ကိုဗစ်ကာလမှာ လေ့ကျင့်ခန်းလုပ်ပေးသင့်တဲ့ အကြောင်းအရင်း

ကိုဗစ်ကာလမှာ လေ့ကျင့်ခန်းလုပ်ပေးသင့်တဲ့ အကြောင်းအရင်း - Property Knowledge in Myanmar from iMyanmarHouse.com
7 Oct 2020 3:03 pm တွင် တင်ခဲ့သည်
1580 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ COVID_19 ဖြစ်ပွားနေချိန်မှာ အလုပ်တွေကို အိမ်ကနေလုပ်နေကြရသလို အပြင်မထွက်ဘဲ အိမ်ထဲမှာပဲ အချိန်အများစုကိုနေနေကြရပါတယ်။ ဒီလိုကာလမှာ ရောဂါဖြစ်ပွားမှုတွေတိုးလာတိုင်း ကြောက်စိတ်တွေ၊ ပူပန်စိတ်တွေတိုးလာသလို ငါ့မှာများ ကူးစက်ခံနေရပြီလားဆိုတဲ့ အတွေးတွေကလည်း နှိပ်စက်မှုကို ခံရနိုင်ပါတယ်။

ဒီတော့ အခုလိုကာလမှာ ကိုယ်ရော စိတ်ပါ ကျန်းမာစေဖို့ လုပ်ဆောင်လို့ရတဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုရှိနေပါတယ်။ ဒါကတော့ သင့်တင့်တဲ့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာပါ။

ကိုယ်လက်လေ့ကျင့်ခန်းက အိမ်မှာလုပ်လို့ရပါ့မလား…………..

ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဖို့ မဖြစ်မနေ Gym ကို သွားဖို့မလိုပါဘူး။ အိမ်မှာတင် ကိုယ်လက်လေ့ကျင့်ခန်းလုပ်လို့ရပါတယ်။ ကိရိယာတွေမှာ မရှိတာလေဆိုရင်တော့ ကိရိယာလွတ် လေ့ကျင့်ခန်းတွေ စလိုက်​ကြစို့လား။ လေ့ကျင့်ခန်းလုပ်ဖို့က အခင်းပြားတစ်ခုရှိရင်တောင် အဆင်ပြေပြေလုပ်လို့ရပါတယ်။

အရင်ဆုံး အကြောလျှော့ပါ။ အ​ကြောလျှော့တာက လေ့ကျင့်ခန်းမလုပ်ခင် မဖြစ်မနေလုပ်သင့်ပါတယ်။ ဒါမှာ ကြွက်သားတွေ ထိခိုက်နာကျင်မှု နည်းမှာပါ။ ပြီးရင်တော့ ဒိုက်ထိုးတာ၊ Plank ထောက်တာ၊ မတ်တတ်အနေအထားနဲ့ နံရံမှာလက်ထောက်လို့ Push-up လုပ်တာ၊ ထိုင်ထလုပ်တာ၊ အိပ်ထမတင်လုပ်တာ၊ ခါးလှည့်တာ၊ ခြေထောက်လွှဲတာလိုမျိုး လေ့ကျင့်ခန်းတွေကို ကိရိယာတွေ မလိုဘဲလုပ်လို့ရပါတယ်။

အလေးမချင်တယ် အလေးတုံးမရှိဘူးဆိုရင်လည်း ၁ လီတာရေသန့်ဗူးထဲကို ရေအပြည့်ဖြည့်လို့ မပေးလို့ရပါတယ်။ ခါးအဆီကျစေဖို့ အလေးတုံးလေးတွေ သုံးပြီးလေ့ကျင့်ခန်းလုပ်ချင်သူတွေလည်း အဆငပြေမှာပါ။

တစ်ခုမှာချင်တာက လေ့ကျင့်ခန်းကို လုပ်နိုင်သလောက်ကနေ နည်းနည်းချင်းစပြီး တစ်နေ့ကို အနည်းဆုံး ၁၀ မိနစ်လောက် ပုံမှန်လေး လုပ်ပေးပါ။ စလုပ်လုပ်ချင်းရက်မှာ ကိုယ်လက်တွေ နာကျင်နိုင်ပါတယ်။ နောက်ရက်တွေကို ဆက်လုပ်သွားဖို့လိုပါမယ်။ ဒါမှ သင့်တင့်တဲ့ လှုပ်ရှားမှုနဲ့အတူ သွေးစီးဆင်းလည်ပတ်မှုကောင်းမွန်မှာပါ။

ကိုယ်လက်လှုပ်ရှားမှုလုပ်တော့ ဘာတွေထူးပြီး ကောင်းသွားနိုင်မလဲ…………..

ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာရွှင်လန်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဒီလိုပြောရတာက

* ကိုယ်လက်လေ့ကျင့်ခန်းလုပ်တဲ့အခါ ဦးနှောက်ကနေ serotonin နဲ့ endorphin တို့လိုမျိုး စိတ်ခံစားမှုကို ကောင်းစေတဲ့ ဟော်မုန်းတွေကို ထုတ်လွှတ်ပေးပါတယ်။

* အိပ်ပျော်စေပြီး ခန္ဓာကိုယ်ကို အင်အားပြည့်စေပါတယ်။ ဒီအချက်က အခုလို အချိန်မှာ တကယ်လိုအပ်နေတဲ့ ကျန်းမာရေး အလေ့အထ တစ်ခုပါ။

* လေ့ကျင့်ခန်းလုပ်တာက စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေကြောင့် ပခုံးနဲ့ ဇက်ကြောတွေ တောင့်တင်းနေတာကို ပြေလျော့စေနိုင်ပါတယ်။

* စိတ်ထဲမှာ တစ်ခုခုကို အောင်အောင်မြင်မြင် လုပ်လိုက်နိုင်တယ်လို့ ခံစားရစေပါတယ်။

* ပုံမှန် လေ့ကျင့်ခန်းလုပ်ခြင်းက အမျိုးအစား (၂) ဆီးချိုရောဂါ၊ နှလုံးရောဂါ နဲ့ လေဖြတ်တာလိုမျိုး နာတာရှည် ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေကို လျှော့ချပေးပါတယ်။

* သင့်တင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ အွန်လိုင်းမှာ ခေတ်စားနေသလို ကပ်ကြီး အပြီးမှာ ဝက်ကြီးမဖြစ်စေဖို့ဆိုရင် ပုံမှန်တော့ လေ့ကျင့်ခန်းလေး လုပ်သင့်ပါတယ်။

* အခုလိုအခြေအနေမှာ မဖြစ်မနေလိုအပ်နေတဲ့ ကျန်းမာရေး လိုအပ်ချက် တစ်ခုဖြစ်တဲ့ ကိုယ်ခံအား ကောင်းမွန်စေဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ဒီလိုလုပ်ပေးတာကြောင့် ကိုယ်ခံအားကို မြှင့်တင်ပြီး ကိုဗစ်ကို ကာကွယ်ရာရောက်ပါတယ်။

* မနက်ခင်းစောစောမှာ လေ့ကျင့်ခန်းလုပ်တာက အဆုတ်ထဲက ချွဲသလိပ်တွေကို ဖယ်ရှားပေးပြီး အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။

လေ့ကျင့်ခန်းအပြင် ဂရုစိုက်ဖို့လိုမယ့် အချက်တွေက ဘာတွေများလဲ………..

ကိုဗစ် ကာကွယ်ဖို့ဆိုရင် လေ့ကျင့်ခန်း ပုံမှန်လုပ်တာအပြင်

ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးမှု

လေ့ကျင့်ခန်းလုပ်တာအပြင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံကိုလည်း ထိန်းသိမ်းရပါမယ်။ ဒါမှာ ကောင်းမွန်ပြည့်စုံတဲ့ ကိုယ်ခံအားနဲ့ ကိုဗစ်ကို ကာကွယ်နိုင်မှာပါ။ နေ့စဉ် အာဟာရပြည့်ဝလုံလောက်အောင် စားသုံးပါ။

 

ရေများများသောက်ပါ

ရေဓာတ်က ခန္ဓာကိုယ် ကျန်းမာဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် အနည်းဆုံး ရေဖန်ခွက် ၈ ခွက်သောက်ပါ။

လက်ဆေးပါ

လက်ကို အပြင်ကပြန်လာတိုင်း၊ ညစ်ပေတဲ့အရာတွေကို ကိုယ်တွယ်ပြီးတိုင်း၊ အစားမစားခင်၊ အိမ်မွေးတိရစ္ဆာန်လေးတွေကို ကိုယ်တွယ်ထိတွေ့ပြီးတိုင်း လက်ဆေးပါ။

တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ

နေ့စဉ် ရေချိုးတာ၊ မျက်နှာသစ်၊ သွားတိုက်တာတွေကိုလည်း ပုံမှန်လုပ်ပေးပါ။ ဒါတွေက ကိုယ်ကျန်းမာဖို့ရော စိတ်ကြည်လင်စေဖို့ပါ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။

အရက်နဲ့ဆေးလိပ်လျှော့ပါ

ကိုယ်ခံအားကောင်းဖို့ လိုအပ်နေချိန်မှာ ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်တဲ့ အရက်နဲ့ ဆေးလိပ်ကို ဖြတ်ပါ။ မဖြတ်နိုင်ရင် လျှော့ပါ။

မလိုအပ်ဘဲ အိမ်အပြင်မထွက်ပါနဲ့

ကာကွယ်ဆေးရော ကုသဆေးပါ မရှိသေးတဲ့ ကိုဗစ်ရန်ကနေ ကင်းဝေးစေဖို့ဆိုရင် အကောင်းဆုံးသော ကာကွယ်နည်းက မလိုအပ်ဘဲ အိမ်ပြင်မထွက်တာ၊ လူစုလူဝေးတွေကို ရှောင်ကြဉ်တာပါ။ မဖြစ်မနေ အပြင်ထွက်တဲ့အခါ လူတစ်ဦးနဲ့ တစ်ဦး ၆ပေခွာနေပါ။

အိပ်ရေး ဝဝအိပ်ပါ

ညဘက်တွေကို ဖုန်းသုံးရင်း၊ ရုပ်ရှင်ကြည့်ရင်း၊ ဂိမ်းဆော့ရင်း အရမ်းနောက်ကျမှ အိပ်တာမျိုး မလုပ်ပါနဲ့။ ကိုယ်ခံအား ကောင်းဖို့ဆိုရင် အနည်းဆုံး တစ်ညတာကို အိပ်ချိန် ၆နာရီက နေ ၈ နာရီအတွင်းရှိဖို့လိုပါမယ်။

ကိုဗစ်ကာလမှာ လေ့ကျင့်ခန်းလုပ်ရင်း စိတ်ရောကိုယ်ပါ ကျန်းမာအောင် စောင့်ရှောက်လိုက်ပါ………………

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

Credit: Aye Thi Mon

 

 

[Zawgyi]

ကိုဗစ္ကာလမွာ ေလ့က်င့္ခန္းလုပ္ေပးသင့္တဲ့ အေၾကာင္းအရင္း

ကမ႓ာ့ကပ္ေရာဂါျဖစ္တဲ့ COVID_19 ျဖစ္ပြားေနခ်ိန္မွာ အလုပ္ေတြကို အိမ္ကေနလုပ္ေနၾကရသလို အျပင္မထြက္ဘဲ အိမ္ထဲမွာပဲ အခ်ိန္အမ်ားစုကိုေနေနၾကရပါတယ္။ ဒီလိုကာလမွာ ေရာဂါျဖစ္ပြားမႈေတြတိုးလာတိုင္း ေၾကာက္စိတ္ေတြ၊ ပူပန္စိတ္ေတြတိုးလာသလို ငါ့မွာမ်ား ကူးစက္ခံေနရၿပီလားဆိုတဲ့ အေတြးေတြကလည္း ႏွိပ္စက္မႈကို ခံရႏိုင္ပါတယ္။

ဒီေတာ့ အခုလိုကာလမွာ ကိုယ္ေရာ စိတ္ပါ က်န္းမာေစဖို႔ လုပ္ေဆာင္လို႔ရတဲ့ အေကာင္းဆုံးနည္းလမ္းတစ္ခု႐ွိေနပါတယ္။ ဒါကေတာ့ သင့္တင့္တဲ့ ကိုယ္လက္ေလ့က်င့္ခန္းလုပ္တာပါ။

ကိုယ္လက္ေလ့က်င့္ခန္းက အိမ္မွာလုပ္လို႔ရပါ့မလား…………..

ကိုယ္လက္ေလ့က်င့္ခန္း လုပ္ဖို႔ မျဖစ္မေန Gym ကို သြားဖို႔မလိုပါဘူး။ အိမ္မွာတင္ ကိုယ္လက္ေလ့က်င့္ခန္းလုပ္လို႔ရပါတယ္။ ကိရိယာေတြမွာ မ႐ွိတာေလဆိုရင္ေတာ့ ကိရိယာလြတ္ ေလ့က်င့္ခန္းေတြ စလိုက္​ၾကစို႔လား။ ေလ့က်င့္ခန္းလုပ္ဖို႔က အခင္းျပားတစ္ခု႐ွိရင္ေတာင္ အဆင္ေျပေျပလုပ္လို႔ရပါတယ္။

အရင္ဆုံး အေၾကာေလွ်ာ့ပါ။ အ​ေၾကာေလွ်ာ့တာက ေလ့က်င့္ခန္းမလုပ္ခင္ မျဖစ္မေနလုပ္သင့္ပါတယ္။ ဒါမွာ ႂကြက္သားေတြ ထိခိုက္နာက်င္မႈ နည္းမွာပါ။ ၿပီးရင္ေတာ့ ဒိုက္ထိုးတာ၊ Plank ေထာက္တာ၊ မတ္တတ္အေနအထားနဲ႔ နံရံမွာလက္ေထာက္လို႔ Push-up လုပ္တာ၊ ထိုင္ထလုပ္တာ၊ အိပ္ထမတင္လုပ္တာ၊ ခါးလွည့္တာ၊ ေျခေထာက္လႊဲတာလိုမ်ိဳး ေလ့က်င့္ခန္းေတြကို ကိရိယာေတြ မလိုဘဲလုပ္လို႔ရပါတယ္။

အေလးမခ်င္တယ္ အေလးတုံးမ႐ွိဘူးဆိုရင္လည္း ၁ လီတာေရသန္႔ဗူးထဲကို ေရအျပည့္ျဖည့္လို႔ မေပးလို႔ရပါတယ္။ ခါးအဆီက်ေစဖို႔ အေလးတုံးေလးေတြ သုံးၿပီးေလ့က်င့္ခန္းလုပ္ခ်င္သူေတြလည္း အဆငေျပမွာပါ။

တစ္ခုမွာခ်င္တာက ေလ့က်င့္ခန္းကို လုပ္ႏိုင္သေလာက္ကေန နည္းနည္းခ်င္းစၿပီး တစ္ေန႔ကို အနည္းဆုံး ၁၀ မိနစ္ေလာက္ ပုံမွန္ေလး လုပ္ေပးပါ။ စလုပ္လုပ္ခ်င္းရက္မွာ ကိုယ္လက္ေတြ နာက်င္ႏိုင္ပါတယ္။ ေနာက္ရက္ေတြကို ဆက္လုပ္သြားဖို႔လိုပါမယ္။ ဒါမွ သင့္တင့္တဲ့ လႈပ္႐ွားမႈနဲ႔အတူ ေသြးစီးဆင္းလည္ပတ္မႈေကာင္းမြန္မွာပါ။

ကိုယ္လက္လႈပ္႐ွားမႈလုပ္ေတာ့ ဘာေတြထူးၿပီး ေကာင္းသြားႏိုင္မလဲ…………..

ကိုယ္လက္လႈပ္႐ွားမႈလုပ္ေပးတာက စိတ္ေရာကိုယ္ပါ က်န္းမာ႐ႊင္လန္းေစဖို႔ အေကာင္းဆုံး အားျဖည့္ေပးႏိုင္ပါတယ္။ ဒီလိုေျပာရတာက

* ကိုယ္လက္ေလ့က်င့္ခန္းလုပ္တဲ့အခါ ဦးေႏွာက္ကေန serotonin နဲ႔ endorphin တို႔လိုမ်ိဳး စိတ္ခံစားမႈကို ေကာင္းေစတဲ့ ေဟာ္မုန္းေတြကို ထုတ္လႊတ္ေပးပါတယ္။

* အိပ္ေပ်ာ္ေစၿပီး ခႏၶာကိုယ္ကို အင္အားျပည့္ေစပါတယ္။ ဒီအခ်က္က အခုလို အခ်ိန္မွာ တကယ္လိုအပ္ေနတဲ့ က်န္းမာေရး အေလ့အထ တစ္ခုပါ။

* ေလ့က်င့္ခန္းလုပ္တာက စိတ္ဖိစီးမႈေတြ၊ စိုးရိမ္ပူပန္မႈေတြေၾကာင့္ ပခုံးနဲ႔ ဇက္ေၾကာေတြ ေတာင့္တင္းေနတာကို ေျပေလ်ာ့ေစႏိုင္ပါတယ္။

* စိတ္ထဲမွာ တစ္ခုခုကို ေအာင္ေအာင္ျမင္ျမင္ လုပ္လိုက္ႏိုင္တယ္လို႔ ခံစားရေစပါတယ္။

* ပုံမွန္ ေလ့က်င့္ခန္းလုပ္ျခင္းက အမ်ိဳးအစား (၂) ဆီးခ်ိဳေရာဂါ၊ ႏွလုံးေရာဂါ နဲ႔ ေလျဖတ္တာလိုမ်ိဳး နာတာ႐ွည္ က်န္းမာေရးျပႆနာေတြ ခံစားရႏိုင္ေျခကို ေလွ်ာ့ခ်ေပးပါတယ္။

* သင့္တင့္တဲ့ ကိုယ္အေလးခ်ိန္ကို ထိန္းညႇိေပးႏိုင္ပါတယ္။ အြန္လိုင္းမွာ ေခတ္စားေနသလို ကပ္ႀကီး အၿပီးမွာ ဝက္ႀကီးမျဖစ္ေစဖို႔ဆိုရင္ ပုံမွန္ေတာ့ ေလ့က်င့္ခန္းေလး လုပ္သင့္ပါတယ္။

* အခုလိုအေျခအေနမွာ မျဖစ္မေနလိုအပ္ေနတဲ့ က်န္းမာေရး လိုအပ္ခ်က္ တစ္ခုျဖစ္တဲ့ ကိုယ္ခံအား ေကာင္းမြန္ေစဖို႔လည္း အေကာင္းဆုံး ေထာက္ပံ့ေပးႏိုင္ပါတယ္။ ဒီလိုလုပ္ေပးတာေၾကာင့္ ကိုယ္ခံအားကို ျမႇင့္တင္ၿပီး ကိုဗစ္ကို ကာကြယ္ရာေရာက္ပါတယ္။

* မနက္ခင္းေစာေစာမွာ ေလ့က်င့္ခန္းလုပ္တာက အဆုတ္ထဲက ခြၽဲသလိပ္ေတြကို ဖယ္႐ွားေပးၿပီး အသက္႐ွဴလမ္းေၾကာင္းကို က်န္းမာေစဖို႔ အေကာင္းဆုံး အားျဖည့္ေပးႏိုင္မွာပါ။

ေလ့က်င့္ခန္းအျပင္ ဂ႐ုစိုက္ဖို႔လိုမယ့္ အခ်က္ေတြက ဘာေတြမ်ားလဲ………..

ကိုဗစ္ ကာကြယ္ဖို႔ဆိုရင္ ေလ့က်င့္ခန္း ပုံမွန္လုပ္တာအျပင္

က်န္းမာေရးနဲ႔ညီၫြတ္ေအာင္ စားသုံးမႈ

ေလ့က်င့္ခန္းလုပ္တာအျပင္ က်န္းမာေရးနဲ႔ညီၫြတ္တဲ့ စားေသာက္မႈပုံစံကိုလည္း ထိန္းသိမ္းရပါမယ္။ ဒါမွာ ေကာင္းမြန္ျပည့္စုံတဲ့ ကိုယ္ခံအားနဲ႔ ကိုဗစ္ကို ကာကြယ္ႏိုင္မွာပါ။ ေန႔စဥ္ အာဟာရျပည့္ဝလုံေလာက္ေအာင္ စားသုံးပါ။

ေရမ်ားမ်ားေသာက္ပါ

ေရဓာတ္က ခႏၶာကိုယ္ က်န္းမာဖို႔ အေကာင္းဆုံး အားျဖည့္ေပးႏိုင္ပါတယ္။ ဒါေၾကာင့္ ေန႔စဥ္ အနည္းဆုံး ေရဖန္ခြက္ ၈ ခြက္ေသာက္ပါ။

လက္ေဆးပါ

လက္ကို အျပင္ကျပန္လာတိုင္း၊ ညစ္ေပတဲ့အရာေတြကို ကိုယ္တြယ္ၿပီးတိုင္း၊ အစားမစားခင္၊ အိမ္ေမြးတိရစၧာန္ေလးေတြကို ကိုယ္တြယ္ထိေတြ႕ၿပီးတိုင္း လက္ေဆးပါ။

တစ္ကိုယ္ေရသန္႔႐ွင္းေရး ဂ႐ုစိုက္ပါ

ေန႔စဥ္ ေရခ်ိဳးတာ၊ မ်က္ႏွာသစ္၊ သြားတိုက္တာေတြကိုလည္း ပုံမွန္လုပ္ေပးပါ။ ဒါေတြက ကိုယ္က်န္းမာဖို႔ေရာ စိတ္ၾကည္လင္ေစဖို႔ပါ အေကာင္းဆုံး အားျဖည့္ေပးႏိုင္ပါတယ္။

အရက္နဲ႔ေဆးလိပ္ေလွ်ာ့ပါ

ကိုယ္ခံအားေကာင္းဖို႔ လိုအပ္ေနခ်ိန္မွာ ကိုယ္ခံအားစနစ္ကို ထိခိုက္ေစႏိုင္တဲ့ အရက္နဲ႔ ေဆးလိပ္ကို ျဖတ္ပါ။ မျဖတ္ႏိုင္ရင္ ေလွ်ာ့ပါ။

မလိုအပ္ဘဲ အိမ္အျပင္မထြက္ပါနဲ႔

ကာကြယ္ေဆးေရာ ကုသေဆးပါ မ႐ွိေသးတဲ့ ကိုဗစ္ရန္ကေန ကင္းေဝးေစဖို႔ဆိုရင္ အေကာင္းဆုံးေသာ ကာကြယ္နည္းက မလိုအပ္ဘဲ အိမ္ျပင္မထြက္တာ၊ လူစုလူေဝးေတြကို ေ႐ွာင္ၾကဥ္တာပါ။ မျဖစ္မေန အျပင္ထြက္တဲ့အခါ လူတစ္ဦးနဲ႔ တစ္ဦး ၆ေပခြာေနပါ။

အိပ္ေရး ဝဝအိပ္ပါ

ညဘက္ေတြကို ဖုန္းသုံးရင္း၊ ႐ုပ္႐ွင္ၾကည့္ရင္း၊ ဂိမ္းေဆာ့ရင္း အရမ္းေနာက္က်မွ အိပ္တာမ်ိဳး မလုပ္ပါနဲ႔။ ကိုယ္ခံအား ေကာင္းဖို႔ဆိုရင္ အနည္းဆုံး တစ္ညတာကို အိပ္ခ်ိန္ ၆နာရီက ေန ၈ နာရီအတြင္း႐ွိဖို႔လိုပါမယ္။

ကိုဗစ္ကာလမွာ ေလ့က်င့္ခန္းလုပ္ရင္း စိတ္ေရာကိုယ္ပါ က်န္းမာေအာင္ ေစာင့္ေ႐ွာက္လိုက္ပါ………………

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

Credit: Aye Thi Mon

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service