နေအိမ်ရှိ ပင့်ကူများအား ထိန်းချုပ်ရန် ထိရောက်သည့် နည်းလမ်းများ

နေအိမ်ရှိ ပင့်ကူများအား ထိန်းချုပ်ရန် ထိရောက်သည့် နည်းလမ်းများ - Property Knowledge in Myanmar from iMyanmarHouse.com
19 Sep 2020 12:13 pm တွင် တင်ခဲ့သည်
2408 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ပင့်ကူတွေဆိုတာ နေအိမ်တွေမှာ ကြောက်စရာအကောင်းဆုံးပိုးမွှားတိရစ္ဆာန်တစ်မျိုးပဲ ဖြစ်ပါတယ်။ အခြားပိုးမွှားတိရစ္ဆာန်တွေထက် ပင့်ကူတွေကို ‌ကြောက်ကြသူ ပိုများပါတယ်။ ဒါကလည်း အကျိုးသင့်အကြောင်းသင့်လက်ခံနိုင်စရာပါ။ အချို့သော အဆိပ်ရှိ ပင့်ကူအမျိုးအစားတွေ ကိုက်ခံရရင် ဆေးရုံရောက်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ရှားပါးဖြစ်စဉ်တွေဆိုပေမဲ့လည်း အသက်သေဆုံးမှုတွေတောင် ရှိတတ်တာပါနော်။

ပင့်ကူတွေကို ဘယ်လိုတားဆီးထိန်းချုပ်မယ်ဆိုတာနဲ့ပတ်သက်ပြီး သင်သိထားရမယ့်အချက်တွေ ရှိပါတယ်။

၁။ ပင့်ကူတွေကို အကောင်းဆုံးထိန်းချုပ်နိုင်ဖို့ မမျှော်လင့်ပါနဲ့။ သင်သုံးတဲ့ပိုးသတ်ဆေး ဘယ်လောက်အစွမ်းထက်ပါစေ ပင့်ကူတွေက ပိုးသတ်ဆေးတွေကို အလွယ်တကူမစားကြပါဘူး။ ဒီတော့ ပိုးသတ်ဆေးဖျန်းတာက ပင့်ကူတွေကို ထိန်းချုပ်တဲ့အခါ သင်အသုံးပြုသင့်တဲ့ တစ်ခုတည်းသော နည်းလမ်းမဟုတ်နိုင်ပါဘူး။ သူတို့ခြေတံတွေက အရှည်ကြီးမို့ သူတို့ဝမ်းဗိုက်ဟာ ကြမ်းပြင်ကို မထိပါဘူး။ ဒီတော့ မျက်နှာပြင်တစ်ခုပေါ် ဖျန်းထားတဲ့ ပိုးသတ်ဆေးတွေကို သူတို့ခြေထောက်တွေနဲ့ပဲ ထိမှာပါ။ ပင်ကူတွေမှာ သွေးလှည့်ပတ်မှုစနစ်လည်း မရှိတာကြောင့် ခြေထောက်ကပိုးသတ်ဆေးဟာ ခန္ဓာကိုယ်ထဲ ရောက်သွားစရာအကြောင်းကလည်း ဘယ်လိုမှမရှိတော့ပါဘူး။

၂။ ဒီတော့ သင် ပိုးသတ်ဆေးဖျန်းတဲ့အခါ ပင့်ကူတွေကို တိုက်ရိုက်ဖျန်းရပါမယ်။ ပုရွက်ဆိတ်၊ ပိုးဟပ်နဲ့ နကျယ်ကောင်တွေလိုမျိုး တကယ့်အင်းဆက်ပိုးကောင်တွေကတော့ ပါးစပ်ကို သုံးပြီး ကိုယ်လက်သန့်စင်တာမို့ သူတို့ရဲ့ကိုယ်လက်ခြေထောက်တွေမှာ ကပ်နေတဲ့ ပိုးသတ်ဆေးတွေကို စားမိပြီး ကိစ္စတုံးကြတာပါ။ ဒါပေမဲ့ ပင့်ကူတွေကျတော့ ပါးစပ်ကို သုံးလေ့မရှိတာသလို သူတို့ဘဝရဲ့အချိန်တော်တော်များများကိုလည်း သူတို့ရဲ့ကွန်ရက် (ပင့်ကူအိမ်) ထဲမှာပဲ အချိန်ကုန်တာကြောင့် ပိုးသတ်ဆေးကို တိုက်ရိုက်ထိဖျန်းပြီး သတ်ဖို့ လိုပါတယ်။

၃။ ဖျန်းတဲ့အခါ အက်ကြားနေရာလိုမျိုး ပင့်ကူတွေ အဝင်အထွက်လုပ်တဲ့နေရာတွေကို ဖျန်းရင် ထိနိုင်ခြေများတာမို့ ပိုပြီးထိရောက်နိုင်ပါတယ်။

၄။ အိမ်မှာ ပြေးလွှားခုန်ပေါက်နေတဲ့ ပင့်ကူတွေကို ထိန်းချုပ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ သူတို့ရဲ့အစားအစာရင်းမြစ်တွေကို ထိန်းချုပ်တာပါပဲ။ ပင့်ကူတွေဟာ အခြားအင်းဆက်ပိုးကောင်တွေကို စားပါတယ်။ ဒါကြောင့် သင့်အိမ်မှာ အခြားအင်းဆက်ပိုးကောင်တွေကို လျော့နည်းစေလိုက်ရင် သူတို့ရဲ့အစားအစာရင်းမြစ်တွေ လျော့နည်းသွားမှာပဲ ဖြစ်ပါတယ်။ ဒါဆိုရင် ပင့်ကူတွေ ဟိုဟိုဒီဒီလမ်းသလားဖို့ စိတ်ဝင်စားမှုလျော့သွားကြပါလိမ့်မယ်။ ပင့်ကူအများစုက မီးအလင်းရောင်တွေအနားသွားရတာကိုလည်း နှစ်သက်ကြပါတယ်။ ဘာလို့ဆို မီးအလင်းရောင်တွေဆီလာတဲ့ ပျံနိုင်တဲ့ အင်းဆက်ပိုးကောင်တွေကို ဖမ်းယူစားသောက်ဖို့ပဲ ဖြစ်ပါတယ်။

၅။ ဒါကြောင့် ပင့်ကူတွေ ရှင်းလင်းစေဖို့ဆိုရင် အခြားပိုးကောင်တွေကိုလည်း ရှင်းပစ်ပါ။ အိမ်တွေမှာ တွေ့ရတဲ့ အခြားပိုးကောင်တွေအား ရှင်းနည်းတွေကိုလည်း iMyanmarHouse.com ဝဘ်ဆိုက်ထဲ ဖော်ပြပေးထားတာမို့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ အချို့ပိုးကောင်တွေကိုဆို အတော်လေးစေးကပ်တဲ့ကော် ကပ်ထားတဲ့ ချပ်ပြားတွေ သုံးပြီး အလွယ်တကူဖမ်းနိုင်တာမို့ ဒီနည်းကိုလည်းပဲ အသုံးပြုနိုင်ပါသေးတယ်။

နောက်ဆုံးအနေနဲ့ ပြောပြချင်တာကတော့ ပင့်ကူတွေကို လက်နဲ့တိုက်ရိုက်ကိုင်ဖမ်းတာမျိုး၊ လက်နဲ့တိုက်ရိုက်ဖိသတ်တာမျိုး မလုပ်မိစေဖို့နဲ့ သတင်းစာလိုမျိုး ကြားခံတစ်ခုခုထားကြပါလို့ အကြံပြုရေးသားဖော်ပြအပ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

[Zawgyi]

ေနအိမ္ရွိ ပင့္ကူမ်ားအား ထိန္းခ်ဳပ္ရန္ ထိေရာက္သည့္ နည္းလမ္းမ်ား

ပင့္ကူေတြဆိုတာ ေနအိမ္ေတြမွာ ေၾကာက္စရာအေကာင္းဆုံးပိုးမႊားတိရစာၦန္တစ္မ်ိဳးပဲ ျဖစ္ပါတယ္။ အျခားပိုးမႊားတိရစာၦန္ေတြထက္ ပင့္ကူေတြကို ‌ေၾကာက္ၾကသူ ပိုမ်ားပါတယ္။ ဒါကလည္း အက်ိဳးသင့္အေၾကာင္းသင့္လက္ခံႏိုင္စရာပါ။ အခ်ိဳ႕ေသာ အဆိပ္ရွိ ပင့္ကူအမ်ိဳးအစားေတြ ကိုက္ခံရရင္ ေဆး႐ုံေရာက္တဲ့အထိ ျဖစ္သြားႏိုင္ပါတယ္။ ရွားပါးျဖစ္စဥ္ေတြဆိုေပမဲ့လည္း အသက္ေသဆုံးမႈေတြေတာင္ ရွိတတ္တာပါေနာ္။

ပင့္ကူေတြကို ဘယ္လိုတားဆီးထိန္းခ်ဳပ္မယ္ဆိုတာနဲ႔ပတ္သက္ၿပီး သင္သိထားရမယ့္အခ်က္ေတြ ရွိပါတယ္။

၁။ ပင့္ကူေတြကို အေကာင္းဆုံးထိန္းခ်ဳပ္ႏိုင္ဖို႔ မေမွ်ာ္လင့္ပါနဲ႔။ သင္သုံးတဲ့ပိုးသတ္ေဆး ဘယ္ေလာက္အစြမ္းထက္ပါေစ ပင့္ကူေတြက ပိုးသတ္ေဆးေတြကို အလြယ္တကူမစားၾကပါဘူး။ ဒီေတာ့ ပိုးသတ္ေဆးဖ်န္းတာက ပင့္ကူေတြကို ထိန္းခ်ဳပ္တဲ့အခါ သင္အသုံးျပဳသင့္တဲ့ တစ္ခုတည္းေသာ နည္းလမ္းမဟုတ္ႏိုင္ပါဘူး။ သူတို႔ေျခတံေတြက အရွည္ႀကီးမို႔ သူတို႔ဝမ္းဗိုက္ဟာ ၾကမ္းျပင္ကို မထိပါဘူး။ ဒီေတာ့ မ်က္ႏွာျပင္တစ္ခုေပၚ ဖ်န္းထားတဲ့ ပိုးသတ္ေဆးေတြကို သူတို႔ေျခေထာက္ေတြနဲ႔ပဲ ထိမွာပါ။ ပင္ကူေတြမွာ ေသြးလွည့္ပတ္မႈစနစ္လည္း မရွိတာေၾကာင့္ ေျခေထာက္ကပိုးသတ္ေဆးဟာ ခႏၶာကိုယ္ထဲ ေရာက္သြားစရာအေၾကာင္းကလည္း ဘယ္လိုမွမရွိေတာ့ပါဘူး။

၂။ ဒီေတာ့ သင္ ပိုးသတ္ေဆးဖ်န္းတဲ့အခါ ပင့္ကူေတြကို တိုက္႐ိုက္ဖ်န္းရပါမယ္။ ပု႐ြက္ဆိတ္၊ ပိုးဟပ္နဲ႔ နက်ယ္ေကာင္ေတြလိုမ်ိဳး တကယ့္အင္းဆက္ပိုးေကာင္ေတြကေတာ့ ပါးစပ္ကို သုံးၿပီး ကိုယ္လက္သန႔္စင္တာမို႔ သူတို႔ရဲ႕ကိုယ္လက္ေျခေထာက္ေတြမွာ ကပ္ေနတဲ့ ပိုးသတ္ေဆးေတြကို စားမိၿပီး ကိစၥတုံးၾကတာပါ။ ဒါေပမဲ့ ပင့္ကူေတြက်ေတာ့ ပါးစပ္ကို သုံးေလ့မရွိတာသလို သူတို႔ဘဝရဲ႕အခ်ိန္ေတာ္ေတာ္မ်ားမ်ားကိုလည္း သူတို႔ရဲ႕ကြန္ရက္ (ပင့္ကူအိမ္) ထဲမွာပဲ အခ်ိန္ကုန္တာေၾကာင့္ ပိုးသတ္ေဆးကို တိုက္႐ိုက္ထိဖ်န္းၿပီး သတ္ဖို႔ လိုပါတယ္။

၃။ ဖ်န္းတဲ့အခါ အက္ၾကားေနရာလိုမ်ိဳး ပင့္ကူေတြ အဝင္အထြက္လုပ္တဲ့ေနရာေတြကို ဖ်န္းရင္ ထိႏိုင္ေျခမ်ားတာမို႔ ပိုၿပီးထိေရာက္ႏိုင္ပါတယ္။

၄။ အိမ္မွာ ေျပးလႊားခုန္ေပါက္ေနတဲ့ ပင့္ကူေတြကို ထိန္းခ်ဳပ္ဖို႔ အေကာင္းဆုံးနည္းလမ္းကေတာ့ သူတို႔ရဲ႕အစားအစာရင္းျမစ္ေတြကို ထိန္းခ်ဳပ္တာပါပဲ။ ပင့္ကူေတြဟာ အျခားအင္းဆက္ပိုးေကာင္ေတြကို စားပါတယ္။ ဒါေၾကာင့္ သင့္အိမ္မွာ အျခားအင္းဆက္ပိုးေကာင္ေတြကို ေလ်ာ့နည္းေစလိုက္ရင္ သူတို႔ရဲ႕အစားအစာရင္းျမစ္ေတြ ေလ်ာ့နည္းသြားမွာပဲ ျဖစ္ပါတယ္။ ဒါဆိုရင္ ပင့္ကူေတြ ဟိုဟိုဒီဒီလမ္းသလားဖို႔ စိတ္ဝင္စားမႈေလ်ာ့သြားၾကပါလိမ့္မယ္။ ပင့္ကူအမ်ားစုက မီးအလင္းေရာင္ေတြအနားသြားရတာကိုလည္း ႏွစ္သက္ၾကပါတယ္။ ဘာလို႔ဆို မီးအလင္းေရာင္ေတြဆီလာတဲ့ ပ်ံႏိုင္တဲ့ အင္းဆက္ပိုးေကာင္ေတြကို ဖမ္းယူစားေသာက္ဖို႔ပဲ ျဖစ္ပါတယ္။

၅။ ဒါေၾကာင့္ ပင့္ကူေတြ ရွင္းလင္းေစဖို႔ဆိုရင္ အျခားပိုးေကာင္ေတြကိုလည္း ရွင္းပစ္ပါ။ အိမ္ေတြမွာ ေတြ႕ရတဲ့ အျခားပိုးေကာင္ေတြအား ရွင္းနည္းေတြကိုလည္း iMyanmarHouse.com ဝဘ္ဆိုက္ထဲ ေဖာ္ျပေပးထားတာမို႔ ဝင္ေရာက္ဖတ္ရႈႏိုင္ပါတယ္။ အခ်ိဳ႕ပိုးေကာင္ေတြကိုဆို အေတာ္ေလးေစးကပ္တဲ့ေကာ္ ကပ္ထားတဲ့ ခ်ပ္ျပားေတြ သုံးၿပီး အလြယ္တကူဖမ္းႏိုင္တာမို႔ ဒီနည္းကိုလည္းပဲ အသုံးျပဳႏိုင္ပါေသးတယ္။

ေနာက္ဆုံးအေနနဲ႔ ေျပာျပခ်င္တာကေတာ့ ပင့္ကူေတြကို လက္နဲ႔တိုက္႐ိုက္ကိုင္ဖမ္းတာမ်ိဳး၊ လက္နဲ႔တိုက္႐ိုက္ဖိသတ္တာမ်ိဳး မလုပ္မိေစဖို႔နဲ႔ သတင္းစာလိုမ်ိဳး ၾကားခံတစ္ခုခုထားၾကပါလို႔ အႀကံျပဳေရးသားေဖာ္ျပအပ္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service