နိုင်ငံခြားသားများအတွက် ကမ္ဘာ့ဈေးအကြီးဆုံးမြို့အဖြစ် ‌ဟောင်ကောင် ရပ်တည်ဆဲ

နိုင်ငံခြားသားများအတွက် ကမ္ဘာ့ဈေးအကြီးဆုံးမြို့အဖြစ် ‌ဟောင်ကောင် ရပ်တည်ဆဲ - Property News in Myanmar from iMyanmarHouse.com
12 Jun 2020 12:46 pm တွင် တင်ခဲ့သည်
857 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်အခြေစိုက် လူ့စွမ်းအားရင်းမြစ်ရေးရာအတိုင်ပင်ခံကုမ္ပဏီ Mercer ၏ ယခုနှစ်အတွက် ဇွန် ၉ တွင် ထုတ်ပြန်လိုက်သော နေထိုင်မှုစရိတ်စာရင်း၌လည်း ဟောင်ကောင်သည် ယခင်စာရင်းနှစ်ခုတွင်ကဲသို့ပင် နိုင်ငံခြားသားတစ်ဦးအတွက် ဈေးအကြီးဆုံးနေရာအဖြစ် သုံးနှစ်ဆက်တိုက်‌ ရပ်တည်ခဲ့ပြန်ပြီဖြစ်သည်။

နိုင်ငံရေးမတည်ငြိမ်မှုများအကြား ဟောင်ကောင်ဒေါ်လာဈေး ကျဆင်းခဲ့ပြီး နိုင်ငံခြားသားများအတွက် နေထိုင်မှုစရိတ်များ မြင့်တက်စေခဲ့သည်။ အထူးသဖြင့် အိမ်ခြံမြေဈေးနှုန်းများဖြစ်သည်။

Mercer က အိမ်ခြံမြေဈေးနှုန်းများအလွန်မြင့်မားသည့် ဟောင်ကောင်သည် အခြားမြို့ပြ ၂၀၈ ခု၏ အထက်တွင် ရှိဆဲဖြစ်သည်ကို တွေ့ရှိခဲ့ပြီး စားရင်း၏ ထိပ်တန်းဆယ်မြို့တွင် အာရှမှ ခြောက်မြို့ပါဝင်ခဲ့ပြီး တာ့မင်နစ္စတန်မြို့တော် အက်ရှ်ဂါဘတ်က တိုကျိုအား ဖယ်ထုတ်၍ ဒုတိယနေရာကို သိသိသာသာသိမ်းပိုက်ခဲ့သည်။

နံပါတ် ၆ နေရာတွင် ဖော်ပြခံလိုက်ရသည့် နယူးယောက်က သုံးနေရာတက်လာခဲ့ခြင်းဖြစ်ကာ ထိပ်တန်းဆယ်မြို့တွင် ပါဝင်သည့် တစ်ခုတည်းသော အမေရိကန်မြို့ဖြစ်သည်။ မြို့ဆယ်မြို့တွင် ကျန်မြို့သုံးခုမှာ ဆွစ်မြို့များဖြစ်သော ဇူးရစ်ချ် (နံပါတ် ၄)၊ ဘန်း (နံပါတ် ၈) နှင့် ဂျီနီဗာ (နံပါတ် ၉) တို့ဖြစ်သည်။

စင်္ကာပူသည် နံပါတ် ၃ နေရာမှ နံပါတ် ၅ နေရာသို့ ကျဆင်းခဲ့သည်။

ဈေးအနည်းဆုံးမြို့များမှာ ကရာချိ၊ ဘစ်ရှ်ကက်၊ တက်ရှ်ကန့်၊ ဝင်းဟို့ခ်နှင့် တူးနစ်တို့ဖြစ်သည်။

အဆိုပါစစ်တမ်းသည် နိုင်ငံအများစု COVID-19 အကျပ်အတည်းနှင့်မရင်ဆိုင်ရသေးသည့်ကာလဖြစ်သော ဖေဖော်ဝါရီမှ မတ်အကြား နေထိုင်မှုကုန်ကျစရိတ်ကို အခြေခံတွက်ချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယခုနှစ်စာရင်း၏ ထိပ်တန်းမြို့ ၂၀ မှာ -

၁။ ဟောင်ကောင်၊ ဟောင်ကောင်အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

၂၊ အက်ရှ်ဂါဘတ်၊ တာ့မင်နစ္စတန်

၃။ တိုကျို၊ ဂျပန်

၄။ ဇူးရစ်ချ်၊ ဆွစ်ဇာလန်

၅။ စင်္ကာပူ၊ စင်္ကာပူ

၆။ နယူးယောက်စီးတီး၊ အမေရိကန်

၇။ ရှန်ဟိုင်း၊ တရုတ်

၈။ ဘန်း၊ ဆွစ်ဇာလန်

၉။ ဂျီနီဗာ၊ ဆွစ်ဇာလန်

၁၀။ ပေကျင်း၊ တရုတ်

၁၁။ ဆိုးလ်၊ တောင်ကိုရီးယား

၁၂။ တဲလ်အဗစ်၊ အစ္စရေး

၁၃။ ရှင်းကျန်း၊ တရုတ်

၁၄။ ဗစ်တိုးရီယား၊ ဆေးလ်ရှဲလ်

၁၅။ အန်ဂျမန်နာ၊ ချက်

၁၆။ ဆန်ဖရန်စစ္စကို၊ အမေရိကန်

၁၇။ လော့စ်အန်ဂျလိစ်၊ အမေရိကန်

၁၈။ လာဂို့စ်၊ နိုင်ဂျီးရီးယား

၁၉။ လန်ဒန်၊ ဗြိတိန်

၂၀။ ကွမ်ကျိုး၊ တရုတ်

တို့ဖြစ်ကြကြောင်း သိရသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Hong Kong still most expensive city for expats: Mercer (Bangkok Post)

[Zawgyi]

ႏိုင္ငံျခားသားမ်ားအတြက္ ကမာၻ႔ေဈးအႀကီးဆုံးၿမိဳ႕အျဖစ္ ‌ေဟာင္ေကာင္ ရပ္တည္ဆဲ

အေမရိကန္အေျခစိုက္ လူ႔စြမ္းအားရင္းျမစ္ေရးရာအတိုင္ပင္ခံကုမၸဏီ Mercer ၏ ယခုႏွစ္အတြက္ ဇြန္ ၉ တြင္ ထုတ္ျပန္လိုက္ေသာ ေနထိုင္မႈစရိတ္စာရင္း၌လည္း ေဟာင္ေကာင္သည္ ယခင္စာရင္းႏွစ္ခုတြင္ကဲသို႔ပင္ ႏိုင္ငံျခားသားတစ္ဦးအတြက္ ေဈးအႀကီးဆုံးေနရာအျဖစ္ သုံးႏွစ္ဆက္တိုက္‌ ရပ္တည္ခဲ့ျပန္ၿပီျဖစ္သည္။

ႏိုင္ငံေရးမတည္ၿငိမ္မႈမ်ားအၾကား ေဟာင္ေကာင္ေဒၚလာေဈး က်ဆင္းခဲ့ၿပီး ႏိုင္ငံျခားသားမ်ားအတြက္ ေနထိုင္မႈစရိတ္မ်ား ျမင့္တက္ေစခဲ့သည္။ အထူးသျဖင့္ အိမ္ၿခံေျမေဈးႏႈန္းမ်ားျဖစ္သည္။

Mercer က အိမ္ၿခံေျမေဈးႏႈန္းမ်ားအလြန္ျမင့္မားသည့္ ေဟာင္ေကာင္သည္ အျခားၿမိဳ႕ျပ ၂၀၈ ခု၏ အထက္တြင္ ရွိဆဲျဖစ္သည္ကို ေတြ႕ရွိခဲ့ၿပီး စားရင္း၏ ထိပ္တန္းဆယ္ၿမိဳ႕တြင္ အာရွမွ ေျခာက္ၿမိဳ႕ပါဝင္ခဲ့ၿပီး တာ့မင္နစၥတန္ၿမိဳ႕ေတာ္ အက္ရွ္ဂါဘတ္က တိုက်ိဳအား ဖယ္ထုတ္၍ ဒုတိယေနရာကို သိသိသာသာသိမ္းပိုက္ခဲ့သည္။

နံပါတ္ ၆ ေနရာတြင္ ေဖာ္ျပခံလိုက္ရသည့္ နယူးေယာက္က သုံးေနရာတက္လာခဲ့ျခင္းျဖစ္ကာ ထိပ္တန္းဆယ္ၿမိဳ႕တြင္ ပါဝင္သည့္ တစ္ခုတည္းေသာ အေမရိကန္ၿမိဳ႕ျဖစ္သည္။ ၿမိဳ႕ဆယ္ၿမိဳ႕တြင္ က်န္ၿမိဳ႕သုံးခုမွာ ဆြစ္ၿမိဳ႕မ်ားျဖစ္ေသာ ဇူးရစ္ခ်္ (နံပါတ္ ၄)၊ ဘန္း (နံပါတ္ ၈) ႏွင့္ ဂ်ီနီဗာ (နံပါတ္ ၉) တို႔ျဖစ္သည္။

စကၤာပူသည္ နံပါတ္ ၃ ေနရာမွ နံပါတ္ ၅ ေနရာသို႔ က်ဆင္းခဲ့သည္။

ေဈးအနည္းဆုံးၿမိဳ႕မ်ားမွာ ကရာခ်ိ၊ ဘစ္ရွ္ကက္၊ တက္ရွ္ကန႔္၊ ဝင္းဟို႔ခ္ႏွင့္ တူးနစ္တို႔ျဖစ္သည္။

အဆိုပါစစ္တမ္းသည္ ႏိုင္ငံအမ်ားစု COVID-19 အက်ပ္အတည္းႏွင့္မရင္ဆိုင္ရေသးသည့္ကာလျဖစ္ေသာ ေဖေဖာ္ဝါရီမွ မတ္အၾကား ေနထိုင္မႈကုန္က်စရိတ္ကို အေျခခံတြက္ခ်က္ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

ယခုႏွစ္စာရင္း၏ ထိပ္တန္းၿမိဳ႕ ၂၀ မွာ -

၁။ ေဟာင္ေကာင္၊ ေဟာင္ေကာင္အထူးကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ

၂၊ အက္ရွ္ဂါဘတ္၊ တာ့မင္နစၥတန္

၃။ တိုက်ိဳ၊ ဂ်ပန္

၄။ ဇူးရစ္ခ်္၊ ဆြစ္ဇာလန္

၅။ စကၤာပူ၊ စကၤာပူ

၆။ နယူးေယာက္စီးတီး၊ အေမရိကန္

၇။ ရွန္ဟိုင္း၊ တ႐ုတ္

၈။ ဘန္း၊ ဆြစ္ဇာလန္

၉။ ဂ်ီနီဗာ၊ ဆြစ္ဇာလန္

၁၀။ ေပက်င္း၊ တ႐ုတ္

၁၁။ ဆိုးလ္၊ ေတာင္ကိုရီးယား

၁၂။ တဲလ္အဗစ္၊ အစၥေရး

၁၃။ ရွင္းက်န္း၊ တ႐ုတ္

၁၄။ ဗစ္တိုးရီယား၊ ေဆးလ္ရွဲလ္

၁၅။ အန္ဂ်မန္နာ၊ ခ်က္

၁၆။ ဆန္ဖရန္စစၥကို၊ အေမရိကန္

၁၇။ ေလာ့စ္အန္ဂ်လိစ္၊ အေမရိကန္

၁၈။ လာဂို႔စ္၊ ႏိုင္ဂ်ီးရီးယား

၁၉။ လန္ဒန္၊ ၿဗိတိန္

၂၀။ ကြမ္က်ိဳး၊ တ႐ုတ္

တို႔ျဖစ္ၾကေၾကာင္း သိရသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Hong Kong still most expensive city for expats: Mercer (Bangkok Post)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဝန်ကြီးချုပ် ၂ ဦး နေထိုင်ခဲ့သော နေအိမ် ပေါင် ၆,၅၀၀,၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်ဝန်ကြီးချုပ် ၂ ဦး နေထိုင်ခဲ့သော နေအိမ် ပေါင် ၆,၅၀၀,၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ရာ အိမ်နီးချင်းများနှင့် ပြဿနာတက်၊ မုတ်ဆိတ်ဖြူနေပြီဖြစ်သူ ဒီကာပရီယိုက မွေးနေ့အပြီးတွင် အသ...

ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယောက်ရှိ ရွှေချထားသော Penthouse ခန်းကို ရောင်းထုတ်လာပြန်၊ ငွေသားချည်းသက်သက်ဖြင့် ရောင်းချခြင်းဖြစ်...

မြောက်ကိုရီးယားဗိုလ်ကြီး (သို့မဟုတ်) Hyun Bin နှင့် Son Ye-jin တို့စုံတွဲက ပျားရည်ဆမ်းခရီး ဖြတ်သန်းခဲ့သော Penthouse ခန်းကို ကန်ဒေါ်လာ ၅ ဒသမ ၁ သန်းဖြင့် အရောင်းဈေးကွက်တင်ထား...
မြောက်ကိုရီးယားဗိုလ်ကြီး (သို့မဟုတ်) Hyun Bin နှင့် Son Ye-jin တို့စုံတွဲက ပျားရည်ဆမ်းခရီး ဖြတ်သန်းခဲ့သော Penthouse ခန်းကို ကန်ဒေါ်လာ ၅ ဒသမ ၁ သန်းဖြင့် အရောင်းဈေးကွက်တင်ထား...
Eminem ငယ်စဉ်က 8 Mile ရွေ့လျားအိမ် စခန်းဝန်းမှာ ကြီးပြင်းခဲ့သည်ဟု ရုပ်ရှင်ထဲတွင် ဖော်ပြထားခြင်းမှာ လွဲမှားနေ၊ Eminem ငယ်ဘဝနေအိမ်အကြောင်း...
Eminem ငယ်စဉ်က 8 Mile ရွေ့လျားအိမ် စခန်းဝန်းမှာ ကြီးပြင်းခဲ့သည်ဟု ရုပ်ရှင်ထဲတွင် ဖော်ပြထားခြင်းမှာ လွဲမှားနေ၊ Eminem ငယ်ဘဝနေအိမ်အကြောင်း...
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်ဒေါ်လာ ၅၄ သန်းတန် Penthouse ခန်း ဝယ်ယူ...
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်ဒေါ်လာ ၅၄ သန်းတန် Penthouse ခန်း ဝယ်ယူ...
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner ပိုင်ဆိုင်သော Malibu စံအိမ်...
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner ပိုင်ဆိုင်သော Malibu စံအိမ်...
အမေရိကန်နာမည်ကြီးမဂ္ဂဇင်း Vanity Fair ၏ မျက်နှာဖုံးတွင် ဖော်ပြခံရရေးအတွက် မိမိ၏ ချစ်သူ ကမ္ဘာ့ပဉ္စမမြောက် အချမ်းသာဆုံးသူဌေးကြီးသား၏ အရှိန်အဝါယူခဲ့မှုအပေါ် ဝေဖန်ခံနေရသော Blackpink မှ လီဆာက သူ၏နေအိမ်တွင်း မြင်ကွင်းများ ပရိသတ်ကိ...

ထရမ့်ရွေးကောက်ပွဲနိုင်လျှင် အမေရိကကို ကျောခိုင်းမည်ဟု ပြောဆိုထားသော အမေရိကန်နိုင်ငံသားများကို အီတလီရှိ ကျွန်းတစ်ကျွန်းက နေအိမ်များကို ဈေးသက်သာစွာ ရောင်းချပေးမည်ဖြစ်ကြောင်းပြောကာ လာရောက်နေထိုင်ရန်...
ထရမ့်ရွေးကောက်ပွဲနိုင်လျှင် အမေရိကကို ကျောခိုင်းမည်ဟု ပြောဆိုထားသော အမေရိကန်နိုင်ငံသားများကို အီတလီရှိ ကျွန်းတစ်ကျွန်းက နေအိမ်များကို ဈေးသက်သာစွာ ရောင်းချပေးမည်ဖြစ်ကြောင်းပြောကာ လာရောက်နေထိုင်ရန်...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် သန့်ရှင်းရေးအလုပ်သမားအဖြစ် ၂၇ နှစ်တာလုံး ခွင့်တစ်ရက်မှ မယူဘဲ သွားရောက်လုပ်ကိုင်ခဲ့သူ အမျိုးသားကြီး၏ သားသမီး
မလေးရှားတွင် သန့်ရှင်းရေးအလုပ်သမားအဖြစ် ၂၇ နှစ်တာလုံး ခွင့်တစ်ရက်မှ မယူဘဲ သွားရောက်လုပ်ကိုင်ခဲ့သူ အမျိုးသားကြီး၏ သားသမီး
အိန္ဒိယမှ ကျောင်းဆရာမတစ်ဦးက YouTube တွင် ရိုးစင်းလွယ်ကူသော ချက်ပြုတ်နည်းများ ရိုက်ကူးတင်ပြကာ ရူပီး ၄၃ ကုဋေအထိ ချမ်းသာလာပ
အိန္ဒိယမှ ကျောင်းဆရာမတစ်ဦးက YouTube တွင် ရိုးစင်းလွယ်ကူသော ချက်ပြုတ်နည်းများ ရိုက်ကူးတင်ပြကာ ရူပီး ၄၃ ကုဋေအထိ ချမ်းသာလာပ
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
Godfather ရုပ်ရှင်ဇာတ်ကားများဖြင့် ဝက်ဝက်ကွဲ အောင်မြင်ခဲ့သော အော်စကာဆုရှင် ရုပ်ရှင်မင်းသား ကြီး Al Pacino တချိန်က ကန်ဒေါ
Godfather ရုပ်ရှင်ဇာတ်ကားများဖြင့် ဝက်ဝက်ကွဲ အောင်မြင်ခဲ့သော အော်စကာဆုရှင် ရုပ်ရှင်မင်းသား ကြီး Al Pacino တချိန်က ကန်ဒေါ
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ
သြစတေးလျမှ လုပ်ငန်းရှင်တစ်ဦးက ကမ္ဘောဒီးယားရှိ ကျွန်းတစ်ကျွန်းကို ဒေါ်လာ ၁၅,၀၀၀ မျှဖြင့် ဝယ်ယူကာ အပန်းဖြေစခန်းအဖြစ် ပြောင
သြစတေးလျမှ လုပ်ငန်းရှင်တစ်ဦးက ကမ္ဘောဒီးယားရှိ ကျွန်းတစ်ကျွန်းကို ဒေါ်လာ ၁၅,၀၀၀ မျှဖြင့် ဝယ်ယူကာ အပန်းဖြေစခန်းအဖြစ် ပြောင
စင်္ကာပူတွင် ကျင်းပခဲ့သော ရွှေဒင်္ဂါး ပံ့သကူပစ်ပွဲ (သို့မဟုတ်) စင်္ကာပူတွင် တစ်နိုင်ငံလုံးအတိုင်းအတာ ကျင်းပနေသော ရတနာရှာ
စင်္ကာပူတွင် ကျင်းပခဲ့သော ရွှေဒင်္ဂါး ပံ့သကူပစ်ပွဲ (သို့မဟုတ်) စင်္ကာပူတွင် တစ်နိုင်ငံလုံးအတိုင်းအတာ ကျင်းပနေသော ရတနာရှာ
သိမ်းငှက်သူရဲကောင်း (အတွဲ-၂) ဖြင့် ထင်ရှားသူ အသက် ၇၄ နှစ်အရွယ် ဟောင်ကောင်ရုပ်ရှင်မင်းသားကြီး Lee Lung Kei က ၎င်းနှင့်စေ့
သိမ်းငှက်သူရဲကောင်း (အတွဲ-၂) ဖြင့် ထင်ရှားသူ အသက် ၇၄ နှစ်အရွယ် ဟောင်ကောင်ရုပ်ရှင်မင်းသားကြီး Lee Lung Kei က ၎င်းနှင့်စေ့
စင်္ကာပူရှိ Yishun ကွန်ဒိုတွင် အိမ်ရှင်အား အိမ်လခ အကြွေး စင်္ကာပူဒေါ်လာ ၆၈၀၀ မပေးနိုင်သောကြောင့် အိမ်ငှားမိသားစု တိတ်တဆိ
စင်္ကာပူရှိ Yishun ကွန်ဒိုတွင် အိမ်ရှင်အား အိမ်လခ အကြွေး စင်္ကာပူဒေါ်လာ ၆၈၀၀ မပေးနိုင်သောကြောင့် အိမ်ငှားမိသားစု တိတ်တဆိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

magical-world
Neighbourhood

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service