ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
[Unicode]
ဆေးသိပ္ပံ၏ အရေးပါသော သမိုင်းမှတ်တိုင်တစ်ခုအဖြစ် ကိုရိုနာဗိုင်းရပ်စ်ပိုး (SARS-CoV-2) ကို ဆဲလ်များအတွင်း မဝင်ရောက်နိုင် အောင် တားဆီးပေးနိုင် သည့် ပဋိပစ္စည်းကို သိပ္ပံပညာရှင်တို့ ရှာဖွေတွေ့ရှိပြီဖြစ်သည်။
47D11 ဟု ခေါ်သော ပဋိပစ္စည်းသည် ကိုရိုနာဗိုင်းရပ်စ်၏ စူးချွန်ပရိုတိန်းကို ဦးတည်တိုက်ခိုက်သည်ဟု ဆိုသည်။ ကိုရိုနာဗိုင်းရပ်စ်သည် စူးချွန်ပရိုတိန်းဖြင့် ဆဲလ်များအတွင်းသို့ ဝင်ရောက်ကာ ၎င်း၏မျိုးဗီဇများ ချထားခြင်း ဖြစ်သည်။
အရေးပါလှသော ယခုတွေ့ရှိချက်သည် လူပေါင်း ၂၃၅၀၀၀ ကျော် သေဆုံးခဲ့ရပြီဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်မည့် မျှော်လင့်ချက်ရောင်ခြည်များ လင်းလက်လာစေသည်။
ကြွက်တို့တွင် စမ်းသပ်ချက်အရ 47D11 ပဋိပစ္စည်းသည် ကိုရိုနာဗိုင်းရပ်စ်၏ ပရိုတိန်းစူးချွန်ကို ဆဲလ်တွင် မချိတ်နိုင်အောင် ထိန်းချုပ်ပြီး ထိရောက်စွာ သတ်ဖြတ်ပစ်နိုင်သည်ကို တွေ့ရသည်။
သုတေသနပညာရှင်တို့က ပြောကြားရာတွင် ယခုပဋိပစ္စည်းကို လူသားတို့အား ထိုးသွင်းပေးပါက ရောဂါကူးစက်နေမှု အခြေအနေကို ပြောင်းလဲသွားစေနိုင်မည်ဖြစ်ပြီး မကူးစက်သေးသူများကိုလည်း ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ယခုပဋိပစ္စည်းသည် ၂၀၀၃ ခုနှစ်က ပေါ်ပေါက်ခဲ့သော SARS ရောဂါ၏ ဗိုင်းရပ်စ် SARS-CoV-1 ကို တိုက်ခိုက်သည့် ပဋိပစ္စည်းဖြစ်ပြီး SARS-CoV-2 ကိုလည်း တိုက်ခိုက်ချေမှုန်းနိုင်စွမ်းရှိကြောင်း သိပ္ပံပညာရှင်တို့က ပြောကြားသည်။
ပဋိပစ္စည်းကို immunoglobulin ဟုခေါ်ပြီး ခန္ဓာကိုယ် ကိုယ်ခံအားစနစ်မှ ထုတ်လုပ်သည့် အကာအကွယ်ပေးသော ပရိုတိန်းတစ်ခု ဖြစ်သည်။
ပဋိပစ္စည်းတို့၏ လုပ်ဆောင်ချက်မှာ ခန္ဓာကိုယ်ပြင်ပမှ ဝင်လာသည့် ရောဂါဖြစ်စေသောပစ္စည်းများကို အမျိုးအမည်ခွဲခြားကာ ချေမှုန်းဖယ်ရှားခြင်း ဖြစ်သည်။
ရောဂါဖြစ်စေသည့်ပစ္စည်းများ၏ မျက်နှာပြင်မှ မော်လီကျုးများသည် ခန္ဓာကိုယ်တွင်းတွင် တွေ့ရသည်တို့နှင့် ခြားနားသောကြောင့် ကိုယ်ခံအားစနစ်က ၎င်းတို့ကို ပြင်ပမှပစ္စည်းများအဖြစ် ခွဲခြားနိုင်သည်။
ဘီ- လင်ဖိုးဆိုက် (B-Lymphocytes- B Cells) ဟုခေါ်သော သွေးဖြူဥဆဲများက ပဋိပစ္စည်းများကို ထုတ်လုပ်ပေးခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Antibody that prevents the COVID-19 virus from infecting living cells is identified by scientists - in a major step towards developing an effective treatment (Daily Mail)
[Zawgyi]
ကိုရိုနာဗိုင္းရပ္စ္ပိုးကို ဆဲလ္မ်ားအတြင္း မဝင္ေရာက္ႏိုင္ေအာင္ ထိန္းခ်ဳပ္ေခ်မႈန္းေပးႏိုင္သည့္ ပဋိပစၥည္းကို သိပၸံပညာရွင္တို႔ ရွာေဖြေတြ႔ရွိျပီ
ေဆးသိပၸံ၏ အေရးပါေသာ သမိုင္းမွတ္တိုင္တစ္ခုအျဖစ္ ကိုရိုနာဗိုင္းရပ္စ္ပိုး (SARS-CoV-2) ကို ဆဲလ္မ်ားအတြင္း မဝင္ေရာက္ႏိုင္ ေအာင္ တားဆီးေပးႏိုင္ သည့္ ပဋိပစၥည္းကို သိပၸံပညာရွင္တို႔ ရွာေဖြေတြ႔ရွိျပီျဖစ္သည္။
47D11 ဟု ေခၚေသာ ပဋိပစၥည္းသည္ ကိုရိုနာဗိုင္းရပ္စ္၏ စူးခၽြန္ပရိုတိန္းကို ဦးတည္တိုက္ခိုက္သည္ဟု ဆိုသည္။ ကိုရိုနာဗိုင္းရပ္စ္သည္ စူးခၽြန္ပရိုတိန္းျဖင့္ ဆဲလ္မ်ားအတြင္းသို႔ ဝင္ေရာက္ကာ ၎၏မ်ဳိးဗီဇမ်ား ခ်ထားျခင္း ျဖစ္သည္။
အေရးပါလွေသာ ယခုေတြ႔ရွိခ်က္သည္ လူေပါင္း ၂၃၅၀၀၀ ေက်ာ္ ေသဆံုးခဲ့ရျပီျဖစ္သည့္ ကိုရိုနာဗိုင္းရပ္စ္ကို ကုသႏိုင္မည့္ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္မ်ား လင္းလက္လာေစသည္။
ၾကြက္တို႔တြင္ စမ္းသပ္ခ်က္အရ 47D11 ပဋိပစၥည္းသည္ ကိုရိုနာဗိုင္းရပ္စ္၏ ပရိုတိန္းစူးခၽြန္ကို ဆဲလ္တြင္ မခ်ိတ္ႏိုင္ေအာင္ ထိန္းခ်ဳပ္ျပီး ထိေရာက္စြာ သတ္ျဖတ္ပစ္ႏိုင္သည္ကို ေတြ႔ရသည္။
သုေတသနပညာရွင္တို႔က ေျပာၾကားရာတြင္ ယခုပဋိပစၥည္းကို လူသားတို႔အား ထိုးသြင္းေပးပါက ေရာဂါကူးစက္ေနမႈ အေျခအေနကို ေျပာင္းလဲသြားေစႏိုင္မည္ျဖစ္ျပီး မကူးစက္ေသးသူမ်ားကိုလည္း ကာကြယ္ေပးႏိုင္မည္ျဖစ္ေၾကာင္း ေျပာၾကားသည္။
ယခုပဋိပစၥည္းသည္ ၂၀၀၃ ခုႏွစ္က ေပၚေပါက္ခဲ့ေသာ SARS ေရာဂါ၏ ဗိုင္းရပ္စ္ SARS-CoV-1 ကို တိုက္ခိုက္သည့္ ပဋိပစၥည္းျဖစ္ျပီး SARS-CoV-2 ကိုလည္း တိုက္ခိုက္ေခ်မႈန္းႏိုင္စြမ္းရွိေၾကာင္း သိပၸံပညာရွင္တို႔က ေျပာၾကားသည္။
ပဋိပစၥည္းကို immunoglobulin ဟုေခၚျပီး ခႏၶာကိုယ္ ကိုယ္ခံအားစနစ္မွ ထုတ္လုပ္သည့္ အကာအကြယ္ေပးေသာ ပရိုတိန္းတစ္ခု ျဖစ္သည္။
ပဋိပစၥည္းတို႔၏ လုပ္ေဆာင္ခ်က္မွာ ခႏၶာကိုယ္ျပင္ပမွ ဝင္လာသည့္ ေရာဂါျဖစ္ေစေသာပစၥည္းမ်ားကို အမ်ဳိးအမည္ခြဲျခားကာ ေခ်မႈန္းဖယ္ရွားျခင္း ျဖစ္သည္။
ေရာဂါျဖစ္ေစသည့္ပစၥည္းမ်ား၏ မ်က္ႏွာျပင္မွ ေမာ္လီက်ဳးမ်ားသည္ ခႏၶာကိုယ္တြင္းတြင္ ေတြ႔ရသည္တို႔ႏွင့္ ျခားနားေသာေၾကာင့္ ကိုယ္ခံအားစနစ္က ၎တို႔ကို ျပင္ပမွပစၥည္းမ်ားအျဖစ္ ခြဲျခားႏိုင္သည္။
ဘီ- လင္ဖိုးဆိုက္ (B-Lymphocytes- B Cells) ဟုေခၚေသာ ေသြးျဖဴဥဆဲမ်ားက ပဋိပစၥည္းမ်ားကို ထုတ္လုပ္ေပးျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။
iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Antibody that prevents the COVID-19 virus from infecting living cells is identified by scientists - in a major step towards developing an effective treatment (Daily Mail)