ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
[Unicode]
Covid ကပ်ရောဂါအပြီး လူမှုဘဝအခက်အခဲ ကြုံတွေ့နိုင်သော ဆရာ/ဆရာမများအတွက် တက္ကသိုလ် ဒီဂရီကောလိပ်နှင့် ကောလိပ် ဆရာသမဂ္ဂများကွန်ရက်က သဘောထားကြေညာချက်ကို မေ ၃ ရက် ရက်စွဲဖြင့်ထုတ်ပြန်ထားပြီး “ကျန်းမာရေးစောင့်ရှောက်မှုနှင့်ကိုယ်ပိုင်အိမ်ရာ ရရှိနိုင်ရေး” တို့အတွက်လည်း အဆိုပါ သဘောထားကြေညာချက်တွင် ထည့်သွင်းတောင်းဆိုထားသည်ကို တွေ့ရသည်။
၂၀၁၉ အောက်တိုဘာလအတွင်းက နေပြည်တော်တွင် ကျင်းပခဲ့သည့် အဆင့်မြှင့်ပညာကဏ္ဍဆိုင်ရာနှီးနှော ဖလှယ်ပွဲတွင် တက္ကသိုလ်၊ဒီဂရီကောလိပ်နှင့်ကောလိပ် ဆရာသမဂ္ဂများကွန်ရက်က ဖတ်ကြားတင်သွင်းခဲ့သော “အဆင့်မြင့်ပညာကဏ္ဍရှိ လူမှုဘဝအခက်အခဲများနှင့် ဖြေရှင်းနိုင်မည့် နည်းလမ်းများ”စာတမ်းပါ အချက်အလက်များစွာအနက်မှ ဦးစားပေးဖြေရှင်းဆောင်ရွက်နိုင်မည့် “လူမှုဖူလုံရေး ဥပဒေပါ ကန့်သတ်ပြဋ္ဌာန်းချက်များအား ပြင်ဆင်/ဖြေလျော့ ခံစားခွင့်ပေးခြင်း၊အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အထူးရန်ပုံငွေတစ်ရပ် ထူထောင်ပေးခြင်း၊ပြည်နယ်/တိုင်းဒေသကြီးများရှိ တက္ကသိုလ်များတွင် အရေးတကြီးလိုအပ်နေသော အဆောင်/အခန်း/ဝန်ထမ်းအိမ်ရာများအား စောလျင်စွာ ဆောက်လုပ်ဖြည့်ဆည်းပေးခြင်းနှင့် တန်ဖို့သင့်အိမ်ရာ များဆောက်လုပ်၍ နှစ်ရှည်အရစ်ကျစနစ်ဖြင့် ဝယ်ယူခွင့်ပြုကာ ကိုယ်ပိုင်အိမ်ခန်းများ ပိုင်ဆိုင်ခွင့်ရရှိစေခြင်း” စသည့် အကြံပြုချက်များအား နိုင်ငံတော်အစိုးရမှ အမြန်ဆုံးညှိနှိုင်း ဖော်ဆောင်ပေးရန် ထုတ်ပြန်ချက်တွင် ဆရာသမဂ္ဂများကွန်ရက်က အလေးအနက်တိုက်တွန်းထားသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
Covid ကပ္ေရာဂါအၿပီး လူမႈဘဝအခက္အခဲ ၾကဳံေတြ႔ႏိုင္ေသာ ဆရာ/ဆရာမမ်ားအတြက္ တကၠသိုလ္ ဒီဂရီေကာလိပ္ႏွင့္ ေကာလိပ္ ဆရာသမဂၢမ်ားကြန္ရက္က သေဘာထားေၾကညာခ်က္ထုတ္ျပန္
Covid ကပ္ေရာဂါအၿပီး လူမႈဘဝအခက္အခဲ ၾကဳံေတြ႔ႏိုင္ေသာ ဆရာ/ဆရာမမ်ားအတြက္ တကၠသိုလ္ ဒီဂရီေကာလိပ္ႏွင့္ ေကာလိပ္ ဆရာသမဂၢမ်ားကြန္ရက္က သေဘာထားေၾကညာခ်က္ကို ေမ ၃ ရက္ ရက္စြဲျဖင့္ထုတ္ျပန္ထားၿပီး “က်န္းမာေရးေစာင့္ေရွာက္မႈႏွင့္ကိုယ္ပိုင္အိမ္ရာ ရရွိႏိုင္ေရး” တို႔အတြက္လည္း အဆိုပါ သေဘာထားေၾကညာခ်က္တြင္ ထည့္သြင္းေတာင္းဆိုထားသည္ကို ေတြ႔ရသည္။
၂၀၁၉ ေအာက္တိုဘာလအတြင္းက ေနျပည္ေတာ္တြင္ က်င္းပခဲ့သည့္ အဆင့္ျမႇင့္ပညာက႑ဆိုင္ရာႏွီးေႏွာ ဖလွယ္ပြဲတြင္ တကၠသိုလ္၊ဒီဂရီေကာလိပ္ႏွင့္ေကာလိပ္ ဆရာသမဂၢမ်ားကြန္ရက္က ဖတ္ၾကားတင္သြင္းခဲ့ေသာ “အဆင့္ျမင့္ပညာက႑ရွိ လူမႈဘဝအခက္အခဲမ်ားႏွင့္ ေျဖရွင္းနိုင္မည့္ နည္းလမ္းမ်ား”စာတမ္းပါ အခ်က္အလက္မ်ားစြာအနက္မွ ဦးစားေပးေျဖရွင္းေဆာင္ရြက္ႏိုင္မည့္ “လူမႈဖူလုံေရး ဥပေဒပါ ကန္႔သတ္ျပ႒ာန္းခ်က္မ်ားအား ျပင္ဆင္/ေျဖေလ်ာ့ ခံစားခြင့္ေပးျခင္း၊အခမဲ့ က်န္းမာေရးေစာင့္ေရွာက္မႈဆိုင္ရာ အထူးရန္ပုံေငြတစ္ရပ္ ထူေထာင္ေပးျခင္း၊ျပည္နယ္/တိုင္းေဒသႀကီးမ်ားရွိ တကၠသိုလ္မ်ားတြင္ အေရးတႀကီးလိုအပ္ေနေသာ အေဆာင္/အခန္း/ဝန္ထမ္းအိမ္ရာမ်ားအား ေစာလ်င္စြာ ေဆာက္လုပ္ျဖည့္ဆည္းေပးျခင္းႏွင့္ တန္ဖို႔သင့္အိမ္ရာ မ်ားေဆာက္လုပ္၍ ႏွစ္ရွည္အရစ္က်စနစ္ျဖင့္ ဝယ္ယူခြင့္ျပဳကာ ကိုယ္ပိုင္အိမ္ခန္းမ်ား ပိုင္ဆိုင္ခြင့္ရရွိေစျခင္း” စသည့္ အၾကံျပဳခ်က္မ်ားအား ႏိုင္ငံေတာ္အစိုးရမွ အျမန္ဆုံးညိွႏိႈင္း ေဖာ္ေဆာင္ေပးရန္ ထုတ္ျပန္ခ်က္တြင္ ဆရာသမဂၢမ်ားကြန္ရက္က အေလးအနက္တိုက္တြန္းထားသည္ကို ေတြ႔ရသည္။
ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။
iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။
ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com