ဘီလ်ဂိတ်သည် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးဟု ခေါင်းစဉ်တပ်ကာ ကမ္ဘာ့ပြည်သူများကို မိုက္ကရိုချစ်ပ်ပြားများထည့်ပြီး စောင့်ကြည့်ရန်စီစဉ်နေသည်ဟူသည့် အယူအဆကို အမေရိကန်ပြည်သူ ၂၅ ရာခိုင်နှုန်းကျော်က လက်ခံ

ဘီလ်ဂိတ်သည် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးဟု ခေါင်းစဉ်တပ်ကာ ကမ္ဘာ့ပြည်သူများကို မိုက္ကရိုချစ်ပ်ပြားများထည့်ပြီး စောင့်ကြည့်ရန်စီစဉ်နေသည်ဟူသည့် အယူအဆကို အမေရိကန်ပြည်သူ ၂၅ ရာခိုင်နှုန်းကျော်က လက်ခံ - Property News in Myanmar from iMyanmarHouse.com
26 May 2020 1:19 pm တွင် တင်ခဲ့သည်
1107 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မိုက္ကရိုဆော့ဖ်သူဌေကြီး ဘီလ်ဂိတ်သည် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးဟု ခေါင်းစဉ်တပ်ကာ သန်းထောင်ချီသော ကမ္ဘာ့ပြည်သူများကို မိုက္ကရိုချစ်ပ်ပြားများ ထည့်ပြီး လှုပ်ရှားမှုများ စောင့်ကြည့်ရန်စီစဉ်သည်ဟူသည့် အယူအဆကို အမေရိကန်ပြည်သူ ၂၅ ရာခိုင်နှုန်းကျော်နှင့် ရီပတ်ဘလီကန် ပါတီဝင် ၄၄ ရာခိုင်နှုန်းက လက်ခံနေကြသည်ဟု စစ်တမ်းတစ်ရပ်တွင် တွေ့ရှိရသည်။

အဆိုပါစစ်တမ်းကို Yahoo News နှင့် YouGov တို့က ပူးပေါင်းကာ မေလ ၂၀ နှင့် ၂၁ ရက်များတွင် စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။

ယင်းသို့ စစ်တမ်းကောက်ရာတွင် ရီပတ်ဘလီကန် ပါတီဝင် ၂၆ ရာခိုင်နှုန်းကသာ အဆိုပါအယူအဆမှာ မှားယွင်းကြောင်း မှန်ကန်စွာ ဖြေကြားနိုင်ခဲ့ကြသည်။

စစ်တမ်းကောက်ယူမှုကို အမေရိကန်နိုင်ငံသား ၁၆၄၀ ဦးတွင် ပြုလုပ်ခဲ့ပြီး ယင်းအနက် ၂၈ ရာခိုင်နှုန်းက ဘီလ်ဂိတ်နှင့် ပတ်သက်သည့် အယူအဆကို မှန်ကန်သည်ဟု ယုံကြည်ကြပြီး ရီပတ်ဘလီကန်ပါတီဝင်များဟုသိရသူ ၄၄ ရာခိုင်နှုန်းကလည်း အဆိုပါအယူအဆ မှန်ကန်သည်ဟု ဖြေကြားခဲ့ကြသည်။

ဒီမိုကရက်ပါတီဝင် ၁၉ ရာခိုင်နှုန်းမှာလည်း ဘီလ်ဂိတ်အယူအဆ မှန်ကန်သည်ဟု ယုံကြည်နေကြပြီး ဒီမိုကရက် ၅၂ ရာခိုင်နှုန်းကသာလျှင် ဘီဂိတ်သီအိုရီ မှားယွင်းကြောင်း ပြောကြားနိုင်ခဲ့ကြသည်။

ဘီလ်ဂိတ်သည် လူတို့ကို ခြေရာခံနိုင်သည့် မိုက္ကရိုချစ်ပ်ပြားများ ပါဝင်သော ကာကွယ်ဆေးများကို အသုံးပြုနိုင်ရန် စီစဉ်နေကြောင်း ယူဆနေကြခြင်း ဖြစ်သည်။

ဘီလ်ဂိတ်တည်ထောင်ထားသည့် Bill & Melinda Gates ဖောင်ဒေးရှင်းသည် covid-19 ကာကွယ်ဆေး ထုတ်လုပ်ရေးအတွက် လုပ်ဆောင်ခဲ့မှုမရှိသလို ရန်ပုံငွေ တည်ထောင်ခဲ့ခြင်းလည်း မရှိရာ စောင့်ကြည့်ခြေရာခံနိုင်သည့် ထိုးဆေးများ ထုတ်လုပ်ရန်လည်း လုပ်ဆောင်ခဲ့ခြင်း မရှိချေ။

ဒေါ်နယ်ထရမ့်၏ အကြံပေးပုဂ္ဂိုလ်ဟောင်း Roger Stone ကလည်း နယူးယောက်မြို့ရေဒီယို အစီအစဉ်တစ်ခုတွင် ဘီလ်ဂိတ်နှင့် ကမ္ဘာလုံးဆိုင်ရာ ဖြန့်ကျက်ရေးသမားတို့က ကာကွယ်ဆေးကိုအသုံးချကာ လူတို့အား မိုက္ကရိုချစ်ပ်များ ထည့်သွင်းရန် ကြိုးစားနေကြောင်း ပြောကြားခဲ့သည်။

Covid-19 အတွက် ကာကွယ်ဆေး ရှာဖွေခြင်းမှာ ကပ်ဘေးကြီးကို အဆုံးသတ်ရန် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း အများက လက်ခံထားသည်။

သို့သော် ယခုအယူအဆကို ယုံကြည်နေသူတို့က ကာကွယ်ဆေးထိုးလိုသည့် ဆန္ဒမရှိကြပါက ၎င်းတို့အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်မှ ကာကွယ်နိုင်ကြမည် မဟုတ်ချေ။

ကာကွယ်မထားသူ များပြားသည်နှင့်အမျှ ဗိုင်းရပ်စ်မှာ ဆက်လက်ပျံ့နှံ့နေဦးမည်သာဖြစ်ပြီး လူပေါင်းများစွာ ဆက်လက်သေဆုံးနေကြ ဦးမည်သာ ဖြစ်သည်။

ဘီလ်ဂိတ်နှင့် ဇနီးဖြစ်သူ မီလင်ဒါတို့သည် ကာကွယ်ဆေးများ ထုတ်လုပ်ရန် ကူညီပေးနေသည်မှာ နှစ်ပေါင်းအတန်ကြာခဲ့ပြီဖြစ်ပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖြစ်သည်။

ဘီလ်ဂိတ်သည် ယခုကဲ့သို့ ကပ်ရောဂါကြီးပေါ်ပေါက်လာမည်ကို ၂၀၁၅ ခုနှစ်ကတည်းက ကြိုတင်သတိပေးခဲ့ဖူးသည်။ covid -19 ကို တိုက်ဖျက်ရေးအတွက် ဘီလ်ဂိတ်က ကန်ဒေါ်လာ သန်း ၃၀၀ ကူညီရန် ကတိပြုထားသည်။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: More than 25% of all Americans and 44% of Republicans believe conspiracy theory that Bill Gates is plotting to use a Covid-19 vaccine to implant microchips in people, survey finds (Daily Mail)

[Zawgyi]

ဘီလ္ဂိတ္သည္ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးဟု ေခါင္းစဥ္တပ္ကာ ကမၻာ့ျပည္သူမ်ားကို မိုကၠရိုခ်စ္ပ္ျပားမ်ားထည့္ျပီး ေစာင့္ၾကည့္ရန္စီစဥ္ေနသည္ဟူသည့္ အယူအဆကို အေမရိကန္ျပည္သူ ၂၅ ရာခို္င္ႏႈန္းေက်ာ္က လက္ခံ

မိုကၠရိုေဆာ့ဖ္သူေဌၾကီး ဘီလ္ဂိတ္သည္ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးဟု ေခါင္းစဥ္တပ္ကာ သန္းေထာင္ခ်ီေသာ ကမၻာ့ျပည္သူမ်ားကို မိုကၠရိုခ်စ္ပ္ျပားမ်ား ထည့္ျပီး လႈပ္ရွားမႈမ်ား ေစာင့္ၾကည့္ရန္စီစဥ္သည္ဟူသည့္ အယူအဆကို အေမရိကန္ျပည္သူ ၂၅ ရာခို္င္ႏႈန္းေက်ာ္ႏွင့္ ရီပတ္ဘလီကန္ ပါတီဝင္ ၄၄ ရာခိုင္ႏႈန္းက လက္ခံေနၾကသည္ဟု စစ္တမ္းတစ္ရပ္တြင္ ေတြ႔ရွိရသည္။

အဆိုပါစစ္တမ္းကို Yahoo News ႏွင့္ YouGov တို႔က ပူးေပါင္းကာ ေမလ ၂၀ ႏွင့္ ၂၁ ရက္မ်ားတြင္ စစ္တမ္းေကာက္ယူခဲ့ျခင္းျဖစ္သည္။

ယင္းသို႔ စစ္တမ္းေကာက္ရာတြင္ ရီပတ္ဘလီကန္ ပါတီဝင္ ၂၆ ရာခိုင္ႏႈန္းကသာ အဆိုပါအယူအဆမွာ မွားယြင္းေၾကာင္း မွန္ကန္စြာ ေျဖၾကားႏိုင္ခဲ့ၾကသည္။

စစ္တမ္းေကာက္ယူမႈကို အေမရိကန္ႏိုင္ငံသား ၁၆၄၀ ဦးတြင္ ျပဳလုပ္ခဲ့ျပီး ယင္းအနက္ ၂၈ ရာခိုင္ႏႈန္းက ဘီလ္ဂိတ္ႏွင့္ ပတ္သက္သည့္ အယူအဆကို မွန္ကန္သည္ဟု ယံုၾကည္ၾကျပီး ရီပတ္ဘလီကန္ပါတီဝင္မ်ားဟုသိရသူ ၄၄ ရာခိုင္ႏႈန္းကလည္း အဆိုပါအယူအဆ မွန္ကန္သည္ဟု ေျဖၾကားခဲ့ၾကသည္။

ဒီမိုကရက္ပါတီဝင္ ၁၉ ရာခိုင္ႏႈန္းမွာလည္း ဘီလ္ဂိတ္အယူအဆ မွန္ကန္သည္ဟု ယံုၾကည္ေနၾကျပီး ဒီမိုကရက္ ၅၂ ရာခုိင္ႏႈန္းကသာလွ်င္ ဘီဂိတ္သီအိုရီ မွားယြင္းေၾကာင္း ေျပာၾကားႏိုင္ခဲ့ၾကသည္။

ဘီလ္္ဂိတ္သည္ လူတုိ႔ကို ေျခရာခံႏိုင္သည့္ မိုကၠရိုခ်စ္ပ္ျပားမ်ား ပါဝင္ေသာ ကာကြယ္ေဆးမ်ားကို အသံုးျပဳႏိုင္ရန္ စီစဥ္ေနေၾကာင္း ယူဆေနၾကျခင္း ျဖစ္သည္။

ဘီလ္ဂိတ္တည္ေထာင္ထားသည့္ Bill & Melinda Gates ေဖာင္ေဒးရွင္းသည္ covid-19 ကာကြယ္ေဆး ထုတ္လုပ္ေရးအတြက္ လုပ္ေဆာင္ခဲ့မႈမရွိသလို ရန္ပံုေငြ တည္ေထာင္ခဲ့ျခင္းလည္း မရွိရာ ေစာင့္ၾကည့္ေျခရာခံႏိုင္သည့္ ထိုးေဆးမ်ား ထုတ္လုပ္ရန္လည္း လုပ္ေဆာင္ခဲ့ျခင္း မရွိေခ်။

ေဒၚနယ္ထရမ့္၏ အၾကံေပးပုဂၢိဳလ္ေဟာင္း Roger Stone ကလည္း နယူးေယာက္ျမိဳ ႔ေရဒီယို အစီအစဥ္တစ္ခုတြင္ ဘီလ္ဂိတ္ႏွင့္ ကမၻာလံုးဆိုင္ရာ ျဖန္႔က်က္ေရးသမားတို႔က ကာကြယ္ေဆးကိုအသံုးခ်ကာ လူတို႔အား မိုကၠရိုခ်စ္ပ္မ်ား ထည့္သြင္းရန္ ၾကိဳးစားေနေၾကာင္း ေျပာၾကားခဲ့သည္။

Covid-19 အတြက္ ကာကြယ္ေဆး ရွာေဖြျခင္းမွာ ကပ္ေဘးၾကီးကို အဆံုးသတ္ရန္ အေကာင္းဆံုးနည္းလမ္းျဖစ္ေၾကာင္း အမ်ားက လက္ခံထားသည္။

သို႔ေသာ္ ယခုအယူအဆကို ယံုၾကည္ေနသူတို႔က ကာကြယ္ေဆးထိုးလိုသည့္ ဆႏၵမရွိၾကပါက ၎တို႔အေနျဖင့္ ကိုရိုနာဗိုင္းရပ္စ္မွ ကာကြယ္ႏိုင္ၾကမည္ မဟုတ္ေခ်။

ကာကြယ္မထားသူ မ်ားျပားသည္ႏွင့္အမွ် ဗိုင္းရပ္စ္မွာ ဆက္လက္ပ်ံ ႔ႏွံ႔ေနဦးမည္သာျဖစ္ျပီး လူေပါင္းမ်ားစြာ ဆက္လက္ေသဆံုးေနၾက ဦးမည္သာ ျဖစ္သည္။

ဘီလ္ဂိတ္ႏွင့္ ဇနီးျဖစ္သူ မီလင္ဒါတို႔သည္ ကာကြယ္ေဆးမ်ား ထုတ္လုပ္ရန္ ကူညီေပးေနသည္မွာ ႏွစ္ေပါင္းအတန္ၾကာခဲ့ျပီျဖစ္ျပီး အထူးသျဖင့္ ဖြံ႔ျဖိဳးဆဲႏိုင္ငံမ်ားတြင္ ျဖစ္သည္။

ဘီလ္ဂိတ္သည္ ယခုကဲ့သို႔ ကပ္ေရာဂါၾကီးေပၚေပါက္လာမည္ကို ၂၀၁၅ ခုႏွစ္ကတည္းက ၾကိိဳတင္သတိေပးခဲ့ဖူးသည္။ covid -19 ကို တိုက္ဖ်က္ေရးအတြက္ ဘီလ္ဂိတ္က ကန္ေဒၚလာ သန္း ၃၀၀ ကူညီရန္ ကတိျပဳထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: More than 25% of all Americans and 44% of Republicans believe conspiracy theory that Bill Gates is plotting to use a Covid-19 vaccine to implant microchips in people, survey finds (Daily Mail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service