ဗြိတိန်ကျန်းမာရေးဝန်ထမ်းများမှာ PPE ဝတ်စုံမရှိသောကြောင့် အမှိုက်အိတ်များကို ဝတ်ဆင်နေရပြီး အချို့မှာ mask မရှိသောကြောင့် လူနာများကို ကုသချိန်တွင် အသက်အောင့်ကာ ကုသမှုပေးနေရ

ဗြိတိန်ကျန်းမာရေးဝန်ထမ်းများမှာ PPE ဝတ်စုံမရှိသောကြောင့် အမှိုက်အိတ်များကို ဝတ်ဆင်နေရပြီး အချို့မှာ mask မရှိသောကြောင့် လူနာများကို ကုသချိန်တွင် အသက်အောင့်ကာ ကုသမှုပေးနေရ - Property News in Myanmar from iMyanmarHouse.com
4 May 2020 1:05 pm တွင် တင်ခဲ့သည်
1502 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဗြိတိန်အမျိုးသားကျန်းမာရေးစောင့်ရှောက်မှု (NHS) မှ ကျန်းမာရေးဝန်ထမ်းတို့သည် PPE ဝတ်စုံများ မရှိသောကြောင့် ကိုရိုနာဗိုင်းရပ်စ်လူနာများကို ကုသမှုပေးရာတွင် ရေငုပ်ဝတ်စုံမှ မျက်နှာဖုံးများ၊ အမှိုက်အိတ်များ၊ မီးဖိုဆောင်သုံး ရှေ့ဖုံးခါးစည်းများကို အသုံးပြုနေရသည့်အပြင် အသက်မရှုဘဲနေကာ ကုသရမှုမျိုးလည်း ရှိနေကြောင်း The Sun တွင် ဖော်ပြသည်။

သူနာပြုများ၊ ဆရာဝန်များသည် ရေကူးရာနှင့် နှင်းလျှောစီးရာတွင်သုံးသည့် ရေကာ၊ လေကာမျက်မှန်များ၊ သက်တမ်းလွန် mask များသာ အသုံးပြုနေရပြီး ဗိုင်းရပ်စ်ကူးစက်ခံလူနာများကို ကုသရာတွင် မိမိတို့၏အသက်ကို ဖက်နှင့်ထုပ်ထားရသည့် အန္တရာယ်မျိုး ရင်ဆိုင်ရလျက်ရှိသည်။

ဆရာဝန် ထက်ဝက်ခန့်သည် အကာအကွယ်ဝတ်စုံကို ကိုယ်တိုင်ရှာဖွေဝယ်ယူရခြင်း (သို့မဟုတ်) လာရောက်လှူဒါန်းသည်များကို အားကိုးရခြင်း အခြေအနေများဖြစ်နေကြောင်း ဗြိတိသျှ ဆေးပညာအသင်း (British Medical Association) က ပြုလုပ်သည့် လေ့လာချက်တစ်ရပ်တွင် ဖော်ပြသည်။

PPE ဝတ်စုံပြတ်လပ်မှုသည် အမြဲကမောက်ကမများဖြစ်နေစေခဲ့ကြောင်း ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောကြားသည်။ လန်ဒန်မြောက်ပိုင်း Northwick ဆေးရုံဝန်ထမ်းများ အမှိုက်အိတ်များဝတ်ဆင်ထားရပုံ ဓာတ်ပုံများလည်း အွန်လိုင်းတွင် ပျံ့နှံ့လျက် ရှိနေသည်။ Plymouth ရှိ ဆေးဘက်ဝန်ထမ်းတို့မှာမူ ဆေးရုံသုံးလိုက်ကာဟောင်းများဖြင့် စေတနာ့ဝန်ထမ်းများက ချုပ်ပေးထားရသည့် ခွဲစိတ်ခန်းသုံးဝတ်စုံများကို ဝတ်ဆင်နေရသည်။

ဆေးရုံများတွင် PPE ဝတ်စုံအစစ်များမှာ ရွှေထက်ပင်ရှားနေပြီး ကျန်းမာရေးဝန်ထမ်းများမှာ မိမိတို့အတွက် ဝတ်စုံရရန် စောစောထကြရသည်။

ဒေါက်တာ ဆမန်သာ ဘက်ထ် ရောဒန်က ပြောကြားရာတွင် အချို့သောဝန်ထမ်းတို့သည် လူနာများကို ကုသမှုပေးရာတွင် mask မရှိသောကြောင့် အသက်အောင့်ထားရခြင်းမျိုးပင်ရှိကြောင်း ပြောကြားသည်။

“ဆရာဝန်တွေ သေနေကြတယ်။ သူနာပြုတွေလည်း သေနေကြတယ်။ ကျွန်မတို့ တုန်လှုပ်ခြောက်ခြားနေပြီး ဒါတွေကို ကြည့်နေနိုင်စွမ်း မရှိတော့ပါဘူး” ဟု ဒေါက်တာ ဆမန်သာက ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: NHS staff forced to hold their breath and wear bin bags while treating coronavirus patients due to lack of PPE (The Sun)

[Zawgyi]

ျဗိတိန္က်န္းမာေရးဝန္ထမ္းမ်ားမွာ PPE ဝတ္စံုမရွိေသာေၾကာင့္ အမႈိက္အိတ္မ်ားကို ဝတ္ဆင္ေနရျပီး အခ်ဳိ ႔မွာ mask မရွိေသာေၾကာင့္ လူနာမ်ားကို ကုသခ်ိန္တြင္ အသက္ေအာင့္ကာ ကုသမႈေပးေနရ

ျဗိတိန္အမ်ဳိးသားက်န္းမာေရးေစာင့္ေရွာက္မႈ (NHS) မွ က်န္းမာေရးဝန္ထမ္းတို႔သည္ PPE ဝတ္စံုမ်ား မရွိေသာေၾကာင့္ ကိုရိုနာဗိုင္းရပ္စ္လူနာမ်ားကို ကုသမႈေပးရာတြင္ ေရငုပ္ဝတ္စံုမွ မ်က္ႏွာဖံုးမ်ား၊ အမိႈက္အိတ္မ်ား၊ မီးဖိုေဆာင္သံုး ေရွ ႔ဖံုးခါးစည္းမ်ားကို အသံုးျပဳေနရသည့္အျပင္ အသက္မရႈဘဲေနကာ ကုသရမႈမ်ဳိးလည္း ရွိေနေၾကာင္း The Sun တြင္ ေဖာ္ျပသည္။

သူနာျပဳမ်ား၊ ဆရာဝန္မ်ားသည္ ေရကူးရာႏွင့္ ႏွင္းေလွ်ာစီးရာတြင္သံုးသည့္ ေရကာ၊ ေလကာမ်က္မွန္မ်ား၊ သက္တမ္းလြန္ mask မ်ားသာ အသံုးျပဳေနရျပီး ဗိုင္းရပ္စ္ကူးစက္ခံလူနာမ်ားကို ကုသရာတြင္ မိမိတို႔၏အသက္ကို ဖက္ႏွင့္ထုပ္ထားရသည့္ အႏၱရာယ္မ်ဳိး ရင္ဆိုင္ရလ်က္ရွိသည္။

ဆရာဝန္ ထက္ဝက္ခန္႔သည္ အကာအကြယ္ဝတ္စံုကို ကိုယ္တိုင္ရွာေဖြဝယ္ယူရျခင္း (သို႔မဟုတ္) လာေရာက္လွဴဒါန္းသည္မ်ားကို အားကုိးရျခင္း အေျခအေနမ်ားျဖစ္ေနေၾကာင္း ျဗိတိသွ် ေဆးပညာအသင္း (British Medical Association) က ျပဳလုပ္သည့္ ေလ့လာခ်က္တစ္ရပ္တြင္ ေဖာ္ျပသည္။

PPE ဝတ္စံုျပတ္လပ္မႈသည္ အျမဲကေမာက္ကမမ်ားျဖစ္ေနေစခဲ့ေၾကာင္း က်န္းမာေရးဝန္ထမ္းတစ္ဦးက ေျပာၾကားသည္။ လန္ဒန္ေျမာက္ပိုင္း Northwick ေဆးရံုဝန္ထမ္းမ်ား အမႈိက္အိတ္မ်ားဝတ္ဆင္ထားရပံု ဓာတ္ပံုမ်ားလည္း အြန္လိုင္းတြင္ ပ်ံ ႔ႏွံ႔လ်က္ ရွိေနသည္။ Plymouth ရွိ ေဆးဘက္ဝန္ထမ္းတို႔မွာမူ ေဆးရံုသံုးလိုက္ကာေဟာင္းမ်ားျဖင့္ ေစတနာ့ဝန္ထမ္းမ်ားက ခ်ဳပ္ေပးထားရသည့္ ခြဲစိတ္ခန္းသံုးဝတ္စံုမ်ားကို ဝတ္ဆင္ေနရသည္။

ေဆးရံုမ်ားတြင္ PPE ဝတ္စံုအစစ္မ်ားမွာ ေရႊထက္ပင္ရွားေနျပီး က်န္းမာေရးဝန္ထမ္းမ်ားမွာ မိမိတို႔အတြက္ ဝတ္စံုရရန္ ေစာေစာထၾကရသည္။

ေဒါက္တာ ဆမန္သာ ဘက္ထ္ ေရာဒန္က ေျပာၾကားရာတြင္ အခ်ဳိ ႔ေသာဝန္ထမ္းတို႔သည္ လူနာမ်ားကို ကုသမႈေပးရာတြင္ mask မရွိေသာေၾကာင့္ အသက္ေအာင့္ထားရျခင္းမ်ဳိးပင္ရွိေၾကာင္း ေျပာၾကားသည္။

“ဆရာဝန္ေတြ ေသေနၾကတယ္။ သူနာျပဳေတြလည္း ေသေနၾကတယ္။ ကၽြန္မတို႔ တုန္လႈပ္ေျခာက္ျခားေနျပီး ဒါေတြကို ၾကည့္ေနႏိုင္စြမ္း မရွိေတာ့ပါဘူး” ဟု ေဒါက္တာ ဆမန္သာက ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: NHS staff forced to hold their breath and wear bin bags while treating coronavirus patients due to lack of PPE (The Sun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

The Crest
Maha Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service