ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
အိမ်ခြံမြေဝယ်ယူရာတွင်ပေးဆောင်ရမည့် စည်းကြပ်မှုမှလွတ်ကင်းနေသည့် ဝင်ငွေအပေါ် ပေးဆောင်ရမည့် အခွန်နှုန်းထားကို ပြည်ထောင်စုလွှတ်တော်မှ နှစ်အလိုက် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပြငှာန်းကောက်ခံလျှက်ရှိပါသည်။ ၂၀၁၉ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေအရ
၁ကျပ် မှ သိန်းတစ်ထောင် အထိ ၃%
သိန်းတစ်ထောင့်တစ်ကျပ်မှ သိန်းသုံးထောင် အထိ ၅%
သိန်းသုံးထောင့်တစ်ကျပ်မှ သိန်းတစ်သောင်း အထိ ၁၀%
သိန်းတစ်သောင်းတစ်ကျပ်မှ သိန်းသုံးသောင်း အထိ ၁၅%
သိန်းသုံးသောင်းတစ်ကျပ်နှင့်အထက် ၃၀%
စသည်ဖြင့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့မှ ၂၀၂၀ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေအထိ ကောက်ခံလျက်ရှိပါသည်။
၂၀၂၀ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေအရ နိုင်ငံသားမည်သူမဆို အခြေပစ္စည်းတစ်ရပ်ရပ် ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်းအသစ်တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံတိုးချဲ့ ဆောင်ရွက်ခြင်းတို့အတွက် အသုံးပြုသည့်ဝင်ငွေမှ ဝင်ငွေရလမ်းတင်ပြနိုင်သည့် ဝင်ငွေရှိပါက ယင်းဝင်ငွေအားနုတ်ပယ်ပြီး ကျန်စည်းကြပ်မှုမှလွတ်ကင်းနေသည့် ဝင်ငွေအပေါ်တွင်လည်းကောင်း၊ ဝင်ငွေရလမ်းတင်ပြနိုင်ခြင်းမရှိပါက အသုံးပြုသည့် ဝင်ငွေအပေါ်တွင်လည်းကောင်း အောက်ဖော်ပြပါ အခွန်နှုန်းအတိုင်း ဝင်ငွေခွန်စည်းကြပ်ရမည်။
၁ကျပ် မှ သိန်းတစ်ထောင် အထိ ၆%
သိန်းတစ်ထောင့်တစ်ကျပ်မှ သိန်းသုံးထောင် အထိ ၁၀%
သိန်းသုံးထောင့်တစ်ကျပ်မှ သိန်းသုံးသောင်း အထိ ၂၀%
သိန်းသုံးသောင်းတစ်ကျပ်နှင့်အထက် ၃၀%
အခွန်သက်သာခွင့်နှုန်းထားများသည် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ၊ (၁)ရက်နေ့မှ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ၊ (၃၀) ရက်အထိသာ အကျိုးသက်ရောက်မှာဖြစ်ပါသည်။ ပြောင်းလဲသွားသောနှုန်းထားအသစ်အရ အိမ်ခြံမြေဝယ်ယူသူများအနေဖြင့် ယခင်နှစ်ထက် အခြေခံအားဖြင့် ၃% မှ ၆% သို့ အခွန်နှုန်း(၁)ဆ တိုးသွားခြင်း ဖြစ်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
အိမ်ခြံမြေ၀ယ်ယူရာတွင်ပေးဆောင်ရမည့် စည်းကြပ်မှုမှလွတ်ကင်းနေသည့် ဝင်ငွေအပေါ် ယခင်နှစ်ထက် (၁)ဆတိုးသွားသည့် အခွန်နှုန်းထား