ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
[Unicode]
ကိုရိုနာဗိုင်းရပ်စ်က လူ့ဆဲလ်များသို့ ကူးစက်ဝင်ရောက်ရာတွင် အဓိကအသုံးပြုခြင်းခံရသည့် အင်ဇိုင်းသည် အမျိုးသားများ၏ သွေးများတွင် အမျိုးသမီးများထက် ပိုမိုပါဝင်နေကြောင်း ဥရောပလေ့လာချက်တစ်ရပ်တွင် တွေ့ရှိသည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။
အဆိုပါတွေ့ရှိချက်သည် အမျိုးသားများတွင် အဘယ်ကြောင့် covid-19 ကူးစက်ခံရလျှင် အန္တရာယ် ပိုမိုများပြားခြင်းဖြစ်ကြောင်း အဖြေထုတ်ပေးလိုက်ခြင်းလည်း ဖြစ်သည်။
Angiotensin-converting enzyme 2 (ACE 2) ဟုခေါ်သော အင်ဇိုင်းကို နှလုံး၊ ကျောက်ကပ်နှင့် အခြားသော ကိုယ်တွင်းအင်္ဂ ါများတွင် တွေ့ရသည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားသည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ covid-19 တွင် အဆုပ်များအတွင်းသို့ ရောဂါပိုး ရောက်ရှိစေရန် အင်ဇိုင်းများသည် အရေးပါသောအခန်းကဏ္ဍတွင် ရှိသည်။
European Heart Journal တွင် ပုံနှိပ်ဖော်ပြခဲ့သော အဆိုပါလေ့လာချက်အရ ဆရာဝန်တို့ ဆေးညွှန်းပေးနေသည့် ဆေးများဖြစ်သော ACE inhibitor နှင့် angiotensin receptor blocker (ARBs) ဆေးများသည် သွေးအတွင်းတွင် ACE 2 အင်ဇိုင်းပမာဏကို မမြင့်မားစေအောင် ပြုလုပ်ပေးနိုင်သည်ဟု ဆိုသည်။ ထို့ကြောင့် အဆိုပါဆေးများ သောက်သုံးနေရသူများတွင် covid-19 ကူးစက်နိုင်သည့် အန္တရာယ်မမြင့်မားတော့ကြောင်း ဖော်ပြသည်။ ACE inhibitor နှင့် ARBs ဆေးများသည် နှလုံးရောဂါ၊ ဆီးချိုနှင့် ကျောက်ကပ်ရောဂါသမားများကို ကုသရာတွင် အသုံးပြုသည့်ဆေးများ ဖြစ်ကြသည်။
ယခုလေ့လာမှုကို နယ်သာလန်နိုင်ငံရှိ University Medical Center (UMC) မှ နှလုံးရောဂါ ပါမောက္ခ Adriaan Voors က ပူးတွဲ ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။
ပါမောက္ခ Adriaan Voors နှင့်အဖွဲ့သည် ဥရောပ ၁၁ နိုင်ငံမှ နှလုံးရောဂါဝေဒနာရှင်ပေါင်း ၃၅၀၀ ကျော်၏ သွေးနမူနာများကို ရယူပြီး သွေးအတွင်း အင်ဇိုင်းပါဝင်မှုကို လေ့လာတိုင်းတာခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ လေ့လာမှုကို ကိုရိုနာဗိုင်းရပ်စ်ကပ်ကြီး မပေါ်ပေါက်မီကတည်းက စတင်ခဲ့ခြင်းဖြစ်သောကြောင့် ကိုရိုနာဗိုင်းရပ်စ်လူနာတို့၏ သွေးများစစ်ဆေးပါဝင်ခြင်း မရှိချေ။
သို့သော် ACE 2 အင်ဇိုင်းသည် ဆဲလ်များအတွင်းသို့ ကိုရိုနာဗိုင်းရပ်စ် ဝင်ရောက်သည့်လမ်းကြောင်းတွင် အဓိက အရေးပါသည့်အရာ ဖြစ်ကြောင်းတွေ့ရှိပြီးနောက် Voors ၏အဖွဲ့ရှာဖွေတွေ့ရှိထားသည့်အချက်များမှာ အသုံးဝင်လာသည်။
ACE 2 အင်ဇိုင်းသည် အမျိုးသားများ၏ သွေးများတွင် အမျိုးသမီးများထက် ပိုမိုမြင့်မားကြောင်းတွေ့ရသောကြောင့် အမျိုးသားများ အဘယ်ကြောင့် ကိုရိုနာဗိုင်းရပ်စ်ဖြင့် ပိုမိုသေဆုံးနေကြသနည်းဟူသော မေးခွန်းကို အဖြေထုတ်ပေးလိုက်ခြင်း ဖြစ်သည်ဟု အဆိုပါလေ့လာချက်ကို ပူးတွဲဦးဆောင်ခဲ့သည့် UMC မှ ဆရာဝန်တစ်ဦးဖြစ်သူ Iziah Sama က ပြောကြားသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Men have high levels of enzyme key to COVID-19 infection, study finds (Reuters)
[Zawgyi]
အမ်ဳိးသားတို႔၏ ေသြးအတြင္းတြင္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈအတြက္ အေရးပါသည့္အင္ဇိုင္းပါဝင္မႈပမာဏ ပိုမိုျမင့္မားေၾကာင္း ဥေရာပ ေလ့လာခ်က္တစ္ရပ္တြင္ ေတြ႔ရွိ
ကိုရိုနာဗိုင္းရပ္စ္က လူ႔ဆဲလ္မ်ားသို႔ ကူးစက္ဝင္ေရာက္ရာတြင္ အဓိကအသံုးျပဳျခင္းခံရသည့္ အင္ဇိုင္းသည္ အမ်ဳိးသားမ်ား၏ ေသြးမ်ားတြင္ အမ်ဳိးသမီးမ်ားထက္ ပိုမိုပါဝင္ေနေၾကာင္း ဥေရာပေလ့လာခ်က္တစ္ရပ္တြင္ ေတြ႔ရွိသည္ဟု ရိုက္တာသတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။
အဆိုပါေတြ႔ရွိခ်က္သည္ အမ်ဳိးသားမ်ားတြင္ အဘယ္ေၾကာင့္ covid-19 ကူးစက္ခံရလွ်င္ အႏၱရာယ္ ပိုမိုမ်ားျပားျခင္းျဖစ္ေၾကာင္း အေျဖထုတ္ေပးလိုက္ျခင္းလည္း ျဖစ္သည္။
Angiotensin-converting enzyme 2 (ACE 2) ဟုေခၚေသာ အင္ဇိုင္းကို ႏွလံုး၊ ေက်ာက္ကပ္ႏွင့္ အျခားေသာ ကိုယ္တြင္းအဂၤ ါမ်ားတြင္ ေတြ႔ရသည္။
ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ျဖစ္ပြားသည့္ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ကူးစက္ေရာဂါ covid-19 တြင္ အဆုပ္မ်ားအတြင္းသို႔ ေရာဂါပိုး ေရာက္ရွိေစရန္ အင္ဇိုင္းမ်ားသည္ အေရးပါေသာအခန္းက႑တြင္ ရွိသည္။
European Heart Journal တြင္ ပံုႏွိပ္ေဖာ္ျပခဲ့ေသာ အဆိုပါေလ့လာခ်က္အရ ဆရာဝန္တို႔ ေဆးညႊန္းေပးေနသည့္ ေဆးမ်ားျဖစ္ေသာ ACE inhibitor ႏွင့္ angiotensin receptor blocker (ARBs) ေဆးမ်ားသည္ ေသြးအတြင္းတြင္ ACE 2 အင္ဇိုင္းပမာဏကို မျမင့္မားေစေအာင္ ျပဳလုပ္ေပးႏိုင္သည္ဟု ဆိုသည္။ ထို႔ေၾကာင့္ အဆိုပါေဆးမ်ား ေသာက္သံုးေနရသူမ်ားတြင္ covid-19 ကူးစက္ႏိုင္သည့္ အႏၱရာယ္မျမင့္မားေတာ့ေၾကာင္း ေဖာ္ျပသည္။ ACE inhibitor ႏွင့္ ARBs ေဆးမ်ားသည္ ႏွလံုးေရာဂါ၊ ဆီးခ်ဳိႏွင့္ ေက်ာက္ကပ္ေရာဂါသမားမ်ားကို ကုသရာတြင္ အသံုးျပဳသည့္ေဆးမ်ား ျဖစ္ၾကသည္။
ယခုေလ့လာမႈကို နယ္သာလန္ႏိုင္ငံရွိ University Medical Center (UMC) မွ ႏွလံုးေရာဂါ ပါေမာကၡ Adriaan Voors က ပူးတြဲ ဦးေဆာင္ခဲ့ျခင္း ျဖစ္သည္။
ပါေမာကၡ Adriaan Voors ႏွင့္အဖြဲ႔သည္ ဥေရာပ ၁၁ ႏိုင္ငံမွ ႏွလံုးေရာဂါေဝဒနာရွင္ေပါင္း ၃၅၀၀ ေက်ာ္၏ ေသြးနမူနာမ်ားကို ရယူျပီး ေသြးအတြင္း အင္ဇိုင္းပါဝင္မႈကို ေလ့လာတိုင္းတာခဲ့ၾကျခင္း ျဖစ္သည္။
အဆိုပါ ေလ့လာမႈကို ကိုရိုနာဗိုင္းရပ္စ္ကပ္ၾကီး မေပၚေပါက္မီကတည္းက စတင္ခဲ့ျခင္းျဖစ္ေသာေၾကာင့္ ကိုရိုနာဗိုင္းရပ္စ္လူနာတို႔၏ ေသြးမ်ားစစ္ေဆးပါဝင္ျခင္း မရွိေခ်။
သို႔ေသာ္ ACE 2 အင္ဇိုင္းသည္ ဆဲလ္မ်ားအတြင္းသို႔ ကိုရိုနာဗိုင္းရပ္စ္ ဝင္ေရာက္သည့္လမ္းေၾကာင္းတြင္ အဓိက အေရးပါသည့္အရာ ျဖစ္ေၾကာင္းေတြ႔ရွိျပီးေနာက္ Voors ၏အဖြဲ႔ရွာေဖြေတြ႔ရွိထားသည့္အခ်က္မ်ားမွာ အသံုးဝင္လာသည္။
ACE 2 အင္ဇိုင္းသည္ အမ်ဳိးသားမ်ား၏ ေသြးမ်ားတြင္ အမ်ဳိးသမီးမ်ားထက္ ပိုမိုျမင့္မားေၾကာင္းေတြ႔ရေသာေၾကာင့္ အမ်ဳိးသားမ်ား အဘယ္ေၾကာင့္ ကိုရိုနာဗိုင္းရပ္စ္ျဖင့္ ပိုမိုေသဆံုးေနၾကသနည္းဟူေသာ ေမးခြန္းကို အေျဖထုတ္ေပးလိုက္ျခင္း ျဖစ္သည္ဟု အဆိုပါေလ့လာခ်က္ကို ပူးတြဲဦးေဆာင္ခဲ့သည့္ UMC မွ ဆရာဝန္တစ္ဦးျဖစ္သူ Iziah Sama က ေျပာၾကားသည္။
ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။
iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Men have high levels of enzyme key to COVID-19 infection, study finds (Reuters)