ကိုရိုနာဗိုင်းရပ်စ်အရေး သတင်းစာရှင်းလင်းပွဲတွင် တရုတ်သတင်းထောက်မိန်းကလေး၊ CNN မှ သတင်းထောက်မိန်းကလေးတို့နှင့် စကားများကာ သမ္မတထရမ့် ပွဲဖျက်ကာထွက်ခွာသွား

ကိုရိုနာဗိုင်းရပ်စ်အရေး သတင်းစာရှင်းလင်းပွဲတွင် တရုတ်သတင်းထောက်မိန်းကလေး၊ CNN မှ သတင်းထောက်မိန်းကလေးတို့နှင့် စကားများကာ သမ္မတထရမ့် ပွဲဖျက်ကာထွက်ခွာသွား - Property News in Myanmar from iMyanmarHouse.com
14 May 2020 1:06 pm တွင် တင်ခဲ့သည်
5472 ကြိမ် ကြည့်ရှု့ပြီး

[Unicode] အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အိမ်ဖြူတော်ရှိ Rose Garden တွင် ြ့ပုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်မိန်းကလေး ၂ ဦးနှင့် စကားများကာ ရုတ်တရက်ထွက်ခွာသွားသည်။

ထရမ့်က မီဒီယာတို့သည် မိမိကို သိက္ခာကျစေရန် အတူတကွ ပူးပေါင်းကြံစည်နေကြောင်း စွပ်စွဲပြောကြားလိုက်သည်။

(mainstream media - ပင်မရေစီးကြောင်းမီဒီယာ ဟူသော စကားကို ထရမ့်က မသုံးဘဲ mainstream ကို ချိုးနှိမ်ခေါ်ဆိုသည့် စကားလုံးဖြစ်သော lamestream - ညံ့ဖျင်းသောမီဒီယာ ဟူသည့် စကားလုံးကို သုံးစွဲကာ ပြောကြားခဲ့ခြင်း ဖြစ်သည်)

သတင်းစာရှင်းလင်းပွဲတွင် CBS News သတင်းဌာနမှ Weija Jiang က မေးမြန်းရာတွင် အမေရိကန်နိုင်ငံသား ၈၀၀၀၀ ခန့် ကိုရိုနာဗိုင်းရပ်စ်ဖြင့် သေဆုံးနေရချိန်တွင် သမ္မတအနေဖြင့် အဘယ်ကြောင့် covid-19 စမ်းသပ်မှုကို ကမ္ဘာလုံးဆိုင်ရာ ပြိုင်ပွဲဟု ရှုမြင်ရသနည်းဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ထရမ့်က Jiang ကို ပြန်လည်ဖြေကြားရာတွင် “ဒီမေးခွန်းက တရုတ်နိုင်ငံကို မေးသင့်တဲ့ မေးခွန်းပဲ။ ကျွန်တော့်ကို မမေးပါနဲ့၊ ဒီမေးခွန်းကို တရုတ်နိုင်ငံကို မေးပါ။ ဟုတ်ပြီလား” ဟု ပြန်လည်ဖြေကြားခဲ့သည်။ Weija Jiang သည် တရုတ်နိုင်ငံသူတစ်ဦး ဖြစ်သည်။

ထို့နောက် သမ္မတက CNN သတင်းဌာနမှ သတင်းထောက် Kaitlan Collins ကို မေးမြန်းရန် ညွှန်ပြခဲ့သည်။

သို့သော် Weija Jiang က ထရမ့်ကို ကြားဖြတ်ကာ ဆက်လက်မေးမြန်းခဲ့သည်မှာ “ကျွန်မကိုမှ ဘာကြောင့်ဒီလိုပြောရတာလဲ” ဟု မေးမြန်းခဲ့သည်။

ထရမ့်က “ငါ ဘယ်သူ့ကိုမှ အထူးပြုပြီး ပြောနေတာမဟုတ်ဘူး။ ရိုင်းစိုင်းတဲ့မေးခွန်းမေးတဲ့ ဘယ်သူ့ကိုမဆို ပြောနေတာပဲ ဖြစ်တယ်” ဟု ပြန်လည်ပြောကြားသည်။

Weija Jiang က သူမ၏ မေးခွန်းတွင် ရိုင်းစိုင်းသည့်အရာများ မပါဝင်ကြောင်း ကန့်ကွက်ပြီး တရုတ်နိုင်ငံကိုသွားမေးဟု အဘယ့်ကြောင့် မိမိကိုမှ ပြောရသနည်းဟု ဒုတိယအကြိမ်ထပ်မံမေးမြန်းခဲ့သည်။

ယင်းနောက် CNN သတင်းဌာနမှ သတင်းထောက်အမျိုးသမီး Collins က မိုက်ခရိုဖုန်းအနီးချဉ်းကပ်လာပြီး မေးခွန်းမေးရန် ဟန်ပြင်လိုက်သည်။ ( Collins နှင့် ထရမ့်တို့သည် ပြီးခဲ့သော သတင်းစာရှင်းလင်းပွဲတွင်လည်း စကားများခဲ့ကြဖူးသည်။)

သို့သော် ထရမ့်က ကြားဖြတ်တားမြစ်လိုက်ပြီး အခြားသတင်းထောက် မေးမြန်းရန် ညွှန်ကြားလိုက်သည်။

Collins က မေးမြန်းရန် ပြင်ဆင်လိုက်ရာ ထရမ့်က လက်မခံဘဲ နောက်တစ်ယောက်မေးရန်သာ ပြောသော်လည်း Collins က မေးခွန်းမေးနိုင်ရန် ဆက်လက်ကြိုးစားရာ ထရမ့်မှ “ဂုဏ်သရေရှိ လူကြီးမင်းများအားလုံး ကျေးဇူးအများကြီးတင်ပါတယ်” (Ladies and Gentlemen, thanks you very much, thank you) ဟု ပြောကာ သတင်းစာရှင်းလင်းပွဲမှ ရုတ်တရက် ထွက်ခွာသွားခဲ့သည်။

ထရမ့်က အဆိုပါဖြစ်ရပ်ကို သူ၏ တွစ်တာအကောင့်တွင် Lamestream media သည် ထိန်းမရတော့သော အခြေအနေဖြစ်နေပြီ ဖြစ်ကြောင်း၊ ၎င်းတို့ မည်သို့မည်ပုံ ပူးပေါင်းကြံစည်နေကြသည်ကို ကြည့်ရှုကြရန်နှင့် ၎င်းတို့သည် ပြည်သူများ၏ရန်သူဖြစ်ကြောင်း၊ သို့သော် စိတ်မပူကြရန်နှင့် လာမည့်နိုဝင်ဘာလတွင် မိမိတို့ အနိုင်ရအောင်ပွဲခံနိုင်လိမ့်မည်ဖြစ်ကြောင်း ရေးသားခဲ့သည်။

ထရမ့်သည် အဆိုပါ သတင်းထောက်အမျိုးသမီး ၂ ဦးလုံးနှင့် ယခင်ကလည်း အခြေအတင်စကားများခဲ့ဖူးသည်။

CBS News သတင်းဌာနမှ Weija Jiang သည် တရုတ်နိုင်ငံ၊ Xiamen မြို့တွင် မွေးဖွားပြီး အသက် ၂ နှစ်သမီးအရွယ်တွင် မိဘများနှင့်အတူ အမေရိကန်ပြည်ထောင်စု၊ အနောက်ဂျော်ဂျီယာသို့ ပြောင်းရွှေ့အခြေချခဲ့ကာ Buckhannon မြို့တွင် တရုတ်စားသောက်ဆိုင်တစ်ခု ဖွင့်လှစ်ထားသည်။

အသက် ၃၅ နှစ်အရွယ်တွင် Weija Jiang သည် ဝါရှင်တန် ဒီစီသို့ ပြောင်းရွှေ့ခဲ့ကာ CBS News သတင်းဌာနတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

ယခုအခါ CBS News သတင်းဌာန၏ အိမ်ဖြူတော်အမြဲတမ်းသတင်းထောက်အဖြစ် တာဝန်ထမ်းဆောင်နေခြင်း ဖြစ်သည်။

CNN သတင်းဌာနမှ Kaitlan Collins သည် ဧပြီလကုန်ပိုင်းက အိမ်ဖြူတော်တွင် ထိုင်ခုံကိစ္စဖြင့် ပြဿနာဖြစ်ခဲ့ဖူးသည်။

သတင်းစာရှင်းလင်းပွဲသို့ ထရမ့်ရောက်မလာမီ အိမ်ဖြူတော်မှ အရာရှိတို့က ရှေ့ဆုံးတန်းတွင် ထိုင်နေသော Kaitlan Collins ကို နောက်ဘက် ၆ တန်းမြောက်တွင် ထိုင်နေသော ဝါရှင်တန်ဘလိတ် (Washington Blade) သတင်းဌာနမှ သတင်းထောက် ခရစ် ဂျွန်ဆင်နှင့် နေရာချင်းလဲထိုင်ရန် ညွှန်ကြားခဲ့သည်။

သို့သော် Kaitlan Collins က ထိုင်ခုံနေရာများ ချထားမှုမှာ အိမ်ဖြူတော်သတင်းထောက်အစည်းအရုံး (White House Correspondents Association- WHCA ) ၏ လမ်းညွှန်ချက်များအတိုင်း နေရာချထားမှုဖြစ်ရာ ခရစ်ဂျွန်ဆင်နှင့် နေရာချင်းမလဲနိုင်ကြောင်း ငြင်းဆိုခဲ့သည်။

ထိုအခါ အိမ်ဖြူတော်အရာရှိတို့က ထိုင်ခုံချင်းမလဲပါက သမ္မတ၏ အထူးလုံခြုံရေးအဖွဲ့ (Secret Service) က ဝင်ရောက်ထိန်းသိမ်းမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။ သို့သော် ထိုသို့ ဆောင်ရွက်မှု မဖြစ်ပေါ်ခဲ့။

သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲတွင် သတင်းဌာနများမှ သတင်းထောက်များ ထိုင်ရမည့်နေရာကို WHCA က စီစဉ်ခြင်းဖြစ်ပြီး သတင်းဌာန၏ အင်အားအရ ဆုံးဖြတ်ကာ နေရာချထားခြင်း ဖြစ်သည်။

ထရမ့်ရောက်လာပြီး ၂၂ မိနစ်ခန့် စကားပြောသွားသော်လည်း သတင်းထောက်များကို မေးခွန်းမေးမြန်းခွင့်မပြုဘဲ ပြန်လည်ထွက်ခွာ သွားသည်။

ထိုနေ့မတိုင်မီက ထရမ့်သည် Kaitlan Collins နှင့် စကားအခြေအတင်ဖြစ်ခဲ့သည်။ ကင်ဂျုံအန်အရေးနှင့် စပ်လျဉ်းပြီး Kaitlan Collins က မေးခွန်းမေးရန် ကြိုးစားရာ ထရမ့်က “ရပါပြီ။ ပြဿနာကတော့ မင်းက အမှန်တရားကို မရေးဘူး” ဟု ပြောကြားခဲ့သည်။

Kaitlan Collins က ကြားဖြတ်ပြောကြားရန် ကြိုးပမ်းသော်လည်း ထရမ့်က ဆက်လက်ပြောကြားခဲ့ရာတွင် “No. CNN မရပါဘူး။ CNN ဟာ သတင်းတုတွေပါ။ ကျုပ်ကို စကားမပြောပါနဲ့” ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Donald Trump says the 'out of control' media is 'conspiring' against him after he abruptly ended his coronavirus press conference following a heated confrontation with two reporters (Daily Mail)

[Zawgyi]

ကိုရိုနာဗိုင္းရပ္စ္အေရး သတင္းစာရွင္းလင္းပြဲတြင္ တရုတ္သတင္းေထာက္မိန္းကေလး၊ CNN မွ သတင္းေထာက္မိန္းကေလးတို႔ႏွင့္ စကားမ်ားကာ သမၼတထရမ့္ ပြဲဖ်က္ကာထြက္ခြာသြား

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္သည္ အိမ္ျဖဴေတာ္ရွိ Rose Garden တြင္ ျ႔ပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲတြင္ သတင္းေထာက္မိန္းကေလး ၂ ဦးႏွင့္ စကားမ်ားကာ ရုတ္တရက္ထြက္ခြာသြားသည္။

ထရမ့္က မီဒီယာတို႔သည္ မိမိကို သိကၡာက်ေစရန္ အတူတကြ ပူးေပါင္းၾကံစည္ေနေၾကာင္း စြပ္စြဲေျပာၾကားလိုက္သည္။

(mainstream media - ပင္မေရစီးေၾကာင္းမီဒီယာ ဟူေသာ စကားကို ထရမ့္က မသံုးဘဲ mainstream ကို ခ်ဳိးႏွိမ္ေခၚဆိုသည့္ စကားလံုးျဖစ္ေသာ lamestream - ညံ့ဖ်င္းေသာမီဒီယာ ဟူသည့္ စကားလံုးကို သံုးစြဲကာ ေျပာၾကားခဲ့ျခင္း ျဖစ္သည္)

သတင္းစာရွင္းလင္းပြဲတြင္ CBS News သတင္းဌာနမွ Weija Jiang က ေမးျမန္းရာတြင္ အေမရိကန္ႏိုင္ငံသား ၈၀၀၀၀ ခန္႔ ကိုရိုနာဗိုင္းရပ္စ္ျဖင့္ ေသဆံုးေနရခ်ိန္တြင္ သမၼတအေနျဖင့္ အဘယ္ေၾကာင့္ covid-19 စမ္းသပ္မႈကို ကမၻာလံုးဆိုင္ရာ ျပိဳင္ပြဲဟု ရႈျမင္ရသနည္းဟု ေမးျမန္းခဲ့ျခင္း ျဖစ္သည္။

ထရမ့္က Jiang ကို ျပန္လည္ေျဖၾကားရာတြင္ “ဒီေမးခြန္းက တရုတ္ႏိုင္ငံကို ေမးသင့္တဲ့ ေမးခြန္းပဲ။ ကၽြန္ေတာ့္ကို မေမးပါနဲ႔၊ ဒီေမးခြန္းကို တရုတ္ႏိုင္ငံကို ေမးပါ။ ဟုတ္ျပီလား” ဟု ျပန္လည္ေျဖၾကားခဲ့သည္။ Weija Jiang သည္ တရုတ္ႏိုင္ငံသူတစ္ဦး ျဖစ္သည္။

ထို႔ေနာက္ သမၼတက CNN သတင္းဌာနမွ သတင္းေထာက္ Kaitlan Collins ကို ေမးျမန္းရန္ ညႊန္ျပခဲ့သည္။

သို႔ေသာ္ Weija Jiang က ထရမ့္ကို ၾကားျဖတ္ကာ ဆက္လက္ေမးျမန္းခဲ့သည္မွာ “ကၽြန္မကိုမွ ဘာေၾကာင့္ဒီလိုေျပာရတာလဲ” ဟု ေမးျမန္းခဲ့သည္။

ထရမ့္က “ငါ ဘယ္သူ႔ကိုမွ အထူးျပဳျပီး ေျပာေနတာမဟုတ္ဘူး။ ရိုင္းစိုင္းတဲ့ေမးခြန္းေမးတဲ့ ဘယ္သူ႔ကိုမဆို ေျပာေနတာပဲ ျဖစ္တယ္” ဟု ျပန္လည္ေျပာၾကားသည္။

Weija Jiang က သူမ၏ ေမးခြန္းတြင္ ရိုင္းစိုင္းသည့္အရာမ်ား မပါဝင္ေၾကာင္း ကန္႔ကြက္ျပီး တရုတ္ႏိုင္ငံကိုသြားေမးဟု အဘယ့္ေၾကာင့္ မိမိကိုမွ ေျပာရသနည္းဟု ဒုတိယအၾကိမ္ထပ္မံေမးျမန္းခဲ့သည္။

ယင္းေနာက္ CNN သတင္းဌာနမွ သတင္းေထာက္အမ်ဳိးသမီး Collins က မိုက္ခရိုဖုန္းအနီးခ်ဥ္းကပ္လာျပီး ေမးခြန္းေမးရန္ ဟန္ျပင္လိုက္သည္။ ( Collins ႏွင့္ ထရမ့္တို႔သည္ ျပီးခဲ့ေသာ သတင္းစာရွင္းလင္းပြဲတြင္လည္း စကားမ်ားခဲ့ၾကဖူးသည္။)

သို႔ေသာ္ ထရမ့္က ၾကားျဖတ္တားျမစ္လိုက္ျပီး အျခားသတင္းေထာက္ ေမးျမန္းရန္ ညႊန္ၾကားလိုက္သည္။

Collins က ေမးျမန္းရန္ ျပင္ဆင္လိုက္ရာ ထရမ့္က လက္မခံဘဲ ေနာက္တစ္ေယာက္ေမးရန္သာ ေျပာေသာ္လည္း Collins က ေမးခြန္းေမးႏိုင္ရန္ ဆက္လက္ၾကိဳးစားရာ ထရမ့္မွ “ဂုဏ္သေရရွိ လူၾကီးမင္းမ်ားအားလံုး ေက်းဇူးအမ်ားၾကီးတင္ပါတယ္” (Ladies and Gentlemen, thanks you very much, thank you) ဟု ေျပာကာ သတင္းစာရွင္းလင္းပြဲမွ ရုတ္တရက္ ထြက္ခြာသြားခဲ့သည္။

ထရမ့္က အဆိုပါျဖစ္ရပ္ကို သူ၏ တြစ္တာအေကာင့္တြင္ Lamestream media သည္ ထိန္းမရေတာ့ေသာ အေျခအေနျဖစ္ေနျပီ ျဖစ္ေၾကာင္း၊ ၎တို႔ မည္သို႔မည္ပံု ပူးေပါင္းၾကံစည္ေနၾကသည္ကို ၾကည့္ရႈၾကရန္ႏွင့္ ၎တို႔သည္ ျပည္သူမ်ား၏ရန္သူျဖစ္ေၾကာင္း၊ သို႔ေသာ္ စိတ္မပူၾကရန္ႏွင့္ လာမည့္ႏိုဝင္ဘာလတြင္ မိမိတို႔ အႏိုင္ရေအာင္ပြဲခံႏိုင္လိမ့္မည္ျဖစ္ေၾကာင္း ေရးသားခဲ့သည္။

ထရမ့္သည္ အဆိုပါ သတင္းေထာက္အမ်ဳိးသမီး ၂ ဦးလံုးႏွင့္ ယခင္ကလည္း အေျခအတင္စကားမ်ားခဲ့ဖူးသည္။

CBS News သတင္းဌာနမွ Weija Jiang သည္ တရုတ္ႏိုင္ငံ၊ Xiamen ျမိဳ ႔တြင္ ေမြးဖြားျပီး အသက္ ၂ ႏွစ္သမီးအရြယ္တြင္ မိဘမ်ားႏွင့္အတူ အေမရိကန္ျပည္ေထာင္စု၊ အေနာက္ေဂ်ာ္ဂ်ီယာသို႔ ေျပာင္းေရႊ ႔အေျခခ်ခဲ့ကာ Buckhannon ျမိဳ ႔တြင္ တရုတ္စားေသာက္ဆိုင္တစ္ခု ဖြင့္လွစ္ထားသည္။

အသက္ ၃၅ ႏွစ္အရြယ္တြင္ Weija Jiang သည္ ဝါရွင္တန္ ဒီစီသို႔ ေျပာင္းေရႊ ႔ခဲ့ကာ CBS News သတင္းဌာနတြင္ ဝင္ေရာက္လုပ္ကိုင္ခဲ့သည္။

ယခုအခါ CBS News သတင္းဌာန၏ အိမ္ျဖဴေတာ္အျမဲတမ္းသတင္းေထာက္အျဖစ္ တာဝန္ထမ္းေဆာင္ေနျခင္း ျဖစ္သည္။

CNN သတင္းဌာနမွ Kaitlan Collins သည္ ဧျပီလကုန္ပိုင္းက အိမ္ျဖဴေတာ္တြင္ ထိုင္ခံုကိစၥျဖင့္ ျပႆနာျဖစ္ခဲ့ဖူးသည္။

သတင္းစာရွင္းလင္းပြဲသို႔ ထရမ့္ေရာက္မလာမီ အိမ္ျဖဴေတာ္မွ အရာရွိတို႔က ေရွ ႔ဆံုးတန္းတြင္ ထိုင္ေနေသာ Kaitlan Collins ကို ေနာက္ဘက္ ၆ တန္းေျမာက္တြင္ ထိုင္ေနေသာ ဝါရွင္တန္ဘလိတ္ (Washington Blade) သတင္းဌာနမွ သတင္းေထာက္ ခရစ္ ဂၽြန္ဆင္ႏွင့္ ေနရာခ်င္းလဲထိုင္ရန္ ညႊန္ၾကားခဲ့သည္။

သို႔ေသာ္ Kaitlan Collins က ထိုင္ခံုေနရာမ်ား ခ်ထားမႈမွာ အိမ္ျဖဴေတာ္သတင္းေထာက္အစည္းအရံုး (White House Correspondents Association- WHCA ) ၏ လမ္းညႊန္ခ်က္မ်ားအတိုင္း ေနရာခ်ထားမႈျဖစ္ရာ ခရစ္ဂၽြန္ဆင္ႏွင့္ ေနရာခ်င္းမလဲႏိုင္ေၾကာင္း ျငင္းဆိုခဲ့သည္။

ထိုအခါ အိမ္ျဖဴေတာ္အရာရွိတို႔က ထိုင္ခံုခ်င္းမလဲပါက သမၼတ၏ အထူးလံုျခံဳေရးအဖြဲ႔ (Secret Service) က ဝင္ေရာက္ထိန္းသိမ္းမႈမ်ား ျပဳလုပ္ရမည္ျဖစ္ေၾကာင္း သတိေပးခဲ့သည္။ သို႔ေသာ္ ထိုသို႔ ေဆာင္ရြက္မႈ မျဖစ္ေပၚခဲ့။

သမၼတအိမ္ေတာ္ သတင္းစာရွင္းလင္းပြဲတြင္ သတင္းဌာနမ်ားမွ သတင္းေထာက္မ်ား ထိုင္ရမည့္ေနရာကို WHCA က စီစဥ္ျခင္းျဖစ္ျပီး သတင္းဌာန၏ အင္အားအရ ဆံုးျဖတ္ကာ ေနရာခ်ထားျခင္း ျဖစ္သည္။

ထရမ့္ေရာက္လာျပီး ၂၂ မိနစ္ခန္႔ စကားေျပာသြားေသာ္လည္း သတင္းေထာက္မ်ားကို ေမးခြန္းေမးျမန္းခြင့္မျပဳဘဲ ျပန္လည္ထြက္ခြာ သြားသည္။

ထိုေန႔မတိုင္မီက ထရမ့္သည္ Kaitlan Collins ႏွင့္ စကားအေျခအတင္ျဖစ္ခဲ့သည္။ ကင္ဂ်ံဳအန္အေရးႏွင့္ စပ္လ်ဥ္းျပီး Kaitlan Collins က ေမးခြန္းေမးရန္ ၾကိဳးစားရာ ထရမ့္က “ရပါျပီ။ ျပႆနာကေတာ့ မင္းက အမွန္တရားကို မေရးဘူး” ဟု ေျပာၾကားခဲ့သည္။

Kaitlan Collins က ၾကားျဖတ္ေျပာၾကားရန္ ၾကိဳးပမ္းေသာ္လည္း ထရမ့္က ဆက္လက္ေျပာၾကားခဲ့ရာတြင္ “No. CNN မရပါဘူး။ CNN ဟာ သတင္းတုေတြပါ။ က်ဳပ္ကို စကားမေျပာပါနဲ႔” ဟု ေျပာၾကားခဲ့သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Donald Trump says the 'out of control' media is 'conspiring' against him after he abruptly ended his coronavirus press conference following a heated confrontation with two reporters (Daily Mail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Maha Mini Condo
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service