ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
[Unicode]
အစိုးရမှ ပြန်လည်စတင်လုပ်ဆောင်ရန် ညွှန်ကြားထသည့် လုပ်ငန်းများအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများပါဝင်နေသော်လည်စး မြေပြင်အခြေအနေတွင်ပြန်လည် စတင်လုပ်ကိုင်ရန်အခက်အခဲဖြစ်နေဆဲဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောဆိုသည်။
ဆောက်လုပ်ရေးအခက်အခဲများစတင်ရန်အတွက် အဓိကအခက်အခဲမှာ လုပ်သားပြဿနာနှင့် ကုန်ဈေးနှုန်းမြင့်တက်နေမှုများမှာ အဓိကနေရာမှပါဝင်ကြောင်းလည်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များကပြောဆိုသည်။ လုပ်သားပြဿနာမှာ လုပ်သားအများစုသည် နယ်မှတက်လာကာဆောက်လုပ်ရေးလုပ်ငန်းခွင်များအတွင်း လုပ်ကိုင်ကြသူများဖြစ်ခြင်းကြောင့် သင်္ကြန်ကာလနေရပ်ပြန်ရာမှတစ်ဆင့် အချို့မှသွားလာရေးအခက်အခဲကြောင့်ယနေ့တိုင်ပြန်လာခြင်းမရှိသေးခြင်းကြောင့် ဖြစ်ကြောင်းလည်းသိရသည်။
ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ အချိန်မီဝယ်ယူရရှိနိုင်ရေး အခက်အခဲများ ရှိနေဆဲဖြစ်ပြီး ဆောက်လုပ်ရေးအခြေခံပစ္စည်းများဖြစ်သည့် ဘိလပ်မြေနှင့် သံချောင်းတို့မှာ ယခင်ဈေးနှုန်းထက် ပျမ်းမျှ ၁ဝ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့ကြောင်းလည်း သိရှိရသည်။
“ စတာကတော့ ပြန်စချင်တာပေါ့။ဒါပေမယ့်တကယ့် တကယ်အခြေအနေမှာကြတော့ ပြန်စဖို့ လူလိုတယ်။ ပစ္စည်းလိုတယ်။ ဒီအချိန်မှာ ကိုဗစ် ကာလကလည်းဖြစ်ပြန်တော့ တစ်ချို့ပစ္စည်းတွေက ဈေးတွေ တက်လာတာမျိုးရှိတယ်။ ဒီလိုဟာတွေကြောင့် အရမ်းကာရော ပြန်မစရဲဘူး။ မပြီးပြတ်တာလေးတွေ တစ်ချို့ကို ဆက်လက်လုပ်ကိုင်ပေးနေပေမယ့် အရင်လို အရှိန်အဟုန်နဲ့ ပြန်သွားနိုင်ဖို့ဆိုတာတော့ အချိန်တစ်ခုလိုဦးမှာပေါ့။ ဘယ်အရာမဆို တစ်ဖြေးဖြေးပြန်အရှိန်ယူရတာပဲ ” ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးစိန်ဝင်းက ပြောဆိုသည်။
မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ေဆာက္လုပ္ေရးလုပ္ငန္းမ်ား ျပန္လည္လုပ္ကိုင္ရန္ၫႊန္ၾကားထားၿပီးျဖစ္ေသာ္လည္း စတင္ရန္ အခက္အခဲမ်ား ရွိဆဲဟု ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားဆို
အစိုးရမွ ျပန္လည္စတင္လုပ္ေဆာင္ရန္ ၫႊန္ၾကားထသည့္ လုပ္ငန္းမ်ားအတြင္း ေဆာက္လုပ္ေရးလုပ္ငန္းမ်ားပါဝင္ေနေသာ္လည္စး ေျမျပင္အေျခအေနတြင္ျပန္လည္ စတင္လုပ္ကိုင္ရန္အခက္အခဲျဖစ္ေနဆဲျဖစ္ေၾကာင္း ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားက ေျပာဆိုသည္။
ေဆာက္လုပ္ေရးအခက္အခဲမ်ားစတင္ရန္အတြက္ အဓိကအခက္အခဲမွာ လုပ္သားျပႆနာႏွင့္ ကုန္ေစ်းႏႈန္းျမင့္တက္ေနမႈမ်ားမွာ အဓိကေနရာမွပါဝင္ေၾကာင္းလည္း ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားကေျပာဆိုသည္။ လုပ္သားျပႆနာမွာ လုပ္သားအမ်ားစုသည္ နယ္မွတက္လာကာေဆာက္လုပ္ေရးလုပ္ငန္းခြင္မ်ားအတြင္း လုပ္ကိုင္ၾကသူမ်ားျဖစ္ျခင္းေၾကာင့္ သၾကၤန္ကာလေနရပ္ျပန္ရာမွတစ္ဆင့္ အခ်ိဳ႕မွသြားလာေရးအခက္အခဲေၾကာင့္ယေန႔တိုင္ျပန္လာျခင္းမရွိေသးျခင္းေၾကာင့္ ျဖစ္ေၾကာင္းလည္းသိရသည္။
ေဆာက္လုပ္ေရးလုပ္ငန္းသုံးပစၥည္းမ်ား အခ်ိန္မီဝယ္ယူရရွိႏိုင္ေရး အခက္အခဲမ်ား ရွိေနဆဲျဖစ္ၿပီး ေဆာက္လုပ္ေရးအေျခခံပစၥည္းမ်ားျဖစ္သည့္ ဘိလပ္ေျမႏွင့္ သံေခ်ာင္းတို႔မွာ ယခင္ေဈးႏႈန္းထက္ ပ်မ္းမွ် ၁ဝ ရာခိုင္ႏႈန္းခန႔္ ျမင့္တက္လာခဲ့ေၾကာင္းလည္း သိရွိရသည္။
“ စတာကေတာ့ ျပန္စခ်င္တာေပါ့။ ဒါေပမယ့္တကယ့္ တကယ္အေျခအေနမွာၾကေတာ့ ျပန္စဖို႔ လူလိုတယ္။ ပစၥည္းလိုတယ္။ ဒီအခ်ိန္မွာ ကိုဗစ္ ကာလကလည္းျဖစ္ျပန္ေတာ့ တစ္ခ်ိဳ႕ပစၥည္းေတြက ေဈးေတြ တက္လာတာမ်ိဳးရွိတယ္။ ဒီလိုဟာေတြေၾကာင့္ အရမ္းကာေရာ ျပန္မစရဲဘူး။ မၿပီးျပတ္တာေလးေတြ တစ္ခ်ိဳ႕ကို ဆက္လက္လုပ္ကိုင္ေပးေနေပမယ့္ အရင္လို အရွိန္အဟုန္နဲ႔ ျပန္သြားႏိုင္ဖို႔ဆိုတာေတာ့ အခ်ိန္တစ္ခုလိုဦးမွာေပါ့။ ဘယ္အရာမဆို တစ္ေျဖးေျဖးျပန္အရွိန္ယူရတာပဲ ” ဟု ေဆာက္လုပ္ေရးလုပ္ငန္းရွင္တစ္ဦးျဖစ္သည့္ ဦးစိန္ဝင္းက ေျပာဆိုသည္။
မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com