ရောင်းဖိုးငွေ၊ အရောင်းအဝယ်ပြုလုပ်သည့် ပစ္စည်းလက်ရောက်ပေးအပ်ရန် လိုအပ်သည့်ကိစ္စ
ရောင်းဖိုးငွေ၊ အရောင်းအဝယ်ပြုလုပ်သည့် ပစ္စည်းလက်ရောက်ပေးအပ်ရန် လိုအပ်သည့်ကိစ္စ - Property Knowledge in Myanmar from iMyanmarHouse.com
21 Sep 2020 12:05 pm တွင် တင်ခဲ့သည်
734 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
ငှားရမ်းသည်ဖြစ်စေ၊ ပေါင်နှံသည်ဖြစ်စေ၊ ပေးကမ်းသည်ဖြစ်စေ၊ ရောင်းသည်ဖြစ်စေ လက်ရောက်ပေး အပ်ရမည့်ကိစ္စဖြစ်သည်။
ဥပမာ - အရောင်းအဝယ်ပြုသည်ဆိုပါက ဝယ်သူက ငွေကိုလက်ရောက်ပေးချေပြီး ရောင်းသူကလည်း ပစ္စည်းကိုလက်ရောက်ပေးအပ်ရမည်ဖြစ်သည်။
လက်ရောက်ပေးအပ်သည့်ကိစ္စသည် ရွှေ့ပြောင်းနိုင်သောပစ္စည်းအတွက်ဖြစ်ပါမူ ပြဿနာပေါ်ပေါက် စရာမရှိဟုဆိုရပါမည်။ သို့သော် မရွှေ့ပြောင်းနိုင်သောပစ္စည်းတွင်မူ ပြဿနာရှိနိုင်သည် ဖြစ်သောကြောင့် လက်ရောက်ပေးအပ်သည့်ကိစ္စနှင့်ပတ်သက်၍ စာချုပ်ချုပ်ပါက သတိမူနိုင်ရန် အချက်တစ်ခုဖြစ်ပါသည်။
စာချုပ်ချုပ်ရာတွင် စာတစ်လုံး၏ တန်ဖိုး မည်မျှ ခရီးပေါက်သည်၊ မည်မျှ အရေးပါသည်ဆိုသည့် အချက်ကိုပါ အိမ်နှင့်မြေ အရောင်းအဝယ်ပြုလုပ်သည့် ကိစ္စတစ်ရပ်များတွင် အလွန်သိသာပေသည်။ စရန်စာချုပ်တွင် ရောင်းဖိုးငွေ အပြေအကြေပေးချေသည့်နေ့တွင် အရောင်းအဝယ်ပြုလုပ်သော အိမ်နှင့်မြေကို လက်ရောက်ပေးအပ်ပါမည်ဟု ထည့်သွင်းချုပ်ဆိုကြသည်။
ထိုအခါ ရောင်းဖိုးငွေကို အပြေအကြေပေးချေသည့်နေ့တွင် ငွေပေးချေပြီး စာရွက်စာတမ်းအထောက် အထားမူရင်းများကို ရယူကာ အရောင်းအဝယ်ကို အလွယ်ပင်ပြုလုပ်ကြသည်။
အရောင်းအဝယ်ပြုလုပ်သည့် အိမ်နှင့်မြေကို လက်ထိလက်ရောက်ပေးအပ်ခြင်းမရှိဘဲ အိမ်သော့သာ အလွယ်ပေးအပ် အလွယ်ယူကြသည်။ ဝယ်ယူသူက အိမ်နှင့်မြေကို သွားကြည့်သောအခါတွင် အိမ်ငှားများရှိနေခြင်း၊ ကျူးကျော်များရှိနေခြင်းများရှိတတ်သည်။
ရောင်းသူအား ၎င်းတို့ကို ဖယ်ရှားခိုင်းလျှင် ရောင်းသူကလည်း လက်ရောက်လွှဲအပ်ပြီးဖြစ်၍ ၎င်းတာဝန် မဟုတ်ကြောင်း၊ ၎င်းနှင့်မသက်ဆိုင်ကြောင်း၊ ၎င်းအနေဖြင့် စာချုပ်ပါသဘောတူညီချက်အတိုင်း ဆောင်ရွက် ပြီးဖြစ်ကြောင်း ငြင်းဆိုခြင်းလာနိုင်သည်။ ထိုအခါ ရောင်းဖိုးငွေအပြေအေကြေပေးချေသည့်နေမှစ၍ ဝယ်ယူသူ ထံ လက်ရောက်ပေးအပ်ပြီးဖြစ်သောကြောင့် အိမ်ငှားများ၊ ကျူးကျော်နေထိုင်သူများကို ဖယ်ရှားရန် တာဝန် သည် ဝယ်ယူသူ၏တာဝန်ဖြစ်သွားပေမည်။
ထို့ကြောင့် စတင်စာချုပ်ချုပ်ဆိုစဉ်ကတည်းက အရောင်းအဝယ်ပြုလုပ်သည့် အိမ်နှင့်မြေကို နေသူမဲ့ လက်ရောက်လွှဲပြောင်းပေးအပ်ရန်နှင့် ရောင်းသူမှ အရောင်းအဝယ်ပြုလုပ်သည့် အိမ်နှင့်မြေကို ဝယ်ယူသူသို့ ကိုယ်တိုင်လက်ရောက်ပေးအပ်ရန် စသည့်အချက်အလက်ကို အသေးစိတ်ဖော်ပြချုပ်ဆိုမှသာ အထက်ပါ ပြသာနာများဖြစ်ပွားခြင်းမှ ရှောင်ရှားနိုင်မည်ဖြစ်သည်။
ရောင်းဖိုးငွေပေးချေသည့်အခါတွင်လည်း ယခုခေတ်ကာလတွင် ငွေသားပေးချေခြင်း၊ ဘဏ်ချက် လက်မှတ်ပေးခြင်းစသည့်ဖြင့် အမျိုးမျိုးပေးချေလာကြသည်။ မည်သို့ပင်ပေးချေစေကာမူ ပေးချေသည့်စနစ်ကို စာချုပ်တွင် အသေးစိတ်ဖော်ပြရန်လိုအပ်မည်ဖြစ်သည်။ ဥပမာ- ငွေသားဖြစ်ပါကလည်း ဘဏ်တွင်ပေးချေခြင်း ဖြင့် ငွေစက္ကူအတု/အစစ် ပြသာနာကို တစ်ခါတည်းဖြေရှင်းပြီးဖြစ်၍ နောက်မှ ဝယ်ယူသူပေးချေသည့် ငွေသည် အတုဖြစ်သည့်ဟု စွပ်စွဲခြင်းမပြုနိုင်ပါ။ ဘဏ်ချက်စ်လက်မှတ်ပေးချမည်ဆိုလျှင်လည်း ဘဏ်အမည်၊ ချက် လက်မှတ် အမှတ်၊ ဘဏ်စာရင်းတွင် ပေးချေမည့် ငွေလုံလောက်စွာရှိ/မရှိ စစ်ဆေးခြင်း စသည့်ကိစ္စရပ်များကို အသေးစိတ်ဖော်ပြခြင်းဖြင့် ချက်လက်မှတ်အတု/အစစ်ပြသာနာ၊ ဘဏ်စာရင်းတွင် ငွေမရှိသည့်ပြသာနာများကို အလုံးစုံစစ်ဆေးနိုင်မည်ဖြစ်သည်။
ထို့ကြောင့် အရောင်းအဝယ်၊ အပေါင်၊ အငှားစာချုပ်များကို ကွန်ပျူတာဆိုင်များမှ အလွယ်တကူ ဝယ်ယူမသုံးသင့်ဘဲ ကျွမ်းကျင်နားလည်သော ဥပဒေပညာရှင်များဖြင့် ချုပ်ဆိုခြင်းဖြင့်် စာလုံးတစ်လုံး၏ တန်ဖိုး၊ အဓိပ္ပာယ်ကွာခြားခြင်း၊ လုပ်ငန်းသေချာစွာဆောင်ရွက်နိုင်ခြင်း စသည့်ကိစ္စများ ကွာခြားသည့်အတွက် အမှား အယွင်းဖြစ်ပွားမှုမှ ကာကွယ်နိုင်ပြီး ဆုံးရှုံးမှုများမဖြစ်ပေါ်နိုင်ရန်အတွက် ဥပဒေဗဟုသုတရရှိစေရန် ရေးသား ဖော်ပြအပ်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ထို့ကြောင့် အရောင်းအဝယ်၊ အပေါင်၊ အငှားစာချုပ်များကို ကွန်ပျူတာဆိုင်များမှ အလွယ်တကူ ဝယ်ယူမသုံးသင့်ဘဲ ကျွမ်းကျင်နားလည်သော ဥပဒေပညာရှင်များဖြင့် ချုပ်ဆိုခြင်းဖြင့် စာလုံးတစ်လုံး၏ တန်ဖိုး၊ အဓိပ္ပာယ်ကွာခြားခြင်း၊ လုပ်ငန်းသေချာစွာဆောင်ရွက်နိုင်ခြင်း စသည့်ကိစ္စများ ကွာခြားသည့်အတွက် အမှား အယွင်းဖြစ်ပွားမှုမှ ကာကွယ်နိုင်ပြီး ဆုံးရှုံးမှုများမဖြစ်ပေါ်နိုင်ရန်အတွက် ဥပဒေဗဟုသုတရရှိစေရန် ရေးသား ဖော်ပြအပ်ပါသည်။
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
CarsDB
Ponnami Estate
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service