ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
[Unicode]
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက မေ ၁ ရက်မှ ၁၅ ရက်အတွင်း အိမ်သုံးလျှပ်စစ်ဓာတ်အားသုံးစွဲမှု (၇၅) ယူနစ် အထိငွေကြေးမကောက်ခံကင်းလွတ်ခွင့်(အခမဲ့)ထပ်မံပေးမည်ဖြစ်ကြောင်း မေ ၆ ရက်က အသိပေးတင်ပြချက်အရ သိရသည်။
ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီက COVID-19 ကာကွယ်ရေးအတွက် မေ ၁၅ ရက် အထိသို့ ရက်တိုးမြှင့်လိုက်သည့်အတွက် ဧပြီ ၁ လလုံးအတွက်ပေးအပ်ထားသည့် သတ်မှတ်ယူနစ် ကင်းလွတ်ခွင့်အား မေ ၁၅ ရက်အထိ ထပ်ပေးခြင်းဖြစ်သည်။
အိမ်သုံးအမျိုးအစားတွင် ၇၆ ယူနစ်အထက် သုံးစွဲသူများအား အလွှာလိုက် သတ်မှတ်နှုန်းထားအတိုင်း ပေးဆောင်ရမှာဖြစ်ပြီး အထူးကိစ္စရပ်တစ်ခုအနေဖြင့် ကင်းလွတ်ခွင့်ပြုခဲ့သော အိမ်သုံးမဟုတ်သည့် အမျိုးအစားတွင် ပါဝင်သည့် အစိုးရမဟုတ်သော အဖွဲ့အစည်းအုပ်စုများမှ ပြည်တွင်းလူမှုရေးအဖွဲ့အစည်းများမှအပ ကျန်သုံးစွဲသူအားလုံးသည် ယခင်သတ်မှတ်နှုန်းထားအတိုင်း ပေးဆောင်ရမည်ဟု ပြည်သူသို့ အသိပေး တင်ပြထားသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
အိမ္သုံးလွ်ပ္စစ္ဓာတ္အားသုံးစြဲမႈ အခမဲ့ ထပ္မံေပး
လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနက ေမ ၁ ရက္မွ ၁၅ ရက္အတြင္း အိမ္သုံးလၽွပ္စစ္ဓာတ္အားသုံးစြဲမႈ (၇၅) ယူနစ္ အထိေငြေၾကးမေကာက္ခံကင္းလြတ္ခြင့္(အခမဲ့)ထပ္မံေပးမည္ျဖစ္ေၾကာင္း ေမ ၆ ရက္က အသိေပးတင္ျပခ်က္အရ သိရသည္။
ကိုဗစ္ကာကြယ္ထိန္းခ်ဳပ္ကုသေရးအမ်ိဳးသားအဆင့္ဗဟိုေကာ္မတီက COVID-19 ကာကြယ္ေရးအတြက္ ေမ ၁၅ ရက္ အထိသို႔ ရက္တိုးျမႇင့္လိုက္သည့္အတြက္ ဧၿပီ ၁ လလုံးအတြက္ေပးအပ္ထားသည့္ သတ္မွတ္ယူနစ္ ကင္းလြတ္ခြင့္အား ေမ ၁၅ ရက္အထိ ထပ္ေပးျခင္းျဖစ္သည္။
အိမ္သုံးအမ်ိဳးအစားတြင္ ၇၆ ယူနစ္အထက္ သုံးစြဲသူမ်ားအား အလႊာလိုက္ သတ္မွတ္ႏႈန္းထားအတိုင္း ေပးေဆာင္ရမွာျဖစ္ၿပီး အထူးကိစၥရပ္တစ္ခုအေနျဖင့္ ကင္းလြတ္ခြင့္ျပဳခဲ့ေသာ အိမ္သုံးမဟုတ္သည့္ အမ်ိဳးအစားတြင္ ပါဝင္သည့္ အစိုးရမဟုတ္ေသာ အဖြဲ႔အစည္းအုပ္စုမ်ားမွ ျပည္တြင္းလူမႈေရးအဖြဲ႔အစည္းမ်ားမွအပ က်န္သုံးစြဲသူအားလုံးသည္ ယခင္သတ္မွတ္ႏႈန္းထားအတိုင္း ေပးေဆာင္ရမည္ဟု ျပည္သူသို႔ အသိေပး တင္ျပထားသည္။
ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။
iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။
မိုးယံလင္းထင္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com