ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
[Unicode]
ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၄) ခု နှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု (၁)ခု တို့ကို ဧပြီ ၂၉ ရက်က ကျင်းပသော(၆/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးမှ အတည် ပြုလိုက်ကြောင်းသိရသည်။
အစည်းအဝေးမှအတည်ပြုလိုက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု(၄)ခုမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် ဟောင်ကောင်တို့မှ ဖြစ်ပြီး လုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၅.၈၂၁ သန်းနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုုပ်နှံမှု (၁)ခုမှ လုပ်ငန်း၏ မတည်ငွေရင်း ပမာဏစုစုပေါင်းမှာ ကျပ် ၁၂၅၅.၀၅ သန်းဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း (၁,၉၀၀)ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရ သည်။
အတည်ပြုပေးခဲ့သည့် လုပ်ငန်း များတွင် CMP စနစ်ဖြင့် ဆောင်ရွက်မည့်အိတ်ချုပ်လုပ်ငန်းများ၊ အဝတ်အထည် အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်းများ၊ Roof Sheet, Wall Sheet, Deck Sheet, Steel Angel ထုတ်လုပ်သည့် လုပ်ငန်း တို့ ပါဝင်ကြောင်းသိရသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၄) ခု နှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု (၁)ခု တို့ကို အတည်ပြုပေးခဲ့
အစည်းအဝေးမှအတည်ပြုလိုက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု(၄)ခုမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် ဟောင်ကောင်တို့မှ ဖြစ်ပြီး လုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၅.၈၂၁ သန်းနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု (၁)ခုမှ လုပ်ငန်း၏ မတည်ငွေရင်း ပမာဏစုစုပေါင်းမှာ ကျပ် ၁၂၅၅.၀၅ သန်းဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း (၁,၉၀၀)ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရ သည်။