ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
[Unicode]
မြန်မာနိုင်ငံတွင် ရမ်ဘိုဟု လူသိများသော ကမ္ဘာကျော် အက်ရှင်သရုပ်ဆောင် ဆီဗက်စတာ စတားလုံးသည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ La Quinta မြို့တွင် ကာလကြာရှည် ပိုင်ဆိုင်ထားခဲ့သော နေအိမ်ကို အရှုံးခံကာ အရောင်းဈေးကွက်တင်လာသည်။
ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း၊ ဆိုနိုရန်သဲကန္တာရရှိ မြို့တစ်မြို့ဖြစ်သော Palm Springs အနီးတွင် တည်ရှိပြီး ၂၀၁၅ ခုနှစ်က ကန်ဒေါ်လာ ၄ ဒသမ ၂ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ဖူးသည်။
ယခုအခါ ဈေးလျှော့ချကာ ကန်ဒေါ်လာ ၃ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ပြန်တင်လာခြင်းလည်း ဖြစ်သည်။
ယခုတစ်ကြိမ်ဈေးကွက်တင်ရာတွင် စတားလုံးသည် ဒေါ်လာ ၉၀၀၀၀၀ ခန့် ဈေးလျှော့ပေးခြင်းဖြစ်သည်။
အသက် ၇၃ နှစ်ရှိပြီဖြစ်သော မင်းသားကြီးစတားလုံးသည် အဆိုပါစံအိမ်ကို ၂၀၁၀ ပြည့်နှစ်က ကန်ဒေါ်လာ ၄ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ပြီးနောက်ပိုင်း ပြန်လည်ရောင်းချရန် အကြိမ်ကြိမ်ကြိုးစားခဲ့ရာ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်များတွင် ဈေးကွက်တင်ခဲ့ခြင်းများ လည်း ပါဝင်ကြောင်း Variety တွင် ဖော်ပြသည်။
စတားလုံးရောင်းချမည့်နေအိမ်သည် မြေထဲပင်လယ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း အပြည့် ၄ ခန်းနှင့် တစ်ဝက် ၁ ခန်းတို့ ပါဝင်ကာ အိမ်တွင်းအိမ်ပြင် ကျယ်ဝန်းသည့်နေရာများစွာ ပါဝင်သည်။
၂ ထပ်နေအိမ်ဖြစ်ပြီး မြင့်မားသည့်မျက်နှာကြက်များရှိသော ကျယ်ပြောသော ဧည့်ခန်း၊ ကျောက်တုံးမီးလင်းဖို၊ သစ်နှင့်ကျောက် တွဲစပ်ပြုလုပ်ထားသော မီးဖိုကောင်တာပါဝင်သည့် မီးဖိုဆောင်၊ ဝိုင်သိုလှောင်ခန်း၊ ညစာစားခန်းတို့ ပါဝင်ပြီး ညစာစားခန်းမှတဆင့် လသာဆောင်သို့ ရောက်ရှိနိုင်သည်။
အပေါ်ထပ်ရေချိုးခန်းမှတဆင့် သီးသန်ှ့ ပြင်ပနေရာသို့ ရောက်ရှိနိုင်ပြီး အိပ်ခန်းမှ ကုတင်ခြေရင်းတွင် flat TV တစ်ခု တပ်ဆင်ထားသည်။
အဆိုပါအရပ်သည် နာမည်ကျော် ကြယ်ပွင့်အများအပြား အခြေစိုက်သည့်နေရာလည်းဖြစ်ပြီး ခရစ်ဂျင်းနာနှင့် ကိုင်လီဂျင်းနာတို့၏ နေအိမ် တည်ရှိသည်။
ကင်မ် ကာဒါရှီယန်နှင့် ကင်ညေးဝက်စ်တို့သည်လည်း ၎င်းတို့၏မိသားစုဝင်များရှိသည့်နေရာအနီးတွင် ပြီးခဲ့သော ဖေဖော်ဝါရီလအတွင်းက ကန်ဒေါ်လာ ၆ ဒသမ ၃ သန်းတန် မြေကွက်တစ်ခု ဝယ်ယူထားသည်။
ရေး ရိုမာနို၊ စင်ဒီကရောဖို့ဒ်နှင့်သူမ၏ခင်ပွန်း ရန်ဒီ ဂါဘာတို့သည်လည်း အဆိုပါဒေသတွင် နေအိမ်များ ပိုင်ဆိုင်ထားသည်။
စတားလုံး၏ နေအိမ်ကို ဈေးကွက်တင်ပေးသည်မှာ Douglas Elliman ကုမ္ပဏီမှ အကျိုးဆောင် Josh Reef ဖြစ်သည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Sylvester Stallone Puts Longtime California Villa on the Market for $3.4 Million (MSN)
[Zawgyi]
အက္ရွင္မင္းသားႀကီး စတားလုံး ကာလၾကာရွည္ပိုင္ဆိုင္ခဲ့ေသာ ကယ္လီဖိုးနီးယားေနအိမ္ကို အရႈံးခံေရာင္းခ်
ျမန္မာႏိုင္ငံတြင္ ရမ္ဘိုဟု လူသိမ်ားေသာ ကမာၻေက်ာ္ အက္ရွင္သ႐ုပ္ေဆာင္ ဆီဗက္စတာ စတားလုံးသည္ အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖိုးနီးယားျပည္နယ္၊ La Quinta ၿမိဳ႕တြင္ ကာလၾကာရွည္ ပိုင္ဆိုင္ထားခဲ့ေသာ ေနအိမ္ကို အရႈံးခံကာ အေရာင္းေဈးကြက္တင္လာသည္။
ကယ္လီဖိုးနီးယားျပည္နယ္ေတာင္ပိုင္း၊ ဆိုႏိုရန္သဲကႏၲာရရွိ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ေသာ Palm Springs အနီးတြင္ တည္ရွိၿပီး ၂၀၁၅ ခုႏွစ္က ကန္ေဒၚလာ ၄ ဒသမ ၂ သန္းျဖင့္ အေရာင္းေဈးကြက္တင္ခဲ့ဖူးသည္။
ယခုအခါ ေဈးေလွ်ာ့ခ်ကာ ကန္ေဒၚလာ ၃ ဒသမ ၄ သန္းျဖင့္ အေရာင္းေဈးကြက္ျပန္တင္လာျခင္းလည္း ျဖစ္သည္။
ယခုတစ္ႀကိမ္ေဈးကြက္တင္ရာတြင္ စတားလုံးသည္ ေဒၚလာ ၉၀၀၀၀၀ ခန႔္ ေဈးေလွ်ာ့ေပးျခင္းျဖစ္သည္။
အသက္ ၇၃ ႏွစ္ရွိၿပီျဖစ္ေသာ မင္းသားႀကီးစတားလုံးသည္ အဆိုပါစံအိမ္ကို ၂၀၁၀ ျပည့္ႏွစ္က ကန္ေဒၚလာ ၄ ဒသမ ၅ သန္းျဖင့္ ဝယ္ယူခဲ့ၿပီးေနာက္ပိုင္း ျပန္လည္ေရာင္းခ်ရန္ အႀကိမ္ႀကိမ္ႀကိဳးစားခဲ့ရာ ၂၀၁၁ ခုႏွစ္ႏွင့္ ၂၀၁၄ ခုႏွစ္မ်ားတြင္ ေဈးကြက္တင္ခဲ့ျခင္းမ်ား လည္း ပါဝင္ေၾကာင္း Variety တြင္ ေဖာ္ျပသည္။
စတားလုံးေရာင္းခ်မည့္ေနအိမ္သည္ ေျမထဲပင္လယ္ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားျခင္းျဖစ္ၿပီး အိပ္ခန္း ၄ ခန္း၊ ေရခ်ိဳးခန္း အျပည့္ ၄ ခန္းႏွင့္ တစ္ဝက္ ၁ ခန္းတို႔ ပါဝင္ကာ အိမ္တြင္းအိမ္ျပင္ က်ယ္ဝန္းသည့္ေနရာမ်ားစြာ ပါဝင္သည္။
၂ ထပ္ေနအိမ္ျဖစ္ၿပီး ျမင့္မားသည့္မ်က္ႏွာၾကက္မ်ားရွိေသာ က်ယ္ေျပာေသာ ဧည့္ခန္း၊ ေက်ာက္တုံးမီးလင္းဖို၊ သစ္ႏွင့္ေက်ာက္ တြဲစပ္ျပဳလုပ္ထားေသာ မီးဖိုေကာင္တာပါဝင္သည့္ မီးဖိုေဆာင္၊ ဝိုင္သိုေလွာင္ခန္း၊ ညစာစားခန္းတို႔ ပါဝင္ၿပီး ညစာစားခန္းမွတဆင့္ လသာေဆာင္သို႔ ေရာက္ရွိႏိုင္သည္။
အေပၚထပ္ေရခ်ိဳးခန္းမွတဆင့္ သီးသႏ္ွ႔ ျပင္ပေနရာသို႔ ေရာက္ရွိႏိုင္ၿပီး အိပ္ခန္းမွ ကုတင္ေျခရင္းတြင္ flat TV တစ္ခု တပ္ဆင္ထားသည္။
အဆိုပါအရပ္သည္ နာမည္ေက်ာ္ ၾကယ္ပြင့္အမ်ားအျပား အေျခစိုက္သည့္ေနရာလည္းျဖစ္ၿပီး ခရစ္ဂ်င္းနာႏွင့္ ကိုင္လီဂ်င္းနာတို႔၏ ေနအိမ္ တည္ရွိသည္။
ကင္မ္ ကာဒါရွီယန္ႏွင့္ ကင္ေညးဝက္စ္တို႔သည္လည္း ၎တို႔၏မိသားစုဝင္မ်ားရွိသည့္ေနရာအနီးတြင္ ၿပီးခဲ့ေသာ ေဖေဖာ္ဝါရီလအတြင္းက ကန္ေဒၚလာ ၆ ဒသမ ၃ သန္းတန္ ေျမကြက္တစ္ခု ဝယ္ယူထားသည္။
ေရး ႐ိုမာႏို၊ စင္ဒီကေရာဖို႔ဒ္ႏွင့္သူမ၏ခင္ပြန္း ရန္ဒီ ဂါဘာတို႔သည္လည္း အဆိုပါေဒသတြင္ ေနအိမ္မ်ား ပိုင္ဆိုင္ထားသည္။
စတားလုံး၏ ေနအိမ္ကို ေဈးကြက္တင္ေပးသည္မွာ Douglas Elliman ကုမၸဏီမွ အက်ိဳးေဆာင္ Josh Reef ျဖစ္သည္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Sylvester Stallone Puts Longtime California Villa on the Market for $3.4 Million (MSN)