ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဗြိတိန်တွင် အိမ်ခြံမြေဈေးနှုန်းများ လျင်မြန်စွာကျဆင်းလျက်ရှိ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဗြိတိန်တွင် အိမ်ခြံမြေဈေးနှုန်းများ လျင်မြန်စွာကျဆင်းလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
5 Jun 2020 11:04 am တွင် တင်ခဲ့သည်
814 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဗြိတိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိမ်ခြံမြေဈေးများ ထိုးကျနေရာ ဘဏ္ဍာရေးအကျပ်အတည်း ပေါ်ပေါက်ခဲ့သည့် ၂၀၀၉ ခုနှစ်နောက်ပိုင်း အလျင်မြန်ဆုံးနှုန်းဖြင့် ကျဆင်းနေခြင်းဖြစ်သည်။

အလားအလာရှိသည့် ဝယ်လက်တို့က ပြောကြားရာတွင် အိမ်ခြံမြေဈေးကွက်သို့ ပြန်လည်ခြေချရန် ၆ လခန့် စောင့်ဆိုင်းဦးမည် ဖြစ်ကြောင်း ပြောကြားနေကြချိန်တွင် အိမ်ခြံမြေဈေးများ ကျဆင်းသွားခြင်းလည်း ဖြစ်သည်။

မေလ ပျှမ်းမျှအိမ်ခြံမြေဈေးနှုန်းမှာ မတ်လနှင့် နှိုင်းယှဉ်လျှင် ၁ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းသွားပြီး ပေါင် ၂၁၈၉၀၂ သာရှိကြောင်း ဗြိတိန်၏ အကြီးမားဆုံး အိမ်ခြံမြေချေးငွေ ထုတ်ပေးသူများတွင် တစ်ခုပါဝင်သော Nationwide က ထုတ်ပြန်သည်။

အဆိုပါ ကျဆင်းမှုမှာ ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း အကြီးမားဆုံး ဈေးနှုန်းကျဆင်းသည့်လ ဖြစ်ခဲ့ပြီး ၂၀၀၉ ၊ ဖေဖော်ဝါရီတွင် ပျှမ်းမျှ အိမ်ခြံမြေဈေးနှုန်းမှာ ၁၄၇၇၄၆ ပေါင် ဖြစ်သည်။

နှစ်စဉ်အားဖြင့် တိုးတက်မှုနှုန်းမှာ ၁ ဒသမ ၈ ရာခိုင်နှုန်းသာရှိခဲ့ရာ ဧပြီလတွင် ၃ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့မှုနှင့်နှိုင်းယှဉ်လျှင် လျင်မြန်စွာ ကျဆင်းသွားမှုဖြစ်ပြီး ဒီဇင်ဘာလနောက်ပိုင်း အနှေးကွေးဆုံးဈေးကွက်လှုပ်ရှားမှု ဖြစ်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်အအစောပိုင်း၊ ဗြိတိန်သို့ ကိုရိုနာဗိုင်းရပ်စ် မကူးစက်သေးမီက အထွေထွေရွေးကောက်ပွဲကြီးကြောင့် လူတို့၏ ယုံကြည်မှုများ မြင့်တက်ခဲ့ပြီး အိမ်ခြံမြေဈေးကွက်သို့ ပြန်လည်ခြေချလာကြခြင်းကြောင့် အိမ်ခြံမြေဈေးကွက်မှာ အရှိန်ကောင်းခဲ့သည်။

သို့သော် ဘောရစ်ဂျွန်ဆင်ရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် ဗြိတိန်ထိပ်သီးကုမ္ပဏီကြီးများ၏ ရှယ်ယာဈေးများ တက်သွားပြီး တန်ဖိုးအားဖြင့် ပေါင် ၁၂၀ ဘီလီယံခန့် တန်ဖိုးတက်သွားသော်လည်း အဆိုပါဖြစ်ရပ်မှာ ယာယီသာဖြစ်နိုင်ကြောင်း ခန့်မှန်းရပြီး ဥရောပသမဂ္ဂမှ ဗြိတိန်နှုတ်ထွက်ရေးအကြောင်းရပ်များတွင် မရေရာမှုများကြီးစိုးနေသေးသည်။

Covid-19 ပျံ့ပွားမှု ထိန်းချုပ်ရန်အတွက် ဗြိတိန်အစိုးရ တစ်နိုင်ငံလုံးအတိုင်းအတာ lockdown ချမှုကို မတ်လ ၂၃ ရက်တွင် စတင်လိုက်ပြီးနေက် အိမ်ခြံမြေဈေးကွက်အပြင် စီးပွားရေးတစ်ခုလုံး ရုတ်တရက် ရပ်ဆိုင်းသွားခဲ့သည်။

မဖြစ်မနေအကြောင်းရပ်များမှလွဲပြီး အိမ်ပြောင်းအိမ်ရွှေ့ခြင်းများကို တားမြစ်ခြင်း၊ အိမ်ခြံမြေအကျိုးဆောင်တို့ကို အိမ်ခြံမြေသစ်များ ဈေးကွက်သို့ တင်သွင်းမှု တားမြစ်ခြင်းအပြင် အိမ်ကြည့်လိုသည့် ဝယ်လက်များအနေဖြင့် အွန်လိုင်းမှသာ အိမ်ကြည့်ခြင်းများ ပြုလုပ်ခွင့် ပေးခဲ့သည်။

Lockdown ချမှတ်ထားမှု ၇ ပတ်ကြာအပြီး မေလလယ်ပိုင်းတွင် ဗြိတိန်အိမ်ခြံမြေဈေးကွက် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

အကောက်ခွန်ဌာန (HMRC) မှ အချက်အလက်များအရ ဧပြီလအတွင်း လူနေအိမ်ခြံမြေ အရောင်းအဝယ်မှာ ၂၀၁၉ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ၅၃ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ဖော်ပြသည်။

စီးပွားရေးအလားအလာများ ခန့်မှန်းတွက်ချက်သည့်အဖွဲ့ဖြစ်သော The EY Item Club က ခန့်မှန်းရာတွင် လာမည့် လအနည်းငယ်အတွင်း ဗြိတိန်အိမ်ခြံမြေဈေးနှုန်းများ ၅ ရာခိုင်နှုန်းခန့် ကျဆင်းမည်ဟု ဟောကိန်းထုတ်ထားသည်။

ယင်းအဖွဲ့၏ စီးပွားရေးအကြံပေးအကြီးအကဲ Howard Archer က ပြောကြားရာတွင် နီးစပ်သည့်အနာဂတ်ကာလအတွင်း အိမ်ခြံမြေ ဈေးကွက်လှုပ်ရှားမှုများမှာ အကန့်အသတ်ဖြင့်သာ ရှိနေဖွယ်ရာရှိကြောင်း၊ အစိုးရက အကူအညီပေးသည့် အစီအစဉ်များ လုပ်ဆောင်ခဲ့သော်လည်း အလုပ်အကိုင်ဆုံးရှုံးသွားခဲ့ရသူ များစွာရှိနေပြီး အခြားသူများတွင်လည်း အစိုးရထောက်ပံ့မှု အစီအစဉ်များ ရပ်ဆိုင်းသွားချိန်တွင် အလုပ်အကိုင်ဆုံးရှုံးနိုင်ဖွယ်ရှိသည့် အလားအလာအပေါ် စိုးရိမ်မှုများရှိနေကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: UK house prices fall at fastest rate since 2009 amid coronavirus crisis (theguardian)

[Zawgyi]

ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ျဗိတိန္တြင္ အိမ္ျခံေျမေစ်းႏႈန္းမ်ား လ်င္ျမန္စြာက်ဆင္းလ်က္ရွိ

ျဗိတိန္တြင္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ အိမ္ျခံေျမေစ်းမ်ား ထိုးက်ေနရာ ဘ႑ာေရးအက်ပ္အတည္း ေပၚေပါက္ခဲ့သည့္ ၂၀၀၉ ခုႏွစ္ေနာက္ပိုင္း အလ်င္ျမန္ဆံုးႏႈန္းျဖင့္ က်ဆင္းေနျခင္းျဖစ္သည္။

အလားအလာရွိသည့္ ဝယ္လက္တို႔က ေျပာၾကားရာတြင္ အိမ္ျခံေျမေစ်းကြက္သို႔ ျပန္လည္ေျခခ်ရန္ ၆ လခန္႔ ေစာင့္ဆိုင္းဦးမည္ ျဖစ္ေၾကာင္း ေျပာၾကားေနၾကခ်ိန္တြင္ အိမ္ျခံေျမေစ်းမ်ား က်ဆင္းသြားျခင္းလည္း ျဖစ္သည္။

ေမလ ပွ်မ္းမွ်အိမ္ျခံေျမေစ်းႏႈန္းမွာ မတ္လႏွင့္ ႏႈိင္းယွဥ္လွ်င္ ၁ ဒသမ ၇ ရာခိုင္ႏႈန္းက်ဆင္းသြားျပီး ေပါင္ ၂၁၈၉၀၂ သာရွိေၾကာင္း ျဗိတိန္၏ အၾကီးမားဆံုး အိမ္ျခံေျမေခ်းေငြ ထုတ္ေပးသူမ်ားတြင္ တစ္ခုပါဝင္ေသာ Nationwide က ထုတ္ျပန္သည္။

အဆိုပါ က်ဆင္းမႈမွာ ၂၀၀၉ ခုႏွစ္၊ ေဖေဖာ္ဝါရီလေနာက္ပိုင္း အၾကီးမားဆံုး ေစ်းႏႈန္းက်ဆင္းသည့္လ ျဖစ္ခဲ့ျပီး ၂၀၀၉ ၊ ေဖေဖာ္ဝါရီတြင္ ပွ်မ္းမွ် အိမ္ျခံေျမေစ်းႏႈန္းမွာ ၁၄၇၇၄၆ ေပါင္ ျဖစ္သည္။

ႏွစ္စဥ္အားျဖင့္ တိုးတက္မႈႏႈန္းမွာ ၁ ဒသမ ၈ ရာခိုင္ႏႈန္းသာရွိခဲ့ရာ ဧျပီလတြင္ ၃ ဒသမ ၇ ရာခိုင္ႏႈန္းရွိခဲ့မႈႏွင့္ႏႈိင္းယွဥ္လွ်င္ လ်င္ျမန္စြာ က်ဆင္းသြားမႈျဖစ္ျပီး ဒီဇင္ဘာလေနာက္ပိုင္း အေႏွးေကြးဆံုးေစ်းကြက္လႈပ္ရွားမႈ ျဖစ္ခဲ့သည္။

၂၀၂၀ ျပည့္ႏွစ္အအေစာပိုင္း၊ ျဗိတိန္သို႔ ကိုရိုနာဗိုင္းရပ္စ္ မကူးစက္ေသးမီက အေထြေထြေရြးေကာက္ပြဲၾကီးေၾကာင့္ လူတို႔၏ ယံုၾကည္မႈမ်ား ျမင့္တက္ခဲ့ျပီး အိမ္ျခံေျမေစ်းကြက္သို႔ ျပန္လည္ေျခခ်လာၾကျခင္းေၾကာင့္ အိမ္ျခံေျမေစ်းကြက္မွာ အရွိန္ေကာင္းခဲ့သည္။

သို႔ေသာ္ ေဘာရစ္ဂၽြန္ဆင္ေရြးေကာက္ပြဲတြင္ အႏိုင္ရျပီးေနာက္ ျဗိတိန္ထိပ္သီးကုမၸဏီၾကီးမ်ား၏ ရွယ္ယာေစ်းမ်ား တက္သြားျပီး တန္ဖုိးအားျဖင့္ ေပါင္ ၁၂၀ ဘီလီယံခန္႔ တန္ဖိုးတက္သြားေသာ္လည္း အဆိုပါျဖစ္ရပ္မွာ ယာယီသာျဖစ္ႏိုင္ေၾကာင္း ခန္႔မွန္းရျပီး ဥေရာပသမဂၢမွ ျဗိတိန္ႏႈတ္ထြက္ေရးအေၾကာင္းရပ္မ်ားတြင္ မေရရာမႈမ်ားၾကီးစိုးေနေသးသည္။

Covid-19 ပ်ံ႕ပြားမႈ ထိန္းခ်ဳပ္ရန္အတြက္ ျဗိတိန္အစိုးရ တစ္ႏိုင္ငံလံုးအတိုင္းအတာ lockdown ခ်မႈကို မတ္လ ၂၃ ရက္တြင္ စတင္လိုက္ျပီးေနက္ အိမ္ျခံေျမေစ်းကြက္အျပင္ စီးပြားေရးတစ္ခုလံုး ရုတ္တရက္ ရပ္ဆိုင္းသြားခဲ့သည္။

မျဖစ္မေနအေၾကာင္းရပ္မ်ားမွလဲြျပီး အိမ္ေျပာင္းအိမ္ေရႊ႕ျခင္းမ်ားကို တားျမစ္ျခင္း၊ အိမ္ျခံေျမအက်ဳိးေဆာင္တို႔ကို အိမ္ျခံေျမသစ္မ်ား ေစ်းကြက္သို႔ တင္သြင္းမႈ တားျမစ္ျခင္းအျပင္ အိမ္ၾကည့္လိုသည့္ ဝယ္လက္မ်ားအေနျဖင့္ အြန္လိုင္းမွသာ အိမ္ၾကည့္ျခင္းမ်ား ျပဳလုပ္ခြင့္ ေပးခဲ့သည္။

Lockdown ခ်မွတ္ထားမႈ ၇ ပတ္ၾကာအျပီး ေမလလယ္ပိုင္းတြင္ ျဗိတိန္အိမ္ျခံေျမေစ်းကြက္ ျပန္လည္ဖြင့္လွစ္ခဲ့သည္။

အေကာက္ခြန္ဌာန (HMRC) မွ အခ်က္အလက္မ်ားအရ ဧျပီလအတြင္း လူေနအိမ္ျခံေျမ အေရာင္းအဝယ္မွာ ၂၀၁၉ ခုႏွစ္ အလားတူကာလႏွင့္ ႏႈိင္းယွဥ္လွ်င္ ၅၃ ရာခိုင္ႏႈန္း က်ဆင္းသြားေၾကာင္း ေဖာ္ျပသည္။

စီးပြားေရးအလားအလာမ်ား ခန္႔မွန္းတြက္ခ်က္သည့္အဖြဲ႔ျဖစ္ေသာ The EY Item Club က ခန္႔မွန္းရာတြင္ လာမည့္ လအနည္းငယ္အတြင္း ျဗိတိန္အိမ္ျခံေျမေစ်းႏႈန္းမ်ား ၅ ရာခိုင္ႏႈန္းခန္႔ က်ဆင္းမည္ဟု ေဟာကိန္းထုတ္ထားသည္။

ယင္းအဖြဲ႔၏ စီးပြားေရးအၾကံေပးအၾကီးအကဲ Howard Archer က ေျပာၾကားရာတြင္ နီးစပ္သည့္အနာဂတ္ကာလအတြင္း အိမ္ျခံေျမ ေစ်းကြက္လႈပ္ရွားမႈမ်ားမွာ အကန္႔အသတ္ျဖင့္သာ ရွိေနဖြယ္ရာရွိေၾကာင္း၊ အစိုးရက အကူအညီေပးသည့္ အစီအစဥ္မ်ား လုပ္ေဆာင္ခဲ့ေသာ္လည္း အလုပ္အကိုင္ဆံုးရံႈးသြားခဲ့ရသူ မ်ားစြာရွိေနျပီး အျခားသူမ်ားတြင္လည္း အစိုးရေထာက္ပံ့မႈ အစီအစဥ္မ်ား ရပ္ဆိုင္းသြားခ်ိန္တြင္ အလုပ္အကိုင္ဆံုးရံႈးႏိုင္ဖြယ္ရွိသည့္ အလားအလာအေပၚ စိုးရိမ္မႈမ်ားရွိေနေၾကာင္း ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: UK house prices fall at fastest rate since 2009 amid coronavirus crisis (theguardian)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service