ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
[Unicode]
လားမာ (llama) ဆိုတာ တောင်အမေရိကကုလားအုတ်မျိုးဝင် တိရစ္ဆာန်တစ်မျိုးဖြစ်ပါတယ်။ သူတို့ကို ဝန်တင်ဖို့နဲ့ အမွေ၊ သားရေ စတာတွေအတွက် မွေးမြူလေ့ရှိပါတယ်။
လှပတဲ့မျက်တောင်ကြီးတွေရှိတဲ့ ဝင်းတားအမည်ရှိ အသက်လေးနှစ်အရွယ် လားမာလေးတစ်ကောင်ရဲ့ ခန္ဓာကိုယ်က (ခန္ဓာကိုယ်သွေးတွင်ဖြစ်ပေါ်သည့်) (ရောဂါကာကွယ်သော) ပဋိပစ္စည်းတွေဟာ ဓာတ်ခွဲခန်းစမ်းသပ်မှုတွေအရ ကိုရိုနာဗိုင်းရပ်စ်နဲ့ အခြားရောဂါကူးစက်မှုတွေကို ပျက်ပြယ်လျော့ပါးစေတယ်လို့ သိရပါတယ်။
သူမဟာ ကိုရိုနာဗိုင်းရပ်စ်အသစ်ကို ခုခံတိုက်ဖျက်ရာမှာ အရေးပါတဲ့သူတစ်ဦးဖြစ်လာနိုင်မယ်လို့ သိပ္ပံပညာရှင်အချို့က မျှော်လင့်နေကြပါတယ်။
သူမဟာ စူပါပါဝါတွေရှိတဲ့ လားမာတစ်ကောင်တော့ မဟုတ်ပါဘူး။ ကံကောင်းပြီး စမ်းသပ်ဖို့ရွေးချယ်ခံခဲ့ရတဲ့ လားမာတစ်ကောင်သာဖြစ်ပါတယ်။
သူမနေထိုင်ရာ ဘယ်လ်ဂျီယံနိုင်ငံရှိ သုတေသနပညာရှင်တွေက ဝင်းတားကို ဆားစ်နဲ့ မားစ်ရောဂါပိုးများအပါအဝင် ဗိုင်းရပ်စ်လေ့လာမှုတွေမှာ ပါဝင်စေဖို့ ရွေးချယ်ခဲ့တာပါ။
သူမရဲ့ပဋိပစ္စည်းတွေဟာ ထိုကူးစက်ရောဂါပိုးတွေကို တွန်းလှန်ပယ်ရှားတာကို တွေ့ရှိခဲ့ပြီးဖြစ်တာကြောင့် COVID-19 ရောဂါကို ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်အသစ်ကိုလည်းပဲ ပျက်ပြယ်စေနိုင်မယ်လို့ မှတ်ယူခဲ့ကြပါတယ်။
သူတို့ရဲ့ယူဆချက်မှန်ကန်ခဲ့ပြီး ထိုမှန်ကန်ကြောင်းရလဒ်တွေကို Cell ဂျာနယ်မှာ ဧပြီ ၂၈ က ဖော်ပြခဲ့ကြပါတယ်။
ကာလအတော်ကြာကတည်းက သိပ္ပံပညာရှင်တွေဟာ ပဋိပစ္စည်းသုတေသနတွေအတွက် လားမာတွေကို အားကိုးအားထားပြုလာကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ဥပမာအားဖြင့် သိပ္ပံပညာရှင်တွေဟာ လားမာတွေရဲ့ ပဋိပစ္စည်းတွေကို အိတ်ချ်အိုင်ဗွီနဲ့ တုပ်ကွေးသုတေသနတွေမှာ အသုံးပြုခဲ့ကြပြီး ၎င်းဗိုင်းရပ်စ်နှစ်ခုစလုံးအတွက် အလားအလာရှိတဲ့ကုထုံးတွေကို ရှာဖွေခဲ့ကြတာဖြစ်ပါတယ်။
လားမာတစ်ကောင်ရဲ့ပဋိပစ္စည်းတွေကို လူသားလူနာတွေမှာ ထိုးသွင်းဖို့ရာ ဘေးကင်းမှုကို သက်သေပြနိုင်ဖို့ နောက်ထပ်လေ့လာမှုတွေ လိုအပ်ပါသေးတယ်။
“လက်တွေ့စမ်းသပ်နိုင်ဖို့အတွက် ကြိုးပမ်းလုပ်ဆောင်ရမယ့်အလုပ်တွေအများကြီး ကျန်ပါသေးတယ်” လို့ အဆိုပါလေ့လာမှုသစ်ကို ရေးသားတင်ပြသူတစ်ဦးဖြစ်တဲ့ ဘယ်လ်ဂျီယံနိုင်ငံ Ghent တက္ကသိုလ်မှ မော်လီကျူးဆိုင်ရာ ရောဂါပိုးမွှားဗေဒပညာရှင် ဒေါက်တာ ဇာဗီယာ ဆေလင်းစ်က ပြောကြားခဲ့ကြောင်း သိရပါတယ်ရှင်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Hoping Llamas Will Become Coronavirus Heroes (nytimes)
[Zawgyi]
ကုလားအုတ္မ်ိဳးဝင္ လားမာမ်ားက ကို႐ိုနာဗိုင္းရပ္စ္သူရဲေကာင္းမ်ား ျဖစ္လာမည္
လားမာ (llama) ဆိုတာ ေတာင္အေမရိကကုလားအုတ္မ်ိဳးဝင္ တိရစာၦန္တစ္မ်ိဳးျဖစ္ပါတယ္။ သူတို႔ကို ဝန္တင္ဖို႔နဲ႔ အေမြ၊ သားေရ စတာေတြအတြက္ ေမြးျမဴေလ့ရွိပါတယ္။
လွပတဲ့မ်က္ေတာင္ႀကီးေတြရွိတဲ့ ဝင္းတားအမည္ရွိ အသက္ေလးႏွစ္အ႐ြယ္ လားမာေလးတစ္ေကာင္ရဲ႕ ခႏၶာကိုယ္က (ခႏၶာကိုယ္ေသြးတြင္ျဖစ္ေပၚသည့္) (ေရာဂါကာကြယ္ေသာ) ပဋိပစၥည္းေတြဟာ ဓာတ္ခြဲခန္းစမ္းသပ္မႈေတြအရ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ အျခားေရာဂါကူးစက္မႈေတြကို ပ်က္ျပယ္ေလ်ာ့ပါးေစတယ္လို႔ သိရပါတယ္။
သူမဟာ ကို႐ိုနာဗိုင္းရပ္စ္အသစ္ကို ခုခံတိုက္ဖ်က္ရာမွာ အေရးပါတဲ့သူတစ္ဦးျဖစ္လာႏိုင္မယ္လို႔ သိပၸံပညာရွင္အခ်ိဳ႕က ေမွ်ာ္လင့္ေနၾကပါတယ္။
သူမဟာ စူပါပါဝါေတြရွိတဲ့ လားမာတစ္ေကာင္ေတာ့ မဟုတ္ပါဘူး။ ကံေကာင္းၿပီး စမ္းသပ္ဖို႔ေ႐ြးခ်ယ္ခံခဲ့ရတဲ့ လားမာတစ္ေကာင္သာျဖစ္ပါတယ္။
သူမေနထိုင္ရာ ဘယ္လ္ဂ်ီယံႏိုင္ငံရွိ သုေတသနပညာရွင္ေတြက ဝင္းတားကို ဆားစ္နဲ႔ မားစ္ေရာဂါပိုးမ်ားအပါအဝင္ ဗိုင္းရပ္စ္ေလ့လာမႈေတြမွာ ပါဝင္ေစဖို႔ ေ႐ြးခ်ယ္ခဲ့တာပါ။
သူမရဲ႕ပဋိပစၥည္းေတြဟာ ထိုကူးစက္ေရာဂါပိုးေတြကို တြန္းလွန္ပယ္ရွားတာကို ေတြ႕ရွိခဲ့ၿပီးျဖစ္တာေၾကာင့္ COVID-19 ေရာဂါကို ျဖစ္ေစတဲ့ ကို႐ိုနာဗိုင္းရပ္စ္အသစ္ကိုလည္းပဲ ပ်က္ျပယ္ေစႏိုင္မယ္လို႔ မွတ္ယူခဲ့ၾကပါတယ္။
သူတို႔ရဲ႕ယူဆခ်က္မွန္ကန္ခဲ့ၿပီး ထိုမွန္ကန္ေၾကာင္းရလဒ္ေတြကို Cell ဂ်ာနယ္မွာ ဧၿပီ ၂၈ က ေဖာ္ျပခဲ့ၾကပါတယ္။
ကာလအေတာ္ၾကာကတည္းက သိပၸံပညာရွင္ေတြဟာ ပဋိပစၥည္းသုေတသနေတြအတြက္ လားမာေတြကို အားကိုးအားထားျပဳလာၾကတာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ဆယ္စုႏွစ္အတြင္း ဥပမာအားျဖင့္ သိပၸံပညာရွင္ေတြဟာ လားမာေတြရဲ႕ ပဋိပစၥည္းေတြကို အိတ္ခ်္အိုင္ဗြီနဲ႔ တုပ္ေကြးသုေတသနေတြမွာ အသုံးျပဳခဲ့ၾကၿပီး ၎ဗိုင္းရပ္စ္ႏွစ္ခုစလုံးအတြက္ အလားအလာရွိတဲ့ကုထုံးေတြကို ရွာေဖြခဲ့ၾကတာျဖစ္ပါတယ္။
လားမာတစ္ေကာင္ရဲ႕ပဋိပစၥည္းေတြကို လူသားလူနာေတြမွာ ထိုးသြင္းဖို႔ရာ ေဘးကင္းမႈကို သက္ေသျပႏိုင္ဖို႔ ေနာက္ထပ္ေလ့လာမႈေတြ လိုအပ္ပါေသးတယ္။
“လက္ေတြ႕စမ္းသပ္ႏိုင္ဖို႔အတြက္ ႀကိဳးပမ္းလုပ္ေဆာင္ရမယ့္အလုပ္ေတြအမ်ားႀကီး က်န္ပါေသးတယ္” လို႔ အဆိုပါေလ့လာမႈသစ္ကို ေရးသားတင္ျပသူတစ္ဦးျဖစ္တဲ့ ဘယ္လ္ဂ်ီယံႏိုင္ငံ Ghent တကၠသိုလ္မွ ေမာ္လီက်ဴးဆိုင္ရာ ေရာဂါပိုးမႊားေဗဒပညာရွင္ ေဒါက္တာ ဇာဗီယာ ေဆလင္းစ္က ေျပာၾကားခဲ့ေၾကာင္း သိရပါတယ္ရွင္။
ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။
iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Hoping Llamas Will Become Coronavirus Heroes (nytimes)