ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
[Unicode]
မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် အလိုအလျောက် ကုန်စည်ရှင်းလင်းရေးစနစ်ကို ၂၀၂၀ ပြည့်နှစ် တွင် အပြီးတပ်ဆင်သွားမည်ဟု စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မူဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းကပြောသည်။
အဆိုပါဝန်ကြီးဌာန၏ စတုတ္ထမြောက် တစ်နှစ်တာ လုပ်ဆောင်ချက်များကို နိုင်ငံပိုင်သတင်းစာများ မှ တဆင့်ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းများ လုပ်ဆောင်ရာတွင် အကောက်ခွန်ဆိုင်ရာ လုပ်ငန်းများ ထိရောက်လျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရေး အထောက်အပံ့ဖြစ်စေမည့် Myanmar Automated Cargo Clearance System –MACCS စနစ်ကို ၂၀၁၆တွင် မြန်မာနိုင်ငံတွင် စတင်အသုံးပြုခဲ့ခြင်းဖြစ်သည်။
ထိုစနစ်ကို ၂၀၁၆ တွင် ရန်ကုန်တွင် စတင်ကျင့်သုံးခဲ့ပြီး ၂၀၁၈ ဇွန်လတွင် မြဝတီမြို့တွင် စတင်အသုံးပြုခဲ့သည်ဟု ဝန်ကြီးကဆိုသည်။
“ မူဆယ် နယ်စပ် ကုန်သွယ်ရေးဇုန်မှ ၂၀၂၀ပြည့်နှစ်အတွင်း MACCS စနစ်တပ်ဆင်တဲ့ လုပ်ငန်းကို အပြီးသတ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ဦးစိုးဝင်းကဆိုသည်။
အဆိုပါစနစ်သည် ကုန်သွယ်ရေးအတွက် အကောက်ခွန်ရုံးတွင် လာရောက်လုပ်ဆောင်ရသော
မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းသည် မြန်မာနိုင်ငံတွင် အကြီးမားဆုံးကုန်သွယ်ရေးစခန်းဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၅ ဘီလီယံဖိုးဝန်းကျင် ကုန်သွယ်မှုရှိနေသည်။
စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
အလိုအလျောက် ကုန်စည်ရှင်းလင်းရေးစနစ်ကို မူဆယ် နယ်စပ်ဂိတ်၌ ယခုနှစ်တွင် အပြီးတပ်ဆင်မည်ဟုဆို
အဆိုပါစနစ်သည် ကုန်သွယ်ရေးအတွက် အကောက်ခွန်ရုံးတွင် လာရောက်လုပ်ဆောင်ရသော လုပ်ငန်းစဉ်များကို များစွာ လျှော့ချနိုင်ကာ အခွန်အခများ၊စာရင်းဇယားများမှာလည်း ကွန်ပျူတာစနစ် ဖြစ်သွားခြင်းဖြစ်သည်။