ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
[Unicode]
ကိုရိုနာဗိုင်းရပ်စ်တိုက်ပွဲအတွက် ရန်ပုံငွေရရှိရန် ရည်ရွယ်ကာ အင်ဒိုနီးရှား လူမှုကွန်ရက် နာမည်ကြီး မိန်းကလေးတစ်ဦးက သူ၏ အပျိုစင်ဘဝကို လေလံတင်ခဲ့သည့်အပေါ် နိုင်ငံအတွင်း ဝေဖန်မှုများ ခံနေရသည်။
ဆာရာ ခေးလ် (Sara Keihl ) ဟု လူသိများသူ ဆာရာ ဆယ်လ်ဆာဘီလာသည် သူ၏အင်စတာဂရမ်အကောင့်တွင် ဗွီဒီယိုတစ်ခု လွှင့်တင်ကာ အပျိုစင်ဘဝကို ကြမ်းခင်းဈေး အင်ဒိုနီးရှား ရူပီးယားငွေ ၂ ဘီလီယံ (ကန်ဒေါ်လာ ၁၃၅၈၀၀) ဖြင့် လေလံတင်လိုကြောင်း၊ ရရှိလာသည့်ငွေအားလုံးကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးထိခိုက်ခဲ့သူများနှင့် ရှေ့တန်းမှ ကူညီနေသောကျန်းမာရေးဝန်ထမ်း များအား လှူဒါန်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ရာ အင်ဒိုနီးရှားပြည်သူများအကြား အံ့သြတုန်လှုပ်သွားကြသည်။
ဆာရာ ခေးလ်၏လုပ်ရပ်အပေါ် အင်ဒိုနီးရှားပြည်သူတို့က ပြင်းထန်စွာဝေဖန်ကြပြီး အွန်လိုင်းပြည့်တန်ဆာလုပ်ငန်းသာဖြစ်ကြောင်း ဝေဖန်ကြရာ ဆာရာ ခေးလ်က ဗွီဒီယိုဖိုင်ကို ပြန်လည်ဖျက်သိမ်းသွားပြီး အပျိုစင်ဘဝကို အမှန်တကယ်ရောင်းချရန် ကမ်းလှမ်းခြင်း မဟုတ်ကြောင်း ပြန်လည်ဖြေရှင်းသွားခဲ့သည်။
“ဝေဖန်အငြင်းပွားစရာ ဖန်တီးခဲ့မှုအတွက် တောင်းပန်ပါတယ်ရှင့်။ တကယ်တော့ အပျိုစင်ဘဝကို လေလံတင်ခဲ့တာက လက်ရှိဖြစ်နေတဲ့ အခြေအနေတွေအပေါ် မသိလိုက် မသိဘာသာနေနေတဲ့သူတွေကို သရော်တာသာဖြစ်ပါတယ်” ဟု ဆာရာ ခေးလ်က ပို့စ်တစ်ခု ရေးသားကာ ပြန်လည်ဖြေရှင်းထားခဲ့သည်။
သို့သော် သူ၏လုပ်ရပ်မည်မျှ ပြင်းထန်သွားသည်ကို တွေ့လာရကြောင်း၊ မိမိနှင့် မိသားစုအပေါ် ဆဲဆိုမှုများ ရင်ဆိုင်နေရကြောင်း ဆာရာက ပြောကြားသည်။
“ကျွန်မရဲ့ ကိုယ်ပိုင်ပိုက်ဆံနဲ့ စားသောက်ကုန်တွေ လှူဒါန်းသွားမှာဖြစ်ပါတယ်။ ကျွန်မကိုယ်ကျွန်မ (ဒါမှမဟုတ်) ကျွန်မရဲ့အပျိုစင်ဘဝကို ဘယ်တော့မှ မရောင်းပါဘူး” ဟု ဆာရာက ဆိုသည်။
ထိုသို့ ပြောကြားခဲ့သော်လည်း အင်စတာဂရမ်တွင် ဆာရာနှင့် သူ၏သူငယ်ချင်းဟု ယူဆရသူတစ်ဦးတို့အကြား အပြန်အလှန် ပြောကြားထားမှုတစ်ခုမှာလည်း လူပြောများစရာ ဖြစ်ခဲ့သည်။
ဆာရာက သူ၏သူငယ်ချင်းကို ပြောကြားထားသည်မှာ ယခုလုပ်ဆောင်မှုမှာ အွန်လိုင်းတွင် လူသိများစေရန်အတွက် မိမိ၏မန်နေဂျာနှင့် တိုင်ပင်ကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ နောက်ပိုင်းတွင် ပြန်လည်တောင်းပန်ရန် တခါတည်းစီစဉ်ထားကြောင်း ပြောကြားထားခြင်း ဖြစ်သည်။
ဆာရာသည် အင်စတာဂရမ်အကောင့်ကို ဓာတ်ပုံများတင်ခြင်း၊ အသားအရေထိန်းသိမ်းမှုအလှကုန်၊ အဝတ်အထည်နှင့် အခြားသော အလှကုန်ပစ္စည်းများ ကြော်ငြာခြင်းတို့အတွက် အသုံးပြုခဲ့သည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Indonesian influencer auctions virginity for COVID-19 aid, later apologizes for ‘satirical’ stunt (Coconuts.co)
[Zawgyi]
အင္ဒိုနီးရွားတြင္ လူမႈကြန္ရက္နာမည္ႀကီး မိန္းကေလးတစ္ဦးက Covid-19 အေရး လႉဒါန္းရန္အတြက္ အပ်ိဳစင္ဘဝကို ၾကမ္းခင္းေဈး အင္ဒိုနီးရွားေငြ ၂ ဘီလီယံျဖင့္ ေလလံတင္
ကို႐ိုနာဗိုင္းရပ္စ္တိုက္ပြဲအတြက္ ရန္ပုံေငြရရွိရန္ ရည္႐ြယ္ကာ အင္ဒိုနီးရွား လူမႈကြန္ရက္ နာမည္ႀကီး မိန္းကေလးတစ္ဦးက သူ၏ အပ်ိဳစင္ဘဝကို ေလလံတင္ခဲ့သည့္အေပၚ ႏိုင္ငံအတြင္း ေဝဖန္မႈမ်ား ခံေနရသည္။
ဆာရာ ေခးလ္ (Sara Keihl ) ဟု လူသိမ်ားသူ ဆာရာ ဆယ္လ္ဆာဘီလာသည္ သူ၏အင္စတာဂရမ္အေကာင့္တြင္ ဗြီဒီယိုတစ္ခု လႊင့္တင္ကာ အပ်ိဳစင္ဘဝကို ၾကမ္းခင္းေဈး အင္ဒိုနီးရွား ႐ူပီးယားေငြ ၂ ဘီလီယံ (ကန္ေဒၚလာ ၁၃၅၈၀၀) ျဖင့္ ေလလံတင္လိုေၾကာင္း၊ ရရွိလာသည့္ေငြအားလုံးကို ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ စီးပြားေရးထိခိုက္ခဲ့သူမ်ားႏွင့္ ေရွ႕တန္းမွ ကူညီေနေသာက်န္းမာေရးဝန္ထမ္း မ်ားအား လႉဒါန္းသြားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့ရာ အင္ဒိုနီးရွားျပည္သူမ်ားအၾကား အံ့ၾသတုန္လႈပ္သြားၾကသည္။
ဆာရာ ေခးလ္၏လုပ္ရပ္အေပၚ အင္ဒိုနီးရွားျပည္သူတို႔က ျပင္းထန္စြာေဝဖန္ၾကၿပီး အြန္လိုင္းျပည့္တန္ဆာလုပ္ငန္းသာျဖစ္ေၾကာင္း ေဝဖန္ၾကရာ ဆာရာ ေခးလ္က ဗြီဒီယိုဖိုင္ကို ျပန္လည္ဖ်က္သိမ္းသြားၿပီး အပ်ိဳစင္ဘဝကို အမွန္တကယ္ေရာင္းခ်ရန္ ကမ္းလွမ္းျခင္း မဟုတ္ေၾကာင္း ျပန္လည္ေျဖရွင္းသြားခဲ့သည္။
“ေဝဖန္အျငင္းပြားစရာ ဖန္တီးခဲ့မႈအတြက္ ေတာင္းပန္ပါတယ္ရွင့္။ တကယ္ေတာ့ အပ်ိဳစင္ဘဝကို ေလလံတင္ခဲ့တာက လက္ရွိျဖစ္ေနတဲ့ အေျခအေနေတြအေပၚ မသိလိုက္ မသိဘာသာေနေနတဲ့သူေတြကို သေရာ္တာသာျဖစ္ပါတယ္” ဟု ဆာရာ ေခးလ္က ပို႔စ္တစ္ခု ေရးသားကာ ျပန္လည္ေျဖရွင္းထားခဲ့သည္။
သို႔ေသာ္ သူ၏လုပ္ရပ္မည္မွ် ျပင္းထန္သြားသည္ကို ေတြ႕လာရေၾကာင္း၊ မိမိႏွင့္ မိသားစုအေပၚ ဆဲဆိုမႈမ်ား ရင္ဆိုင္ေနရေၾကာင္း ဆာရာက ေျပာၾကားသည္။
“ကြၽန္မရဲ႕ ကိုယ္ပိုင္ပိုက္ဆံနဲ႔ စားေသာက္ကုန္ေတြ လႉဒါန္းသြားမွာျဖစ္ပါတယ္။ ကြၽန္မကိုယ္ကြၽန္မ (ဒါမွမဟုတ္) ကြၽန္မရဲ႕အပ်ိဳစင္ဘဝကို ဘယ္ေတာ့မွ မေရာင္းပါဘူး” ဟု ဆာရာက ဆိုသည္။
ထိုသို႔ ေျပာၾကားခဲ့ေသာ္လည္း အင္စတာဂရမ္တြင္ ဆာရာႏွင့္ သူ၏သူငယ္ခ်င္းဟု ယူဆရသူတစ္ဦးတို႔အၾကား အျပန္အလွန္ ေျပာၾကားထားမႈတစ္ခုမွာလည္း လူေျပာမ်ားစရာ ျဖစ္ခဲ့သည္။
ဆာရာက သူ၏သူငယ္ခ်င္းကို ေျပာၾကားထားသည္မွာ ယခုလုပ္ေဆာင္မႈမွာ အြန္လိုင္းတြင္ လူသိမ်ားေစရန္အတြက္ မိမိ၏မန္ေနဂ်ာႏွင့္ တိုင္ပင္ကာ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ေနာက္ပိုင္းတြင္ ျပန္လည္ေတာင္းပန္ရန္ တခါတည္းစီစဥ္ထားေၾကာင္း ေျပာၾကားထားျခင္း ျဖစ္သည္။
ဆာရာသည္ အင္စတာဂရမ္အေကာင့္ကို ဓာတ္ပုံမ်ားတင္ျခင္း၊ အသားအေရထိန္းသိမ္းမႈအလွကုန္၊ အဝတ္အထည္ႏွင့္ အျခားေသာ အလွကုန္ပစၥည္းမ်ား ေၾကာ္ျငာျခင္းတို႔အတြက္ အသုံးျပဳခဲ့သည္။
ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။
iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Indonesian influencer auctions virginity for COVID-19 aid, later apologizes for ‘satirical’ stunt (Coconuts.co)