပဳလုပ္သင့္သည္။ ရဟန္း သံဃာေတာ္ မ်ားကို ၾကံရည္ကပ္လႉႏိုင္သည္။

ၾကံေခ်ာင္းကို ကိုးဆစ္ျဖတ္၍ အိမ္တံခါးတြင္ ေထာင္ထားႏိုင္ပါသည္။ ဘုရားတစ္ဆူဆူ ၏ တနလၤာေဒါင့္ တြင္လည္း လႉဒါန္းႏိုင္ပါသည္။ ၾကံပန္းခိုင္တို႔ ၾကံသကာတို႔ လႉဒါန္းႏိုင္ပါသည္။

အေ႐ွ႕ေတာင္ အရပ္ကို မ်က္ႏွာလွည့္ေသာ ေနအိမ္မ်ားတြင္ ေနထိုင္သူမ်ားလာဘ္ပြင့္ေစရန္

အေ႐ွ႕ေတာင္အရပ္ကို မ်က္ႏွာလွည့္ေသာအိမ္ကို အဂၤါၿဂိဳဟ္မင္းက စိုးမိုးေစာင့္ေ႐ွာက္ျခင္းကို ခံရေသာ အိမ္ဟု သတ္မွတ္ပါသည္။ ဘုရားတြင္ စံပယ္ပန္း မၾကာခဏ လႉဒါန္း ဆက္ကပ္ႏိုင္ပါသည္။ ဆပ္သြားဖူး လႉ၍လည္း ရပါသည္။ ဆီးယိုလည္း မၾကာခန ဒါနျပဳႏိုင္ပါသည္။

သံဃာေတာ္မ်ားအား ဆပ္ျပာ အလႉဒါနျပဳႏိုင္ပါသည္။ ထိုယၾတာ ကိုျပဳလုပ္ျခင္းအားျဖင့္ ထိုေနအိမ္တြင္ ေနထိုင္သူမ်ားသည္ စြမ္းအားေကာင္းျခင္း ၊ ၾသဇာ တိုးျခင္း၊ စီးပြားတက္ျခင္းမ်ား ျဖစ္ႏိုင္ပါသည္။

ေတာင္အရပ္ကို မ်က္ႏွာလွည့္ေသာ ေနအိမ္မ်ားတြင္ ေနထိုင္သူမ်ား လာဘ္ပြင့္ေစရန္

ေတာင္ အရပ္ကို မ်က္ႏွာလွည့္ေသာ ေနအိမ္မ်ားကို ဗုဒၶဟူးၿဂိဳဟ္မင္း စိုးမိုးေစာင့္ေ႐ွာက္ျခင္း ခံရေသာ အိမ္ဟု သတ္မွတ္ပါသည္။ ေလတိုက္လွ်င္တဖ်တ္ဖ်တ္ လႈပ္ေသာ ၾကက္လွ်ာ ကို အိမ္ေ႐ွ႕တြင္ထိုးပါ။ ဘုရား တင္ပါ။ ႐ြက္လွၫြန္႔ လႉပါ။ သံဃာေတာ္ မ်ား အား ေရ ၊ ယပ္ အစ႐ွိသည္ တို႔ ဒါနျပဳကပ္လႉပါ။ ေအးခ်မ္းျခင္း ၊ စီးပြားတက္ျခင္း ေ႐ႊေငြ ရတနာ ေပါႂကြယ္ဝျခင္းမ်ား ျဖစ္မည္။

အေနာက္ေတာင္အရပ္ကို မ်က္ႏွာလွည့္ေသာ ေနအိမ္မ်ားတြင္ ေနထိုင္သူမ်ားလာဘ္ပြင့္ေစရန္

အေနာက္ေတာင္ အရပ္ကို မ်က္ႏွာလွည့္ေသာ ေနအိမ္မ်ားကို စေနၿဂိဳဟ္မင္း မွ စိုးမိုးေစာင့္ေ႐ွာက္ျခင္း ခံရေသာ အိမ္ဟု သတ္မွတ္ပါသည္။ အိမ္ ဘုရားတြင္ ထီးနီ တစ္လက္ တင္ထားပါ။

သံဃာေတာ္ မ်ားကို ထီး ဒါနျပဳပါ။ နာနတ္ယို လႉဒါန္း ဆက္ကပ္ေပးပါ။ ဘုန္းတန္ခိုးႀကီးျခင္း၊ လာဘ္ပြင့္ျခင္း၊ စီးပြား တိုးတက္ျခင္းမ်ား ျဖစ္ေပၚလာမည္။

အေနာက္ အရပ္ကို မ်က္ႏွာလွည့္ေသာ ေနအိမ္မ်ားတြင္ ေနထိုင္သူမ်ား လာဘ္ပြင့္ေစရန္

အေနာက္ အရပ္ ကို မ်က္ႏွာ လွည့္ေသာ ေနအိမ္ မ်ားကို ၾကာသပေတးၿဂိဳဟ္မင္း မွ စိုးမိုးေစာင့္ေ႐ွာက္ျခင္း ခံရေသာ အိမ္ ဟု သတ္မွတ္ပါသည္။ ပန္းပြင့္မ်ား ဘုရားစင္ တြင္ မျပတ္ လႉဒါန္း ဆက္ကပ္ေပးပါ။ ဆီမီး (လွ်ပ္စစ္မီး၊ ဖေယာင္းတိုင္မီး) အလႉဒါနျပဳေပးပါ။ ေပါက္ေပါက္ပြင့္ ဘုရားတင္ျခင္း ဆြမ္းေတာ္ကပ္ျခင္း မၾကာခဏ ျပဳပါ။

သံဃာေတာ္ မ်ားကို မုန္႔၊ ပဲ၊ မၾကာခဏ လႉေပးပါ။ ဘုန္းကံႀကီးမားျခင္း ဥစၥာစီးပြားတိုးတက္ျခင္းမ်ား ရ႐ွိခံစားရမည္။

အေနာက္ေျမာက္အရပ္ကို မ်က္ႏွာလွည့္ေသာ ေနအိမ္မ်ားတြင္ ေနထိုင္သူမ်ား လာဘ္ပြင့္ေစရန္

အေနာက္ေျမာက္ အရပ္ ကို မ်က္ႏွာလွည့္ေသာ ေနအိမ္ မ်ားကို ရာဟုၿဂိဳဟ္မင္း က စိုးမိုးေစာင့္ေ႐ွာက္ျခင္း ခံရေသာ အိမ္ ဟု သတ္မွတ္ပါသည္။ အိမ္ေ႐ွ႕တြင္ ေရအိုးစင္ လႉဒါန္းေပးပါ။ အိမ္ေ႐ွ႕တြင္ မၾကာခန ေရျဖန္း ပက္ေပးပါ။ ရဲယိုၫြန္႔ ဘုရားလႉပါ။ ေ႐ႊသကၤန္း မၾကာခဏ ဆက္ကပ္လႉဒါန္းေပးပါ။ ေ႐ွာက္ယို ၊ ေ႐ွာက္သီး သုပ္ ဆက္ကပ္လႉဒါန္ေပးပါ။

သံဃာေတာ္မ်ားကိုလည္း ဆက္ကပ္ လႉဒါန္းႏိုင္ပါသည္။ စီးပြားဥစၥာ တိုးတက္ျခင္း ၊ ကံဇာတာျမင့္မားျခင္း၊ အလိုျပည့္စုံျခင္း မ်ား ျဖစ္မည္။

ေျမာက္ အရပ္ကို မ်က္ႏွာလွည့္ေသာေနအိမ္မ်ားတြင္ ေနထိုင္သူမ်ား လာဘ္ပြင့္ေစရန္

ေျမာက္ အရပ္ကို မ်က္ႏွာလွည့္ေသာ ေနအိမ္မ်ားကို ေသာၾကာၿဂိဳဟ္မင္း မွ စိုးမိုးေစာင့္ေ႐ွာက္ျခင္း ခံရေသာ အိမ္ ဟု သတ္မွတ္ပါသည္။ အိမ္ဘုရားတြင္ သစ္သီး မျပတ္တင္ပါ။ သီဟိုဠ္ၫြန္႔ ဒါနျပဳပါ။

သံဃာေတာ္ မ်ားကို သတ္သတ္လြတ္ ဟင္းမ်ား မၾကာခဏ ေလာင္းလႉ ပါ။ ေနအိမ္ တြင္ ေနထိုင္ သူမ်ားလည္း မၾကာခဏ သတ္သတ္လြတ္ စားေပးပါ။ က်က္သေရ တိုးပြားျခင္း၊ ကံဇာတာျမင့္မားျခင္းမ်ား ျဖစ္မည္။

အေ႐ွေျမာက္ အရပ္ကို မ်က္ႏွာလွည့္ေသာ ေနအိမ္မ်ားတြင္ ေနထိုင္သူမ်ား လာဘ္ပြင့္ေစရန္

အေ႐ွ႕ေျမာက္ အရပ္ကို မ်က္ႏွာလွည့္ေသာ ေနအိမ္မ်ား ကို တနဂၤေႏြၿဂိဳဟ္မင္း မွ စိုးမိုးေစာင့္ေ႐ွာက္ျခင္းခံရေသာ အိမ္ ဟု သတ္မွတ္ပါသည္။

အိမ္ေ႐ွ႕တြင္ အုန္းခြံ စာကေလး အိမ္ခ်ိတ္ဆြဲထားျခင္း၊ အိမ္ဘုရား အား အုန္းသီးကပ္လႉျခင္း၊ အုန္းဆြမ္း၊ အုန္းႏို႔ေခါက္ဆြဲ လႉဒါန္းေပးျခင္း သံဃာေတာ္မ်ားအား လည္း ကပ္ လႉဒါန္းေပးျခင္း ၊ ေအာင္အိုး တစ္လုံးတြင္ အုန္းၫြန္႔(၆) ၫြန္႔ထိုးထား ၍ အိမ္ေ႐ွ႕တြင္ ထားျခင္း ေဆာင္ ႐ြက္ႏိုင္ပါသည္။ က်က္သေရ တိုးပြားျခင္း၊ ကံဇာတာျမင့္မားျခင္းမ်ား ျဖစ္မည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: မင္းခေယာက်္ား

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service