နေအိမ်များ တစ်လုံးမကျန် ရောင်းထုတ်မည်ဟု ကြေညာထားသော ကမ္ဘာအချမ်းသာဆုံးစာရင်းဝင်သူဌေးကြီး Elon Musk က ကယ်လီဖိုးနီးယားရှိ နေအိမ် ၅ လုံးကို ကန်ဒေါ်လာ ၉၇ ဒသမ ၅ သန်းဖြင့် ထပ်မံအရောင်းဈေးကွက်တင်

နေအိမ်များ တစ်လုံးမကျန် ရောင်းထုတ်မည်ဟု ကြေညာထားသော ကမ္ဘာအချမ်းသာဆုံးစာရင်းဝင်သူဌေးကြီး Elon Musk က ကယ်လီဖိုးနီးယားရှိ နေအိမ် ၅ လုံးကို ကန်ဒေါ်လာ ၉၇ ဒသမ ၅ သန်းဖြင့် ထပ်မံအရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
15 May 2020 12:50 pm တွင် တင်ခဲ့သည်
1508 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

နေအိမ်များ တစ်လုံးမကျန် ရောင်းထုတ်မည်ဟု ကြေညာထားသော ကမ္ဘာအချမ်းသာဆုံးစာရင်းဝင်သူဌေးကြီး Elon Musk သည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားရှိ နေအိမ် ၅ လုံးကို ကန်ဒေါ်လာ ၉၇ ဒသမ ၅ သန်းဖြင့် ထပ်မံအရောင်းဈေးကွက်တင် လာသည်။

ရုပ်ဝတ္ထုပိုင်ဆိုင်မှုအားလုံးကို ရောင်းထုတ်သွားမည်ဖြစ်ပြီး နေအိမ်တစ်လုံးမှ မရှိသည့်အထိ ရောင်းချသွားမည်ဟု တွစ်တာလူမှုကွန်ရက် အကောင့်တွင် ရေးသားခဲ့ပြီးနောက် လော့စ်အိန်ဂျလိမြို့၊ ဘဲအဲရ်အရပ်ရှိ နေအိမ် ၂ လုံးကို ကန်ဒေါ်လာ ၃၉ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့သည်မှာ ရက်သတ္တ ၂ ပတ်မျှသာ ရှိသေးချိန်တွင် နေအိမ် ၅ လုံး ထပ်မံ ရောင်းချလာခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သော မေလ ၁ ရက်တွင် တွစ်တာတွင် ရေးသားခဲ့ရာ၌ အိမ်တစ်လုံးမျှ ပိုင်ဆိုင်မှှုထားရှိလိမ့်မည်မဟုတ်တော့ကြောင်း ရေးသားကာ Zillow အိမ်ခြံမြေဝက်ဘ်ဆိုက်တွင် ဘဲအဲရ်နေအိမ် ၂ လုံးကို အရောင်းကြေညာခဲ့ခြင်း ဖြစ်သည်။

ဖော့ဘ်မဂ္ဂဇင်းကြီး၏ ခန့်မှန်းချက်အရ Elon Musk သည် ကန်ဒေါ်လာ ၃၈ ဘီလီယံကျော် ကြွယ်ဝသည်ဟု ခန့်မှန်းထားသည်။

Elon Musk သည် အာကာသ နည်းပညာကုမ္ပဏီ SpaceX တည်ထောင်သူ/အမှုဆောင်အရာရှိချုပ်၊ လျှပ်စစ်မော်တော်ကား ကုမ္ပဏီ Tesla,Inc ပူးတွဲတည်ထောင်သူ/ အမှုဆောင်အရာရှိချုပ် ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ မေလ အချက်အလက်များအရ ကမ္ဘာပေါ်တွင် ၃၁ ဦးမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ကြောင်း ဖော့ဘ်မဂ္ဂဇင်းကြီးက ဖော်ပြသည်။

Zillow ဝက်ဘ်ဆိုက်တွင် Elon Musk အရောင်းတင်ထားသော နေအိမ်များနှင့် စပ်လျဉ်းပြီး ရေးသားထားရာ၌ နေအိမ်တစ်လုံးစီ၏ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက စုံစမ်းမေးမြန်းနိုင်ကြောင်း၊ ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြရမှုမှာ အကန့်အသတ်ဖြင့်သာ ရှိကြောင်းဖော်ပြထားသည်။

(Elon Musk ၏ နေအိမ်နှင့် အခြားပိုင်ဆိုင်မှုများ)

(က) လော့စ်အိန်ဂျလိမြို့၊ ဘဲအဲရ်အရပ်တွင် နေအိမ် ၆ လုံး ပိုင်ဆိုင်ထားပြီး တန်ကြေးမှာ ကန်ဒေါ်လာ သန်း ၇၀ ခန့်ရှိသည်။

-ကိုလိုနီဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး တင်းနစ်ကွင်း၊ ဂိုဒေါင် ၅ လုံးနှင့် ရေကူးကန်တစ်ခုပါဝင်ကာ ကန်ဒေါ်လာ ၂၂ ဒသမ ၃ သန်း တန်ကြေးှရှိသော နေအိမ်

-တချိန်က Gene Wilder ပိုင်ဆိုင်ခဲ့ဖူးသော ယာတောအိမ်။ တန်ကြေး ကန်ဒေါ်လာ ၇ ဒသမ ၈ သန်း။

-အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၈ ခန်းပါ နေအိမ်။ တန်ကြေး ကန်ဒေါ်လာ သန်း ၂၀။

-အိပ်ခန်း ၄ ခန်းပါနေအိမ်။ တန်ကြေး ကန်ဒေါ်လာ ၄ ဒသမ ၉ သန်း။

-ဂဲသြမေထြီဟန်များဖြင့် ပုံဖော်ဆောက်လုပ်ထားပြီး အိပ်ခန်း ၆ ခန်း ပါဝင်သော နေအိမ်။ ကန်ဒေါ်လာ ၂၇ ဒသမ ၃ သန်း။

-ကိုလိုနီဗိသုကာဟန်နေအိမ်။ တန်ကြေး ကန်ဒေါ်လာ ၄ ဒသမ ၂ သန်း။

(ခ) ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းရှိ နှစ်ပေါင်း ၁၀၀ သက်တမ်းရှိနေအိမ်၊ တန်ကြေး ကန်ဒေါ်လာ ၂၇ ဒသမ ၂ သန်း။

(ဂ) လေလံပွဲတစ်ခုတွင် ကန်ဒေါ်လာ ၉၂၀၀၀၀ ဖြင့် ဝယ်ယူထားသော Lotus Esprit ရေငုပ်မော်တော်ကား (ဂျိမ်းစ်ဘွန်း ရုပ်ရှင်တွင် အသုံးပြုခဲ့)

(ဃ) ဓာတ်ငွေ့သုံး Ford Model T

(င) ဓာတ်ငွေ့သုံး Jaguar E-Type Series 1 Roadster

Elon Musk က တွစ်တာတွင် ရေးသားခဲ့ရာ၌ သူ၏ ပိုင်ဆိုင်မှုများကို ရောင်းချခြင်းမှာ ငွေလိုသောကြောင့် မဟုတ်ကြောင်း၊ မိမိကိုယ်မိမိ ကမ္ဘာမြေနှင့် အင်္ဂ ါဂြိုဟ်တို့အတွက် လုံးလုံးလျားလျား အချိန်မြှုပ်နှံထားရာ ပိုင်ဆိုင်မှုများမှာ လေးလံစေကြောင်း ရေးသားခဲ့သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Elon Musk lists five more California properties for a combined $97.5million nearly two weeks after vowing to sell his material possessions and putting two Bel Air homes on the market for $39.5M (Daily Mail)

[Zawgyi]

ေနအိမ္မ်ား တစ္လံုးမက်န္ ေရာင္းထုတ္မည္ဟု ေၾကညာထားေသာ ကမၻာအခ်မ္းသာဆံုးစာရင္းဝင္သူေဌးၾကီး Elon Musk က ကယ္လီဖိုးနီးယားရွိ ေနအိမ္ ၅ လံုးကို ကန္ေဒၚလာ ၉၇ ဒသမ ၅ သန္းျဖင့္ ထပ္မံအေရာင္းေစ်းကြက္တင္

ေနအိမ္မ်ား တစ္လံုးမက်န္ ေရာင္းထုတ္မည္ဟု ေၾကညာထားေသာ ကမၻာအခ်မ္းသာဆံုးစာရင္းဝင္သူေဌးၾကီး Elon Musk သည္ အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖိုးနီးယားရွိ ေနအိမ္ ၅ လံုးကို ကန္ေဒၚလာ ၉၇ ဒသမ ၅ သန္းျဖင့္ ထပ္မံအေရာင္းေစ်းကြက္တင္ လာသည္။

ရုပ္ဝတၳဳပိုင္ဆိုင္မႈအားလံုးကို ေရာင္းထုတ္သြားမည္ျဖစ္ျပီး ေနအိမ္တစ္လံုးမွ မရွိသည့္အထိ ေရာင္းခ်သြားမည္ဟု တြစ္တာလူမႈကြန္ရက္ အေကာင့္တြင္ ေရးသားခဲ့ျပီးေနာက္ ေလာ့စ္အိန္ဂ်လိျမိဳ ႔၊ ဘဲအဲရ္အရပ္ရွိ ေနအိမ္ ၂ လံုးကို ကန္ေဒၚလာ ၃၉ ဒသမ ၅ သန္းျဖင့္ အေရာင္းေစ်းကြက္တင္ခဲ့သည္မွာ ရက္သတၱ ၂ ပတ္မွ်သာ ရွိေသးခ်ိန္တြင္ ေနအိမ္ ၅ လံုး ထပ္မံ ေရာင္းခ်လာျခင္းလည္း ျဖစ္သည္။

ျပီးခဲ့ေသာ ေမလ ၁ ရက္တြင္ တြစ္တာတြင္ ေရးသားခဲ့ရာ၌ အိမ္တစ္လံုးမွ် ပိုင္ဆိုင္မွႈထားရွိလိမ့္မည္မဟုတ္ေတာ့ေၾကာင္း ေရးသားကာ Zillow အိမ္ျခံေျမဝက္ဘ္ဆိုက္တြင္ ဘဲအဲရ္ေနအိမ္ ၂ လံုးကို အေရာင္းေၾကညာခဲ့ျခင္း ျဖစ္သည္။

ေဖာ့ဘ္မဂၢဇင္းၾကီး၏ ခန္႔မွန္းခ်က္အရ Elon Musk သည္ ကန္ေဒၚလာ ၃၈ ဘီလီယံေက်ာ္ ၾကြယ္ဝသည္ဟု ခန္႔မွန္းထားသည္။

Elon Musk သည္ အာကာသ နည္းပညာကုမၸဏီ SpaceX တည္ေထာင္သူ/အမႈေဆာင္အရာရွိခ်ဳပ္၊ လွ်ပ္စစ္ေမာ္ေတာ္ကား ကုမၸဏီ Tesla,Inc ပူးတြဲတည္ေထာင္သူ/ အမႈေဆာင္အရာရွိခ်ဳပ္ ျဖစ္ျပီး ၂၀၂၀ ျပည့္ႏွစ္၊ ေမလ အခ်က္အလက္မ်ားအရ ကမၻာေပၚတြင္ ၃၁ ဦးေျမာက္ အခ်မ္းသာဆံုးပုဂၢိဳလ္ျဖစ္ေၾကာင္း ေဖာ့ဘ္မဂၢဇင္းၾကီးက ေဖာ္ျပသည္။

Zillow ဝက္ဘ္ဆိုက္တြင္ Elon Musk အေရာင္းတင္ထားေသာ ေနအိမ္မ်ားႏွင့္ စပ္လ်ဥ္းျပီး ေရးသားထားရာ၌ ေနအိမ္တစ္လံုးစီ၏ အေသးစိတ္အခ်က္အလက္မ်ားကို သိရွိလိုပါက စံုစမ္းေမးျမန္းႏိုင္ေၾကာင္း၊ ဝက္ဘ္ဆိုက္တြင္ ေရးသားေဖာ္ျပရမႈမွာ အကန္႔အသတ္ျဖင့္သာ ရွိေၾကာင္းေဖာ္ျပထားသည္။

(Elon Musk ၏ ေနအိမ္ႏွင့္ အျခားပိုင္ဆိုင္မႈမ်ား)

(က) ေလာ့စ္အိန္ဂ်လိျမိဳ ႔၊ ဘဲအဲရ္အရပ္တြင္ ေနအိမ္ ၆ လံုး ပိုင္ဆိုင္ထားျပီး တန္ေၾကးမွာ ကန္ေဒၚလာ သန္း ၇၀ ခန္႔ရွိသည္။

-ကိုလိုနီဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားျပီး တင္းနစ္ကြင္း၊ ဂိုေဒါင္ ၅ လံုးႏွင့္ ေရကူးကန္တစ္ခုပါဝင္ကာ ကန္ေဒၚလာ ၂၂ ဒသမ ၃ သန္း တန္ေၾကးွရွိေသာ ေနအိမ္

-တခ်ိန္က Gene Wilder ပိုင္ဆိုင္ခဲ့ဖူးေသာ ယာေတာအိမ္။ တန္ေၾကး ကန္ေဒၚလာ ၇ ဒသမ ၈ သန္း။

-အိပ္ခန္း ၆ ခန္း၊ ေရခ်ဳိးခန္း ၈ ခန္းပါ ေနအိမ္။ တန္ေၾကး ကန္ေဒၚလာ သန္း ၂၀။

-အိပ္ခန္း ၄ ခန္းပါေနအိမ္။ တန္ေၾကး ကန္ေဒၚလာ ၄ ဒသမ ၉ သန္း။

-ဂဲၾသေမၾထီဟန္မ်ားျဖင့္ ပံုေဖာ္ေဆာက္လုပ္ထားျပီး အိပ္ခန္း ၆ ခန္း ပါဝင္ေသာ ေနအိမ္။ ကန္ေဒၚလာ ၂၇ ဒသမ ၃ သန္း။

-ကိုလိုနီဗိသုကာဟန္ေနအိမ္။ တန္ေၾကး ကန္ေဒၚလာ ၄ ဒသမ ၂ သန္း။

(ခ) ကယ္လီဖိုးနီးယားျပည္နယ္ ေျမာက္ပိုင္းရွိ ႏွစ္ေပါင္း ၁၀၀ သက္တမ္းရွိေနအိမ္၊ တန္ေၾကး ကန္ေဒၚလာ ၂၇ ဒသမ ၂ သန္း။

(ဂ) ေလလံပြဲတစ္ခုတြင္ ကန္ေဒၚလာ ၉၂၀၀၀၀ ျဖင့္ ဝယ္ယူထားေသာ Lotus Esprit ေရငုပ္ေမာ္ေတာ္ကား (ဂ်ိမ္းစ္ဘြန္း ရုပ္ရွင္တြင္ အသံုးျပဳခဲ့)

(ဃ) ဓာတ္ေငြ႔သံုး Ford Model T

(င) ဓာတ္ေငြ႔သံုး Jaguar E-Type Series 1 Roadster

Elon Musk က တြစ္တာတြင္ ေရးသားခဲ့ရာ၌ သူ၏ ပိုင္ဆိုင္မႈမ်ားကို ေရာင္းခ်ျခင္းမွာ ေငြလိုေသာေၾကာင့္ မဟုတ္ေၾကာင္း၊ မိမိကိုယ္မိမိ ကမၻာေျမႏွင့္ အဂၤ ါျဂိဳဟ္တို႔အတြက္ လံုးလံုးလ်ားလ်ား အခ်ိန္ျမွဳပ္ႏွံထားရာ ပိုင္ဆိုင္မႈမ်ားမွာ ေလးလံေစေၾကာင္း ေရးသားခဲ့သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Elon Musk lists five more California properties for a combined $97.5million nearly two weeks after vowing to sell his material possessions and putting two Bel Air homes on the market for $39.5M (Daily Mail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Maha Mini Condo
The Crest

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service