ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
[Unicode]
အသေးစားချေးငွေလုပ်ငန်းများသည် အများပြည်သူအတွက် မရှိမဖြစ်လိုအပ်သောလုပ်ငန်းများဖြစ်၍ ပြန်လည်ဖွင့်လှစ်ရမည်ဟု အသေးစားငွေရေးကြေးရေးကြီးကြမ်မှုလုပ်ငန်းကော်မတီက ညွန့်ကြားလိုက်သည်။
အဆိုပါလုပ်ငန်းအတွက် ချေးငွေထုတ်ပေးခြင်း၊ချေးငွေလက်ခံခြင်းအပါအဝင် လုပ်ငန်းအများစုကို ဧပြီလမှစတင်ပြီး မေ ၁၅ ရက်အထိ ရပ်ဆိုင်းရန် အဆိုပါကော်မတီက ညွန့်ကြားချက် ထုတ်ပြန်ထားခြင်းဖြစ်သည်။
သို့သော်လည်း အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးက ဘဏ်နှင့်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများသည် ရောဂါထိန်းချုပ်ရေးကာလအတွင်း မရှိမဖြစ်လုပ်ငန်းများအဖြစ် ထည့်သွင်းဖော်ပြသည်။
ထိုကြောင့် ထိုလုပ်ငန်းများသည် ဆက်လက်ဖွင့်လှစ်ရန် စက်ရုံ၊အလုပ်ရုံများ လုပ်ငန်းခွင်တွင် ဆောင်ရွက်ထားရမည့် အချက်များကို တိကျစွာလိုက်နာရန်နှင့် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များ ညှိနှိုင်းဆောင်ရွက်ရမည်ဟုဆိုသည်။
ချေးငွေထုတ်ချေးခြင်း၊ ချေးငွေပြန်လည်ကောက်ခံခြင်းနှင့်စုဆောင်းငွေ ပြန်လည်ထုတ်ပေးခြင်းတို့ကို ဝန်ထမ်း ၅ ဦးထက်မပိုဘဲဆောင်ရွက်ကိုလည်း ညွန့်ကြားထားသည်။
ထိုပြင် အသက်မွေးကျောင်းလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းလည်ပတ်မှုများ ကျဆင်းသည့်ကာလအတွင်း ချေးငွေနှင့် အတိုးများကို အတင်းအကျပ် မတောင်းရန်လည်း ကော်မတီက ညွ့န်ကြားထားသည်။
၂၀၁၉ ခုနှစ်အထိ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ အသေးစားငွေရေးကြေးရေးလုပ်ကိုင်ခွင့် ရ ကုမ္ပဏီနှင့်အဖွဲ့အစည်း ၂၀၀ ခန့်ရှိကာ တစ်နှစ်အတွင်း လုပ်ငန်းမတည်ငွေ ကျပ် ၅၇၇ ဘီလီယံ ကျော်နှင့် ထုတ်ချေးခဲ့သည့်ပမာဏမှာ ကျပ်ဘီလီယံ သုံးထောင်ကျော်အထိရှိခဲ့သည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
COVID-19 ေရာဂါကာလအတြင္း အေသးစားေခ်းေငြလုပ္ငန္းမ်ား ဖြင့္လွစ္ထားရမည္ဟု ၫြန႔္ၾကား
အေသးစားေခ်းေငြလုပ္ငန္းမ်ားသည္ အမ်ားျပည္သူအတြက္ မရွိမျဖစ္လိုအပ္ေသာလုပ္ငန္းမ်ားျဖစ္၍ ျပန္လည္ဖြင့္လွစ္ရမည္ဟု အေသးစားေငြေရးေၾကးေရးႀကီးၾကမ္မႈလုပ္ငန္းေကာ္မတီက ၫြန႔္ၾကားလိုက္သည္။
အဆိုပါလုပ္ငန္းအတြက္ ေခ်းေငြထုတ္ေပးျခင္း၊ေခ်းေငြလက္ခံျခင္းအပါအဝင္ လုပ္ငန္းအမ်ားစုကို ဧၿပီလမွစတင္ၿပီး ေမ ၁၅ ရက္အထိ ရပ္ဆိုင္းရန္ အဆိုပါေကာ္မတီက ၫြန႔္ၾကားခ်က္ ထုတ္ျပန္ထားျခင္းျဖစ္သည္။
သို႔ေသာ္လည္း အလုပ္သမား၊လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူအင္အားဝန္ႀကီးက ဘဏ္ႏွင့္ေငြေၾကးဝန္ေဆာင္မႈလုပ္ငန္းမ်ားသည္ ေရာဂါထိန္းခ်ဳပ္ေရးကာလအတြင္း မရွိမျဖစ္လုပ္ငန္းမ်ားအျဖစ္ ထည့္သြင္းေဖာ္ျပသည္။
ထိုေၾကာင့္ ထိုလုပ္ငန္းမ်ားသည္ ဆက္လက္ဖြင့္လွစ္ရန္ စက္႐ုံ၊အလုပ္႐ုံမ်ား လုပ္ငန္းခြင္တြင္ ေဆာင္႐ြက္ထားရမည့္ အခ်က္မ်ားကို တိက်စြာလိုက္နာရန္ႏွင့္ ေဒသႏၲရအုပ္ခ်ဳပ္ေရးအဖြဲ႕မ်ား ညႇိႏႈိင္းေဆာင္႐ြက္ရမည္ဟုဆိုသည္။
ေခ်းေငြထုတ္ေခ်းျခင္း၊ ေခ်းေငြျပန္လည္ေကာက္ခံျခင္းႏွင့္စုေဆာင္းေငြ ျပန္လည္ထုတ္ေပးျခင္းတို႔ကို ဝန္ထမ္း ၅ ဦးထက္မပိုဘဲေဆာင္႐ြက္ကိုလည္း ၫြန႔္ၾကားထားသည္။
ထိုျပင္ အသက္ေမြးေက်ာင္းလုပ္ငန္းမ်ားႏွင့္ စီးပြားေရးလုပ္ငန္းလည္ပတ္မႈမ်ား က်ဆင္းသည့္ကာလအတြင္း ေခ်းေငြႏွင့္ အတိုးမ်ားကို အတင္းအက်ပ္ မေတာင္းရန္လည္း ေကာ္မတီက ၫြ႕န္ၾကားထားသည္။
၂၀၁၉ ခုႏွစ္အထိ ျမန္မာတစ္ႏိုင္ငံလုံးအတိုင္းအတာအရ အေသးစားေငြေရးေၾကးေရးလုပ္ကိုင္ခြင့္ ရ ကုမၸဏီႏွင့္အဖြဲ႕အစည္း ၂၀၀ ခန႔္ရွိကာ တစ္ႏွစ္အတြင္း လုပ္ငန္းမတည္ေငြ က်ပ္ ၅၇၇ ဘီလီယံ ေက်ာ္ႏွင့္ ထုတ္ေခ်းခဲ့သည့္ပမာဏမွာ က်ပ္ဘီလီယံ သုံးေထာင္ေက်ာ္အထိရွိခဲ့သည္။
ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။
iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။
စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com