ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
[Unicode]
တနိုင်ငံလုံးတွင် နေရောင်ခြည်သုံးဓာတ်အားပေးစက်ရုံ ၃၀ ခန့် တည်ဆောက်ရန် စိတ်ဝင်စားသည့်ကုမ္ပဏီများကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက မေ ၁၈ ရက်တွင် ဖိတ်ခေါ်လိုက်သည်။
ထိုစက်ရုံများသည် ၂၃၀ ကေဗီဓာတ်အားခွဲရုံများ တည်ရှိသည့် နေရာများတွင် တည်ဆောက်ရမည်ဖြစ်ပြီး ဝန်ကြီးဌာနက နှစ် ၂၀ တိတိ ဓာတ်အားဝယ်ယူမည်ဟုဆိုသည်။
ထိုစက်ရုံများကို တည်ဆောက်၊လည်ပတ်၊လွဲပြောင်းစနစ်(BOT)ဖြင့် တည်ဆောက်ရမည်ဖြစ်ပြီး စိတ်ဝင်စားသည် ကုမ္ပဏီများသည် ၂၀၂၀ ဇွန် ၁၈ ရက်နောက်ဆုံးတင်ပြရမည်ဟု ဝန်ကြီဌာနကထုတ်ပြန်ထားသည်။
တနိုငငံလုံးတွင် ၂၃၀ကေဗီ ဓာတ်အားခွဲရုံ ၃၀ ဝန်းကျင်ရှိပြီး ဓာတ်အားပမာဏနှင့် စက်ရုံအရွယ်အစားကို ခွဲရုံ၏ လက်ခံနိုငသည့် ပမာဏအတိုင်းဆောင်ရွက်သွားမည်ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံတွင် ပထမဦးဆုံးနေရောင်ခြည်သုံးဓာတ်အားပေးစက်ရုံကို မင်းဘူးမြို့တွင်ဆောင်ရွက်နေပြီး စုစုပေါင်း မဂ္ဂါဝပ် ၁၇၀ ကို အဆင့်လေးဆင့်ဖြင့် ဓာတ်အားထုတ်လုပ်ရန် ဆောင်ရွက်နေသည်။
စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
နေရောင်ခြည်သုံးဓာတ်အားပေးစက်ရုံ (၃၀) ခန့်တည်ဆောက်ရန် ကုမ္ပဏီများကို အစိုးရ ဖိတ်ခေါ်