ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
[Unicode]
ပြင်သစ်နိုင်ငံ၏ covid-19 အရေး နောက်ဆုံးကိုင်တွယ်ဆောင်ရွက်မှု ခြေလှမ်းတွင် ခွေး ၈ ကောင်ပါဝင်လာသည်။
အဆိုပါ ခွေးများကို ပြီးခဲ့သော သောကြာနေ့ကတည်းက ပြင်သစ်နိုင်ငံ Corsica ကျွန်းပေါ်ရှိ Ajaccio တွင် ကိုရိုနာဗိုင်းရပ်စ်ကို အနံ့ခံ ရှာဖွေနိုင်ရန် လေ့ကျင့်ပေးနေခြင်းဖြစ်ပြီး တိရ စ္ဆာန်ဆရာဝန်များနှင့် မီးသတ်သမားတို့က ဦးဆောင်အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။
ပဲရစ်မြို့အနီးရှိ တိရ စ္ဆာန်ဆေးပညာကျောင်းတစ်ခုဖြစ်သော National Veterinary School of Alfort မှ ပါမောက္ခ Dominique Grandjean က ယခုလေ့လာမှုကို စတင်ခဲ့ခြင်းဖြစ်ပြီး ယခုစီမံကိန်းကို Nosais ဟု အမည်ပေးထားသည်။
ခွေးတို့နှင့်ပတ်သက်သည့်နည်းပညာပိုင်း ကျွမ်းကျင်မှုများကို အသုံးပြုပြီး ကိုရိုနာဗိုင်းရပ်စ် positive လူနာတို့မှ ထုတ်လွှတ်သည့် ထူးခြားသော အနံ့ကို ထောက်လှမ်းနိုင်ရန် ရည်ရွယ်ထားသည်။
ဆေးရုံများတွင် ယုံကြည်စိတ်ချရသည့် စစ်ဆေးမှုနည်းလမ်းများစွာလိုအပ်နေကြောင်းနှင့် လက်ရှိအသုံးပြုနေသည့် PCR စစ်ဆေးမှုသည် ၇၀ ရာခိုင်နှုန်းခန့်သာ ယုံကြည်ရကြောင်း၊ ယခုနည်းလမ်းကို အပြန်အလှန်ရည်ညွှန်းနိုင်သည့်နည်းလမ်းတစ်ခုအဖြစ် အခြားစစ်ဆေးရေး နည်းလမ်းများစွာနည်းတူ ထည့်သွင်းရန် လိုအပ်ကြောင်း Ajaccio ဆေးရုံမှ ဒါရိုက်တာ Jean-Luc Pesce က ပြောကြားသည်။
Corsica ရှိ နယ်မြေကျန်းမာရေးအေဂျင်စီဖြစ်သော Corse-du-Sud ၏ ပံ့ပိုးမှုနှင့်အတူ Ajaccio ဆေးရုံများဖြစ်သော Mercy နှင့် Eugenia တို့သည် ဂျာမာန်သိုးထိန်းခွေး ၆ ကောင် (Malinois shepherd ) နှင့် Cursinu bitch တစ်ကောင်တို့ကို စမ်းသပ်လျက်ရှိသည်။
“ဒီခွေးတွေကို ပုံမှန်အသုံးပြုတာကတော့ လူပျောက်ရှာဖို့နဲ့ မြေအောက်မှာ မြှုပ်နှံထားတဲ့သူတွေကို ရှာဖွေရာမှာ သုံးပါတယ်” ဟု Corsica တောင်ပိုင်း မီးသတ်နှင့် ကယ်ဆယ်ရေးဌာန (SIS 2A) မှ တိရ စ္ဆာန်ဆေးကု အကြီးအကဲနှင့် ခွေးနည်းပညာဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဖြစ်သူ Aymeric Bernard က ပြောကြားသည်။
အချို့သောထုတ်ကုန်ပစ္စည်းများရှာဖွေရေးအတွက် အသုံးပြုခဲ့သည့် ဂျာမာသိုးထိန်းခွေးတစ်ကောင်ကိုလည်း အနံ့ခံမှုဆိုင်ရာ လေ့ကျင့်မှု ပေးထားပြီးဖြစ်ကာ ယခုအဖွဲ့တွင် ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: France trains dogs to detect coronavirus in Corsica research project (RFI)
[Zawgyi]
ပြင်သစ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကို အနံ့ခံရှာဖွေရန် ခွေးများကို လေ့ကျင့်ပေးလျက်ရှိ