အမွေဆက်ခံခြင်းအတွက် သေတမ်းစာ အတည်ပြုလက်မှတ်

အမွေဆက်ခံခြင်းအတွက် သေတမ်းစာ အတည်ပြုလက်မှတ် - Property Knowledge in Myanmar from iMyanmarHouse.com
23 Sep 2020 2:08 pm တွင် တင်ခဲ့သည်
1196 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

ကျွန်တော်၏အိမ်နီးချင်း မိတ်ဆွေဖြစ်သူ ဦးစီဗန်ဟွေးသည် နေ့စဉ် နံနက်စောစောတွင် ကျွန်တော်နှင့်အတူ လမ်းလျှောက်နေကျ ဖြစ်သဖြင့် ယနေ့လည်း လမ်းအတူလျှောက်ပြီးမှ အပြန်တွင် မိမိတို့၏ အိမ်ခန်းများသို့ မသွားသေမီ လှိုင်မြို့နယ် ၊ ပါရမီကွန်ဒိုတိုက်ခန်းဘေးတွင် ဖွင့်လှစ်ထားသော မယဉ် လက်ဖက်ရည်နှင့် မြန်မာထမင်းဆိုင်မှာ အမောဖြေရင်း စားသောက်ဖြစ်ပါသည်။

စားသာက်ရင်းမှ ဦးစီဗန်ဟွေးက “ ရှေ့နေကြီးရယ်၊ ဒီနေ့တော့ အမွေကိစ္စတွေ သိချင်တာ ရှိနေလို့ ရှင်းပြပေးဦးနော် ” ခွင့်တောင်းသဖြင့် ကျွန်တော်က “ ကောင်းပြီလေ၊ ဦးစီဗန်ဟွေး သိချင်တာကို မေးပေါ့ဗျာ ။ ကျွန်တော် သိသလောက်၊ လေ့လာထားသလောက် ရှင်းပြပါ့မယ် ”ဟု စကားလမ်းကြောင်း ဖွင့်ပေးလိုက်မှ သူက “ ဒီလိုပါခင်ဗျာ၊ ကျွန်တော်ရဲ့သားသမီးများဟာ၊ အခုလည်း နိုင်ငံရပ်ခြားတွေမှာ အလုပ်လုပ်နေကြတုန်းပါ၊ ဒါပေမဲ့ ကျွန်တော်တို့ ဇနီးမောင်နှံနဲ့ အတူ သမီးငယ်လေးတို့စုံတွဲလည်း အတူနေကြပါတယ်။ ဆရာသိတဲ့အတိုင်း လွန်ခဲ့တဲ့လက ကလေးမီးဖွားသေးတယ်လေ၊ အဲဒီကလေးကို လက်လွှတ်လို့ရတော့မှ သူတို့စုံတွဲလည်း နိုင်ငံခြားသွားပြီး အလုပ်လုပ်ကြမှာပါ ဆရာ၊ ဒါပေမဲ့ သားမတ်ဖြစ်သူဟာ သူ့မိဘတွေရဲ့ သေတမ်းစာအရ အမွေခွဲဝေယူဖို့ကိစ္စတစ်ခု ရှိနေပါတယ်။ဒါပေမဲ့ ပြဿနာကသူကိုယ်တိုင်ဟာ ယခင်တုန်းကတော့ သူ့မောင်နှမအမွေဆိုင်တွေကြားထဲမှာ သေတမ်းစာမူရင်းကလည်း လှိုင်မြို့နယ်မှာ မီးဘေးသင့်တုန်းက ပါသွားတယ် ပြောပါတယ်။ အဲဒါကြောင့် သေတမ်းစာအတည်ပြုသူလက်မှတ်ထုတ်ပေးဖို့ လျှောက်ထားလို့ ရနိုင်မလားဆိုတာကို သိချင်တာပါ ခင်ဗျာ ” ဟု မေးလာပါသည်။

ကျွန်တော်က “ သြော်…ဒီကိစ္စကိုသိချင်တာလား ၊ ဒါကတော့ မိတ်ဆွေကြီးရယ် ၊ သေတမ်းစာကလည်း မရှိတော့တဲ့အတွက် မိတ်ဆွေကြီးရဲ့ သာမတ်အဖြစ်သူဟာ သေတမ်းစာအတည်ပြုသူတစ်ဦးအဖြစ် ခွင့်ပြုထားကြောင်းကိုတော့၊ သက်သေပြရမှာပါ၊ အဲဒီအတွက် သေတမ်းစာကိုများ ၊ ဓာတ်ပုံရိုက်ထားမိသေးလားလို့ သိချင်ပါတယ် ” ဟု ပြောလိုက်၍ သူက “ ဟုတ်ကဲ့ပါ ၊ ဓာတ်ပုံရိုက်ထားတာရှိပါတယ် ”ဟု အားတက်သရောပြောသဖြင့် ကျွန်တော်က “ ဒါဖြင့်ရင်လည်း၊ ဥပဒေအတိုင်း ပြောရမယ်ဆိုရင် ၊ အမွေဆက်ခံခြင်း အက်ဥပဒေပုဒ်မ ၂၃၈ တွင် သေတမ်းစာ ပျောက်ဆုံး သို့မဟုတ် ပျက်စီးခဲ့လျှင် သေတမ်းစာပါ အကြောင်းအရာများကို သက်သေခံချက်နှင့်ထင်ရှာအောင် ပြသနိုင်ကြောင်း၊ ယင်းသို့ ထင်ရှားအောင် ပြသနိုင်လျှင် အတည်ပြု လက်မှတ်ပေးအပ်ခွင့်ရကြောင်းဖြင့် ပြဌာန်ထားပါတယ် ”

“ မိတ်ဆွေကြီးအနေနဲ့ ပိုပြီးရှင်းလင်းသွားအောင် စီရင်ထုံးနဲ့ ဆုံးဖြတ်ချက်ကို ပြောပြပေးပါ့မယ် ”

“နောက်ပြီး သေတမ်းစာ အတည်ပြုသူအဖြစ် ခန့်ထားခြင်း မခံရသူဖြစ်နေရင် သေတမ်းစာ အတည်ပြုလက်မှတ်ထုတ်ပေးမှာ မဟုတ်ဘူးနော် ”

“ အဲ့ဒါနဲ့ပတ်သက်ပြီး ပြောချင်တာကတော့ သေတမ်းစာ အတည်ပြူသူအဖြစ် ခန့်ထားခြင်း မခံရသူအား သေတမ်းစာ အတည်ပြုလက်မှတ်ထုတ်ပေးခြင်းသည် မှန်ကန်မှု မရှိကြောင်းကို ဆုံးဖြတ်ထားတဲ့ “ ဦးစန်းမောင်ပါ ၅ နှင့် ဒေါ်မြယု (ခ) ဒေါ်ခင်မမကြီး၊ ၂၀၀၇ ခုနှစ် ၊ တရားမအထူးအယူခံမှု ၊ မြန်မာနိုင်ငံ တရားစီရင်ထုံး ၊ စာ-၁၅ ” စီရင်ထုံးကို ညွန်းဆိုရပါမယ် ”

“ မူလရုံးအမှုတွဲကို စိစစ်ရာက ဒေါ်ခင်မြယု (ခ) ဒေါ်ခင်မမကြီးက အဘွားဖြစ်သူ ဒေါ်လှရင် ရေးသားခဲ့သည်. ၄-၁၀-၇၃ ရက်စွဲပါ သေတမ်းစာအရ သေတမ်းစာအတည်ပြုလက်မှတ်ထုတ်ဖော်ရန် လျှောက်ထားခြင်း ဖြစ်တယ်။ ယင်းလျှောက်ထားချက်အပေါ် ဦးစန်းမောင်တို့က ကန့်ကွက်လွှာတင်သွင်းခဲ့တယ် ”

" ယင်းသို့ ကန့်ကွက်လွှာ တင်သွင်းခဲ့သော်လည်း တိုင်းတရားရုံးက၊ အမွေဆက်ခံခြင်းအက်ဥပဒေပုဒ်မ ၂၉၅ ပါ ပြဌာန်းချက်နှင့်အညီ၊ တရားမကြီးမှု ပြောင်းလဲဖွင့်လှစ်ခြင်း မပြုဘဲ၊ နှစ်ဖက်သက်သေခံချက်များ ရယူကာ ဒေါ်ခင်မြယုလျှောက်ထားသည့်အတိုင်း သေတမ်းစာအတည်ပြုလက်မှတ် ထုတ်ပေးခဲ့ကြောင်းတွေ့ရတယ် ”

“ ယင်းအမိန့်ကို ဦးစန်းမောင်ပါ ၅ တို့က ကျေနပ်မှု မရှိသဖြင့်၊ တရားရုံးချုပ် (မန္တလေးရုံးဆိုင်) တွင် ၂၀၀၅ ခုနှစ် ၊ တရားမအထွေထွေ အယူခံမှု အမှတ် ၃၄ ကို တင်သွင်းရာ မအောင်မြင်သဖြင့်တရား ရုံးချုပ်တွင် ပြန်လည်စိစစ်ဆေးပေးရန် အထူးအယူခံဝင်ခြင်း ဖြစ်ပါတယ်”

“ ဒေါ်ခင်မြယုက သေတမ်းစာမူရင်မျာ ပျောက်ဆုံးသွားသဖြင့် ၁၉၇၃ ခုနှစ် ၊ အောက်တိုဘာလ ၄ ရက်နေ့စွဲဖြင့် အခွန်တော် ၁ိ/-တန် တံဆိပ်ခေါင်းစာရွက်ပေါ်တွင် သေတမ်းစာချုပ်ဟူ၍ လက်နှိပ်စက်ဖြင့် ရိုက်နှိပ်ပြုလုပ် ချုပ်ဆိုထားသော ဓာတ်ပုံမိတ္တူ ၂ စောင်ကို သေတမ်းစာသက်သေခံအမှတ် (ခ)ကို တင်ပြတယ် ”

“ ယင်းသေတမ်းစာတွင် ပစ္စည်းစာရင်းကို ဖော်ပြထားသော်လည်း ဒေါ်လှရင်က ယင်းသေတမ်းစာအရ၊ သေတမ်းစာအတည်ပြုသူအဖြစ်၊ ဒေါ်ခင်မြယုကိုသော်လည်းကောင်း၊ အခြားတစ်ဦးတစ်ယောက်ကိုသော်လည်းကောင်း ခန့်ထားခြင်း မရှိခဲ့ပေ ”

“ အမွေဆက်ခံခြင်း အက်ဥပဒေပုဒ်မ ၂၂၂ တွင် ပြဌာန်းထားသည်မှာ သေတမ်းစာအတည်ပြုသူတစ်ဦးတစ်ယောက်ကိုသာ ခွင့်ပြုနိုင်တယ် ၊ သို့ဖြစ်၍ သေတမ်းစာအတည်ပြုသူအဖြစ် ခန့်ထားခြင်း မခံရသူအား ၊ သေတမ်းစာ အတည်ပြုလက်မှတ်ထုတ်ပေးနိုင်မည် မဟုတ်ပါ၊ ထို့ပြင် သေတမ်းစာ အတည်ပြုလက်မှတ်ထုတ်ပေးရန် လျှောက်လွှာတွင်၊ဖော်ပြရမည် အချက်အလက်များ၊ သတ်မှတ်ရာ၌ အမွေဆက်ခံခြင်း အက်ဥပဒေပုဒ်မ ၂၇၆(၁)(င)အရ သေတမ်းစာ အတည်ပြုလက်မှတ်ရရန်လျှောက်ထားရာ၌ လျှောက်ထားသူသည်သေတမ်းစာတွင် အမည်ဖော်ပြပါရှိသည့် သေတမ်းစာ အတည်ပြုသူဖြစ်ကြောင်း ဖော်ပြရန် လိုအပ်သည်ဟု ပြဌာန်းထားပါသည် ”

“ သို့ဖြစ်ရာ အဆိုပါ သေတမ်းစာတွင် သေတမ်းစာ အတည်ပြုသူအဖြစ်ဒေါ်ခင်မြယုအား ခန့်ထားခြင်း မရှိသဖြင့် တရားရုံးက ၎င်းအားသေတမ်းစာအတည်ပြုလက်မှတ် ထုတ်ပေးခြင်းသည် ဥပဒေနှင့် မညီညွတ်ပေ ”

“ ထို့ကြောင့် ဤအထူးအယူခံခုံရုံးက ကြားနာလျက်ရှိသော ပြဿနာကို ဖြေဆိုလိုက်သည်မှာ (က) သေတမ်းစာအရ သေတမ်းစာအတည်ပြုသူအဖြစ် ခန့်ထားခြင်း မခံရသူ ဒေါ်ခင်မြယုအား သေတမ်းစာ အတည်ပြုလက်မှတ်ထုတ်ပေးသည့်တိုင်းတရားရုံး၏ အမိန့်ကို အတည်ပြုခဲ့သော တရားရုံးချုပ် (မန္တလေးရုံးတိုင်)၏ အမိန့်သည် အမှုတွဲ ပေါ်ပေါက်လျက်ရှိသော သက်သေခံအထောက်အထားများအရ မှန်ကန်မှု မရှိကြောင်း”

(ခ) မန္တလေးခရိုင်တရားရုံး၊ ၁၉၉၈ ခုနှစ်၊ တရာမကြီးမှုအမှတ် ၂၀၂ တွင် ဒေါ်လှရင် ဒေါ်ခင်မြယုအား အချင်းဖြစ်အခန်း ၄ ခန်းကို သေတမ်းစာအဖြစ် ပေးခဲ့သည်ဆိုခြင်မှာ မမှန်ကြောင်းကို သက်သေခံ (၂) စီရင်ချက်အရ ဆုံးဖြတ်ပြီး ဖြစ်၍ တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၁ အရ ယခုစွဲဆိုသော အမှုတွင် မီးသေကြောင့် ဖြစ်သဖြင့်၊ ဤ တရားမ အထူးအယူခံမှုကို ခွင့်ပြုပြီး တရားရုံးချုပ် (မန္တလေးရုံးထိုင်) နှင့် တိုင်းတရားရုံးတို့၏ အမိန့်ကို ပယ်ဖျက်လိုက်ကြောင်းနှင့် မူလလျှောက်ထားသူ ဒေါ်ခင်မြယု စွဲဆိုသော အမှုကို စရိတ်နှင့်တကွ ပလပ်လိုက်ပါတယ် ခင်ဗျာ ”

“ ဦးစီဗန်ဟွေးရေ အဲဒီစီရင်ထုံးအတိုင်း ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက် မိတ်ဆွေကြီးနဲ့ မိတ်ဆွေကြီးသားမက်တို့ဘက်က သေချာရင်တော့ ဆက်ပြီ ဆောင်ရွက်နိုင်ပါတယ်လို့ အကြံပေးပါရစေခင်ဗျာ ” ဟု ပြောလိုက်မှ ဦးစီဗန်ဟွေးလည်း မျက်နှာရွှင်လန်းသွားပြီးနောက် ကျသင့်ငွေများကို ပေးချေကာ ဧည့်ဝတ်ပြုပါတော့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ကြယ်နီလေး(ဥပဒေ)

 

[Zawgyi]














“ သို့ဖြစ်ရာ အဆိုပါ သေတမ်းစာတွင် သေတမ်းစာ အတည်ပြုသူအဖြစ်ဒေါ်ခင်မြယုအား ခန့်ထားခြင်း မရှိသဖြင့် တရားရုံးက ၄င်းအားသေတမ်းစာအတည်ပြုလက်မှတ် ထုတ်ပေးခြင်းသည် ဥပဒေနှင့် မညီညွတ်ပေ ”







 

Credit: ကြယ်နီလေး(ဥပဒေ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service