ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
[Unicode] ကျပ်သိန်း (၁၂၀) တန်ဖိုးရှိ လုံးချင်းနေအိမ်များကို မလတ်တောင်မြေပြိုမှုတွင် အသက်ရှင်ကျန်ရှိသော အိမ်ထာင်စုဝင်များအား သဲဖြူကုန်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ နေအိမ်နှင့်သက်ဆိုင်သော စာချုပ်စာတမ်းများကို ဧပြီ ၂၈ ရက်ကလွှဲပြောင်းပေးအပ်ခဲ့ကြောင်း ကြေးမုံမှ သိရသည်။
မွန်ပြည်နယ်အစိုးရအနေဖြင့် ယခင်နေရာဟောင်းမှာ နောက်ထပ်မြေပြိုကျနိုင်မည့် အန္တရာယ်ရှိနိုင်သည့်အတွက် မူလမြေနေရာအစား သဲဖြူကုန်းကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်း အောက်ဘက်ခြမ်းရွာ စားကျက်မြေနေရာအပေါ်တွင် လုံးချင်းနေအိမ်များဆောက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၉ ခုနှစ် သြဂုတ် ၉ ရက်ကဖြစ်ပွားသော မြေပြိုမှုတွင် အသက်ရှင်ကျန်ရှိသူအိမ်ထောင်စု ၂၁ စုအတွက် ပေ (၆၀×၈၀) မြေအကျယ်တွင် ကျပ်သိန်း ၁၂၀ တန်လုံးချင်းအိမ်များကို ဆောက်လုပ်ပေးထားပြီး ကွန်ကရစ်လမ်းခင်းပေးခြင်း၊ လျှပ်စစ်မီးသွယ်တန်းပေးထားခြင်း၊ ရေမြောင်းများ ဖောက်လုပ်ပေးခြင်း၊ သောက်သုံးရေများ ရရှိနိုင်အောင် ဆောင်ရွက်ပေးထားကြောင်းလည်း အဆိုပါသတင်းအရ သိရသည်။
ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
က်ပ္သိန္း (၁၂၀) တန္ဖိုးရွိ လုံးခ်င္းေနအိမ္မ်ားကို မလတ္ေတာင္ေျမၿပိဳမႈတြင္ အသက္ရွင္က်န္ရွိေသာ အိမ္ေထာင္စုဝင္မ်ားအား လႊဲေျပာင္းေပးအပ္
က်ပ္သိန္း (၁၂၀) တန္ဖိုးရွိ လုံးခ်င္းေနအိမ္မ်ားကို မလတ္ေတာင္ေျမၿပိဳမႈတြင္ အသက္ရွင္က်န္ရွိေသာ အိမ္ထာင္စုဝင္မ်ားအား သဲျဖဴကုန္း ေက်းရြာအုပ္ခ်ဳပ္ေရးမႉး႐ုံး၌ ေနအိမ္ႏွင့္သက္ဆိုင္ေသာ စာခ်ဳပ္စာတမ္းမ်ားကို ဧၿပီ ၂၈ ရက္ကလႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း ေၾကးမုံမွ သိရသည္။
မြန္ျပည္နယ္အစိုးရအေနျဖင့္ ယခင္ေနရာေဟာင္းမွာ ေနာက္ထပ္ေျမၿပိဳက်နိုင္မည့္ အႏၲရာယ္ရွိနိုင္သည့္အတြက္ မူလေျမေနရာအစား သဲျဖဴကုန္းေက်းရြာ ရန္ကုန္-ေမာ္လၿမိဳင္ကားလမ္း ေအာက္ဘက္ျခမ္းရြာ စားက်က္ေျမေနရာအေပၚတြင္ လုံးခ်င္းေနအိမ္မ်ားေဆာက္ေပးျခင္းျဖစ္ေၾကာင္း သိရသည္။
၂၀၁၉ ခုႏွစ္ ၾသဂုတ္ ၉ ရက္ကျဖစ္ပြားေသာ ေျမၿပိဳမႈတြင္ အသက္ရွင္က်န္ရွိသူအိမ္ေထာင္စု ၂၁ စုအတြက္ ေပ (၆၀×၈၀) ေျမအက်ယ္တြင္ က်ပ္သိန္း ၁၂၀ တန္လုံးခ်င္းအိမ္မ်ားကို ေဆာက္လုပ္ေပးထားၿပီး ကြန္ကရစ္လမ္းခင္းေပးျခင္း၊ လၽွပ္စစ္မီးသြယ္တန္းေပးထားျခင္း၊ ေရေျမာင္းမ်ား ေဖာက္လုပ္ေပးျခင္း၊ ေသာက္သုံးေရမ်ား ရရွိနိုင္ေအာင္ ေဆာင္ရြက္ေပးထားေၾကာင္းလည္း အဆုိပါသတင္းအရ သိရသည္။
ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com