ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
[Unicode]
ပဲခူးမြစ်ကူး (သန်လျင်တံတား အမှတ် - ၃) တည်ဆောက်ရေးစီမံကိန်းတွင် သန်လျင်ချဉ်းကပ်လမ်း (သန်လျင်မှ သာကေတသို့ သွားသည့်လမ်း)အား ရှုခင်းသာလမ်းဆုံမှ သာကေတလမ်းအပိုင်းကို မေ ၂၄ ရက် မှ သြဂုတ်လကုန်ထိ ည ၉ နာရီမှ မနက် ၅ နာရီအတွင်း အချိန်ပိုင်းယာယီလမ်း ပိတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
အဆိုပါ (သန်လျင်တံတား အမှတ် - ၃) တည်ဆောက်ရေးစီမံကိန်းတွင် စတီး ယက်မနှင့် ကွန်ကရစ် ယက်မများ တပ်ဆင်ရန်အတွက် ယာယီလမ်းပိတ်သွားမည်ဖြစ်ပြီး မော်တော်ယာဉ်များအနေဖြင့် သတ်မှတ်ထားသည့် လမ်းလွှဲဆိုင်းဘုတ်များအတိုင်း သွားလာကြရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ အသိပေးကြေညာ ချက်ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ကို ဆက်သွယ်ပေးသွားမည့် အဆိုပါ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ် - ၃) သည် အရှည် ၂၀၁၃ မီတာရှိပြီး လေးလမ်းသွား Cable Steel တံတားဖြစ်ကာ ၂၀၂၂ ခုနှစ်တွင် ပြီးစီးရေး စီမံချက်ရေးဆွဲကာ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
Credit: iMyanmarHouse.com
[Zawgyi]
ပဲခူးျမစ္ကူးတံတား စီမံကိန္းေၾကာင့္ ရႈခင္းသာလမ္းဆုံမွ သာေကတလမ္းပိုင္း ေမ ၂၄ ရက္မွ ၾသဂုတ္လကုန္ထိ ည ၉ နာရီမွ မနက္ ၅ နာရီတြင္း ယာယီလမ္းပိတ္မည္
ပဲခူးျမစ္ကူး (သန္လ်င္တံတား အမွတ္ - ၃) တည္ေဆာက္ေရးစီမံကိန္းတြင္ သန္လ်င္ခ်ဥ္းကပ္လမ္း (သန္လ်င္မွ သာေကတသို႔ သြားသည့္လမ္း)အား ရႈခင္းသာလမ္းဆုံမွ သာေကတလမ္းအပိုင္းကို ေမ ၂၄ ရက္ မွ ၾသဂုတ္လကုန္ထိ ည ၉ နာရီမွ မနက္ ၅ နာရီအတြင္း အခ်ိန္ပိုင္းယာယီလမ္း ပိတ္ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ သတင္းထုတ္ျပန္သည္။
အဆိုပါ (သန္လ်င္တံတား အမွတ္ - ၃) တည္ေဆာက္ေရးစီမံကိန္းတြင္ စတီး ယက္မႏွင့္ ကြန္ကရစ္ ယက္မမ်ား တပ္ဆင္ရန္အတြက္ ယာယီလမ္းပိတ္သြားမည္ျဖစ္ၿပီး ေမာ္ေတာ္ယာဥ္မ်ားအေနျဖင့္ သတ္မွတ္ထားသည့္ လမ္းလႊဲဆိုင္းဘုတ္မ်ားအတိုင္း သြားလာၾကရန္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ တံတားဦးစီးဌာနမွ အသိေပးေၾကညာ ခ်က္ထုတ္ျပန္ထားသည္။
ရန္ကုန္တိုင္းေဒသႀကီး သာေကတၿမိဳ႕နယ္ႏွင့္ သန္လ်င္ၿမိဳ႕နယ္တို႔ကို ဆက္သြယ္ေပးသြားမည့္ အဆိုပါ ပဲခူးျမစ္ကူးတံတား (သန္လ်င္တံတား အမွတ္ - ၃) သည္ အရွည္ ၂၀၁၃ မီတာရွိၿပီး ေလးလမ္းသြား Cable Steel တံတားျဖစ္ကာ ၂၀၂၂ ခုႏွစ္တြင္ ၿပီးစီးေရး စီမံခ်က္ေရးဆြဲကာ တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com