ကိုရိုနာဗိုင်းရပ်စ် “ဘယ်တော့မှ မထွက်သွားခြင်း” ဖြစ်နိုင်ကြောင်း WHO သတိပေး

ကိုရိုနာဗိုင်းရပ်စ် “ဘယ်တော့မှ မထွက်သွားခြင်း” ဖြစ်နိုင်ကြောင်း WHO သတိပေး - Property News in Myanmar from iMyanmarHouse.com
14 May 2020 12:18 pm တွင် တင်ခဲ့သည်
1103 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

COVID-19 ခေါ် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန်ရောဂါကို ဖြစ်စေသော ကိုရိုနာဗိုင်းရပ်စ်အသစ်သည် ဤကမ္ဘာမြေမှ ဘယ်သောအခါမျှ ထွက်ခွာမသွားခြင်း ဖြစ်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးလိုက်သည်။

မေ ၁၃ တွင် ကျင်းပသည့် ညွန်ကြားချက်အစည်းအ‌ဝေးတစ်ခုအတွင်း WHO အရေးပေါ်အခြေအနေညွှန်ကြားရေးမှူး ‌‌ဒေါက်တာ မိုက်ရိုင်ယန်က ထိုဗိုင်းရပ်စ် ပျောက်ကွယ်သွားမည့်အချိန်ကို ခန့်မှန်းရန်ကြိုးပမ်းနေမှုများအား ဆန့်ကျင်၍ သတိပေးခဲ့ခြင်းဖြစ်သည်။

ကာကွယ်ဆေးတွေ့လျှင်ပင် ထိုဗိုင်းရပ်စ်ကိုထိန်းချုပ်နိုင်ရန်အတွက် အလွန်ကြီးမားသော အင်အားစိုက်ထုတ်မှုကို လိုအပ်လိမ့်မည်ဟုလည်း သူက ဖြည့်စွက်ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝန်း ထိုဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၄ ဒသမ ၃ သန်းကျော်ရှိပြီး ၎င်းဗိုင်းရပ်စ်ကြောင့် ၃ သိန်းနီးပါး အသက်ဆုံးရှုံးခဲ့ပြီဖြစ်သည်။

အဆိုပါကပ်ရောဂါသည် ကျယ်ပြန့်သော ဆင်းရဲဒုက္ခနှင့် စိတ်နာမကျန်းမှုတို့ကို ဖြစ်စေတော့မည်၊ အထူးသဖြင့် စိတ်ကျန်းမာရေးစောင့်ရှောက်မှုတွင် ရင်းနှီးမြှုပ်နှံမှုမရှိသော နိုင်ငံများတွင် ဖြစ်ကြောင်း ကုလသမဂ္ဂက သတိပေးထားပြီးဖြစ်သည်။

ကုလသမဂ္ဂက အစိုးရများအား သူတို့၏ ယေဘုယျတုံ့ပြန်ချက်များအပြင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအရေးထားမှု၊ စာနာထောက်ထားမှုများကိုပါ ပြုလုပ်ကြရန် တိုက်တွန်းထားသည်။

“ဒီဗိုင်းရပ်စ်ဟာ ကျွန်တော်တို့လူ့အသိုက်အမြုံတွေမှာ တွေ့နေကျနောက်ထပ်ဗိုင်းရပ်စ်တစ်မျိုး ဖြစ်လာနိုင်တာ၊ ဒီဗိုင်းရပ်စ်ဟာ ဘယ်တော့မှ ထွက်မသွားတာ ဖြစ်နိုင်တာတွေကို အရေးတကြီးတင်ပြလိုက်ပါတယ်။” ဟု ဒေါက်တာရိုင်ယန်က အွန်လိုင်းသတင်းစာရှင်းလင်းပွဲသို့ ဂျီနီဗာမှ ပြောကြားခဲ့သည်။

“အိတ်ချ်အိုင်ဗွီ ထွက်မသွားတော့ ကျွန်တော်တို့ အိတ်ချ်အိုင်ဗွီဗိုင်းရပ်စ်ရဲ့သဘောကို နားလည်အောင်လေ့လာပြီး စိတ်မကောင်းစွာဘဲ လက်ခံလိုက်ကြရတယ်မဟုတ်လား။” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

ထို့အပြင် ကိုရိုနာဗိုင်းရပ်စ် ပျောက်သွားမည့်အချိန်ကို မည်သူကမျှ ခန့်မှန်းနိုင်ကြမည်မဟုတ်ဟု ထင်မြင်မိကြောင်းလည်း ဒေါက်တာရိုင်ယန်က ပြောကြားခဲ့သည်။

ထိုဗိုင်းရပ်စ်ကို ကြိုးပမ်းအားထုတ်၍ ထိန်းချုပ်ရန် ဖြစ်နိုင်သေးကြောင်း WHO ညွှန်ကြားရေးမှုးချုပ် တက်ဒရိုစ်အာဒမ်နွန်ဂီဘရေးစွပ်ကလည်း အသားပေးပြောကြားခဲ့သည်။

“အနာဂတ်အလားအလာက ကျွန်တော်တို့လက်ထဲမှာပါ။ ဒါဟာ လူတိုင်းလူတိုင်းရဲ့ ကိစ္စပါ။ ဒီကပ်ရောဂါကို ရပ်တန့်ဖို့ ကျွန်တော်တို့အားလုံး ပါဝင်‌ဆောင်ရွက်သင့်ပါတယ်။” ဟု သူက ပြောကြားခဲ့သည်။

WHO ၏ ကူးစက်ရောဂါပျံ့ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာပညာရှင် မာရီယာဗန်ကာခို့ကလည်း “ကျွန်တော်တို့ ဒီကပ်ရောဂါကနေ ကျွတ်လွတ်ဖို့ အချိန်တစ်ခုယူရလိမ့်မယ်ဆိုတဲ့ အတွေးကို ခေါင်းထဲထည့်ထားဖို့ လိုပါတယ်” ဟု ပြောကြားခဲ့ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Coronavirus may never go away, World Health Organization warns (BBC)

[Zawgyi]

ကို႐ိုနာဗိုင္းရပ္စ္ “ဘယ္ေတာ့မွ မထြက္သြားျခင္း” ျဖစ္ႏိုင္ေၾကာင္း WHO သတိေပး

COVID-19 ေခၚ လတ္တေလာ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ကူးစက္ျမန္ေရာဂါကို ျဖစ္ေစေသာ ကို႐ိုနာဗိုင္းရပ္စ္အသစ္သည္ ဤကမာၻေျမမွ ဘယ္ေသာအခါမွ် ထြက္ခြာမသြားျခင္း ျဖစ္ႏိုင္ေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) က သတိေပးလိုက္သည္။

ေမ ၁၃ တြင္ က်င္းပသည့္ ၫြန္ၾကားခ်က္အစည္းအ‌ေဝးတစ္ခုအတြင္း WHO အေရးေပၚအေျခအေနၫႊန္ၾကားေရးမႉး ‌‌ေဒါက္တာ မိုက္႐ိုင္ယန္က ထိုဗိုင္းရပ္စ္ ေပ်ာက္ကြယ္သြားမည့္အခ်ိန္ကို ခန႔္မွန္းရန္ႀကိဳးပမ္းေနမႈမ်ားအား ဆန႔္က်င္၍ သတိေပးခဲ့ျခင္းျဖစ္သည္။

ကာကြယ္ေဆးေတြ႕လွ်င္ပင္ ထိုဗိုင္းရပ္စ္ကိုထိန္းခ်ဳပ္ႏိုင္ရန္အတြက္ အလြန္ႀကီးမားေသာ အင္အားစိုက္ထုတ္မႈကို လိုအပ္လိမ့္မည္ဟုလည္း သူက ျဖည့္စြက္ေျပာၾကားခဲ့သည္။

ကမာၻတစ္ဝန္း ထိုဗိုင္းရပ္စ္ကူးစက္ခံထားရသူ ၄ ဒသမ ၃ သန္းေက်ာ္ရွိၿပီး ၎ဗိုင္းရပ္စ္ေၾကာင့္ ၃ သိန္းနီးပါး အသက္ဆုံးရႈံးခဲ့ၿပီျဖစ္သည္။

အဆိုပါကပ္ေရာဂါသည္ က်ယ္ျပန႔္ေသာ ဆင္းရဲဒုကၡႏွင့္ စိတ္နာမက်န္းမႈတို႔ကို ျဖစ္ေစေတာ့မည္၊ အထူးသျဖင့္ စိတ္က်န္းမာေရးေစာင့္ေရွာက္မႈတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈမရွိေသာ ႏိုင္ငံမ်ားတြင္ ျဖစ္ေၾကာင္း ကုလသမဂၢက သတိေပးထားၿပီးျဖစ္သည္။

ကုလသမဂၢက အစိုးရမ်ားအား သူတို႔၏ ေယဘုယ်တုံ႔ျပန္ခ်က္မ်ားအျပင္ စိတ္ပိုင္းဆိုင္ရာက်န္းမာေရးအေရးထားမႈ၊ စာနာေထာက္ထားမႈမ်ားကိုပါ ျပဳလုပ္ၾကရန္ တိုက္တြန္းထားသည္။

“ဒီဗိုင္းရပ္စ္ဟာ ကြၽန္ေတာ္တို႔လူ႔အသိုက္အၿမဳံေတြမွာ ေတြ႕ေနက်ေနာက္ထပ္ဗိုင္းရပ္စ္တစ္မ်ိဳး ျဖစ္လာႏိုင္တာ၊ ဒီဗိုင္းရပ္စ္ဟာ ဘယ္ေတာ့မွ ထြက္မသြားတာ ျဖစ္ႏိုင္တာေတြကို အေရးတႀကီးတင္ျပလိုက္ပါတယ္။” ဟု ေဒါက္တာ႐ိုင္ယန္က အြန္လိုင္းသတင္းစာရွင္းလင္းပြဲသို႔ ဂ်ီနီဗာမွ ေျပာၾကားခဲ့သည္။

“အိတ္ခ်္အိုင္ဗြီ ထြက္မသြားေတာ့ ကြၽန္ေတာ္တို႔ အိတ္ခ်္အိုင္ဗြီဗိုင္းရပ္စ္ရဲ႕သေဘာကို နားလည္ေအာင္ေလ့လာၿပီး စိတ္မေကာင္းစြာဘဲ လက္ခံလိုက္ၾကရတယ္မဟုတ္လား။” ဟု ျဖည့္စြက္ေျပာၾကားခဲ့သည္။

ထို႔အျပင္ ကို႐ိုနာဗိုင္းရပ္စ္ ေပ်ာက္သြားမည့္အခ်ိန္ကို မည္သူကမွ် ခန႔္မွန္းႏိုင္ၾကမည္မဟုတ္ဟု ထင္ျမင္မိေၾကာင္းလည္း ေဒါက္တာ႐ိုင္ယန္က ေျပာၾကားခဲ့သည္။

ထိုဗိုင္းရပ္စ္ကို ႀကိဳးပမ္းအားထုတ္၍ ထိန္းခ်ဳပ္ရန္ ျဖစ္ႏိုင္ေသးေၾကာင္း WHO ၫႊန္ၾကားေရးမႈးခ်ဳပ္ တက္ဒ႐ိုစ္အာဒမ္ႏြန္ဂီဘေရးစြပ္ကလည္း အသားေပးေျပာၾကားခဲ့သည္။

“အနာဂတ္အလားအလာက ကြၽန္ေတာ္တို႔လက္ထဲမွာပါ။ ဒါဟာ လူတိုင္းလူတိုင္းရဲ႕ ကိစၥပါ။ ဒီကပ္ေရာဂါကို ရပ္တန႔္ဖို႔ ကြၽန္ေတာ္တို႔အားလုံး ပါဝင္‌ေဆာင္႐ြက္သင့္ပါတယ္။” ဟု သူက ေျပာၾကားခဲ့သည္။

WHO ၏ ကူးစက္ေရာဂါပ်ံ႕ပြားျခင္းႏွင့္ ကာကြယ္ျခင္းဆိုင္ရာပညာရွင္ မာရီယာဗန္ကာခို႔ကလည္း “ကြၽန္ေတာ္တို႔ ဒီကပ္ေရာဂါကေန ကြၽတ္လြတ္ဖို႔ အခ်ိန္တစ္ခုယူရလိမ့္မယ္ဆိုတဲ့ အေတြးကို ေခါင္းထဲထည့္ထားဖို႔ လိုပါတယ္” ဟု ေျပာၾကားခဲ့ေၾကာင္း သိရပါတယ္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Coronavirus may never go away, World Health Organization warns (BBC)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Maha Mini Condo
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service