ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
[Unicode]
ရန်ကုန်တိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီက ဟိုတယ်လုပ်ငန်းလိုင်စင်နှင့်ဟိုတယ်တည် ဆောက်ခွင့်များကို မေ ၂၂ ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ပြုလုပ်သော ယင်းကော်မတီ၏ (၃/၂၀၂၀) အစည်းအဝေးမှ ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဝန်ကြီးချုပ်ဦးဖြိုး မင်းသိန်းက ဟိုတယ်လုပ်ငန်းလိုင်စင်(၃)ခု၊ စုစုပေါင်းအခန်း(၁၇၉)ခန်း၊ ဟိုတယ်တည်ဆောက်ခွင့်(၂)လုံး အတည်ပြုခွင့်ပြုပေးခဲ့ပြီး ဟိုတယ်နှင့်တည်းခိုရိပ်သာအတွက် မတည်ငွေနှင့်ရင်းနှီးငွေပမာဏ စုစုပေါင်းမှာ ကျပ်သန်း (၁၈,၁၆၀)ဖြစ်ကာ ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၁၀၇)ဦးအတွက် ဖန်တီးပေးနိုင် မည်ဖြစ်ကြောင်း သိရသည်။
မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ဟိုတယ်လုပ်ငန်းလိုင်စင်နှင့်ဟိုတယ်တည် ဆောက်ခွင့်များ ရန်ကုန်တိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီက ခွင့်ပြုပေးခဲ့