ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ယခုနှစ် ဧပြီအတွင်း ကုမ္ပဏီမှတ်ပုံတင်အရေအတွက် ၃၅၀ ခန့်သာရှိပြီး ကုမ္ပဏီဥပဒေ အသစ် ပြဋ္ဌာန်းခဲ့သည့် ၂ နှစ် ကျော်ကာလအတွင်း ကုမ္ပဏီအသစ်ထူထောင်သည့် အနည်းဆုံး လဖြစ်သည်။
နှစ်စဉ် ဧပြီလတွင် ကုမ္ပဏီ မှတ်ပုံတင်သည့်ပမာဏ အနည်းဆုံးလဖြစ်လေ့ရှိပြီး ယခုနှစ်သည် ယခင်နှစ်ထက် ကိုးဆခန့်လျော့နည်းခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သော စာရင်းများတွင် ဖော်ပြထားသည်။
ကုမ္ပဏီမှတ်ပုံတင်ရာတွင် ၂၀၂၀ မတ်လ တွင် ၁,၀၀၀ ကျော်ရှိပြီး ၂၀၂၀ ဖေဖော်ဝါရီတွင် ၁,၃၀၀ ခန့်ရှိ သည်။
ကုမ္ပဏီမှတ်ပုံတင်မှု ကျဆင်းခြင်းမှာ ထိုကာလအတွင်း COVID-19 ကြောင့် စီးပွားရေး လုပ်ငန်းများ ရပ်ဆိုင်းသည့်ကာလဖြစ်၍ လုပ်ငန်းအသစ်များမရှိခြင်းကြောင့် ဖြစ်သည်။
တစ်နိုင်ငံလုံးတွင် ကုမ္ပဏီမှတ်ပုံတင် အရေအတွက် ၆၆,၀၀၀ ကျော်ရှိသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
COVID-19 ကာလအတွင်း ကုမ္ပဏီမှတ်ပုံတင်နှုန်း စံချိန်တင်ကျဆင်း