စလစ်၊ ပါမစ်၊ ဂရန်မြေကွက်များကို ဝယ်မည်ဆိုလျှင်

စလစ်၊ ပါမစ်၊ ဂရန်မြေကွက်များကို ဝယ်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
10 Sep 2020 3:25 pm တွင် တင်ခဲ့သည်
7069 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်သည်။ စာရေးသူ၏ ရုံးခန်းသို့ မိတ်ဆွေတစ်ဦးရောက်လာပြီး -

''ပါမစ်မြေကို အရောင်းအဝယ်လုပ်ရင် အရပ်စာချုပ်နဲ့ ချုပ်ဆိုလို့ရပါသလား။ မြေအမည်ပြောင်းလို့ရပါသလားဟု မေးမြန်းဆွေးနွေးပါသည်။

''ပါမစ်မြေက စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင် စာချုပ် ချုပ်ဆိုလို့ မရပါဘူး။ အရပ်စာချုပ် သဘောမျိုး မြေအရောင်းအဝယ် စာချုပ် ချုပ်ဆိုလက်ရောက်ရယူပြီး သက်ဆိုင်ရာ မြေယာဌာနမှာ မြေငှားဂရန်လျှောက် ထားရမှာဖြစ်ပါတယ်''

''စလစ်မြေဆိုတာက ရောင်းဝယ်လို့ရပါသလား၊ ဘယ်လိုမြေ အမျိုးအစားပါလဲ''

''စလစ်မြေဆိုတာကလည်း အိမ်ဆောက်လုပ်နေထိုင်ခွင့်ရထားတဲ့ မြေအမျိုးအစားဖြစ်တယ်။ များသောအား ဖြင့်တော့ လယ်ယာမြေဥယျာဉ်ခြံမြေတွေကို သက်ဆိုင်ရာဌာန ဒါမှမဟုတ် အစိုးရက မြေချပေးတဲ့ သဘောပါပဲ''

''မြို့သစ်ဆောက်တဲ့ သဘောပေါ့''

''ဒီလိုလဲပြောလို့ရပါတယ်။ ကျူးကျော်နေထိုင်သူတွေကို နေထိုင်ဖို့မြေ နေရာချပေးတာမျိုးပေါ့။ ဒဂုံမြို့သစ် လှိုင် သာယာ၊ နေပြည်တော်ရှိ အချို့ ရပ်ကွက်တွေမှာ မြေချစလစ်တွေရှိတယ်''

''မြေချစလစ်ရှိတဲ့သူထံက စလစ် စာရွက်ရယူပြီး အရောင်းအဝယ်စာ ချုပ် ချုပ်ဆိုဝယ်ယူလို့ရတယ်ဆိုပါတော့''

စလစ်၊ ပါမစ်၊ ဂရန်စတဲ့ စာရွက်တွေအနေနဲ့ အမှန်တကယ်ဟုတ် မဟုတ်ကိုတော့ သက်ဆိုင်ရာ မြေစာရင်းဌာနမှာ သွားရောက်စုံစမ်းဖို့ လိုပါတယ်''

''စာရွက်စာတမ်းအတုတွေဖြစ်နိုင်လို့လား''

''ဟုတ်ပါတယ်။ အမှန်တကယ် မြေကွက်ဟုတ် မဟုတ်။ မြေကွက် တည်နေရာကိုလည်း သွားရောက်ကြည့်ရှုရပါမယ်။ တစ်ခါတစ်ရံမှာ ရောင်းမယ်ဆိုတဲ့ မြေကွက်ထဲ အိမ်ဆောက်နေထိုင်ကျူးကျော်နေသူတွေ ရှိတတ်တယ်။ သေချာလေ့လာကြည်ရှုဖို့တော့ လိုတယ်''

''အချို့က ပြောတော့ စလစ်မြေက စိတ်မချရဘူး။ ပါမစ်မြေက ပိုသေချာတယ်လို့ ပြောကြတယ်''

''ဂရန်အဆင့်ရှိတဲ့ မြေကွက်ကတော့ အကောင်းဆုံးပေါ့ဗျာ။ ဒါပေမယ့် ဂရန်အဆင့်ရရှိထားတဲ့ မြေကွက်က တန်ဖိုးမြင့်ပြီး တရားဝင် အရောင်းအဝယ်ဖြစ်ဖို့ စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင် စာချုပ် ချုပ်ဆိုရတယ်။ အိမ် တန်ဖိုးဖြတ်ပေါ် မူတည်ပြီး ဝယ်ခွန်ဆောင်ကြရတယ်။ ဒါကြောင့် ဂရန်မြေက စိတ်ချရပေမယ့် အခွန်မဆောင်ချင် ကြဘူး။ ဈေးသက်သာပြီး အရပ်ကတိအရောင်းအဝယ်စာချုပ်နဲ့ စလစ်မြေ ပါမစ်မြေတွေကို ရွေးချယ်ဝယ်ကြ တာတွေဖြစ်လာတယ်''

''ပြေစာနဲ့ ငွေသွင်းပြီးရရှိထားတဲ့ မြေကွက်ဆိုတာလည်းရှိသေးတယ်လို့ ပြောတယ်။ ဘယ်လိုကွာခြားပါသလဲ''

''ရှင်းရမယ်ဆိုရင်တော့ ပထမဆုံး စလစ်မြေဆိုတာကို စတင်ပြီး ဆွေးနွေးရမယ်ထင်တယ်''

''ဟုတ်ကဲ့ ဆရာ၊ ဗဟုသုတအဖြစ် ပြောပြပါဦး''

စလစ်မြေ

စလစ်မြေဆိုတာ အစောက ပြောခဲ့သလို သက်ဆိုင်ရာမြေစာရင်း ဦးစီးဌာနက ချပေးတဲ့ မြေကွက်အတွက် ထုတ်ပေးတဲ့ စလစ်စာရွက်ရှိ မြေကွက်ဖြစ်တယ်။ အမွေဆက်ခံခွင့် ရှိသကဲ့သို့ လွှဲပြောင်းရောင်းချခြင်းလည်း ရှိတယ်။ မြေချစလစ်လို့လည်း ခေါ်ကြတယ်။ အဲဒီမြေချစလစ်မှ မြေပေးအမိန့်ကို သက်ဆိုင်ရာ မြေစီမံခန့်ခွဲရေးဌာနမှာ လျှောက်ထားရယူရပါတယ်။ ထိုမှပါမစ်မြေ ဂရန်မြေအဖြစ် အဆင့်ဆင့်လျှောက်ထားရမှာ ဖြစ်တယ်''

မြေကွက်တန်ဖိုးသွင်းထားသည့် ပြေစာရှိမြေကွက်

''နိုင်ငံတော် အစိုးရသက်ဆိုင် ရာဝန်ကြီးဌာန၏ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဌာန သို့မဟုတ် သက်ဆိုင်ရာ မြေနေရာချထားရေးကော်မတီတို့မှ အကွက်ရိုက်ဖော်ထုတ်ထားသော မြေကွက်များကို တန်ဖိုးသတ်မှတ် ရောင်းချသော မြေကွက်ဖြစ်ပါတယ်။ ဝယ်ခွင့်ရသူက သက်ဆိုင်ရာဌာနသို့ မြေတန်ဖိုးသွင်းပြီး ရရှိထားသည့် ပြေစာရှိ မြေကွက်ဖြစ်ပါတယ်။ အဲဒီမြေကွက်များကိုလည်း အရပ်စာချုပ် (မြေအရောင်းအဝယ်စာချုပ်) ချုပ်ဆို လွှဲပြောင်းရောင်းချနိုင်ပါတယ်။ အဆိုပါ အရောင်းအဝယ်အဆင့်ဆင့်မြေအရောင်းစာချုပ်ကို ပြသပြီး နောက် ဆုံးလက်ဝယ်ရှိသူက သက်ဆိုင်ရာမြေစာရင်းဌာန (ဥပမာ-မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဌာန မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန) တွေမှာ ပါမစ်မြေအဖြစ် လျှောက်ထားရယူရမှာ ဖြစ်ပါတယ်။ ထိုမှဂရန်မြေအဖြစ် ဆက်လက်လျှောက်ထားရမှာဖြစ်တယ်''

ပါမစ်မြေ

''ပါမစ်မြေဆိုသည်မှာ အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့်ချပေးထားသည့် မြေအမျိုးအစားဖြစ်ပါတယ်။ မိသားစု ဓာတ်ပုံနှင့်တစ်ကွ ထုတ်ပေးထားသော ပါမစ်စာရွက်ဖြစ်တယ်။ အဲဒီပါမစ်မြေကိုလည်း မြေအရောင်းအဝယ် ကတိစာချုပ် (အရပ်စာချုပ်) နဲ့ ချုပ်ဆိုပြီး အဆင့်ဆင့်လွှဲပြောင်း ရောင်းချလေ့ရှိပါတယ်။ နောက်ဆုံး လက်ရောက်ရယူဝယ်နေသူက မြေချပါမစ်စာရွက်စာတမ်းမူရင်းအပါအဝင် အဆင့်ဆင့်ဝယ်ယူထားသော အရောင်းအဝယ်စာချုပ် မူရင်းများ တင်ပြပြီး သက်ဆိုင်ရာမြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှာ ဂရန်လျှောက်ထားရမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းအတွင်းဆိုပါက ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီမြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသို့ လျှောက်ထားရမှာဖြစ်ပါတယ်'

ဂရန်မြေ

နှစ်ကာလအပိုင်းအခြားအလိုက် နိုင်ငံတော်မှ အငှားချထားတဲ့မြေဖြစ်တယ်။ နှစ် ၃ဝ ၊ နှစ် ၆ဝ၊ နှစ် ၉ဝ မြေငှားစာချုပ် (ဂရန်စာချုပ်) ကို သက်ဆိုင်ရာမြေယာ စီမံခန့်ခွဲရေးဌာနမှ ထုတ်ပေးတဲ့ စာရွက်စာတမ်း အမျိုးအစားဖြစ်တယ်။ လွှဲပြောင်းရောင်းချနိုင်တယ်။ တရားဝင်ဥပဒေနဲ့အညီ လွှဲပြောင်းရောင်းချမယ်ဆိုရင် သက်ဆိုင်ရာ စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်စာချုပ် ချုပ်ဆိုရောင်းဝယ်မှသာ ဝယ်သူအနေဖြင့် ဥပဒေနှင့်အညီ ပိုင်ဆိုင်သူဖြစ်လာမှာဖြစ်တယ်။ အရပ်စာချုပ်နဲ့ ချုပ်ဆိုရောင်းဝယ်မယ်ဆိုရင်တော့ ဝယ်သူအနေနဲ့ ပိုင်ဆိုင်ခွင့် ရမှာမဟုတ်ပါဘူး။ ဒါကြောင့် မှတ်ပုံတင် အရောင်းအဝယ်စာချုပ် ချုပ်ဆို၍ မြေကွက်အမည်ပေါက်ပြောင်း လျှောက်ထားခြင်းဖြင့် ဝယ်သူမှာ ဥပဒေနှင့်အညီ ပိုင်ရှင်ဖြစ်လာမှာဖြစ်ပါတယ်''

''အချို့က ဝယ်ခွန်ဆောင်ရမှာစိုးလို့ မြေအမည်ပေါက်သူထံက ကိုယ် စားလှယ်လွှဲစာယူထားတာမျိုးရှိတယ်လို့ သိရတယ်ဆရာ''

''မှန်ပါတယ်။ ဒါက ရေတိုဖြေရှင်းနည်းဖြစ်တယ်။ ကိုယ်စားလှယ်လွှဲစာပေးအပ်ထားတဲ့ မြေကွက်အမည်ပေါက်သူ ကွယ်လွန်သွားရင် ကိုယ်စားလှယ်စာလည်း ပျက်ပြယ်သွားပြီဖြစ်တယ်။ ဝယ်ရောင်းသမားကလွဲပြီး အမှန်တကယ်နေထိုင်မည့် သူဆိုရင်တော့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ အရောင်းအဝယ်စာချုပ်ချုပ်ဆိုကာ မြေအမည်ပေါက်ပြောင်း လိုက်ပါလို့ တိုက်တွန်းချင်ပါတယ်''

''ကျွန်တော်ဝယ်ဖို့ကြည့်ထားတဲ့ မြေကွက်က စလစ်စာရွက်ပဲရှိလို့ ဝယ်သင့်မဝယ်သင့် စဉ်းစားနေတာပါ ဆရာ''

''စလစ်၊ ပါမစ်၊ ဂရန်ဘယ်လို မြေကွက်ဖြစ်စေ၊ မြေကွက်တည်နေရာကို သေချာသွားရောက်ကြည့်ရှုပါ။ စာတမ်း တွေဟာ အမှန်အကန်ဟုတ် မဟုတ်ကို သက်ဆိုင်ရာ မြေယာရုံးခွဲတွေ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန၊ မြေစာရင်းဌာနတွေမှာ သေချာ စုံစမ်းပြီးမှ ဝယ်ပါ''လို့ အကြံပေးချင်ကြောင်း ရှင်းပြဆွေးနွေးခဲ့ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

 

[Zawgyi]

စလစ္၊ ပါမစ္၊ ဂရန္ေျမကြက္မ်ားကို ၀ယ္မည္ဆုိလွ်င္

ၿပီးခဲ့သည့္ ရက္ပုိင္းက ျဖစ္သည္။ စာေရးသူ၏ ႐ုံးခန္းသုိ႔ မိတ္ေဆြတစ္ဦးေရာက္လာၿပီး -

''ပါမစ္ေျမကုိ အေရာင္းအဝယ္လုပ္ရင္ အရပ္စာခ်ဳပ္နဲ႔ ခ်ဳပ္ဆုိလုိ႔ရပါသလား။ ေျမအမည္ေျပာင္းလုိ႔ရပါသလားဟု ေမးျမန္းေဆြးေႏြးပါသည္။

''ပါမစ္ေျမက စာခ်ဳပ္စာတမ္း မွတ္ပုံတင္႐ုံးမွာ မွတ္ပုံတင္ စာခ်ဳပ္ ခ်ဳပ္ဆုိလုိ႔ မရပါဘူး။ အရပ္စာခ်ဳပ္ သေဘာမ်ဳိး ေျမအေရာင္းအဝယ္ စာခ်ဳပ္ ခ်ဳပ္ဆုိလက္ေရာက္ရယူၿပီး သက္ဆုိင္ရာ ေျမယာဌာနမွာ ေျမငွားဂရန္ေလွ်ာက္ ထားရမွာျဖစ္ပါတယ္''

''စလစ္ေျမဆုိတာက ေရာင္းဝယ္လုိ႔ရပါသလား၊ ဘယ္လုိေျမ အမ်ဳိးအစားပါလဲ''

''စလစ္ေျမဆုိတာကလည္း အိမ္ေဆာက္လုပ္ေနထုိင္ခြင့္ရထားတဲ့ ေျမအမ်ဳိးအစားျဖစ္တယ္။ မ်ားေသာအား ျဖင့္ေတာ့ လယ္ယာေျမဥယ်ာဥ္ၿခံေျမေတြကို သက္ဆိုင္ရာဌာန ဒါမွမဟုတ္ အစုိးရက ေျမခ်ေပးတဲ့ သေဘာပါပဲ''

''ၿမိဳ႕သစ္ေဆာက္တဲ့ သေဘာေပါ့''

''ဒီလုိလဲေျပာလုိ႔ရပါတယ္။ က်ဴးေက်ာ္ေနထုိင္သူေတြကုိ ေနထုိင္ဖုိ႔ေျမ ေနရာခ်ေပးတာမ်ဳိးေပါ့။ ဒဂုံၿမိဳ႕သစ္ လႈိင္ သာယာ၊ ေနျပည္ေတာ္ရွိ အခ်ဳိ႕ ရပ္ကြက္ေတြမွာ ေျမခ်စလစ္ေတြရွိတယ္''

''ေျမခ်စလစ္ရွိတဲ့သူထံက စလစ္ စာရြက္ရယူၿပီး အေရာင္းအဝယ္စာ ခ်ဳပ္ ခ်ဳပ္ဆုိဝယ္ယူလုိ႔ရတယ္ဆုိပါေတာ့''

စလစ္၊ ပါမစ္၊ ဂရန္စတဲ့ စာရြက္ေတြအေနနဲ႔ အမွန္တကယ္ဟုတ္ မဟုတ္ကိုေတာ့ သက္ဆုိင္ရာ ေျမစာရင္းဌာနမွာ သြားေရာက္စုံစမ္းဖုိ႔ လုိပါတယ္''

''စာရြက္စာတမ္းအတုေတြျဖစ္ႏုိင္လုိ႔လား''

''ဟုတ္ပါတယ္။ အမွန္တကယ္ ေျမကြက္ဟုတ္ မဟုတ္။ ေျမကြက္ တည္ေနရာကုိလည္း သြားေရာက္ၾကည့္႐ႈရပါမယ္။ တစ္ခါတစ္ရံမွာ ေရာင္းမယ္ဆုိတဲ့ ေျမကြက္ထဲ အိမ္ေဆာက္ေနထုိင္က်ဴးေက်ာ္ေနသူေတြ ရွိတတ္တယ္။ ေသခ်ာေလ့လာၾကည္႐ႈဖုိ႔ေတာ့ လုိတယ္''

''အခ်ဳိ႕က ေျပာေတာ့ စလစ္ေျမက စိတ္မခ်ရဘူး။ ပါမစ္ေျမက ပိုေသခ်ာတယ္လုိ႔ ေျပာၾကတယ္''

''ဂရန္အဆင့္ရွိတဲ့ ေျမကြက္ကေတာ့ အေကာင္းဆုံးေပါ့ဗ်ာ။ ဒါေပမယ့္ ဂရန္အဆင့္ရရွိထားတဲ့ ေျမကြက္က တန္ဖုိးျမင့္ၿပီး တရားဝင္အေရာင္းအဝယ္ျဖစ္ဖုိ႔ စာခ်ဳပ္စာတမ္း႐ုံးမွာ မွတ္ပုံတင္ စာခ်ဳပ္ ခ်ဳပ္ဆုိရတယ္။ အိမ္ တန္ဖိုးျဖတ္ေပၚ မူတည္ၿပီး ဝယ္ခြန္ေဆာင္ၾကရတယ္။ ဒါေၾကာင့္ ဂရန္ေျမက စိတ္ခ်ရေပမယ့္ အခြန္မေဆာင္ခ်င္ ၾကဘူး။ ေစ်းသက္သာၿပီး အရပ္ကတိအေရာင္းအဝယ္စာခ်ဳပ္နဲ႔ စလစ္ေျမ ပါမစ္ေျမေတြကို ေရြးခ်ယ္ဝယ္ၾက တာေတြျဖစ္လာတယ္''

''ေျပစာနဲ႔ ေငြသြင္းၿပီးရရွိထားတဲ့ ေျမကြက္ဆုိတာလည္းရွိေသးတယ္လုိ႔ ေျပာတယ္။ ဘယ္လုိကြာျခားပါသလဲ''

''ရွင္းရမယ္ဆုိရင္ေတာ့ ပထမဆုံး စလစ္ေျမဆုိတာကို စတင္ၿပီး ေဆြးေႏြးရမယ္ထင္တယ္''

''ဟုတ္ကဲ့ ဆရာ၊ ဗဟုသုတအျဖစ္ ေျပာျပပါဦး''

စလစ္ေျမ

စလစ္ေျမဆိုတာ အေစာက ေျပာခဲ့သလုိ သက္ဆုိင္ရာေျမစာရင္း ဦးစီးဌာနက ခ်ေပးတဲ့ ေျမကြက္အတြက္ ထုတ္ေပးတဲ့ စလစ္စာရြက္ရွိ ေျမကြက္ျဖစ္တယ္။ အေမြဆက္ခံခြင့္ ရွိသကဲ့သုိ႔ လႊဲေျပာင္းေရာင္းခ်ျခင္းလည္း ရွိတယ္။ ေျမခ်စလစ္လုိ႔လည္း ေခၚၾကတယ္။ အဲဒီေျမခ်စလစ္မွ ေျမေပးအမိန္႔ကုိ သက္ဆုိင္ရာ ေျမစီမံခန္႔ခြဲေရးဌာနမွာ ေလွ်ာက္ထားရယူရပါတယ္။ ထုိမွပါမစ္ေျမ ဂရန္ေျမအျဖစ္ အဆင့္ဆင့္ေလွ်ာက္ထားရမွာ ျဖစ္တယ္''

ေျမကြက္တန္ဖုိးသြင္းထားသည့္ ေျပစာရွိေျမကြက္

''ႏိုင္ငံေတာ္ အစုိးရသက္ဆုိင္ ရာဝန္ႀကီးဌာန၏ ၿမိဳ႕ရြာႏွင့္ အုိးအိမ္ ဖြံ႔ၿဖိဳးေရးဌာန သို႔မဟုတ္ သက္ဆုိင္ရာ ေျမေနရာခ်ထားေရးေကာ္မတီတုိ႔မွ အကြက္႐ုိက္ေဖာ္ထုတ္ထားေသာ ေျမကြက္မ်ားကို တန္ဖုိးသတ္မွတ္ ေရာင္းခ်ေသာ ေျမကြက္ျဖစ္ပါတယ္။ ဝယ္ခြင့္ရသူက သက္ဆုိင္ရာဌာနသုိ႔ ေျမတန္ဖုိးသြင္းၿပီး ရရွိထားသည့္ ေျပစာရွိ ေျမကြက္ျဖစ္ပါတယ္။ အဲဒီေျမကြက္မ်ားကိုလည္း အရပ္စာခ်ဳပ္ (ေျမအေရာင္းအဝယ္စာခ်ဳပ္) ခ်ဳပ္ဆုိ လႊဲေျပာင္းေရာင္းခ်ႏုိင္ပါတယ္။ အဆုိပါ အေရာင္းအဝယ္အဆင့္ဆင့္ေျမအေရာင္းစာခ်ဳပ္ကုိ ျပသၿပီး ေနာက္ ဆုံးလက္ဝယ္ရွိသူက သက္ဆုိင္ရာေျမစာရင္းဌာန (ဥပမာ-ၿမိဳ႕ရြာႏွင့္ အုိးအိမ္ဖြံ႕ျဖိဳးေရးဌာန ၿမိဳ႕ျပစီမံကိန္းႏွင့္ ေျမစီမံခန္႔ခြဲမႈဌာန) ေတြမွာ ပါမစ္ေျမအျဖစ္ ေလွ်ာက္ထားရယူရမွာ ျဖစ္ပါတယ္။ ထုိမွဂရန္ေျမအျဖစ္ ဆက္လက္ေလွ်ာက္ထားရမွာျဖစ္တယ္''

ပါမစ္ေျမ

''ပါမစ္ေျမဆုိသည္မွာ အိမ္ရာ ေဆာက္လုပ္ေနထုိင္ခြင့္ခ်ေပးထားသည့္ ေျမအမ်ဳိးအစားျဖစ္ပါတယ္။ မိသားစု ဓာတ္ပုံႏွင့္တစ္ကြ ထုတ္ေပးထားေသာ ပါမစ္စာရြက္ျဖစ္တယ္။ အဲဒီပါမစ္ေျမကုိလည္း ေျမအေရာင္းအဝယ္ ကတိစာခ်ဳပ္ (အရပ္စာခ်ဳပ္) နဲ႔ ခ်ဳပ္ဆုိၿပီး အဆင့္ဆင့္လႊဲေျပာင္း ေရာင္းခ်ေလ့ရွိပါတယ္။ ေနာက္ဆုံး လက္ေရာက္ရယူဝယ္ေနသူက ေျမခ်ပါမစ္စာရြက္စာတမ္းမူရင္းအပါအဝင္ အဆင့္ဆင့္ဝယ္ယူထားေသာ အေရာင္းအဝယ္စာခ်ဳပ္ မူရင္းမ်ား တင္ျပၿပီး သက္ဆုိင္ရာၿမိဳ႕ျပစီမံကိန္းႏွင့္ ေျမစီမံခန္႔ခြဲမႈဌာနမွာ ဂရန္ေလွ်ာက္ထားရမွာ ျဖစ္ပါတယ္။ ရန္ကုန္တုိင္းအတြင္းဆုိပါက ရန္ကုန္ၿမိဳ႕ ေတာ္စည္ပင္သာယာေရး ေကာ္မတီၿမိဳ႕ျပစီမံကိန္းႏွင့္ ေျမစီမံခန္႔ခြဲမႈဌာနသုိ႔ ေလွ်ာက္ထားရမွာျဖစ္ပါတယ္'

ဂရန္ေျမ

ႏွစ္ကာလအပုိင္းအျခားအလုိက္ ႏုိင္ငံေတာ္မွ အငွားခ်ထားတဲ့ေျမျဖစ္တယ္။ ႏွစ္ ၃ဝ ၊ ႏွစ္ ၆ဝ၊ ႏွစ္ ၉ဝ ေျမငွားစာခ်ဳပ္ (ဂရန္စာခ်ဳပ္) ကို သက္ဆုိင္ရာေျမယာ စီမံခန္႔ခြဲေရးဌာနမွ ထုတ္ေပးတဲ့ စာရြက္စာတမ္း အမ်ဳိးအစားျဖစ္တယ္။ လႊဲေျပာင္းေရာင္းခ်ႏုိင္တယ္။ တရားဝင္ဥပေဒနဲ႔အညီ လႊဲေျပာင္းေရာင္းခ်မယ္ဆုိရင္ သက္ဆုိင္ရာ စာခ်ဳပ္စာတမ္း႐ုံးမွာ မွတ္ပုံတင္စာခ်ဳပ္ ခ်ဳပ္ဆုိေရာင္းဝယ္မွသာ ဝယ္သူအေနျဖင့္ ဥပေဒႏွင့္အညီ ပုိင္ဆုိင္သူျဖစ္လာမွာျဖစ္တယ္။ အရပ္စာခ်ဳပ္နဲ႔ ခ်ဳပ္ဆုိေရာင္းဝယ္မယ္ဆုိရင္ေတာ့ ဝယ္သူအေနနဲ႔ ပိုင္ဆုိင္ခြင့္ ရမွာမဟုတ္ပါဘူး။ ဒါေၾကာင့္ မွတ္ပုံတင္ အေရာင္းအဝယ္စာခ်ဳပ္ ခ်ဳပ္ဆုိ၍ ေျမကြက္အမည္ေပါက္ေျပာင္း ေလွ်ာက္ထားျခင္းျဖင့္ ဝယ္သူမွာ ဥပေဒႏွင့္အညီ ပုိင္ရွင္ျဖစ္လာမွာျဖစ္ပါတယ္''

''အခ်ဳိ႕က ဝယ္ခြန္ေဆာင္ရမွာစုိးလုိ႔ ေျမအမည္ေပါက္သူထံက ကုိယ္ စားလွယ္လႊဲစာယူထားတာမ်ဳိးရွိတယ္လုိ႔ သိရတယ္ဆရာ''

''မွန္ပါတယ္။ ဒါက ေရတုိေျဖရွင္းနည္းျဖစ္တယ္။ ကုိယ္စားလွယ္လႊဲစာေပးအပ္ထားတဲ့ ေျမကြက္အမည္ေပါက္သူ ကြယ္လြန္သြားရင္ ကုိယ္စားလွယ္စာလည္း ပ်က္ျပယ္သြားၿပီျဖစ္တယ္။ ဝယ္ေရာင္းသမားကလြဲၿပီး အမွန္တကယ္ေနထုိင္မည့္ သူဆုိရင္ေတာ့ စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံးမွာ အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ဆုိကာ ေျမအမည္ေပါက္ေျပာင္း လုိက္ပါလုိ႔ တုိက္တြန္းခ်င္ပါတယ္''

''ကြၽန္ေတာ္ဝယ္ဖုိ႔ၾကည့္ထားတဲ့ ေျမကြက္က စလစ္စာရြက္ပဲရွိလုိ႔ ဝယ္သင့္မဝယ္သင့္ စဥ္းစားေနတာပါ ဆရာ''

''စလစ္၊ ပါမစ္၊ ဂရန္ဘယ္လုိ ေျမကြက္ျဖစ္ေစ၊ ေျမကြက္တည္ေနရာကို ေသခ်ာသြားေရာက္ၾကည့္႐ႈပါ။ စာတမ္း ေတြဟာ အမွန္အကန္ဟုတ္ မဟုတ္ကို သက္ဆုိင္ရာ ေျမယာ႐ုံးခြဲေတြ၊ ၿမိဳ႕ျပစီမံကိန္းႏွင့္ ေျမစီမံခန္႔ခြဲမႈဌာန၊ ေျမစာရင္းဌာနေတြမွာ ေသခ်ာ စုံစမ္းၿပီးမွ ဝယ္ပါ''လုိ႔ အႀကံေပးခ်င္ေၾကာင္း ရွင္းျပေဆြးေႏြးခဲ့ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒအတိုင္ပင္ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service