ဟောင်ကောင်ကုမ္ပဏီ v-power၏ မဂ္ဂါဝပ် ၄၀၀ ထုတ်လုပ်မည့် ဓာတ်အားပေးစက်ရုံစတင်စမ်းသပ်မောင်းနှင်

ဟောင်ကောင်ကုမ္ပဏီ v-power၏ မဂ္ဂါဝပ် ၄၀၀ ထုတ်လုပ်မည့် ဓာတ်အားပေးစက်ရုံစတင်စမ်းသပ်မောင်းနှင် - Property News in Myanmar from iMyanmarHouse.com
11 May 2020 12:06 pm တွင် တင်ခဲ့သည်
832 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဟောင်ကောင်အခြေစိုက် V-power ကုမ္ပဏီ၏ LNG သုံးဓာတ်အားပေးစက်ရုံကို မေ ၁၀ ရက်တွင် နိုင်ငံမဟာဓာတ်အားလိုင်းဖြင့်စမ်းသပ်ချိန်မောင်းလိုက်ပြီဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကထုတ်ပြန်သည်။

အစိုးရ၏ နွေရာသီမီးမပြတ်စေ ရေး ဆောင်ရွက်နေသည့် ဓာတ်အားပေးစီမံကိန်းငါးခုအနက်မှ တစ်ခုဖြစ်ပြီး ဟောင်ကောင်အခြေစိုက် V-power ကုမ္ပဏီက လုပ်ကိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။

ထိုဓာတ်အားပေးစက်ရုံသည် မဂ္ဂါဝပ် ၄၀၀ ထုတ်လုပ်မည်ဖြစ်ပြီး သာကေတမြို့နယ်တွင် တည်ရှိသည်။ ၎င်းကို Consortium of China National Technical Import & Export Corporation နှင့် ဟောင်ကောင်အခြေစိုက် v-power ကုမ္ပဏီတို့က ပူးပေါင်းဆောင်ရွက်ခြင်းလည်းဖြစ်သည်။

အစိုးရက ယခုနှစ်နွေရာသီတွင် လျှပ်စစ်ဓာတ်အား ၁၁၆၆ မဂ္ဂါဝပ်ကိုထုတ်လုပ်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ၎င်းအနက်မှ ၆၆ မဂ္ဂါဝပ်ကိုထုတ်လုပ်ပြီးဖြစ်ကာ ယခု ဓာတ်အားပေးစက်ရုံသည် မဂ္ဂါဝပ် ၄၀၀ထုတ်လုပ်မည်ဖြစ်သည်။

အစိုးရက ယခုနှစ်နွေရာသီတွင် မီးမပျက်စရန် တင်ဒါခေါ်ခဲ့သည့်စီမံကိန်းငါးခုသည် ကျွန်းချောင်း၊ အလုံ၊ ကျောက်ဖြူ၊ သန်လျင်နှင့်သာကေတတို့တွင် တည်ဆောက်ရန်ဖြစ်သည်။ ၎င်းတို့မှ ငါးနှစ်ကြာဓာတ်အားဝယ်ယူမည်ဟု ဝန်ကြီးဌာနက ဆိုထားသည်။

ထိုစီမံကိန်းများအနက် ကျောက်ဖြူတွင် မဂ္ဂါဝပ် ၁၅၀၊ သန်လျင်တွင် မဂ္ဂါဝပ်၃၅၀၊ သာကေတတွင် မဂ္ဂါဝပ် ၄၀၀ နှင့် ကျွန်းချောင်းရှိ မဂ္ဂါဝပ် ၂၀ စက်ရုံတို့ကို ဟောင်ကောင်အခြေစိုက် v-power ကုမ္ပဏီကလုပ်ကိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]










နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...

ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ

နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

The Crest
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service