ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
[Unicode]
အွန်လိုင်းပို့ကုန်သွင်းကုန်လိုင်စင်စနစ် (Fully Online) တွင် MPU eCommerce Pay ဖြင့်ပေးချေနိုင်ပြီ ဖြစ်ကြောင်း စီးပွားရေနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
COVID-19 အရေးပေါ်ကာလအတွင်း ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်သွင်းကုန်လိုင်စင်ထုတ်ပေးမှု လုပ်ငန်းများအား (၁-၄-၂၀၂၀) ရက်နေ့မှစတင်၍ (Fully Online) အွန်လိုင်းစနစ်ဖြင့် ပြောင်းလဲထုတ်ပေး ဆောင်ရွက်လျက်ရှိရာ ကုန်သွယ်မှုဆိုင်ရာငွေကြေးပေးသွင်းမှုများအတွက် မြန်မာနိုင်ငံသားများဘဏ်၏ (MCB) ePayment စနစ်ဖြင့် အွန်လိုင်းမှပေးသွင်းနိုင်ရန်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်သွင်းကုန်လိုင်စင်စနစ် (Fully Online Licence) တွင် Myanmar Payment Union (MPU) နှင့် ချိတ်ဆက်ထားသည့် ဘဏ်အားလုံးမှပေးချေနိုင်သည့် (MPU eCommerce Pay) ဖြင့်ပေးချေမှုအား (၈-၅-၂၀၂၀) ရက်နေ့မှစတင်၍ပေးချေနိုင်ပြီး (MCB ePayment) စနစ်ဖြင့် သော်လည်းကောင်း (MPU eCommerce Pay)ဖြင့်လည်းကောင်း မိမိနှစ်သက်ရာနည်းလမ်းဖြင့်ရွေးချယ် ပေးသွင်းနိုင်ပြီဖြစ်ကြောင်း အသိပေးထားသည်။
မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
အြန္လိုင္းပို႔ကုန္သြင္းကုန္လိုင္စင္စနစ္ (Fully Online) တြင္ MPU eCommerce Pay ျဖင့္ေပးေခ်နိုင္ၿပီ
အြန္လိုင္းပို႔ကုန္သြင္းကုန္လိုင္စင္စနစ္ (Fully Online) တြင္ MPU eCommerce Pay ျဖင့္ေပးေခ်နိုင္ၿပီ ျဖစ္ေၾကာင္း စီးပြားေရႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ သိရသည္။
COVID-19 အေရးေပၚကာလအတြင္း ကုန္သြယ္မႈလုပ္ငန္းမ်ား အဆင္ေျပေခ်ာေမြ႕ေစရန္အတြက္ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ကုန္သြယ္ေရးဦးစီးဌာန၏ ပို႔ကုန္သြင္းကုန္လိုင္စင္ထုတ္ေပးမႈ လုပ္ငန္းမ်ားအား (၁-၄-၂၀၂၀) ရက္ေန႔မွစတင္၍ (Fully Online) အြန္လိုင္းစနစ္ျဖင့္ ေျပာင္းလဲထုတ္ေပး ေဆာင္ရြက္လ်က္ရွိရာ ကုန္သြယ္မႈဆိုင္ရာေငြေၾကးေပးသြင္းမႈမ်ားအတြက္ ျမန္မာနိုင္ငံသားမ်ားဘဏ္၏ (MCB) ePayment စနစ္ျဖင့္ အြန္လိုင္းမွေပးသြင္းနိုင္ရန္ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။
လုပ္ငန္းရွင္မ်ားအေနျဖင့္ ပို႔ကုန္သြင္းကုန္လိုင္စင္စနစ္ (Fully Online Licence) တြင္ Myanmar Payment Union (MPU) ႏွင့္ ခ်ိတ္ဆက္ထားသည့္ ဘဏ္အားလုံးမွေပးေခ်နိုင္သည့္ (MPU eCommerce Pay) ျဖင့္ေပးေခ်မႈအား (၈-၅-၂၀၂၀) ရက္ေန႔မွစတင္၍ေပးေခ်ႏိုင္ၿပီး (MCB ePayment) စနစ္ျဖင့္ ေသာ္လည္းေကာင္း (MPU eCommerce Pay)ျဖင့္လည္းေကာင္း မိမိႏွစ္သက္ရာနည္းလမ္းျဖင့္ေရြးခ်ယ္ ေပးသြင္းနိုင္ၿပီျဖစ္ေၾကာင္း အသိေပးထားသည္။
မိုးယံလင္းထင္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com