ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
[Unicode]
COVID-19 ကပ် ရောဂါကြောင့် ထိခိုက်သည့် စီးပွားရေးလုပ်ငန်းများကို ကုစားရန် အစိုးရက ကျပ်ဘီလီယံ ၂၀၀ ထပ်မံထုတ်ချေးရန် ဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်သည်။
COVID-19 ရောဂါကြောင့် ထိခိုက်သည့်လုပ်ငန်းများကို ကုစားနိုင်ရေးအတွက် အစိုးရက ကျပ် ဘီလီယံ ၁၀၀ကို ရန်ပုံငွေထူထောင်ထားပြီးဖြစ်ပြီး လက်ရှိအချိန်ထိ ကျပ် ၁၁ ဘီလီယံကို ထုတ်ချေးထားပြီးလည်း ဖြစ်သည်။
အစိုးရက ဧပြီလကုန်ပိုင်းတွင် ထုတ်ပြန်ခဲ့သည့် COVID-19 စီးပွားရေးကုစားမှု အစီအစဉ် COVID-19 Economic Relief Plan တွင် ဈေးကွက်တုံ့ပြန်မူပေါ်မူတည်၍ ရန်ပုံငွေကို ကျပ် ဘီလီယံ ၂၀၀ မှ ၅၀၀ အထိ တိုးမြှင့်ထားမည်ဟုဖော်ပြထားသည်။
ယခင်ထုတ်ချေးငွေကျပ် ဘီလီယံ ၁၀၀ကို အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် တစ်နှစ် သက်တမ်းဖြင့် ချေးငွေပေးနေခြင်းဖြစ်သည်။ ၎င်းသည် လက်ခစားလုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းနှင့်အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများအတွက်ဖြစ်သည်၊
အစိုးရ၏ ယခုဘဏ္ဍာနှစ် အစိုးရအသုံးစရိတ်၏ ၁၀ ရာခိုင်နှုန်းကိုလည်း ကပ်ရောဂါ တိုက်ဖျက်ရေးတွင် အသုံးပြုရန် စီစဉ်ထားသည်ဟုဆိုသည်။ ထိုကြောင့် ဝန်ကြီးဌာနတစ်ခုလျှင် ကျပ်သိန်းနှစ်ထောင်စီ ပြန်လည်အပ်နှံရန် ညွှန်ကြားထားကြောင်း သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။
ထိုပြင် ထိုစီမံချက်တွင် မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်တို့က စီးပွားရေးအရ အကျိုးအမြတ် အများဆုံးဖြစ်ထွန်းနိုင်သည့် မြို့နယ်တွင် ချေးငွေများကို တိုးချဲ့ပေးရန် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနကို တာဝန်ပေးထားသည်။
ထိုပြင် အစိုးရက ရင်းနှီးမြှုပ်နှံသည့် မြန်မာ့စီးပွားရေးလုပ်ငန်းများကို ချေးငွေအတွက် အစိုးရအာမခံ ၅၀ ရာခိုင်နှုန်းပေးခြင်းကို ယခုနှစ်အတွင်းဆောင်ရွက်ပေးမည်ဟုဆိုသည်။ ကပ်ရောဂါကြောင့် ထိခိုက်သည့် တိုးတက်နှုန်းမြင့်မားသည့် စီးပွားရေးလုပ်ငန်းများကို အစိုးရက အာမခံပေးမည်ဟုဆိုထားသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
COVID-19 ကပ္ ေရာဂါေၾကာင့္ ထိခိုက္သည့္ စီးပြားေရးလုပ္ငန္းမ်ားအတြက္ က်ပ္ ဘီလီယံ ၂၀၀ ထပ္မံထုတ္ေခ်းမည္
COVID-19 ကပ္ ေရာဂါေၾကာင့္ ထိခိုက္သည့္ စီးပြားေရးလုပ္ငန္းမ်ားကို ကုစားရန္ အစိုးရက က်ပ္ဘီလီယံ ၂၀၀ ထပ္မံထုတ္ေခ်းရန္ ေဆာင္႐ြက္ေနေၾကာင္း ႏိုင္ငံေတာ္သမၼတ႐ုံးက သတင္းထုတ္ျပန္သည္။
COVID-19 ေရာဂါေၾကာင့္ ထိခိုက္သည့္လုပ္ငန္းမ်ားကို ကုစားႏိုင္ေရးအတြက္ အစိုးရက က်ပ္ ဘီလီယံ ၁၀၀ကို ရန္ပုံေငြထူေထာင္ထားၿပီးျဖစ္ၿပီး လက္ရွိအခ်ိန္ထိ က်ပ္ ၁၁ ဘီလီယံကို ထုတ္ေခ်းထားၿပီးလည္း ျဖစ္သည္။
အစိုးရက ဧၿပီလကုန္ပိုင္းတြင္ ထုတ္ျပန္ခဲ့သည့္ COVID-19 စီးပြားေရးကုစားမႈ အစီအစဥ္ COVID-19 Economic Relief Plan တြင္ ေဈးကြက္တုံ႔ျပန္မူေပၚမူတည္၍ ရန္ပုံေငြကို က်ပ္ ဘီလီယံ ၂၀၀ မွ ၅၀၀ အထိ တိုးျမႇင့္ထားမည္ဟုေဖာ္ျပထားသည္။
ယခင္ထုတ္ေခ်းေငြက်ပ္ ဘီလီယံ ၁၀၀ကို အတိုးႏႈန္း ၁ ရာခိုင္ႏႈန္းျဖင့္ တစ္ႏွစ္ သက္တမ္းျဖင့္ ေခ်းေငြေပးေနျခင္းျဖစ္သည္။ ၎သည္ လက္ခစားလုပ္ငန္းမ်ား၊ ဟိုတယ္ႏွင့္ခရီးသြားလုပ္ငန္းႏွင့္အေသးစားအလတ္စားစီးပြားေရးလုပ္ငန္းမ်ားအတြက္ျဖစ္သည္၊
အစိုးရ၏ ယခုဘ႑ာႏွစ္ အစိုးရအသုံးစရိတ္၏ ၁၀ ရာခိုင္ႏႈန္းကိုလည္း ကပ္ေရာဂါ တိုက္ဖ်က္ေရးတြင္ အသုံးျပဳရန္ စီစဥ္ထားသည္ဟုဆိုသည္။ ထိုေၾကာင့္ ဝန္ႀကီးဌာနတစ္ခုလွ်င္ က်ပ္သိန္းႏွစ္ေထာင္စီ ျပန္လည္အပ္ႏွံရန္ ၫႊန္ၾကားထားေၾကာင္း သမၼတ႐ုံးေျပာခြင့္ရပုဂၢိဳလ္က ေျပာသည္။
ထိုျပင္ ထိုစီမံခ်က္တြင္ ျမန္မာ့စီးပြားေရးဘဏ္ႏွင့္ ျမန္မာ့လယ္ယာဖြံၿဖိဳးေရးဘဏ္တို႔က စီးပြားေရးအရ အက်ိဳးအျမတ္ အမ်ားဆုံးျဖစ္ထြန္းႏိုင္သည့္ ၿမိဳ႕နယ္တြင္ ေခ်းေငြမ်ားကို တိုးခ်ဲ႕ေပးရန္ စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာနကို တာဝန္ေပးထားသည္။
ထိုျပင္ အစိုးရက ရင္းႏွီးျမႇဳပ္ႏွံသည့္ ျမန္မာ့စီးပြားေရးလုပ္ငန္းမ်ားကို ေခ်းေငြအတြက္ အစိုးရအာမခံ ၅၀ ရာခိုင္ႏႈန္းေပးျခင္းကို ယခုႏွစ္အတြင္းေဆာင္႐ြက္ေပးမည္ဟုဆိုသည္။ ကပ္ေရာဂါေၾကာင့္ ထိခိုက္သည့္ တိုးတက္ႏႈန္းျမင့္မားသည့္ စီးပြားေရးလုပ္ငန္းမ်ားကို အစိုးရက အာမခံေပးမည္ဟုဆိုထားသည္။
ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။
iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။
စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com