ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
[Unicode]
အင်ဒိုနီးရှား တရားရေး၊ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းညှိနှိုင်းချိတ်ဆက်မှု ဝန်ကြီး မာဖွတ် အမ်ဒီ (Mahfud MD) သည် ကိုရိုနာဗိုင်းရပ်စ်ကို ဇနီးမယားများနှင့် ခိုင်းနှိုင်းပြောကြားခဲ့မှုနှင့် စပ်လျဉ်းပြီး အမျိုးသမီးအုပ်စုများနှင့် ပြည်သူတို့၏ အပြင်းအထန်ဝေဖန်ခြင်းခံရလျက် ရှိသည်။
ပြီးခဲ့သော အင်္ဂါနေ့ (မေ ၂၆) ရက်က မာဖွတ် အမ်ဒီသည် ဆီဘီလက် မာရက်တက္ကသိုလ် (Sebelas Maret University) မဟာဌာနတစ်ခုနှင့် ရုပ်သံမှတဆင့် ဆွေးနွေးမှုပြုလုပ်ခဲ့ရာတွင် ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုကို ထိန်းချုပ်ခြင်းဟူသည်မှာ ခင်ပွန်းတစ်ဦးက သူ၏ဇနီးကို ထိန်းချုပ်နိုင်ရန် ကြိုးစားခြင်းနှင့်အလားတူကြောင်း အရွန်းဖောက်ပြောကြားခဲ့ခြင်း ဖြစ်သည်။
မာဖွတ် အမ်ဒီသည် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးတရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး သမ္မတ ဂျိုကို ဝီဒိုဒို၏ ဒုတိယ သမ္မတအဖြစ် ရွေးကောက်ခံရလုနီး အခြေအနေအထိ ရောက်ရှိခဲ့သူလည်း ဖြစ်သည်။
“တစ်ရက်မှာ ကျွန်တော့်မိတ်ဆွေတစ်ယောက်ဖြစ်တဲ့ လူဟတ် ပန်ဂျိုင်တန် (Luhut Pandjaitan- ရေကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညှိနှိုင်းချိတ်ဆက်ရေးဝန်ကြီး) ဆီက ကာတွန်းတစ်ခု ပို့တာရခဲ့တယ်။”
“ကာတွန်းထဲမှာ အင်္ဂလိပ်လို ရေးထားတာက ….ကိုရိုနာဟာ ခင်ဗျားတို့ရဲ့ ဇနီးနဲ့တူတယ်။ သူ့ကို ထိန်းချုပ်ဖို့ ကြိုးစားကြည့်ရင် ထိန်းချုပ်လို့ မရနိုင်ဘူးဆိုတာ တွေ့လာမယ်။ အဲဒီနောက်တော့ ဒီအခြေအနေနဲ့ပဲ နေတတ်အောင် ကြိုးစားရတော့တာပဲ”
မာဖွတ်က ဆွေးနွေးမှုတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ပြီး အစိုးရ၏ တစိတ်တပိုင်း lockdown ချမှတ်မှု အစီအစဉ်များ မှန်ကန်ကြောင်းနှင့် မကြာမီတွင် ပုံမှန်အခြေအနေသစ်တစ်ရပ်သို့ ရောက်ရှိရန် ပြင်းပြသည့်ဆန္ဒများရှိနေခြင်းကို ပြောကြားခဲ့သည်။
အမျိုးသမီးအခွင့်အရေးအုပ်စုဖြစ်သော Solidaritas Perempuan (အမျိုးသမီးများ၏ စည်းလုံးညီညွှတ်မှု) အဖွဲ့က မာဖွတ်၏ ပြောကြားချက်နှင့် စပ်လျဉ်းပြီး ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ကာ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
“မာဖွတ်၏ ပြောကြားချက်သည် covid-19 ကပ်ရောဂါအပေါ် အစိုးရ၏ အတွေးအခေါ် ပေါ့ပျက်ပျက်ဆန်မှုကို ထင်ဟပ်ပြသနေခြင်း ဖြစ်ရုံသာမကဘဲ အစိုးရအရာရှိတို့၏ လိင်ကွဲများအပေါ် ချိုးနှိမ်လိုစိတ်နှင့် မိန်းမမုန်းတီးရေး အတွေးအခေါ်ကို ပြသနေခြင်းဖြစ်သည်” ဟု အမျိုးသမီးများ စည်းလုံးညီညွှတ်ရေးအသင်း အမှုဆောင်အရာရှိချုပ် ဒင်နာ နီဆာ ယူရာက ပြောကြားသည်။
“မိန်းမတွေဟာ ဒုတိယလိင်အဖြစ် ရှုမြင်ခြင်းခံကြရတယ်။ ယောကျ်ားတွေရဲ့အောက်မှာရှိပြီး ယောကျ်ားတွေ ပိုင်ဆိုင်ထားတဲ့ ပစ္စည်းတစ်ခုလို သဘောထားခံနေကြရတယ်” ဟု သူမက ပြောကြားသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Senior Indonesian minister Mahfud MD slammed over ‘corona is like your wife’ remark (Coconuts.co)
[Zawgyi]
ကို႐ိုနာဗိုင္းရပ္စ္သည္ ဇနီးမယားႏွင့္တူၿပီး ထိန္းခ်ဳပ္ရန္ႀကိဳးစားေသာ္လည္း ထိန္းခ်ဳပ္မရႏိုင္ဘဲ ေနာက္ဆုံးတြင္ အတူေနထိုင္ေရးကိုသာ စဥ္းစားရေၾကာင္း အင္ဒိုနီးရွားဝန္ႀကီးေျပာၾကား
အင္ဒိုနီးရွား တရားေရး၊ ႏိုင္ငံေရးႏွင့္ လုံၿခဳံေရးဆိုင္ရာ ပူးေပါင္းညႇိႏႈိင္းခ်ိတ္ဆက္မႈ ဝန္ႀကီး မာဖြတ္ အမ္ဒီ (Mahfud MD) သည္ ကို႐ိုနာဗိုင္းရပ္စ္ကို ဇနီးမယားမ်ားႏွင့္ ခိုင္းႏႈိင္းေျပာၾကားခဲ့မႈႏွင့္ စပ္လ်ဥ္းၿပီး အမ်ိဳးသမီးအုပ္စုမ်ားႏွင့္ ျပည္သူတို႔၏ အျပင္းအထန္ေဝဖန္ျခင္းခံရလ်က္ ရွိသည္။
ၿပီးခဲ့ေသာ အဂၤါေန႔ (ေမ ၂၆) ရက္က မာဖြတ္ အမ္ဒီသည္ ဆီဘီလက္ မာရက္တကၠသိုလ္ (Sebelas Maret University) မဟာဌာနတစ္ခုႏွင့္ ႐ုပ္သံမွတဆင့္ ေဆြးေႏြးမႈျပဳလုပ္ခဲ့ရာတြင္ ကို႐ိုနာဗိုင္းရပ္စ္ပ်ံ႕ပြားမႈကို ထိန္းခ်ဳပ္ျခင္းဟူသည္မွာ ခင္ပြန္းတစ္ဦးက သူ၏ဇနီးကို ထိန္းခ်ဳပ္ႏိုင္ရန္ ႀကိဳးစားျခင္းႏွင့္အလားတူေၾကာင္း အ႐ြန္းေဖာက္ေျပာၾကားခဲ့ျခင္း ျဖစ္သည္။
မာဖြတ္ အမ္ဒီသည္ ဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးတရားသူႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူတစ္ဦးျဖစ္ၿပီး သမၼတ ဂ်ိဳကို ဝီဒိုဒို၏ ဒုတိယ သမၼတအျဖစ္ ေ႐ြးေကာက္ခံရလုနီး အေျခအေနအထိ ေရာက္ရွိခဲ့သူလည္း ျဖစ္သည္။
“တစ္ရက္မွာ ကြၽန္ေတာ့္မိတ္ေဆြတစ္ေယာက္ျဖစ္တဲ့ လူဟတ္ ပန္ဂ်ိဳင္တန္ (Luhut Pandjaitan- ေရေၾကာင္းႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာ ညႇိႏႈိင္းခ်ိတ္ဆက္ေရးဝန္ႀကီး) ဆီက ကာတြန္းတစ္ခု ပို႔တာရခဲ့တယ္။”
“ကာတြန္းထဲမွာ အဂၤလိပ္လို ေရးထားတာက ….ကို႐ိုနာဟာ ခင္ဗ်ားတို႔ရဲ႕ ဇနီးနဲ႔တူတယ္။ သူ႔ကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားၾကည့္ရင္ ထိန္းခ်ဳပ္လို႔ မရႏိုင္ဘူးဆိုတာ ေတြ႕လာမယ္။ အဲဒီေနာက္ေတာ့ ဒီအေျခအေနနဲ႔ပဲ ေနတတ္ေအာင္ ႀကိဳးစားရေတာ့တာပဲ”
မာဖြတ္က ေဆြးေႏြးမႈတြင္ အထက္ပါအတိုင္းေျပာၾကားခဲ့ျခင္းျဖစ္ၿပီး အစိုးရ၏ တစိတ္တပိုင္း lockdown ခ်မွတ္မႈ အစီအစဥ္မ်ား မွန္ကန္ေၾကာင္းႏွင့္ မၾကာမီတြင္ ပုံမွန္အေျခအေနသစ္တစ္ရပ္သို႔ ေရာက္ရွိရန္ ျပင္းျပသည့္ဆႏၵမ်ားရွိေနျခင္းကို ေျပာၾကားခဲ့သည္။
အမ်ိဳးသမီးအခြင့္အေရးအုပ္စုျဖစ္ေသာ Solidaritas Perempuan (အမ်ိဳးသမီးမ်ား၏ စည္းလုံးညီၫႊတ္မႈ) အဖြဲ႕က မာဖြတ္၏ ေျပာၾကားခ်က္ႏွင့္ စပ္လ်ဥ္းၿပီး ထုတ္ျပန္ခ်က္တစ္ခု ထုတ္ျပန္ကာ ျပင္းျပင္းထန္ထန္ ေဝဖန္ခဲ့သည္။
“မာဖြတ္၏ ေျပာၾကားခ်က္သည္ covid-19 ကပ္ေရာဂါအေပၚ အစိုးရ၏ အေတြးအေခၚ ေပါ့ပ်က္ပ်က္ဆန္မႈကို ထင္ဟပ္ျပသေနျခင္း ျဖစ္႐ုံသာမကဘဲ အစိုးရအရာရွိတို႔၏ လိင္ကြဲမ်ားအေပၚ ခ်ိဳးႏွိမ္လိုစိတ္ႏွင့္ မိန္းမမုန္းတီးေရး အေတြးအေခၚကို ျပသေနျခင္းျဖစ္သည္” ဟု အမ်ိဳးသမီးမ်ား စည္းလုံးညီၫႊတ္ေရးအသင္း အမႈေဆာင္အရာရွိခ်ဳပ္ ဒင္နာ နီဆာ ယူရာက ေျပာၾကားသည္။
“မိန္းမေတြဟာ ဒုတိယလိင္အျဖစ္ ရႈျမင္ျခင္းခံၾကရတယ္။ ေယာက်္ားေတြရဲ႕ေအာက္မွာရွိၿပီး ေယာက်္ားေတြ ပိုင္ဆိုင္ထားတဲ့ ပစၥည္းတစ္ခုလို သေဘာထားခံေနၾကရတယ္” ဟု သူမက ေျပာၾကားသည္။
ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။
iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Senior Indonesian minister Mahfud MD slammed over ‘corona is like your wife’ remark (Coconuts.co)