မေလအတွင်း ဗဟိုဘဏ်က ဒေါ်လာ ၁၅ သန်းကျော်ဝယ်ယူမှုကြောင့် ဒေါ်လာဈေးမာ

မေလအတွင်း ဗဟိုဘဏ်က ဒေါ်လာ ၁၅ သန်းကျော်ဝယ်ယူမှုကြောင့် ဒေါ်လာဈေးမာ - Property News in Myanmar from iMyanmarHouse.com
22 May 2020 11:32 am တွင် တင်ခဲ့သည်
807 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မေလအတွင်း ဗဟိုဘဏ် ဒေါ်လာ ၁၅ သန်းကျော်ကို ပြည်ပဈေးကွက်က ဝယ်ယူခဲ့ခြင်းကြောင့် ဒေါ်လာဈေး ၁၄၀၀ အထက်တွင်ရှိနေသည်ဟု ပြည်တွင်းငွေလဲဈေးကွက်အတွင်းမှ သိရသည်။

ဗဟိုဘဏ်က ဒေါ်လာ ၁၅ ဒသမ ၂ သန်းကို ခြောက်ကြိမ်ခွဲဝယ်ယူခဲ့ခြင်းဖြစ်ပြီး အနည်းဆုံးဝယ်ယူသည့်ဈေးမှ ၁၃၉၅ ကျပ်နှင့် အမြင့်ဆုံးဈေးမှ ၁၄၀၈ ကျပ်ဖြစ်ကြောင်းဗဟိုဘဏ်က ထုတ်ပြန်သော စာရင်းများတွင် ဖော်ပြထားသည်။

မေ ၂၀ ရက်တွင် ပြင်ပပေါက်ဈေးတွင် တစ်ဒေါ်လာလျှင် ၁၄၁၀ သို့ ကျဆင်းခဲ့ပြီးနောက် ဗဟိုဘဏ်က မေ ၂၁ ရက်တွင် ဒေါ်လာ ၃ သန်းကို တစ်ဒေါ်လာ ၁၄၀၇ ကျပ်ဖြင့် ဝယ်ယူခဲ့သည်။

မေ ၂၁ ရက်တွင် ဘဏ်အချင်းချင်းဒေါ်လာရောင်းဝယ်မှုတွင် ဒေါ်လာ ၅၅ သန်းရှိပြီး ဘဏ်နှင့် အများပြည်သူကြား ရောင်းဝယ်ယူမှုသည် ၁၃ သန်းကျော်ရှိသည်ဟု ဗဟိုဘဏ်ကထုတ်ပြန်သည်။

ဗဟိုဘဏ် မေ ၄ ရက်တွင် တစ်ဒေါ်လာ ၁၄၀၈ ကျပ်နှုန်းဖြင့် ပြည်ပပေါက်ဈေးမှ ဒေါ်လာ ၃ သန်းဝယ်ယူခဲ့သည်။ ထိုနှုန်းသည် မေလအတွင်းဗဟိုဘဏ်က အမြင့်ဆုံးသတ်မှတ်ခဲ့သည်ဈေးဖြစ်သည်။

ဗဟိုဘဏ်က ဧပြီလအတွင်း ဒေါ်လာ ၂ ဒသမ ၇ သန်းကို တစ်ဒေါ်လာ ၁၄၄၈ ကျပ်ဖြင့် ပြန်လည်ရောင်းချခဲ့သည်။

မတ်လအတွင်း ဒေါ်လာ ၂၇ သန်းကို ဈေးကွက်အတွင်းမှ ဝယ်ယူခဲ့သည်။

စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်လာခြင်းကြောင့် ဈေးကွက်အတွင်းဒေါ်လာဈေးသည် အတက်အကျရှိနေသည်ဟု ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]












နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...

ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ

တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service