ရောက်တဲ့အရပ်မှာ ပျော်ပါစေ

ရောက်တဲ့အရပ်မှာ ပျော်ပါစေ - Property Knowledge in Myanmar from iMyanmarHouse.com
23 Sep 2020 2:31 pm တွင် တင်ခဲ့သည်
756 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ရည်မှန်းချက်ဆိုတာကတော့ ထားကြရမည်။ ဒါပေမယ့် ရည်မှန်းချက်တိုင်းရောက်ခဲ့ သည်တော့မဟုတ်။ လုပ်ရင်းနှင့်တွေ့သွားသည့် ရည်မှန်းချက်များသာ အတော်များများ အောင်မြင်သွားသည်က များသည်။ ငယ်စဉ်ကထားသည့် ရည်မှန်းချက်ဆိုသည်က အများသား။ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ထက် ပေါ်ပြူလာဖြစ်မည့် ရည်မှန်းချက်များကိုသာ ထားတတ်ကြ သည်။ ထိုရည်မှန်းချက်များသည် အသက်တစ်နှစ်ကြီးသွားလိုက် တစ်ခုလျော့သွားလိုက်နှင့် ကြွယ်၀သော အသိဉဏ်စစ်ထုတ်မှုနောက်မှ ဆန်ကာတင်ကျန်ခဲ့သည်က တစ်ခုသောရည်မှန်း ချက်သာဖြစ်သည်။ ဒါသည်လည်း ကြီးပွားချမ်းသာရမည်ဆိုသည့် ရည်မှန်းချက်ဖြစ်ကောင်းမှ ဖြစ်မည်။

ဒါပေမယ့် လူတိုင်းမှာ မျှော်မှန်းချက်တွေ ကိုယ်စီ နှင့်ရှိကြသည်။ ဝါသနာကို အရင်းတည်ပြီး ထိုဝါသနာနှင့်ကိုက် ညီမည့် ရည်မှန်းချက်တို့ကို ထားကြသည်ကများပါသည်။ ထို မျှော်မှန်းချက်၊ ရည်မှန်းချက်လေးကို ရင်မှာမွေးဖွားပြီး နှီးနွယ်ရာ လုပ်ငန်းတို့တွင် ဝင်ရောက်အလုပ်လုပ်ကြသည်။ တစ်ခါတစ်ရံ တွင် ဝါသနာကို အရင်းခံထားသဖြင့် ငွေကြေးကြီးပွားမှုနှင့် တိုင်းတာလျှင် နှာခေါင်းရှုံ့စရာ ရည်မှန်းချက်များလည်း ဖြစ်ကောင်းဖြစ်နေတတ်သည်။ ၎င်းရည်မှန်းချက်သည်ပင် သူ့ဘ၀ အတွက် ပျော်ရွှင်မှုဖြစ်နေတတ်သည်။ ဒါကိုဘေးလူအနေနှင့် ကြည့်လျှင် အတော်ရူးနမ်းသောသူဟု အထင်ရောက်တတ်ကြသည်။ အထင်သေးခြင်းကိုလည်း ခံကြရတတ်သည်။

ရည်မှန်းချက်ဆိုသည်ကလည်း အတော်ကိုထူးဆန်းသည်။ ပညာအပေါ်ရည်မှန်းချက်ထားသူ၊ ငွေကြေးအပေါ် ရည်မှန်းချက်ထားသူ၊ ထင်ပေါ်လိုမှုအတွက် ရည်မှန်းချက်ထားသူ စသဖြင့် လူအမျိုးမျိုး စိတ်အထွေထွေနှင့် ရည်မှန်းချက် အထွေထွေကို တွေ့ရသည်။

ဆရာဝန်ဘွဲ့ရရမည်ဟု ရည်မှန်းချက်ထားပြီး ကျားကုတ်ကျားခဲကြိုးစားသည်။ တကယ်လည်း ဆရာဝန်ဘွဲ့ရကြ သည်။ သို့သော် ဆရာဝန်အလုပ်ကို လက်လွှတ်ပြီး အဆိုတော် လုပ်သူတွေ အတော်များများရှိနေကြသည်။ ယခုကာလ ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော် အတော်များများသည် ဆရာဝန် ဘွဲ့ရ အနုပညာသရုပ်ဆောင်များအဖြစ် တွေ့ရသည်။

အချို့ဆရာဝန်ဘွဲ့ရအောင်လုပ်ကြပြီး တကယ်လုပ်သည်က အခြားစီးပွားရေးဖြစ်သည်။ မြန်မာနိုင်ငံတွင် ထင်ရှားသည့် မုန့်တိုက်တစ်ခုကို တည်ထောင်ထားသော ပုဂ္ဂ်ိုလ်တစ် ယောက်သည် ဆရာဝန်တစ်ဦးဖြစ်သော်လည်း ၎င်းး၏မုန့်လုပ်ငန်းကိုသာ အောင်မြင်ပေါက်မြောက်အောင်ကြိုးစားလုပ်ဆောင်ခဲ့ရာ အထူးပင်အောင်မြင်ခဲ့သည်။ အောင်မြင်သည့် အမှတ်တံဆိပ် ကိုလည်း တည်ဆောက်နိုင်ခဲ့သည်။ ၎င်းမုန့်လုပ်ငန်းရှင်၏ အဓိကရည်မှန်းချက်သည် ဘာဆိုသည်က ၎င်းကိုယ်တိုင်မှလွဲလျှင် ဘယ်သူသိနိုင်မည်နည်း။ ရည်မှန်းချက်က ပညာရေးလား၊ စီးပွားရေးလား၊ လက်ရှိရလဒ်နှင့် ကြည့်လျှင်တော့ စီးပွားရေး သည် အဓိကဖြစ်စရာရှိသည်။ တွက်ကြည့်လျှင် ၎င်းဘဝတွင် နှစ်ခုစလုံးတော့ အောင်မြင်ခဲ့သည်ဟု ပြောရမည်။

နောက်တစ်ခုတွေ့ရသည်က ဝါသနာကို ရည်မှန်းချက်ထားပြီး ထိုဝါသနာကိုပင် အရင်းတည်ထား၍ ၎င်းနှင့်ဆက်နွယ် ရာကို အောင်မြင်ဖြစ်ထွန်းအောင် ကြိုးစားပြီး ကြီးပွားလာသည့် ပုဂ္ဂ်ိုလ်တို့လည်း တွေ့ရသည်။

FAME ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းကို လုပ်ကိုင်သည့် ဒေါက်တာခင်မောင်လွင်သည် ဆရာဝန်ဘွဲ့ရပုဂ္ဂ်ိုလ် တစ်ဦးဖြစ်ပြီး ၎င်းအနေနှင့် ဆေးဝါးထုတ်လုပ်မှုအပေါ်ထားရှိ သည့် ကျွမ်းကျင်မှု စိတ်ပါဝင်စားမှုက နားထောင်နေရသူများ အတွက် အားကျလောက်စရာ အပြောအဆိုတို့ကို တွေ့ရသည်။ ဝါသနာကို အရင်းခံထား၍ဖြစ်မည်ထင်သည်။

၎င်းထုတ်လုပ်သည့် ဆေးဝါးများနှင့်ပတ်သက်၍ အင်တာဗျူးမေးမြန်းခန်းတို့တွင် ဒိုးဒိုးဒေါက်ဒေါက်နှင့် အထစ်အငေါ့မရှိ အာဝဇ္ဇန်းကောင်းကောင်း နှင့် ဆေးအမယ်တို့တွင် ပါဝင်သည့်ဓာတ်ပစ္စည်းများကို ရှင်းပြ နေသည်မှာ ထိုပညာရပ်တို့အပေါ်တွင် မည်မျှစိတ်ဝင်စားသည်ကို ၎င်း၏ဖြေဆိုမှုတို့က သက်သေခံနေသည်။ ဝါသနာကိုအရင်းခံ သည့် ရည်မှန်းချက်ဖြစ်မည်ဟု ယူဆပါသည်။ ထိုအခါ ဝါသနာကို အရင်းခံသည့် အောင်မြင်မှုဖြစ်သဖြင့် ဆရာရောက်နေသည့် ယခုနေရာသည် ဆရာ၏ပျော်မွေ့ရာဖြစ်မည်ဟုလည်း ဆရာ့ အခြေအနေကိုကြည့်ပြီး တွက်ဆမိသည်။

အချို့သောသူများ၏ ရည်မှန်းချက်သည်ကား ကာလ အပိုင်းအခြားတစ်ခုအတွင်း ငွေကြေးမည်မျှ ပိုင်ဆိုင်ရမည်ဟူ သော ရည်မှန်းချက်တို့နှင့် ငွေရှာကြသည်။ အောင်မြင်အောင် လည်း မရရအောင်လုပ်ကြသည်။ ထိုအခါ ရည်မှန်းချက်ပြည့်မီ ဖို့အတွက် အချို့သောကိစ္စရပ်များတွင် တရားခြင်း၊ မတရားခြင်း တို့ကို လျစ်လျူရှုသည့်အဖြစ်သို့ ရောက်သွားတတ်ကြသည်။ နဂိုမအောင်မြင်ခင်က ကောင်းစိတ်အခံနှင့် အောင်မြင်လာလျှင် ဘာကုသိုလ်ကောင်းမှုတွေ၊ ပရဟိတလုပ်ငန်းတွေလုပ်မည်၊ မိမိနှင့်ဆက်နွယ်ရာ ဝန်ထမ်းကောင်းတွေကို အောင်မြင်မှုအတွက် ဆုလဒ်ကောင်းတွေပေးမည်ဟူသော ရည်ရွယ်ချက်ကောင်းတို့ရှိ ခဲ့ကြသော်လည်း ငွေကြေးရလိုမှု၏နောက်တွင် ထိုစိတ်တို့ တဖြည်းဖြည်း လျော့ပါးပျောက်ဆုံးသွားသည်တို့ရှိကြသည်။

မိမိ၏လုပ်ငန်း၊ မိမိ၏အောင်မြင်မှုလမ်းကြောင်းကို ထောက်ကူ ရာ ရေသောက်မြစ်များ၊ ခက်လက်အမြစ်များကို ဖြတ်တောက် မိသည်အထိ ဖြစ်သွားတတ်သည်။ ““ရေဗူးပေါက်တာမလိုချင် ဘူး၊ ရေပါတာပဲ လိုချင်သည့်””အဖြစ်သို့ ရောက်သွားတတ်သည်။ မရလျှင်မပျော်၊ ရမှပျော်မည့်အဖြစ်သို့ ရောက်သွားသည်။ ကြီးပွားရေးစိတ်တစ်ကြောင်းတည်းနှင့် ထိုနေရာသို့ရောက်နေ သော်လည်း ရောက်သည့်အရပ်မှာပျော်ပါမည်လား။

ဆိုလိုချင်သည်က ရည်မျှော်မှန်းချက်ပန်းတိုင်ကို လူတိုင်းကိုယ်စီတွင် ထားကြရပါမည်။ ထားသည့်အတိုင်းလည်း ရောက် အောင်သွားကြရပါမည်။ ဝါသနာကို အရင်းခံသည့် မျှော်မှန်း ချက်ပန်းတိုင်သည် မရောက်ခင်ကြိုးစားနေရသည်ကိုက ပျော်မွေ့ဖွယ်ဖြစ်သလို ရောက်သွားလျှင်လည်း ကျေနပ်ပီတိတို့နှင့် မြတ်နိုးနေပါလိမ့်မည်။

ထို့ကြောင့် “ရောက်တဲ့အရပ်မှာပျော်နိုင်ဖို့” မိမိ၏ အောင်မြင်မှုအာသာကိုဖြည့်ဆည်းရင်း အများကိုမျှဝေနိုင်သည့် စိတ်ကိုလည်း မမေ့ပျောက်အောင် သတိထားမွေးမြူနေသင့်လှ ပါတော့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

[Zawgyi]

ေရာက္တဲ့အရပ္မွာ ေပ်ာ္ပါေစ

ရည္မွန္းခ်က္ဆိုတာကေတာ့ ထားၾကရမည္။ ဒါေပမယ့္ ရည္မွန္းခ်က္တိုင္းေရာက္ခဲ့ သည္ေတာ့မဟုတ္။ လုပ္ရင္းႏွင့္ေတြ႕သြားသည့္ ရည္မွန္းခ်က္မ်ားသာ အေတာ္မ်ားမ်ား ေအာင္ျမင္သြားသည္က မ်ားသည္။ ငယ္စဥ္ကထားသည့္ ရည္မွန္းခ်က္ဆိုသည္က အမ်ားသား။ ေအာင္ျမင္တဲ့ စီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္ျဖစ္ဖို႔ထက္ ေပၚျပဴလာျဖစ္မည့္ ရည္မွန္းခ်က္မ်ားကိုသာ ထားတတ္ၾက သည္။ ထိုရည္မွန္းခ်က္မ်ားသည္ အသက္တစ္ႏွစ္ႀကီးသြားလိုက္ တစ္ခုေလ်ာ့သြားလိုက္ႏွင့္ ႂကြယ္၀ေသာ အသိၪဏ္စစ္ထုတ္မႈေနာက္မွ ဆန္ကာတင္က်န္ခဲ့သည္က တစ္ခုေသာရည္မွန္း ခ်က္သာျဖစ္သည္။ ဒါသည္လည္း ႀကီးပြားခ်မ္းသာရမည္ဆိုသည့္ ရည္မွန္းခ်က္ျဖစ္ေကာင္းမွ ျဖစ္မည္။

ဒါေပမယ့္ လူတိုင္းမွာ ေမွ်ာ္မွန္းခ်က္ေတြ ကိုယ္စီ ႏွင့္ရွိၾကသည္။ ၀ါသနာကို အရင္းတည္ၿပီး ထို၀ါသနာႏွင့္ကိုက္ ညီမည့္ ရည္မွန္းခ်က္တို႔ကို ထားၾကသည္ကမ်ားပါသည္။ ထို ေမွ်ာ္မွန္းခ်က္၊ ရည္မွန္းခ်က္ေလးကို ရင္မွာေမြးဖြားၿပီး ႏွီးႏြယ္ရာ လုပ္ငန္းတို႔တြင္ ၀င္ေရာက္အလုပ္လုပ္ၾကသည္။ တစ္ခါတစ္ရံ တြင္ ၀ါသနာကို အရင္းခံထားသျဖင့္ ေငြေၾကးႀကီးပြားမႈႏွင့္ တိုင္းတာလွ်င္ ႏွာေခါင္း႐ံႈ႕စရာ ရည္မွန္းခ်က္မ်ားလည္း ျဖစ္ေကာင္းျဖစ္ေနတတ္သည္။ ၎ရည္မွန္းခ်က္သည္ပင္ သူ႕ဘ၀ အတြက္ ေပ်ာ္ရႊင္မႈျဖစ္ေနတတ္သည္။ ဒါကိုေဘးလူအေနႏွင့္ ၾကည့္လွ်င္ အေတာ္႐ူးနမ္းေသာသူဟု အထင္ေရာက္တတ္ၾကသည္။ အထင္ေသးျခင္းကိုလည္း ခံၾကရတတ္သည္။

ရည္မွန္းခ်က္ဆိုသည္ကလည္း အေတာ္ကိုထူးဆန္းသည္။ ပညာအေပၚရည္မွန္းခ်က္ထားသူ၊ ေငြေၾကးအေပၚ ရည္မွန္းခ်က္ထားသူ၊ ထင္ေပၚလိုမႈအတြက္ ရည္မွန္းခ်က္ထားသူ စသျဖင့္ လူအမ်ဳိးမ်ဳိး စိတ္အေထြေထြႏွင့္ ရည္မွန္းခ်က္ အေထြေထြကို ေတြ႕ရသည္။

ဆရာ၀န္ဘြဲ႕ရရမည္ဟု ရည္မွန္းခ်က္ထားၿပီး က်ားကုတ္က်ားခဲႀကိဳးစားသည္။ တကယ္လည္း ဆရာ၀န္ဘြဲ႕ရၾက သည္။ သို႔ေသာ္ ဆရာ၀န္အလုပ္ကို လက္လႊတ္ၿပီး အဆိုေတာ္ လုပ္သူေတြ အေတာ္မ်ားမ်ားရွိေနၾကသည္။ ယခုကာလ ႐ုပ္ရွင္သ႐ုပ္ေဆာင္မ်ား၊ အဆိုေတာ္ အေတာ္မ်ားမ်ားသည္ ဆရာ၀န္ ဘြဲ႕ရ အႏုပညာသ႐ုပ္ေဆာင္မ်ားအျဖစ္ ေတြ႕ရသည္။

အခ်ဳိ႕ဆရာ၀န္ဘြဲ႔ရေအာင္လုပ္ၾကၿပီး တကယ္လုပ္သည္က အျခားစီးပြားေရးျဖစ္သည္။ ျမန္မာႏိုင္ငံတြင္ ထင္ရွားသည့္ မုန္႔တိုက္တစ္ခုကို တည္ေထာင္ထားေသာ ပုဂ္ၢိဳလ္တစ္ ေယာက္သည္ ဆရာ၀န္တစ္ဦးျဖစ္ေသာ္လည္း ၎း၏မုန္႔လုပ္ငန္းကိုသာ ေအာင္ျမင္ေပါက္ေျမာက္ေအာင္ႀကိဳးစားလုပ္ေဆာင္ခဲ့ရာ အထူးပင္ေအာင္ျမင္ခဲ့သည္။ ေအာင္ျမင္သည့္ အမွတ္တံဆိပ္ ကိုလည္း တည္ေဆာက္ႏိုင္ခဲ့သည္။ ၎မုန္႔လုပ္ငန္းရွင္၏ အဓိကရည္မွန္းခ်က္သည္ ဘာဆိုသည္က ၎ကိုယ္တိုင္မွလြဲလွ်င္ ဘယ္သူသိႏိုင္မည္နည္း။ ရည္မွန္းခ်က္က ပညာေရးလား၊ စီးပြားေရးလား၊ လက္ရွိရလဒ္ႏွင့္ ၾကည့္လွ်င္ေတာ့ စီးပြားေရး သည္ အဓိကျဖစ္စရာရွိသည္။ တြက္ၾကည့္လွ်င္ ၎ဘ၀တြင္ ႏွစ္ခုစလံုးေတာ့ ေအာင္ျမင္ခဲ့သည္ဟု ေျပာရမည္။

ေနာက္တစ္ခုေတြ႕ရသည္က ၀ါသနာကို ရည္မွန္းခ်က္ထားၿပီး ထို၀ါသနာကိုပင္ အရင္းတည္ထား၍ ၎ႏွင့္ဆက္ႏြယ္ ရာကို ေအာင္ျမင္ျဖစ္ထြန္းေအာင္ ႀကိဳးစားၿပီး ႀကီးပြားလာသည့္ ပုဂိ္ၢဳလ္တို႔လည္း ေတြ႕ရသည္။

FAME ေဆး၀ါးထုတ္လုပ္ေရးလုပ္ငန္းကို လုပ္ကိုင္သည့္ ေဒါက္တာခင္ေမာင္လြင္သည္ ဆရာ၀န္ဘြဲ႕ရပုဂိ္ၢဳလ္ တစ္ဦးျဖစ္ၿပီး ၎အေနႏွင့္ ေဆး၀ါးထုတ္လုပ္မႈအေပၚထားရွိ သည့္ ကၽြမ္းက်င္မႈ စိတ္ပါ၀င္စားမႈက နားေထာင္ေနရသူမ်ား အတြက္ အားက်ေလာက္စရာ အေျပာအဆိုတို႔ကို ေတြ႕ရသည္။ ၀ါသနာကို အရင္းခံထား၍ျဖစ္မည္ထင္သည္။

၎ထုတ္လုပ္သည့္ ေဆး၀ါးမ်ားႏွင့္ပတ္သက္၍ အင္တာဗ်ဴးေမးျမန္းခန္းတို႔တြင္ ဒိုးဒိုးေဒါက္ေဒါက္ႏွင့္ အထစ္အေငါ့မရွိ အာ၀ဇၨန္းေကာင္းေကာင္း ႏွင့္ ေဆးအမယ္တို႔တြင္ ပါ၀င္သည့္ဓာတ္ပစၥည္းမ်ားကို ရွင္းျပ ေနသည္မွာ ထိုပညာရပ္တို႔အေပၚတြင္ မည္မွ်စိတ္၀င္စားသည္ကို ၎၏ေျဖဆိုမႈတို႔က သက္ေသခံေနသည္။ ၀ါသနာကိုအရင္းခံ သည့္ ရည္မွန္းခ်က္ျဖစ္မည္ဟု ယူဆပါသည္။ ထိုအခါ ၀ါသနာကို အရင္းခံသည့္ ေအာင္ျမင္မႈျဖစ္သျဖင့္ ဆရာေရာက္ေနသည့္ ယခုေနရာသည္ ဆရာ၏ေပ်ာ္ေမြ႕ရာျဖစ္မည္ဟုလည္း ဆရာ့ အေျခအေနကိုၾကည့္ၿပီး တြက္ဆမိသည္။

အခ်ဳိ႕ေသာသူမ်ား၏ ရည္မွန္းခ်က္သည္ကား ကာလ အပိုင္းအျခားတစ္ခုအတြင္း ေငြေၾကးမည္မွ် ပိုင္ဆိုင္ရမည္ဟူ ေသာ ရည္မွန္းခ်က္တို႔ႏွင့္ ေငြရွာၾကသည္။ ေအာင္ျမင္ေအာင္ လည္း မရရေအာင္လုပ္ၾကသည္။ ထိုအခါ ရည္မွန္းခ်က္ျပည့္မီ ဖို႔အတြက္ အခ်ဳိ႕ေသာကိစၥရပ္မ်ားတြင္ တရားျခင္း၊ မတရားျခင္း တို႔ကို လ်စ္လ်ဴ႐ႈသည့္အျဖစ္သို႔ ေရာက္သြားတတ္ၾကသည္။ နဂိုမေအာင္ျမင္ခင္က ေကာင္းစိတ္အခံႏွင့္ ေအာင္ျမင္လာလွ်င္ ဘာကုသိုလ္ေကာင္းမႈေတြ၊ ပရဟိတလုပ္ငန္းေတြလုပ္မည္၊ မိမိႏွင့္ဆက္ႏြယ္ရာ ၀န္ထမ္းေကာင္းေတြကို ေအာင္ျမင္မႈအတြက္ ဆုလဒ္ေကာင္းေတြေပးမည္ဟူေသာ ရည္ရြယ္ခ်က္ေကာင္းတို႔ရွိ ခဲ့ၾကေသာ္လည္း ေငြေၾကးရလိုမႈ၏ေနာက္တြင္ ထိုစိတ္တို႔ တျဖည္းျဖည္း ေလ်ာ့ပါးေပ်ာက္ဆံုးသြားသည္တို႔ရွိၾကသည္။

မိမိ၏လုပ္ငန္း၊ မိမိ၏ေအာင္ျမင္မႈလမ္းေၾကာင္းကို ေထာက္ကူ ရာ ေရေသာက္ျမစ္မ်ား၊ ခက္လက္အျမစ္မ်ားကို ျဖတ္ေတာက္ မိသည္အထိ ျဖစ္သြားတတ္သည္။ ““ေရဗူးေပါက္တာမလိုခ်င္ ဘူး၊ ေရပါတာပဲ လိုခ်င္သည့္””အျဖစ္သို႔ ေရာက္သြားတတ္သည္။ မရလွ်င္မေပ်ာ္၊ ရမွေပ်ာ္မည့္အျဖစ္သို႔ ေရာက္သြားသည္။ ႀကီးပြားေရးစိတ္တစ္ေၾကာင္းတည္းႏွင့္ ထိုေနရာသို႔ေရာက္ေန ေသာ္လည္း ေရာက္သည့္အရပ္မွာေပ်ာ္ပါမည္လား။

ဆိုလိုခ်င္သည္က ရည္ေမွ်ာ္မွန္းခ်က္ပန္းတိုင္ကို လူတိုင္းကိုယ္စီတြင္ ထားၾကရပါမည္။ ထားသည့္အတိုင္းလည္း ေရာက္ ေအာင္သြားၾကရပါမည္။ ၀ါသနာကို အရင္းခံသည့္ ေမွ်ာ္မွန္း ခ်က္ပန္းတိုင္သည္ မေရာက္ခင္ႀကိဳးစားေနရသည္ကိုက ေပ်ာ္ေမြ႕ဖြယ္ျဖစ္သလို ေရာက္သြားလွ်င္လည္း ေက်နပ္ပီတိတို႔ႏွင့္ ျမတ္ႏိုးေနပါလိမ့္မည္။

ထို႔ေၾကာင့္ “ေရာက္တဲ့အရပ္မွာေပ်ာ္ႏိုင္ဖို႔” မိမိ၏ ေအာင္ျမင္မႈအာသာကုိျဖည့္ဆည္းရင္း အမ်ားကိုမွ်ေ၀ႏိုင္သည့္ စိတ္ကိုလည္း မေမ့ေပ်ာက္ေအာင္ သတိထားေမြးျမဴေနသင့္လွ ပါေတာ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service