အရွယ်မရောက်သေးသူ၏ အမည်ဖြင့် မရွှေ့မပြောင်းနိုင်သောပစ္စည်း (အိမ်ခြံမြေ ) ဝယ်ယူခြင်းအကြောင်း

အရွယ်မရောက်သေးသူ၏ အမည်ဖြင့် မရွှေ့မပြောင်းနိုင်သောပစ္စည်း (အိမ်ခြံမြေ ) ဝယ်ယူခြင်းအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
10 Sep 2020 12:01 pm တွင် တင်ခဲ့သည်
1016 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

အရွယ်မရောက်သေးသူဟုဆိုရာတွင် သာမန်အားဖြင့် အသက် (၁၈)နှစ် မပြည့်သေးသူကို ဆိုလိုပါသည်။ အုပ်ထိန်းသူနှင့်အုပ်ထိန်းခံရသူများအက်ဥပဒေအရ အသက် (၂၁) နှစ်ပြည့်မှ အရွယ်ရောက်ပါသည်။

မိဘ (သို့မဟုတ်) အုပ်ထိန်းသူ (သို့မဟုတ်) ဘိုးဘွားတို့က အရွယ်မရောက်သေးသူ၏ အမည်ဖြင့် မရွှေ့မပြောင်းနိုင်သောပစ္စည်း (အိမ်ခြံမြေ) တို့ကို မှတ်ပုံတင်စာချုပ်ဖြင့် ဝယ်ယူပေးသည့် အလေ့အထ ရှိပါသည်။ ထိုသို့ဆောင်ရွက်ခြင်းကို ဥပဒေကလည်း အသိအမှတ်ပြု တရားဝင်ပါသည်။ သို့ရာတွင် အရွယ်မရောက် သေးသူ၏နာမည်ဖြင့် မရွှေ့မပြောင်းနိုင်သောပစ္စည်း (အိမ်ခြံမြေ) ဝယ်ယူသည့်ကိစ္စတွင် အောက်ပါတို့ကို သိရှိရန်လိုအပ်ပေမည်။

အရွယ်မရာက်သေးသူ၏ အမည်ဖြင့် မရွှေ့မပြောင်းနိုင်သောပစ္စည်း ဝယ်ယူပြီးနောက် အရွယ်မရောက် သေးသူ၏ကိုယ်စား ဝယ်ယူပေးသည့် မိဘ (သို့မဟုတ်) အုပ်ထိန်းသူ (သို့မဟုတ်) ဘိုးဘွားတို့သည် အရွယ် မရောက်သေးသူ အရွယ်မရောက်မီ ကွယ်လွန်သွားပါက အရွယ်မရောက်သေးသူပိုင် မရွှေ့မပြောင်းနိုင်သော ပစ္စည်းမှာ တရားရုံး၏ ကာကွယ်စောင့်ရှောက်မှု အောက်သို့ ရောက်ရှိသွားသဖြင့် တစ်ဦးတစ်ယောက်က ရောင်းချခြင်း၊ အလွဲသုံးစားပြုခြင်းမပြုလုပ်နိုင်ပါ။ အရွယ်မရောက်သေးသူ အရွယ်ရောက်ရှိပြီးသည့်အခါ ယင်း၏ ဆန္ဒအရ လွှဲပြောင်းရောင်းချခြင်း ပြုလုပ်နိုင်ပါသည်။

အရွယ်မရောက်သေးသူ တစ်ဦးတည်းအမည်ဖြင့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို ဝယ်ယူခြင်း (သို့မဟုတ်) မိဘအုပ်ထိန်းသူ (သို့မဟုတ်) ဘိုးဘွားတို့နှင့် ပူးတွဲ၍ဝယ်ယူသည့် ကိစ္စရပ်များရှိပါသည်။ မရွှေ့ မပြောင်းနိုင်သော ပစ္စည်းနှင့်စပ်လျဉ်း၍ အရွယ်မရောက်သေးသူနှင့်ပတ်သက်မှုရှိပါက ယင်းပစ္စည်းကို အလွယ်တကူ ရောင်းချခြင်းဆောင်ရွက်နိုင်မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် အရွယ်မရောက်သေး သူ၏အကျိုးကို ဥပဒေက အကာအကွယ်အစောင့်အရှောက်ပေးထားသဖြင့် အရွယ်မရောက်သေးသူ၏ မိဘ (သို့မဟုတ်) အုပ်ထိန်းသူက အရွယ်မရောက်သေးသူ၏ ကိုယ်နှင့်ပစ္စည်းကို စောင့်ရှောက်ခွင့်ရလိုကြောင်း စီရင်ပိုင်ခွင့်ရှိသော တရားရုံးတွင် လျှောက်ထားရပါမည် ဖြစ်ပါသည်။တရားရုံးက လျှောက်ထားချက်ကိုစစ်ဆေးပြီးနောက် သင့်သည်ဟု ထင်မြင်ပါက လျှောက်ထားသူအား အရွယ်မရောက်သေးသူ၏ ကိုယ်နှင့်ပစ္စည်း စောင့်ရှောက်ခွင့် ပြုသည့်အမိန့် ချမှတ်ပေးပါမည်။

ထို့နောက် အရွယ်မရောက်သေးသူပိုင်ပစ္စည်းကို ရောင်းချခွင့်ပြုပါရန် ယင်းတရားရုံး၌ပင် လျှောက်ထားပြီး တရားရုံးက ခွင့်ပြုမှသာလျှင် အရွယ်မရောက်သေးသူပိုင်ပစ္စည်းကို တရားဝင်ရောင်းချခွင့် ရရှိမည်ဖြစ်ပါသည်။ အရွယ်မရောက်သေးသူ တစ်ဦးတည်း၏ အမည်ဖြင့်သော်လည်းကောင်း၊ မိဘအုပ်ထိန်းသူနှင့် ပူးတွဲ၍ သော်လည်းကောင်း မရွေ့မပြောင်းနိုင်သောပစ္စည်း ဝယ်ယူသည့်ကိစ္စတွင် ယင်းပစ္စည်းကို လွယ်လင့်တကူ ဥပဒေနှင့်အညီ ရောင်းချနိုင်မည် မဟုတ်သည့်အတွက် အားနည်းချက်ရှိပါသည်။

မရွေ့မပြောင်းနိုင်သောပစ္စည်း (အိမ်ခြံမြေ) ဝယ်ယူသူသည် ဝယ်ယူမည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းတွင် အရွယ်မရောက်သေးသူနှင့် တစ်နည်းနည်းပတ်သက်ခြင်းရှိ/မရှိ စိစစ်ရန်လိုအပ်ပါသည်။ အရွယ် မရောက်သေးသူနှင့်ပတ်သက်နေပါက ရောင်းချသူမှာ အရွယ်မရောက်သေးသူ၏ ကိုယ်နှင့်ပစ္စည်းကို တရားရုံး ကခန့်အပ်သော တရားဝင်အုပ်ထိန်းခွင့် ရရှိထားသူ ဟုတ်/မဟုတ် စိစစ်ရမည်ဖြစ်သည်။ တရားဝင်အုပ်ထိန်းခွင့် ရှိသူဟုတ်မှန်သည့်တိုင်အောင် တရားရုံးကယင်းပစ္စည်းကို အရွယ်မရောက်သေးသူ၏ အကျိုးငှာ ရောင်းချခွင့် ပြုသည့် အမိန့်ရရှိထားခြင်း ဟုတ်/မဟုတ် စသည့်အချက် (၂)ရပ်နှင့်ပြီးပြည့်စုံစွာ တွေ့ရှိရမှသာလျှင် ဝယ်ယူသင့်ပါသည်။ အထက်ပါ အချက် (၂) ရပ်နှင့် စပ်လျဉ်း၍ ရောင်းချသူဘက်မှ မတင်ပြနိုင်ပါက ယင်းပစ္စည်းကို ဝယ်ယူရန်မသင့်ပါ။ ဝယ်ယူသူတွင် နစ်နာဆုံးရှုံးမှု ပေါ်ပေါက်လာနိုင်မည်ဖြစ်ပါသည်။

အရွယ်မရောက်သေးသူပိုင် ပစ္စည်းကို တရားရုံးက အုပ်ထိန်းသူနှင့်အုပ်ထိန်းခံရသူများအက်ဥပဒေ အရ ဥပဒနှင့်အညီခန့်ထားသော အုပ်ထိန်းသူ မဟုတ်သူနှင့် ချုပ်ဆိုသော အရောင်းအဝယ်ပဋိညာဉ်မှာ ပဋိညာဉ် ဥပဒေအရ ပျက်ပြယ်သော ပဋိညာဉ်ဖြစ်၍ အရောင်းအဝယ်မြောက်မည်မဟုတ်ကြောင် သတိပြုရပါမည်။

အရွယ်မရောက်သေးသူ၏ မိဘအရင်းများဖြစ်သည့်တိုင်အောင် စီရင်ပိုင်ခွင့်ရှိသော တရားရုံးက ဥပဒေနှင့်အညီ ခန့်အပ်သော အုပ်ထိန်းသူမဟုတ်ပါက အရွယ်မရောက်သေးသူပိုင်ပစ္စည်းကို ပေါင်နှံခွင့်၊ ရောင်းချခွင့် မရှိပါ။ ထိုသို့ရောင်းချသော အရွယ်မရောက်သေးသူပိုင်ပစ္စည်းကို ဝယ်ယူမိသောသူသည် ပိုင်ဆိုင်မှုမရရှိနိုင်ပါ။

ထို့ကြောင့် အရွယ်မရောက်သေးသူပိုင်ဆိုင်သော မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ဝယ်ယူမည်ဆိုလျှင် အထက်ပါအချက်အလက်များ ပြည့်စုံမှသာ ဝယ်ယူသင့်ကြောင့် ဥပဒေဗဟုသုတရရှိစေရန် ရေးသားဖော်ပြအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

အ႐ြယ္မေရာက္ေသးသူ၏ အမည္ျဖင့္ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္း (အိမ္ျခံေျမ ) ဝယ္ယူျခင္းအေၾကာင္း

အ႐ြယ္မေရာက္ေသးသူဟုဆိုရာတြင္ သာမန္အားျဖင့္ အသက္ (၁၈)ႏွစ္ မျပည့္ေသးသူကို ဆိုလိုပါသည္။ အုပ္ထိန္းသူႏွင့္အုပ္ထိန္းခံရသူမ်ားအက္ဥပေဒအရ အသက္ (၂၁) ႏွစ္ျပည့္မွ အ႐ြယ္ေရာက္ပါသည္။

မိဘ (သို႔မဟုတ္) အုပ္ထိန္းသူ (သို႔မဟုတ္) ဘိုးဘြားတို႔က အ႐ြယ္မေရာက္ေသးသူ၏ အမည္ျဖင့္ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္း (အိမ္ျခံေျမ) တို႔ကို မွတ္ပုံတင္စာခ်ဳပ္ျဖင့္ ဝယ္ယူေပးသည့္ အေလ့အထ ႐ွိပါသည္။ ထိုသို႔ေဆာင္႐ြက္ျခင္းကို ဥပေဒကလည္း အသိအမွတ္ျပဳ တရားဝင္ပါသည္။ သို႔ရာတြင္ အ႐ြယ္မေရာက္ ေသးသူ၏နာမည္ျဖင့္ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္း (အိမ္ျခံေျမ) ဝယ္ယူသည့္ကိစၥတြင္ ေအာက္ပါတို႔ကို သိရွိရန္လိုအပ္ေပမည္။

အ႐ြယ္မရာက္ေသးသူ၏ အမည္ျဖင့္ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္း ဝယ္ယူၿပီးေနာက္ အ႐ြယ္မေရာက္ ေသးသူ၏ကိုယ္စား ဝယ္ယူေပးသည့္ မိဘ (သို႔မဟုတ္) အုပ္ထိန္းသူ (သို႔မဟုတ္) ဘိုးဘြားတို႔သည္ အ႐ြယ္ မေရာက္ေသးသူ အ႐ြယ္မေရာက္မီ ကြယ္လြန္သြားပါက အ႐ြယ္မေရာက္ေသးသူပိုင္ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းမွာ တရား႐ုံး၏ ကာကြယ္ေစာင့္ေ႐ွာက္မႈ ေအာက္သို႔ ေရာက္႐ွိသြားသျဖင့္ တစ္ဦးတစ္ေယာက္က ေရာင္းခ်ျခင္း၊ အလြဲသုံးစားျပဳျခင္းမျပဳလုပ္ႏိုင္ပါ။ အ႐ြယ္မေရာက္ေသးသူ အ႐ြယ္ေရာက္႐ွိၿပီးသည့္အခါ ယင္း၏ ဆႏၵအရ လႊဲေျပာင္းေရာင္းခ်ျခင္း ျပဳလုပ္ႏိုင္ပါသည္။

အ႐ြယ္မေရာက္ေသးသူ တစ္ဦးတည္းအမည္ျဖင့္ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းကို ဝယ္ယူျခင္း (သို႔မဟုတ္) မိဘအုပ္ထိန္းသူ (သို႔မဟုတ္) ဘိုးဘြားတို႔ႏွင့္ ပူးတြဲ၍ဝယ္ယူသည့္ ကိစၥရပ္မ်ား႐ွိပါသည္။ မေ႐ႊ႕ မေျပာင္းႏိုင္ေသာ ပစၥည္းႏွင့္စပ္လ်ဥ္း၍ အ႐ြယ္မေရာက္ေသးသူႏွင့္ပတ္သက္မႈ႐ွိပါက ယင္းပစၥည္းကို အလြယ္တကူ ေရာင္းခ်ျခင္းေဆာင္ရြက္ႏိုင္မည္ မဟုတ္ပါ။ အဘယ္ေၾကာင့္ဆိုေသာ္ အ႐ြယ္မေရာက္ေသး သူ၏အက်ိဳးကို ဥပေဒက အကာအကြယ္အေစာင့္အေ႐ွာက္ေပးထားသျဖင့္ အ႐ြယ္မေရာက္ေသးသူ၏ မိဘ (သို႔မဟုတ္) အုပ္ထိန္းသူက အ႐ြယ္မေရာက္ေသးသူ၏ ကိုယ္ႏွင့္ပစၥည္းကို ေစာင့္ေ႐ွာက္ခြင့္ရလိုေၾကာင္း စီရင္ပိုင္ခြင့္႐ွိေသာ တရား႐ုံးတြင္ ေလွ်ာက္ထားရပါမည္ ျဖစ္ပါသည္။တရား႐ုံးက ေလွ်ာက္ထားခ်က္ကိုစစ္ေဆးၿပီးေနာက္ သင့္သည္ဟု ထင္ျမင္ပါက ေလွ်ာက္ထားသူအား အ႐ြယ္မေရာက္ေသးသူ၏ ကိုယ္ႏွင့္ပစၥည္း ေစာင့္ေ႐ွာက္ခြင့္ ျပဳသည့္အမိန္႔ ခ်မွတ္ေပးပါမည္။

ထို႔ေနာက္ အ႐ြယ္မေရာက္ေသးသူပိုင္ပစၥည္းကို ေရာင္းခ်ခြင့္ျပဳပါရန္ ယင္းတရား႐ုံး၌ပင္ ေလွ်ာက္ထားၿပီး တရား႐ုံးက ခြင့္ျပဳမွသာလွ်င္ အ႐ြယ္မေရာက္ေသးသူပိုင္ပစၥည္းကို တရားဝင္ေရာင္းခ်ခြင့္ ရ႐ွိမည္ျဖစ္ပါသည္။ အ႐ြယ္မေရာက္ေသးသူ တစ္ဦးတည္း၏ အမည္ျဖင့္ေသာ္လည္းေကာင္း၊ မိဘအုပ္ထိန္းသူႏွင့္ ပူးတြဲ၍ ေသာ္လည္းေကာင္း မေ႐ြ႕မေျပာင္းႏိုင္ေသာပစၥည္း ဝယ္ယူသည့္ကိစၥတြင္ ယင္းပစၥည္းကို လြယ္လင့္တကူ ဥပေဒႏွင့္အညီ ေရာင္းခ်ႏိုင္မည္ မဟုတ္သည့္အတြက္ အားနည္းခ်က္႐ွိပါသည္။

မေ႐ြ႕မေျပာင္းႏိုင္ေသာပစၥည္း (အိမ္ျခံေျမ) ဝယ္ယူသူသည္ ဝယ္ယူမည့္ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းတြင္ အ႐ြယ္မေရာက္ေသးသူႏွင့္ တစ္နည္းနည္းပတ္သက္ျခင္း႐ွိ/မ႐ွိ စိစစ္ရန္လိုအပ္ပါသည္။ အ႐ြယ္ မေရာက္ေသးသူႏွင့္ပတ္သက္ေနပါက ေရာင္းခ်သူမွာ အ႐ြယ္မေရာက္ေသးသူ၏ ကိုယ္ႏွင့္ပစၥည္းကို တရား႐ုံး ကခန္႔အပ္ေသာ တရားဝင္အုပ္ထိန္းခြင့္ ရ႐ွိထားသူ ဟုတ္/မဟုတ္ စိစစ္ရမည္ျဖစ္သည္။ တရားဝင္အုပ္ထိန္းခြင့္ ႐ွိသူဟုတ္မွန္သည့္တိုင္ေအာင္ တရား႐ုံးကယင္းပစၥည္းကို အ႐ြယ္မေရာက္ေသးသူ၏ အက်ိဳးငွာ ေရာင္းခ်ခြင့္ ျပဳသည့္ အမိန္႔ရ႐ွိထားျခင္း ဟုတ္/မဟုတ္ စသည့္အခ်က္ (၂)ရပ္ႏွင့္ၿပီးျပည့္စုံစြာ ေတြ႕႐ွိရမွသာလွ်င္ ဝယ္ယူသင့္ပါသည္။ အထက္ပါ အခ်က္ (၂) ရပ္ႏွင့္ စပ္လ်ဥ္း၍ ေရာင္းခ်သူဘက္မွ မတင္ျပႏိုင္ပါက ယင္းပစၥည္းကို ဝယ္ယူရန္မသင့္ပါ။ ဝယ္ယူသူတြင္ နစ္နာဆုံး႐ႈံးမႈ ေပၚေပါက္လာႏိုင္မည္ျဖစ္ပါသည္။

အ႐ြယ္မေရာက္ေသးသူပိုင္ ပစၥည္းကို တရား႐ုံးက အုပ္ထိန္းသူႏွင့္အုပ္ထိန္းခံရသူမ်ားအက္ဥပေဒ အရ ဥပဒႏွင့္အညီခန္႔ထားေသာ အုပ္ထိန္းသူ မဟုတ္သူႏွင့္ ခ်ဳပ္ဆိုေသာ အေရာင္းအဝယ္ပဋိညာဥ္မွာ ပဋိညာဥ္ ဥပေဒအရ ပ်က္ျပယ္ေသာ ပဋိညာဥ္ျဖစ္၍ အေရာင္းအဝယ္ေျမာက္မည္မဟုတ္ေၾကာင္ သတိျပဳရပါမည္။

အ႐ြယ္မေရာက္ေသးသူ၏ မိဘအရင္းမ်ားျဖစ္သည့္တိုင္ေအာင္ စီရင္ပိုင္ခြင့္႐ွိေသာ တရား႐ုံးက ဥပေဒႏွင့္အညီ ခန္႔အပ္ေသာ အုပ္ထိန္းသူမဟုတ္ပါက အ႐ြယ္မေရာက္ေသးသူပိုင္ပစၥည္းကို ေပါင္ႏွံခြင့္၊ ေရာင္းခ်ခြင့္ မ႐ွိပါ။ ထိုသို႔ေရာင္းခ်ေသာ အ႐ြယ္မေရာက္ေသးသူပိုင္ပစၥည္းကို ဝယ္ယူမိေသာသူသည္ ပိုင္ဆိုင္မႈမရ႐ွိႏိုင္ပါ။

ထို႔ေၾကာင့္ အရြယ္မေရာက္ေသးသူပိုင္ဆုိင္ေသာ မေရႊ႕မေျပာင္းႏိုင္ေသာပစၥည္းကို ဝယ္ယူမည္ဆိုလွ်င္ အထက္ပါအခ်က္အလက္မ်ား ျပည့္စံုမွသာ ဝယ္ယူသင့္ေၾကာင့္ ဥပေဒဗဟုသုတရရွိေစရန္ ေရးသားေဖာ္ျပအပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service