သခင်ဖြစ်သူ Covid-19 ဖြင့် သေဆုံးသွားပြီကို မသိဘဲ ဆေးရုံတွင် ၃ လကြာအောင် လာရောက်စောင့်ဆိုင်းနေရှာသည့် ဝူဟန်မြို့က သစ္စာရှိသော ခွေးကလေး

သခင်ဖြစ်သူ Covid-19 ဖြင့် သေဆုံးသွားပြီကို မသိဘဲ ဆေးရုံတွင် ၃ လကြာအောင် လာရောက်စောင့်ဆိုင်းနေရှာသည့် ဝူဟန်မြို့က သစ္စာရှိသော ခွေးကလေး - Property News in Myanmar from iMyanmarHouse.com
26 May 2020 11:52 am တွင် တင်ခဲ့သည်
6447 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်ပြည်၊ ဝူဟန်မြို့တွင် ရှောင်ပေါင် အမည်ရှိ အသက် ၇ နှစ်အရွယ် ခွေးကလေးတစ်ကောင်သည် သခင်ဖြစ်သူမှ Covid-19 ဖြင့် သေဆုံးသွားခဲ့ပြီကို မသိရှာဘဲ ဆေးရုံသို့ ၃ လ ကြာအောင် စိတ်ရှည်စွာ လာရောက်စောင့်ဆိုင်းနေသည့် ဖြစ်ရပ်မှာ တရုတ်ပြည်အတွင်း နာမည်ကြီးနေသည်။

ဝူဟန်ဆေးရုံ၏ ဧည့်သည်နားနေဆောင်တွင် ၃ လကြာအောင် လာရောက်စောင့်ဆိုင်းနေခဲ့သည့် ရှောင်ပေါင်ကို ယခုအခါ ခွေးစောင့်ရှောက်ရေး ဂေဟာသို့ ပို့ဆောင်လိုက်ပြီဟု ဆိုသည်။

စပ်မျိုးဖြစ်သော ရှောင်ပေါင် (တရုတ်ဘာသာအားဖြင့် ရတနာလေးဟု အဓိပ္ပာယ်ရ) သည် တရုတ်ပြည်၊ ဟူပေ့ပြည်နယ်ရှိ Wuhan Taikang ဆေးရုံသို့ ပြီးခဲ့သော ဖေဖော်ဝါရီလအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အထွတ်အထိပ်သို့ ရောက်ရှိနေချိန်တွင် အသက်ကြီးပြီဖြစ်သည့် သခင်နှင့်အတူ စတင်ရောက်ရှိလာခဲ့သည်။

အငြိမ်းစားတစ်ဦးဖြစ်သူ သခင်မှာ ဆေးရုံတက်ပြီး ၅ ရက်အကြာတွင် သေဆုံးသွားကြောင်း Zhu Youzhen အမည်ရှိ အသက် ၆၅ နှစ်အရွယ် ဆေးရုံသန့်ရှင်းရေးက ပြောကြားသည်။ ဝူဟန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူပေါင်း ၃၈၆၉ ဦးသေဆုံးခဲ့ရာ ရှောင်ပေါင်၏ သခင်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။

သခင်ဖြစ်သူ မည်သည့်အခါမှ ပြန်လာတော့မည်မဟုတ်သည်ကို မသိရှာသော ခွေးကလေးရှောင်ပေါင်သည် ဆေးရုံနားနေဆောင်တွင် ၃ လကျော်ကြာ စောင့်ဆိုင်းနေခဲ့ပြီး ထိုကာလအတွင်း ဆေးရုံဝန်ထမ်းများက ကျွေးမွေးစောင့်ရှောက်ထားရသည်။

ဧပြီလ ၁၃ ရက်တွင် ဝူဟန်မြို့ကို lockdown ချထားခြင်းမှ ပြန်လည်ရုပ်သိမ်းလိုက်ချိန်တွင် ဆေးရုံရှိ ဈေးဝယ်စင်တာ ပြန်လည်ဖွင့်လှစ်ခဲ့ ရာ ခွေးကလေးရှောင်ပေါင်ကို ဆိုင်ရှင်ဖြစ်သူ Wu Cuifen က စောင့်ရှောက်ထားခဲ့သည်။

“ဧပြီလလယ်မှာ ဆိုင်ပြန်ဖွင့်တော့ ခွေးလေးကို ကျွန်မ ပထမဆုံးသတိထားမိတယ်။ ကျွန်မက သူ့ကို ရှောင်ပေါင်လို့ ခေါ်ခဲ့ပါတယ်။ အဲဒါက ကျွန်မပေးထားတဲ့ နာမည်ပါ” ဟု မစ္စ Wu က ပြောကြားသည်။

“ရှောင်ပေါင်ရဲ့သခင်က အငြိမ်းစားတစ်ယောက်ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆေးရုံတက်ရင်း သေဆုံးသွားတယ်။ ဒါပေမယ့် ရှောင်ပေါင်က မသိရှာဘဲ ဆေးရုံမှာပဲနေနေပြီး သူ့သခင်ကို ရှာနေတာဖြစ်တယ်လို့ ကျွန်မကို ပြောကြပါတယ်”

ရှောင်ပေါင်သည် ဆေးရုံမှ တဖဝါးမှ မခွာကြောင်း၊ ယင်းဖြစ်ရပ်မှာ မယုံနိုင်ဖွယ်ဖြစ်ရပ်ဖြစ်ပြီး အလွန်သစ္စာရှိလှကြောင်း၊ နောက်ပိုင်းတွင် ခွေးကလေးနှင့် ရင်းနှီးလာပြီး ဆိုင်သွားခေါ်သွားလေ့ရှိကြောင်း မစ္စ Wu က ဆက်လက်ပြောကြားသည်။

ဆေးရုံအမှုထမ်းများက ရှောင်ပေါင်ကို ဆေးရုံနှင့်ဝေးကွာလှသော နေရာသို့ခေါ်သွားကာ ချထားခဲ့လျှင်လည်း ရှောင်ပေါင်သည် ဆေးရုံသို့ပင် ပြန်လာကာ သခင်ဖြစ်သူကို စိတ်ရှည်စွာ ဆက်လက်စောင့်ဆိုင်းနေရှာပြန်သည်။

မေလ ၂၀ ရက်တွင် ဆေးရုံတွင် ပုံမှန်လူနာများဖြင့် ပြည့်နှက်လာချိန်အတွင်း ရှောင်ပေါင်သည် ဆေးရုံစင်္ကြန်များတွင် လှည့်ပတ်သွားလာနေမှုနှင့် ပတ်သက်ပြီး လူနာများ၏ တိုင်တန်းမှုများ ရှိလာသည်။

ထို့ကြောင့် သူနာပြုများက ဝူဟန်မြို့ တိရ စ္ဆာန်ငယ်များ ကာကွယ်ရေးအသင်းသို့ ဆက်သွယ်ရာ အဆိုပါအသင်းကလာရောက်ပြီး ရှောင်ပေါင်ကို ခေါ်ဆောင်သွားကြသည်။

ရှောင်ပေါင်ကို တိရ စ္ဆာန်ကုဆရာဝန်များက ရောဂါပိုးသတ်ခြင်းများ ပြုလုပ်ပေးထားပြီး ရှောင်ပေါင်ကို မွေးစားလိုသူများကို ကမ်းလှမ်းထားကြောင်း အဆိုပါအသင်း၏ ညွှန်ကြားရေးမှူး Du Fan က ပြောကြားသည်။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Loyal dog waits at a Wuhan hospital for three months after his owner dies from covid-19 (Daily Mail)

[Zawgyi]

သခင္ျဖစ္သူ Covid-19 ျဖင့္ ေသဆံုးသြားျပီကို မသိဘဲ ေဆးရံုတြင္ ၃ လၾကာေအာင္ လာေရာက္ေစာင့္ဆိုင္းေနရွာသည့္ ဝူဟန္ျမိဳ ႔က သစၥာရွိေသာ ေခြးကေလး

တရုတ္ျပည္၊ ဝူဟန္ျမိဳ ႔တြင္ ေရွာင္ေပါင္ အမည္ရွိ အသက္ ၇ ႏွစ္အရြယ္ ေခြးကေလးတစ္ေကာင္သည္ သခင္ျဖစ္သူမွ Covid-19 ျဖင့္ ေသဆံုးသြားခဲ့ျပီကို မသိရွာဘဲ ေဆးရံုသို႔ ၃ လ ၾကာေအာင္ စိတ္ရွည္စြာ လာေရာက္ေစာင့္ဆိုင္းေနသည့္ ျဖစ္ရပ္မွာ တရုတ္ျပည္အတြင္း နာမည္ၾကီးေနသည္။

ဝူဟန္ေဆးရံု၏ ဧည့္သည္နားေနေဆာင္တြင္ ၃ လၾကာေအာင္ လာေရာက္ေစာင့္ဆိုင္းေနခဲ့သည့္ ေရွာင္ေပါင္ကို ယခုအခါ ေခြးေစာင့္ေရွာက္ေရး ေဂဟာသို႔ ပို႔ေဆာင္လိုက္ျပီဟု ဆိုသည္။

စပ္မ်ဳိးျဖစ္ေသာ ေရွာင္ေပါင္ (တရုတ္ဘာသာအားျဖင့္ ရတနာေလးဟု အဓိပၸာယ္ရ) သည္ တရုတ္ျပည္၊ ဟူေပ့ျပည္နယ္ရွိ Wuhan Taikang ေဆးရံုသို႔ ျပီးခဲ့ေသာ ေဖေဖာ္ဝါရီလအတြင္း ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈ အထြတ္အထိပ္သို႔ ေရာက္ရွိေနခ်ိန္တြင္ အသက္ၾကီးျပီျဖစ္သည့္ သခင္ႏွင့္အတူ စတင္ေရာက္ရွိလာခဲ့သည္။

အျငိမ္းစားတစ္ဦးျဖစ္သူ သခင္မွာ ေဆးရံုတက္ျပီး ၅ ရက္အၾကာတြင္ ေသဆံုးသြားေၾကာင္း Zhu Youzhen အမည္ရွိ အသက္ ၆၅ ႏွစ္အရြယ္ ေဆးရံုသန္႔ရွင္းေရးက ေျပာၾကားသည္။ ဝူဟန္ျမိဳ ႔တြင္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ လူေပါင္း ၃၈၆၉ ဦးေသဆံုးခဲ့ရာ ေရွာင္ေပါင္၏ သခင္လည္း တစ္ဦးအပါအဝင္ျဖစ္သည္။

သခင္ျဖစ္သူ မည္သည့္အခါမွ ျပန္လာေတာ့မည္မဟုတ္သည္ကို မသိရွာေသာ ေခြးကေလးေရွာင္ေပါင္သည္ ေဆးရံုနားေနေဆာင္တြင္ ၃ လေက်ာ္ၾကာ ေစာင့္ဆိုင္းေနခဲ့ျပီး ထိုကာလအတြင္း ေဆးရံုဝန္ထမ္းမ်ားက ေကၽြးေမြးေစာင့္ေရွာက္ထားရသည္။

ဧျပီလ ၁၃ ရက္တြင္ ဝူဟန္ျမိဳ ႔ကို lockdown ခ်ထားျခင္းမွ ျပန္လည္ရုပ္သိမ္းလိုက္ခ်ိန္တြင္ ေဆးရံုရွိ ေစ်းဝယ္စင္တာ ျပန္လည္ဖြင့္လွစ္ခဲ့ ရာ ေခြးကေလးေရွာင္ေပါင္ကို ဆိုင္ရွင္ျဖစ္သူ Wu Cuifen က ေစာင့္ေရွာက္ထားခဲ့သည္။

“ဧျပီလလယ္မွာ ဆိုင္ျပန္ဖြင့္ေတာ့ ေခြးေလးကို ကၽြန္မ ပထမဆံုးသတိထားမိတယ္။ ကၽြန္မက သူ႔ကို ေရွာင္ေပါင္လို႔ ေခၚခဲ့ပါတယ္။ အဲဒါက ကၽြန္မေပးထားတဲ့ နာမည္ပါ” ဟု မစၥ Wu က ေျပာၾကားသည္။

“ေရွာင္ေပါင္ရဲ ႔သခင္က အျငိမ္းစားတစ္ေယာက္ျဖစ္ျပီး ကိုရိုနာဗိုင္းရပ္စ္နဲ႔ ေဆးရံုတက္ရင္း ေသဆံုးသြားတယ္။ ဒါေပမယ့္ ေရွာင္ေပါင္က မသိရွာဘဲ ေဆးရံုမွာပဲေနေနျပီး သူ႔သခင္ကို ရွာေနတာျဖစ္တယ္လုိ႔ ကၽြန္မကို ေျပာၾကပါတယ္”

ေရွာင္ေပါင္သည္ ေဆးရံုမွ တဖဝါးမွ မခြာေၾကာင္း၊ ယင္းျဖစ္ရပ္မွာ မယံုႏိုင္ဖြယ္ျဖစ္ရပ္ျဖစ္ျပီး အလြန္သစၥာရွိလွေၾကာင္း၊ ေနာက္ပိုင္းတြင္ ေခြးကေလးႏွင့္ ရင္းႏွီးလာျပီး ဆိုင္သြားေခၚသြားေလ့ရွိေၾကာင္း မစၥ Wu က ဆက္လက္ေျပာၾကားသည္။

ေဆးရံုအမႈထမ္းမ်ားက ေရွာင္ေပါင္ကို ေဆးရံုႏွင့္ေဝးကြာလွေသာ ေနရာသို႔ေခၚသြားကာ ခ်ထားခဲ့လွ်င္လည္း ေရွာင္ေပါင္သည္ ေဆးရံုသို႔ပင္ ျပန္လာကာ သခင္ျဖစ္သူကို စိတ္ရွည္စြာ ဆက္လက္ေစာင့္ဆိုင္းေနရွာျပန္သည္။

ေမလ ၂၀ ရက္တြင္ ေဆးရံုတြင္ ပံုမွန္လူနာမ်ားျဖင့္ ျပည့္ႏွက္လာခ်ိန္အတြင္း ေရွာင္ေပါင္သည္ ေဆးရံုစၾကၤန္မ်ားတြင္ လွည့္ပတ္သြားလာေနမႈႏွင့္ ပတ္သက္ျပီး လူနာမ်ား၏ တိုင္တန္းမႈမ်ား ရွိလာသည္။

ထို႔ေၾကာင့္ သူနာျပဳမ်ားက ဝူဟန္ျမိဳ ႔ တိရ စၦာန္ငယ္မ်ား ကာကြယ္ေရးအသင္းသို႔ ဆက္သြယ္ရာ အဆိုပါအသင္းကလာေရာက္ျပီး ေရွာင္ေပါင္ကို ေခၚေဆာင္သြားၾကသည္။

ေရွာင္ေပါင္ကို တိရ စၦာန္ကုဆရာဝန္မ်ားက ေရာဂါပိုးသတ္ျခင္းမ်ား ျပဳလုပ္ေပးထားျပီး ေရွာင္ေပါင္ကို ေမြးစားလိုသူမ်ားကို ကမ္းလွမ္းထားေၾကာင္း အဆိုပါအသင္း၏ ညႊန္ၾကားေရးမွဴး Du Fan က ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Loyal dog waits at a Wuhan hospital for three months after his owner dies from covid-19 (Daily Mail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
The Crest

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service