တရုတ်သမ္မတနှင့် စကားမပြောလိုကြောင်း၊ ဆက်ဆံရေးဖြတ်တောက်နိုင်ကြောင်း ‌ဒေါ်နယ်ထရန့်ပြောကြား

တရုတ်သမ္မတနှင့် စကားမပြောလိုကြောင်း၊ ဆက်ဆံရေးဖြတ်တောက်နိုင်ကြောင်း ‌ဒေါ်နယ်ထရန့်ပြောကြား - Property News in Myanmar from iMyanmarHouse.com
15 May 2020 12:57 pm တွင် တင်ခဲ့သည်
1832 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သူသည် ယခုချိန်တွင် တရုတ်သမ္မတ ရှီကျင်ဖင်းနှင့် စကားပြောချင်စိတ်မရှိကြောင်းနှင့် တရုတ်နှင့်ဆက်ဆံရေးကိုပင် ဖြတ်နိုင်ကြောင်း ပြောကြားလိုက်ပြီး ကိုရိုနာဗိုင်းရပ်စ်အသစ်နှင့်ပတ်သက်၍ တရုတ်နှင့်သူ၏ဆက်ဆံရေးဆိုးရွားလာသည့်အခြေအနေအား ညွှန်ပြချက်အသစ်တစ်ခုကို ထုတ်ပြလိုက်ပြန်ပြီဖြစ်သည်။

Fox Business Network ရုပ်သံလိုင်းနှင့် မေ ၁၄ အင်တာဗျူးတစ်ခုတွင် ထရန့်က သူသည် ထိုရောဂါကို တရုတ်မှ မထိန်းချုပ်နိုင်ခဲ့မှုအပေါ် အလွန်စိတ်ပျက်မိကြောင်းနှင့် ဇန်နဝါရီက ပြုလုပ်ခဲ့သည့် တရုတ်နှင့်ကုန်သွယ်ရေးသဘောတူညီချက်အပေါ် ကပ်ဘေး၏ အဆင်မပြေစေမှုနှင့်ပတ်သက်၍ အောက်ပါအတိုင်း ပြောကြားခဲ့သည်။

“သူတို့ ဒါကို လုံးဝကိုမဖြစ်ပွားစေခဲ့သင့်ဘူး။ လုပ်ထားတဲ့ ကုန်သွယ်ရေးသဘောတူညီချက်ကြီးက အခု ကျွန်တော့်အတွက် အရင်လိုမဟုတ်တော့ဘူး။ ဒီစာချုပ်က သိပ်ကိုအသက်မဲ့ခြောက်ကပ်သွားခဲ့ပြီ။ ကပ်ဘေးက ဆိုက်သွားပြီ။”

တရုတ်သမ္မတရှီကျင်ဖင်းနှင့် ကောင်းမွန်သောဆက်ဆံရေးရှိခဲ့သည့် ထရန့်က မေ ၁၃ အင်တာဗျူးတစ်ခုတွင်လည်း “အခုချိန်မှာ ကျွန်တော် သူ့ကို စကားတောင်မပြောချင်ဘူး” ဟု ပြောကြားခဲ့သည်။

အမျိုးသားလုံခြုံရေးဆိုင်ရာ ပညာရပ်နယ်ပယ်များတွင် လေ့လာသင်ကြားရန် လျှောက်ထားလာသော တရုတ်ကျောင်းသားများ၏ အမေရိကန်ပြည်ဝင်ခွင့် ဗီဇာများကို ငြင်းပယ်ရန် ရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ်တစ်ဦး၏ တင်ပြချက်တစ်ရပ်နှင့်ပတ်သက်၍ ထရန့်အား မေးမြန်းခဲ့သည့်အခါ “ကျွန်တော်တို့ လုပ်နိုင်တာတွေ အများကြီးရှိတယ်။ အဲ့ဒါတွေရော ဆက်ဆံရေးတစ်ခုလုံးကိုပါ ဖြတ်တောက်ပစ်နိုင်ပါတယ်။” ဟု ပြန်လည်ဖြေကြားခဲ့သည်။

“အခု လုပ်လိုက်ရင် ဘာများဖြစ်မလဲ။ အမေရိကန်‌ဒေါ်လာ ဘီလျံ ၅၀၀ ချွေတာတာပေါ့။” ဟု ထရန့်က ပျောက်ဆုံးသွားသော ငွေများအဖြစ် မကြာခဏရည်ညွှန်းလေ့ရှိသည့် တရုတ်မှ အမေရိကန်သို့ ခန့်မှန်းခြေတစ်နှစ်တာတင်ပို့ကုန်များကို ရည်ညွှန်းပြောကြားခဲ့သည်။

ထရန့်နှင့်သူ၏ ရီပတ်ဘလစ်ကန်ဘက်တော်သားများသည် တရုတ်အစိုးရအား ကိုရိုနာဗိုင်းရပ်စ်အသစ်ဖြစ်ပွားမှု၏ ပြင်းထန်မှုအခြေအနေနှင့်ပမာဏကို ကမ္ဘာသို့ သတိမပေးခဲ့ခြင်းနှင့်ပတ်သက်၍ တရုတ်အစိုးရအား ထပ်ကာထပ်ကာစွပ်စွဲလာခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာရောဂါကပ်ဘေးသို့ဆိုက်သွားခဲ့ခြင်းက ကမ္ဘာစီးပွားရေးကျဆင်းမှုကို ဖြစ်ပွားစေသည့်အပြင် လာမည့်နိုဝင်ဘာလရွေးကောက်ပွဲတွင် သူ၏ ပြန်လည်‌ရွေး‌ကောက်ခံရနိုင်ရန်အခွင့်အလမ်းများကိုလည်း ခြိမ်းခြောက်လာသည်။

တရားဝင်စာရင်းများအရ ယခုကပ်ဘေးတွင် အမေရိကန်က အထိနာဆုံးနိုင်ငံဖြစ်လာခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Trump says doesn’t want to talk to Xi right now, could even cut China ties (thestraitstimes)

[Zawgyi]

တ႐ုတ္သမၼတႏွင့္ စကားမေျပာလိုေၾကာင္း၊ ဆက္ဆံေရးျဖတ္ေတာက္ႏိုင္ေၾကာင္း ‌ေဒၚနယ္ထရန႔္ေျပာၾကား

အေမရိကန္သမၼတ ေဒၚနယ္ထရန႔္က သူသည္ ယခုခ်ိန္တြင္ တ႐ုတ္သမၼတ ရွီက်င္ဖင္းႏွင့္ စကားေျပာခ်င္စိတ္မရွိေၾကာင္းႏွင့္ တ႐ုတ္ႏွင့္ဆက္ဆံေရးကိုပင္ ျဖတ္ႏိုင္ေၾကာင္း ေျပာၾကားလိုက္ၿပီး ကို႐ိုနာဗိုင္းရပ္စ္အသစ္ႏွင့္ပတ္သက္၍ တ႐ုတ္ႏွင့္သူ၏ဆက္ဆံေရးဆိုး႐ြားလာသည့္အေျခအေနအား ၫႊန္ျပခ်က္အသစ္တစ္ခုကို ထုတ္ျပလိုက္ျပန္ၿပီျဖစ္သည္။

Fox Business Network ႐ုပ္သံလိုင္းႏွင့္ ေမ ၁၄ အင္တာဗ်ဴးတစ္ခုတြင္ ထရန္႔က သူသည္ ထိုေရာဂါကို တ႐ုတ္မွ မထိန္းခ်ဳပ္ႏိုင္ခဲ့မႈအေပၚ အလြန္စိတ္ပ်က္မိေၾကာင္းႏွင့္ ဇန္နဝါရီက ျပဳလုပ္ခဲ့သည့္ တ႐ုတ္ႏွင့္ကုန္သြယ္ေရးသေဘာတူညီခ်က္အေပၚ ကပ္ေဘး၏ အဆင္မေျပေစမႈႏွင့္ပတ္သက္၍ ေအာက္ပါအတိုင္း ေျပာၾကားခဲ့သည္။

“သူတို႔ ဒါကို လုံးဝကိုမျဖစ္ပြားေစခဲ့သင့္ဘူး။ လုပ္ထားတဲ့ ကုန္သြယ္ေရးသေဘာတူညီခ်က္ႀကီးက အခု ကြၽန္ေတာ့္အတြက္ အရင္လိုမဟုတ္ေတာ့ဘူး။ ဒီစာခ်ဳပ္က သိပ္ကိုအသက္မဲ့ေျခာက္ကပ္သြားခဲ့ၿပီ။ ကပ္ေဘးက ဆိုက္သြားၿပီ။”

တ႐ုတ္သမၼတရွီက်င္ဖင္းႏွင့္ ေကာင္းမြန္ေသာဆက္ဆံေရးရွိခဲ့သည့္ ထရန႔္က ေမ ၁၃ အင္တာဗ်ဴးတစ္ခုတြင္လည္း “အခုခ်ိန္မွာ ကြၽန္ေတာ္ သူ႔ကို စကားေတာင္မေျပာခ်င္ဘူး” ဟု ေျပာၾကားခဲ့သည္။

အမ်ိဳးသားလုံၿခဳံေရးဆိုင္ရာ ပညာရပ္နယ္ပယ္မ်ားတြင္ ေလ့လာသင္ၾကားရန္ ေလွ်ာက္ထားလာေသာ တ႐ုတ္ေက်ာင္းသားမ်ား၏ အေမရိကန္ျပည္ဝင္ခြင့္ ဗီဇာမ်ားကို ျငင္းပယ္ရန္ ရီပတ္ဘလစ္ကန္အထက္လႊတ္ေတာ္အမတ္တစ္ဦး၏ တင္ျပခ်က္တစ္ရပ္ႏွင့္ပတ္သက္၍ ထရန႔္အား ေမးျမန္းခဲ့သည့္အခါ “ကြၽန္ေတာ္တို႔ လုပ္ႏိုင္တာေတြ အမ်ားႀကီးရွိတယ္။ အဲ့ဒါေတြေရာ ဆက္ဆံေရးတစ္ခုလုံးကိုပါ ျဖတ္ေတာက္ပစ္ႏိုင္ပါတယ္။” ဟု ျပန္လည္ေျဖၾကားခဲ့သည္။

“အခု လုပ္လိုက္ရင္ ဘာမ်ားျဖစ္မလဲ။ အေမရိကန္‌ေဒၚလာ ဘီလ်ံ ၅၀၀ ေခြၽတာတာေပါ့။” ဟု ထရန႔္က ေပ်ာက္ဆုံးသြားေသာ ေငြမ်ားအျဖစ္ မၾကာခဏရည္ၫႊန္းေလ့ရွိသည့္ တ႐ုတ္မွ အေမရိကန္သို႔ ခန႔္မွန္းေျခတစ္ႏွစ္တာတင္ပို႔ကုန္မ်ားကို ရည္ၫႊန္းေျပာၾကားခဲ့သည္။

ထရန႔္ႏွင့္သူ၏ ရီပတ္ဘလစ္ကန္ဘက္ေတာ္သားမ်ားသည္ တ႐ုတ္အစိုးရအား ကို႐ိုနာဗိုင္းရပ္စ္အသစ္ျဖစ္ပြားမႈ၏ ျပင္းထန္မႈအေျခအေနႏွင့္ပမာဏကို ကမာၻသို႔ သတိမေပးခဲ့ျခင္းႏွင့္ပတ္သက္၍ တ႐ုတ္အစိုးရအား ထပ္ကာထပ္ကာစြပ္စြဲလာခဲ့သည္။

ကမာၻလုံးဆိုင္ရာေရာဂါကပ္ေဘးသို႔ဆိုက္သြားခဲ့ျခင္းက ကမာၻစီးပြားေရးက်ဆင္းမႈကို ျဖစ္ပြားေစသည့္အျပင္ လာမည့္ႏိုဝင္ဘာလေ႐ြးေကာက္ပြဲတြင္ သူ၏ ျပန္လည္‌ေ႐ြး‌ေကာက္ခံရႏိုင္ရန္အခြင့္အလမ္းမ်ားကိုလည္း ၿခိမ္းေျခာက္လာသည္။

တရားဝင္စာရင္းမ်ားအရ ယခုကပ္ေဘးတြင္ အေမရိကန္က အထိနာဆုံးႏိုင္ငံျဖစ္လာခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Trump says doesn’t want to talk to Xi right now, could even cut China ties (thestraitstimes)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service